ကမာ္ဘ့ပရိတ်သတ်အများဆုံး မျက်လှည့်ပွဲ

တေစၧFebruary 5, 20111min833

2ျွန်တော်တို့ 4.2.2011 မှာ ကမာ္ဘ့ပရိတ်သတ်အများဆုံးမျက်လှည့်ပွဲတစ်ခုကို ကြည့်လိုက်ရပါတယ်။ ပရိတ်သတ်က ဂင်းနစ်မှတ်တမ်းဝင်လောက်အောင်များပြီး သန်း (၆၀) ရှိတယ်။ မျက်လှည့်ပွဲ လုပ်တာကလည်း ကမာ္ဘ့အကြာဆုံးစံချိန်တင် ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမျက်လှည့်ပွဲကတော့ တခြားထူးထူးခြားခြား ပြသသွားတာမရှိပေမယ့် လူအများဆုံးစိတ်ဝင်စားတဲ့ပွဲဖြစ်ပြီးတော ့ ကမာ္ဘကလည်း စောင့်ကြည့်ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပထမဆုံး နိုဝင်ဘာလမတိုင်မီမှာ မျက်လှည့်စင်ပေါ်ကို မယုံကြည်သူတွေ တက်ရောက်စစ်ဆေးနိုင်အောင် စင်ပေါ်ကို ဖိတ်ခေါ်တဲ့ အကြောင်း ကြော်ငြာခဲ့တယ်။ မျက်လှည့်ပွဲက စတယ်ဆိုတာနဲ့ လူဝင်အောင် ခေါ်တော့တာပါပဲ ပြီးတာနဲ့ သူတို့ရဲ့ မျက်လှည့် အဖွဲ့ဝင်တွေ အပါအဝင် ဝင်ရောက် စမ်းသပ်ကြမယ့် ပရိတ်သတ်တွေလည်း အဆင့်ဆင့် အရွေးခံပြီး နောက်ထပ်တစ်ဆင့်အနေနဲ့ စင်ပေါ်မှာ ပြသတဲ့အဆင့်ကို စတင်တော့တာပါပဲ။ စင်ပေါ်ရောက်တဲ့အခါမှာတော့ ပရိတ်သတ်တွေက မျက်လှည့်မှန်းသိပေမယ့် ဘယ်လိုများ ပြသွားမလဲဆိုတဲ့ သိချင်တဲ့အတွေးနဲ့ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ တကယ်လည်း မျက်လှည့်ပွဲစရော သူတို့ ဆင်ထားတဲ့အတိုင်း စင်ပေါ်ကလူတွေနဲ့ ပရိတ်သတ်တွေ မသိလိုက်ပဲ ဘယ်လက်ထဲမှာ ရှိနေတဲ့ အကြွေစေ့ကို ညာလက်ထဲကို အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် အခုတော့ မျက်လှည့်ပွဲပြီးသွားပါပြီ ပရိတ်သတ် သန်း (၆၀) လည်း ကြည့်ခဲ့ရတဲ့ မျက်လှည့်ပွဲအကြောင်းကို ပြောရင်းနဲ့ အီလည်လည်နဲ့ပဲ ကိုယ့်အလုပ်ရှိရာ ကိုယ် ပြန်ခဲ့ကြပြီ စင်ပေါ်က ပရိတ်သတ်တွေကတော့ စင်ပေါ်ကအတွေ့အကြုံတွေနဲ့ သူတို့ပါ ရောယောင်ပြီးလူကြည့်ခံရလို့ ကျေနပ်နေတဲ့သူနဲ့ စင်ပေါ်ကကြည့်ပြီး ဘာမှမသိလိုက်ရလို့ မကျေနပ်သူတွေနဲ့ နောက်ဆုံးတော့ စင်ပေါ်ကမျက်လှည့်ဆရာတွေကတော့ မိန့်မိန့်ကြီးပြုံးလို့ပေ့ါ

3 comments

  • bigcat

    February 5, 2011 at 7:40 am

    သန်းခြောက်ဆယ်ဆိုတာ စာရင်းထဲမှာပဲရှိတယ်။ သန်းနှစ်ဆယ်လောက်က ရေကြည်မြက်နုရာ ပြည်ပကို ထွက်ပြေးကုန်ပြီ။ နောက်သန်းနှစ်ဆယ်ကလည်း မသိနားမလည်၊ စိတ်ကုန်သွားတဲ ခလေး၊ သက်ကြီးရွယ်အိုတွေ။ နောက်ဆုံးသန်းနှစ်ဆယ်မှာ တဝက်က မျက်လုံးဖွင့်ပြီး အိပ်နေ၊ တွေးနေလို့ ဘာမှန်းမသိလိုက်ကြဘူး (အကုန်ကြိုတင်မဲဖြစ်သွားတယ်၊ ဖြစ်လည်းဂရုမစိုက်၊ နာရကောင်းမှန်းမသိကြဘူး)။ ကျန်ဆယ်သန်းမှာ တဝက်က မဲမထည့်တာ့ ငါးသန်းပဲကျန်တယ်။ နှစ်သန်းခွဲက ပယ်မဲလုပ်တယ်တော့ ဆန်ကာတင် နှစ်သန်းခွဲကျန်တယ်။ တဝက်က အတိုက်အခံကိုထည့်တယ်။ တဝက်က အတင်းအကြပ် မဲထည့်ခိုင်း၊ ဗလာမဲပေါ် လက်မှတ်ထိုးခိုင်းလို့ ထောက်ခံမဲထည့်ရတယ်။ ဆိုတော့ တကယ်မျက်လှည့်ပြခံရသူက အတိုက်အခံကို မဲပေးလိုက်တဲ့ နှစ်သန်းခွဲသော အူတူတူ အတတများဖြစ်သည်။

  • timothy

    February 8, 2011 at 11:01 am

    ဘာတဲ့။
    ၁ခါဆိုရင်ကိုယ်ကညံ့လို့။
    ၂ခါဆို××××
    ၃ခါဆိုရင်တော့ခံရတာကိုကြည်နူးလို့ဘဲ။
    NDF နဲ့ DP/ တသီးပုဂ်ဂလ-မဲရုံလာပါ၊မဲထဲ့ပ်ဆိုတဲ့သစ္စာဖေါက်များကိုသာဖါးနှောင့်နဲ့ပြားသွားအောင်သာပေါက်ချင်တော့တာဘဲ။
    ဒင်းတို့ကြောင့်ကျွှန်သက်ဆိုးရှည်ရတယ်။

  • လင်းငယ်

    February 8, 2011 at 6:24 pm

    ပို့စ်တစ်ခုကို Forward မေးလ်လို့ ရေးဖို့ မကောင်းပါဘူး။ ဒီဆိုက်က Forum တစ်ခုလည်း မဟုတ်ပါဘူး။ သူများအချိန်ကို အဲလို ဖြုန်းတာက Phishing လုပ်တာလောက်တာ ကောင်းပါတယ်။

Leave a Reply