2ျွန်တော်တို့ 4.2.2011 မှာ ကမ္ဘာ့ပရိတ်သတ်အများဆုံးမျက်လှည့်ပွဲတစ်ခုကို ကြည့်လိုက်ရပါတယ်။ ပရိတ်သတ်က ဂင်းနစ်မှတ်တမ်းဝင်လောက်အောင်များပြီး သန်း (၆၀) ရှိတယ်။ မျက်လှည့်ပွဲ လုပ်တာကလည်း ကမ္ဘာ့အကြာဆုံးစံချိန်တင် ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမျက်လှည့်ပွဲကတော့ တခြားထူးထူးခြားခြား ပြသသွားတာမရှိပေမယ့် လူအများဆုံးစိတ်ဝင်စားတဲ့ပွဲဖြစ်ပြီးတော့  ကမ္ဘာကလည်း စောင့်ကြည့်ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပထမဆုံး နိုဝင်ဘာလမတိုင်မီမှာ မျက်လှည့်စင်ပေါ်ကို မယုံကြည်သူတွေ တက်ရောက်စစ်ဆေးနိုင်အောင် စင်ပေါ်ကို ဖိတ်ခေါ်တဲ့ အကြောင်း ကြော်ငြာခဲ့တယ်။ မျက်လှည့်ပွဲက စတယ်ဆိုတာနဲ့ လူဝင်အောင် ခေါ်တော့တာပါပဲ ပြီးတာနဲ့ သူတို့ရဲ့ မျက်လှည့် အဖွဲ့ဝင်တွေ အပါအ၀င် ၀င်ရောက် စမ်းသပ်ကြမယ့် ပရိတ်သတ်တွေလည်း အဆင့်ဆင့် အရွေးခံပြီး နောက်ထပ်တစ်ဆင့်အနေနဲ့ စင်ပေါ်မှာ ပြသတဲ့အဆင့်ကို စတင်တော့တာပါပဲ။ စင်ပေါ်ရောက်တဲ့အခါမှာတော့ ပရိတ်သတ်တွေက မျက်လှည့်မှန်းသိပေမယ့် ဘယ်လိုများ ပြသွားမလဲဆိုတဲ့ သိချင်တဲ့အတွေးနဲ့ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ တကယ်လည်း မျက်လှည့်ပွဲစရော သူတို့ ဆင်ထားတဲ့အတိုင်း စင်ပေါ်ကလူတွေနဲ့ ပရိတ်သတ်တွေ မသိလိုက်ပဲ ဘယ်လက်ထဲမှာ ရှိနေတဲ့ အကြွေစေ့ကို ညာလက်ထဲကို အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် အခုတော့ မျက်လှည့်ပွဲပြီးသွားပါပြီ ပရိတ်သတ် သန်း (၆၀) လည်း ကြည့်ခဲ့ရတဲ့ မျက်လှည့်ပွဲအကြောင်းကို ပြောရင်းနဲ့ အီလည်လည်နဲ့ပဲ ကိုယ့်အလုပ်ရှိရာ ကိုယ် ပြန်ခဲ့ကြပြီ စင်ပေါ်က ပရိတ်သတ်တွေကတော့ စင်ပေါ်ကအတွေ့အကြုံတွေနဲ့ သူတို့ပါ ရောယောင်ပြီးလူကြည့်ခံရလို့ ကျေနပ်နေတဲ့သူနဲ့ စင်ပေါ်ကကြည့်ပြီး ဘာမှမသိလိုက်ရလို့ မကျေနပ်သူတွေနဲ့ နောက်ဆုံးတော့ စင်ပေါ်ကမျက်လှည့်ဆရာတွေကတော့ မိန့်မိန့်ကြီးပြုံးလို့ပေါ့

About တစ္ဆေ

phantom alther has written 15 post in this Website..

ဘုကလန့်နိုင်တယ်၊ လူတိုင်းနဲ့အဆင်မပြေတတ်ဘူး၊ နည်းပညာပိုင်းအသစ်အဆန်းတွေကို စိတ်ဝင်စားပြီး၊ လျှောက်သွားရတာ သဘောကျတယ်