ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ် ရဲ့ အမှာစကား

cobraFebruary 5, 20111min1084

ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုက ရေစီရဖို့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက် မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက်ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ပဲတိုက်တိုက် ဒီစစ်အာ ဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။

ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အ ဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။ နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေ ကလည်း အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်းပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့ လိုပါတယ်။

အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီလုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေး တွေ အမြန်ဆုံးရမှာ သေချာတယ်။ ကျနော်ယုံကြည်တယ်။

ဗိုလ်မှူးချုပ် စောလှဘွယ်
ဒီကေဘီအေ
၃ ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်

forward mail မှကူးယူဖော်ပြသည်။

4 comments

  • timothy

    February 8, 2011 at 10:46 am

    သိပ်မှန်၊သွေးထွက်အောင်မှန်တယ်လို့ဆိုပါရစေ။
    ဟိုတနေ့ကမိတ်ဆွေတွေနဲ့စကားစမည်ပြောရင်းနယ်စပ်ဒေသတွေမှာစစ်ပွဲတွေဖြစ်နေတဲ့
    အကြောင်းရောက်သွားတယ်။်
    အဲဒါနဲ့တယောက်က ကုရင်သူပုန်တွေလားတဲ့။
    ဒါနဲ့အဲဒါသူပုံမဟုတ်ဘူး။ဗမာတွေအနိုင်ကြင့်လို့သူတို့ရဲ့ရင်ထဲကပေါက်ဖွါးလာတဲ့
    တော်လှန်ရေး၊လွတ်လပ်ရေးတပ်သားများဖြစ်ကြောင်း၊အကြိုးအကြောင်းနဲ့ရှင်းလိုက်ရတယ်။
    သူပုန်လို့မှားယွင်းစွာယိုးစွပ်တာ၁ယောက်မဟုတ်ဘူး။၃ယောက်တောင်ဗျာ။
    ကျနော့ဘက်ကကျနော်အပါအဝင်၂ယောက်ဘဲ။ ကျန်လူတွေကဘာမှမပြောတော့
    ဒီမိုကရေစီနည်းအရဆိုရင်မှန်တဲ့ကျနော်တို့၂ဦးကတောင်မဲရှုံးသလိုခံစားမိသေးတယ်။
    ရှင်းပြတော့မှသူတို့မသိလို့ပါတဲ့။
    ကျတော်တို့ဗမာများအမှန်ကိုသိဘို့လက်ခံဘို့အများကြီးလိုသေးတယ်။
    ခုခေါတ်မှာကြီးပြင်းကြတဲ့လူငယ်အများစုကတော့ဒီတော်လှန်ရေးတပ်သားများကိုသိကြမှာပါ။
    ၈၈အရေးအခင်းကထွက်ပြေးကြတဲ့ကြောင်းသားများကိုဗိုလ်ချုပ်မြကကြည့်ရှုစောင့်ရှောက်
    ပြီးကျောင်းသားစစ်တပ်တောင်ဖွဲ့ဘို့မြေတောင်မြှောက်ပေးခဲ့တယ်။
    ဒီလိုမျိုးချစ်ပုဂ်လ်ကြီးကိုမျိုးဖျက်ဗိုလ်နေဝင်းကသူပုန်လို့သမုတ်တယ်။
    မျိုးချစ်သခင်သန်းထွန်းလိုခေါင်းဆောင်ကြီးကိုလဲမရိုမသေစော်ကားတာပါဘဲ။
    ဒါကိုအဲဒီခေါတ်ကမှိုင်းမိနေတဲ့ဗမာမြို့သားများကရောရောင်ပြီးသူပုန်၊ဖေါက်ခွဲရေးသမားများတဲ့ဗျာ။
    ခုထိခေါင်ူးထဲစွဲနေလို့မနဲဖြေရှင်းလိုက်ရတယ်။
    ဗိုလ်ချုပ်စောလှဘွယ်ကိုလေးစားမှုအပြည့်နဲ့အလေးပြုလိုက်ပါရစေ။
    ဗမာပြည်သူလူထုများလဲတိုင်းရင်းသားလွတ်မြောက်ရေးတပ်မတော်ရဲ့တရားသောစစ်ကိုထောက်ခံပြီး
    ဗမာတနိုင်ငံလုံးလွတ်လပ်ရေးတိုက်ပွဲဝင်ကြဘီု့ဆော်ဩောတဲ့ဗိုလ်ချုပိစောနဲ့လက်တွဲကြပါစို့။

  • bigcat

    February 9, 2011 at 1:34 am

    ဆရာတင်မိုသီပြောတာနဲ့ ကွဲလွဲပါရစေ။ နိုင်ငံတကာမှာလည်း rebel သူပုန်၊ rebellion သူပုန်ထတယ်လို့ သုံးပါတယ်။ တချို့ကြတော့ သောင်းကျန်းသူ insurgent လို့ခေါ်တာလည်း ရှိပါတယ်။ သက်ဆိုင်ရာအစိုးရတွေရဲ့ ပါးနပ်လိမ္မာမှု၊ ကမာ္ဘ့နိုင်ငံရေးအခြေအနေ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူများအပေါ် လွတ်လပ်တဲ့မီဒီယာရဲ့အမြင် စတာတွေပေါ်မူတည်ပြီး ကွဲမယ်ထင်ပါတယ်။ အစိုးရတိုင်းကတော့ သူပုန်အစား သောင်းကျန်းသူလို့ သုံးနှုန်းချင်ကြမှာပါ။ ကျနော်ကတော့ သူပုန်ဆိုတဲ့စကား နိမ့်တယ်လို့မထင်ပါ။ အစိုးရတခုရဲ့ အာဏာစက်ယန္တယားကို ခြိမ်းခြောက်နိုင်လို့ဖြစ်ပါတယ်။ အုပ်ချုပ်သူဘုရင်များက မြန်မာစကားမှာ နှိမ်ပြီးတော့ သူခိုးကြီးတော့ဒမြ၊ ဒမြကြီးတော့သူပုန်၊ သူပုန်ကြီးတော့အစိုးရဖြစ်တယ်လို့ သုံးစွဲခဲ့ကြလို့ ရှုပ်ထွေးမှုဖြစ်တယ် ထင်ပါတယ်။

  • timothy

    February 9, 2011 at 10:03 am

    ကိုBig Cat ရေ။
    အခုနောက်ပေါ်တဲ့ဝေါဟာရ၊ဘာတဲ့။
    အကြမ်းဖက်သမား၊
    Terroristလေ။
    အမေရိကားသွားရင်မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ဆိုရင်လေဆိပ်မှာပုလိပ်လုံခြုံရေးကအရေခွံခွါမတပ်ဘဲ။
    ဗိုလ်သန်းရွှေတို့တစုကိုတော့အနောက်နိုင်ငံများကအဝင်ကိုမခံဘူး။ဗီဇာမပေးဘူး။
    သူတို့က Terrorists ထက်ပိုအန္ဒရာယ်ကြီးတယ်။
    ွGovernment-sponsored Terrorists/ State-sponsored Terrorists;
    အကြမ်းဖက်အစိုးရတဲ့ဗျာ။
    ဝေါဟာရများ။
    ကျေးဇူးပါဘဲ။

  • kai

    February 9, 2011 at 10:32 am

    ကျုပ်လည်း ..သူပုန်ဆိုတာ ဂုဏ်ယူစရာလို့တောင်ထင်တယ်..။
    စစ်အစိုးရဟာ .. သူပုန်ဆိုတဲ့စကားလုံးကို ..သူတို့သတင်းစာမှာ မသုံးပါဘူး..။
    ထားပါတော့..။

    DKBA (Democratic Karen Buddhist Army) နာမယ်အကြောင်းပြောမလို့ပါ..။
    အဲဒီနယ်မှာ .. God’s Army ဆိုတာပေါ်ဖူးတယ်..။ အခုတော့မရှိလောက်တော့ပါဘူး..။

    အခုနာမယ် DKBA ကတော့ … ဗုဒ္ဓဘာသာသမိုင်းမှာ မရှိတဲ့ စကားလုံးပဲ..။
    ဗူဒ္ဓဘာသာသမိုင်းမှာ ..အာဏာစက်အကြီးဆုံးဖြစ်တဲ့ ..အသောကမင်းလည်း ..ဗုဒ္ဓဘာသာဝင်ဖြစ်တော့ … စစ်ကိုရပ်တာပဲ..။
    ဗုဒ္ဓကိုယ်တော်တိုင်လည်း ..စစ်ကို … ရပ်စေခဲ့ဖူးတယ်….။
    ဆိုတော့ ..
    ဗုဒ္ဓနဲ့ စစ် အစပ်အဟပ်မတည့်သလို ခံစားမိဖူးတယ်..။
    ဒါပေမဲ့..
    ဒီလိုခေတ်အချိန်မျိုးမှာ .. ဒီလိုပြတ်ပြတ်သားသား..Buddhist Army နာမယ်မျိုးနဲ့ ထွက်လာတာ .. လေးစားမိပါတယ်..။
    ဒီနာမယ်ကို ..အရှည်ဆက်ထိန်းသိမ်းထားနိုင်ဖို့ကောင်းတယ်..ထင်မိတာပါပဲ..။

Leave a Reply