ကတိဆိုတာ…

lu ta loneApril 21, 20101min1708

ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….?

သစ်စာဆိုတာကရော လူလိမ်တွေရဲ့ သုံးနေကျ လှည့်ကွက်တခုလား…….?

အခု ပြောမှာတော့ ကတိအကြောင်းလေးပါ..

ဘုန်းကြီးဝတ်ရင်းနဲ့ လူတလုံးလိုပဲ ဒုလ်လဘတယောက်နဲ့ ပြောဖြစ်တဲ့ အကြောင်းလေးပါ…

အထက်ပါဖော်ပြခဲ့သလိုပဲ ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….?

ကျွန်တော်ကတော့ မထင်ဘူး..

ကတိဆိုတာ နောက်ထား..   ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားကိုတောင်တန်ဖိုးထားရမှာလို့…

ကတိဆိုတာက စာချုပ်စာတန်းနဲ့ ချုပ်ဆိုတဲ့ နှစ်ဦးသဘောတူညီချက် စာချုပ်လိုပဲလို့ ထင်တယ်…

ကတိဆိုမှ တည်ရမှာလား…  ကိုယ်ပြောသမျှကို ကိုယ်တာဝန်ယူရမှာပဲလေ…

ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားက အဲဒါကို ဆိုလိုတာလို့…

နောက်တမျိုးက ကတိဆိုတာ လူတယောက်ရဲ့ ယုံကြည်မှု၊ တန်ဖိုး နည်းနည်းထပ်မြင့်ပြီး ပြောရင် သိက်ခါဆိုလည်း ဟုတ်တယ်လို့…

ဥပမာဆိုပါတော့.. ကောင်မလေးက ဆိုင်တဆိုင်မှာ စောင့်နေမယ်လို့ ကောင်လေးနဲ့ ချိန်းတယ်..

ဖြစ်ချင်တော့ အဲဒီဆိုင်က ဆိုင်ခွဲ ၁၊ ၂ ရှိနေတယ်…

တယောက်နဲ့ တယောက်ကလည်း သိတယ်…  သူက ကတိမပျက်တတ်ဘူး.. အဲဒီမှာ ကတိဆိုတာထက် စကားနဲ့ ချိန်းဆိုခဲ့တာပဲ…

ဆိုလိုချင်တာက အဲဒီမှာစောင့်နေမယ်နော်.. သိလား.. ကတိနော် လို့ ပြောမလား…

အဲဒီမှာ ကိုယ် ဘယ်အချိန်မှာ စောင့်နေမယ်ပဲ ပြောမှာလေ…

အဲဒါကလည်း ကတိလည်းပြောလို့ ရသလို.. ဆိုခဲလေ၊ မြဲစေ စကားလိုလို ကတိတခုလိုဖြစ်မနေဘူးလား…

အဲဒါက တခုပေါ့.. နောက်တခုက ကောင်မလေးရော၊ ကောင်လေးရော အချိန်တန်တော့ မရောက်လာတော့…

စဉ်းစားပြီ.. သူ ဒီလိုနောက်မကျတတ်.. မပျက်ကွက်တတ်ပါဘူး..

နောက်ထပ် စဉ်းစားတယ်.. အဲဒီမှာ အဖြေပေါ်တယ်.. နောက်တဆိုင် ရှိသေးတာပဲ…

ဘယ်ဆိုင်လဲ သေချာ မချိန်းလိုက်မိဘူး.. စဉ်းစားပြီ..

ကတိမတည်တတ်(ဝါ) ပြောပြီး ပြီးရော ကောင်လေး ဒါမှမဟုတ် ကောင်မလေး တယောက်ယောက်က ဖြစ်နေရင် ကိစ်စပြတ်ပြီ..

သူ အဲလိုပဲ ပြတ်ကွက်တတ်၊ ကတိမတည်တတ်တဲ့လူပဲ ဆိုပြီး..

ထပြန်မှာ…

နှစ်ယောက်လုံးက ကတိတည်တတ် ပြော ပြီး ပြီးရော လူတွေ မဟုတ်တော့..

ရှာလိုက်ကြတာ.. ဇာတ်သိမ်းတော့ နှစ်ယောက်စလုံး တွေ့ကြတယ်ပေါ့…

ကြားထဲက ဘယ်လို တွေ့လဲ ဇာတ်လမ်းကိုတော့ ကိုယ့်ဖာသာ မြင်ယောင်လိုက်ပါ..

ကိုရီးယားကားမဟုတ်တော့ တေ့လွဲလေးတော့ မလွဲကျပါဘူး…

ဆိုလိုတာက ကတိကို တည် (ဝါ) ဆိုခဲလေ မြဲစေ ဆိုတာက လူတယောက်ရဲ့ တန်ဖိုးလို့လဲ ပြောလို့ရပါတယ်လို့…

အဲဒီတော့ ကတိတည်တာကောင်းပါတယ်လို့…

တခုတော့ ရှိတာပေါ့..

ကတိတည်ချင်တဲ့ လူက အားတော့ မနာတတ်မှ ရမှာဆိုတာပဲ…

အားနာတတ်ရင် ကျိန်းသေတယ်.. သူဟာ ကတိတည်နိုင်ဖို့ လွယ်မှာ မဟုတ်ဘူးဆိုတာပဲလို့…

ကိုယ်ရှေ့မှာ ကတိတည်နေရင်လည်း.. သူတော်တော်လေးကို ပင်ပင်ပန်းပန်း နဲ့ ကတိတည်ဖို့ ကြိုးစားနေတာပဲ ဆိုတာပဲဗျ…

အော် မေ့တော့မလို့ ..

ကတိတည်တော့ ဘာဖြစ်လဲဆိုတော့.. အချိန်တိကျတတ်လာမယ်လို့လဲ ထင်တယ်လေ..

ဆိုတော့ကာ.. Right Man = Right Time လေ…

အဲဒါဆို အဲလိုလူဟာ တန်ဖိုးမရှိလေဘူးလားဗျာ..

ဒါဆို ကတိတည်တာဟာ လူတယောက်ရဲ့ တန်ဖိုးကိုလည်း ပိုင်းဖြတ်လို့ မရနေဘူးလား…ဗျာ…

ဟဲ…

အဲလိုလေး ပြောပြဖြစ်ခဲ့ပါတယ်…

အဲဒါဟာ ကျွန်တော့်ရဲ့ အထင်ပေါ့ဗျာ…နော်…

8 comments

  • susunosuki

    April 22, 2010 at 6:05 am

    ကတိ ကိုလွယ်လွယ်ပေးတတ်တဲ့အကျင့်ကြောင့်
    အခင်အမင်ပျက်ကြတဲ့ သူတွေများလှပြီ
    ဒါကြောင့်ကတိ ကိုလွယ်လွယ်မပေးဖို့စဉ်းစားထားတယ်

  • kopainglay

    April 22, 2010 at 9:50 am

    ကျွန်တော့ချစ်သူကတော့ ကတိတည်တယ် ချိန်းထားရင် မဖြစ်ဖြစ်တဲ့နည်းနဲ့လာတယ် သူကလာမယ်ဆို စောင့်တော့အဲဒီနေ့တော့ရောက်ကိုရောက်လာမယ် အချိန်နောက်ကြတာကလွဲလို့ပေါ့ဗျာ

  • kopauk mandalay

    April 22, 2010 at 4:00 pm

    ကတိဆိုတာ ဖောက်ဖျက်ဘို.မဟုတ်ပါဘူး။
    စောင်.ထိန်းရမှာပါ။
    ရှေးကတော.နှုတ်ကတိဆိုတာနဲ.လုံလောက်ခဲ.ကြပါတယ်။
    လူတွေအကျင်.ပျက်တော. စာရွက်နဲ.ရေးထားမှ အတည်လို. တရားဝင်တယ်လို.သတ်မှတ်လာရပါတယ်။
    ငွေမရှိကတိမတည်တို. ဆိုတာ အသုံးမကျသောလူတွေရဲ.ညံ.ဖျင်းသော အကြောင်းပြချက်ပါ။
    အကောင်းဆုံးက သူများပျက်ချင်ဖျက်ချင်ရင်လဲဖျက် ကိုယ်ကတော.မဖျက်ဘူး မပျက်ဘူးလို.တောင်.ခံထားလိုက်စမ်းပါနော်။
    နောက်တချက်က လုံးဝပျက်အောင်ဖျက်ပစ်ကြရမှာကတော. မတိကျဘူးလို.သတ်မှတ်ထားတဲ. မြန်မာစံတော်ချိန်ကိုပါဗျာ။

  • geniouslady

    May 22, 2010 at 4:37 am

    အင်းကတိတည်ရင်ချစ်သူကတောင်ဘုရားလိုကိုးကွယ်မှာပါ

  • zaylay

    June 15, 2010 at 6:11 am

    so nice. but promise is same meaning understand with each other. that is my option.

  • HayMonChan

    September 12, 2010 at 3:01 pm

    ကောင်းပါ၏
    ကျေဇူးတင်ပါ၏

  • nyimalay

    September 13, 2010 at 3:15 am

    Thanks for your post, Next time you can write batter than this post.

  • Gong Zhu

    September 14, 2010 at 9:51 pm

    ကတိဆိုတာပေးတော့လွယ်လွယ်လေး ၊ တည်ဖို့တော့ခက်တယ်တဲ့

Leave a Reply