လတ်တလော (၁)

သူရႆဝါFebruary 5, 20111min1003

“လတ်တလော (၁)”

ကောင်းကင်မိုးသားဟာ ငါ့လောက်အရပ်မရှည်ဘူးဖြစ်နေတယ်

ရန်ကုန်ဆောင်းကို အပိုင်ဝယ်သိမ်းထားလိုက်နိုင်တယ်

ငါ့လက်တွေ မြန်မြန်ဆန်ဆန် ပြန်ပြီးရွေ့လျားလာတယ်

ငါလည်း ကိုလံဘတ်စ်တစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ်

လူငယ်ပီသနေတုန်းပဲ၊ အချစ်ရေးလည်းအဆင်ပြေတယ်

သူမဟာ ငါ့ရဲ့ “ဧဝ” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ်

အရင်လိုမဟုတ်ဘူး

၂၀၁၂ ကမ္ဘာပျက်သွားမှာကို သိပ်ကြောက်နေမိ ။

သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်

ဖေဖော်ဝါရီလ ၅ ရက် ၊ ၂၀၁၁ ခုနှစ်

3 comments

  • kai

    February 5, 2011 at 9:25 am

    လတ်တလော (၁၁၁)”

    ကမ်းပါးဇောက်ဟာငုံ့ကြည့်သလောက် မနက်ဖူးဖြစ်နေတယ်
    မန္တလေးနွေကိုတော့ ပြန်အမ်းလိုက်ရပြီ
    ငါ့ခြေထောက်တွေ ဝေးဝေးပြေးချင်နေသလိုပဲ
    ငါလည်း အိ်ုလံပစ်တာဝေးပြေးသမားလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ်။

    အပျိုစင်ဖြစ်နေချင်ခဲ့၊ ဒါပေမဲ့ဝမ်းရေးကတော့ခက်မြဲ
    သူဟာ ငါ့ရဲ့ “အာဒမ်” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ်
    အရင်လိုမဟုတ်တော့ဘူး
    ဘုရားသခင် ပန်းသီးနောက်တလုံးထပ်ပေးလိုက်မှာကို သိပ်ကြောက်နေမိ ။

  • manawphyulay

    February 5, 2011 at 1:41 pm

    ဘာမှမကြောက်နဲ့ ဦးခိုင်ရေ ဘုရားသခင်သာ နောက်တစ်လုံးပေးလိုက်ရင် မနောကို ပေးနော် မနောက ပန်းသီးသိပ်ကြိုက်တယ်…….. ဝယ်စားစရာမလိုတော့ဘူးပေါ့နော်။

  • naywoonni

    February 5, 2011 at 4:25 pm

    ဟင်…… မနော်နော် .. ကလေးလေးကျနေတာပဲ အဲဒိပန်းသီးက ×××××××××…..@@@@@!!!!!!!!!!!! ဟီးးးးဟီးးး ဆက်မပြောတော့ဘူး ကိုယ့်ဖာသာပြန်စဉ်းစားတော့

Leave a Reply