ဂျာမနီနိုင်ငံတွင်နေထိုင်လျှက်
ရှိသည့် တူရကီအမျိုးသားတစ်ဦးဟာ ၎င်းနှင့် ၁၈ နှစ်ကြာပေါင်းသင်းလာခဲ့ 
သည့် ဇနီးဖြစ်သူ၏ မတင်းတိမ်မရောင့် ရဲနိုင်သည့် အချစ်ရမ္မက်အား သူမအလိုကျဖြည့် စွမ်းမပေးနိုင်တော့ 
သည့် အတွက် ထိုဇနီးဖြစ်သူထံမှ ကာကွယ်စောင့် ရှောက်ပေးရန် ရဲတပ်ဖွဲ့ ထံသွားရောက်၍ အကူအညီ
တောင်းခံခဲ့ ရပါတော့ တယ်…
ပိုင်းဒေသရှိ Waiblingen မြို့ ရဲတပ်ဖွဲ့ ထံသို့ သွားရောက်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်…၎င်းအနေဖြင့် လွန်ခဲ့ သည့် လေးနှစ်လုံးလုံး အချစ်ကြီးသည့် ချစ်ဇနီးဖြစ်သူ၏မက်မပြေ အချစ်တွေပေးပါလေ
ဟု အကြိမ်ကြိမ်တောင်းဆိုမှုမှ လွတ်မြောက်နိုင်ရန် ဧည့် ခန်းထဲမှ ဆိုဖာပေါ်တွင် အိပ်စက်နေခဲ့ ရသည်ဟု
လည်း ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပါတယ်…
ထိုဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးရရှိအောင်ပေါင်း
သင်းနေထိုင်ခဲ့ ပြီး ပင်ပန်းနွမ်းနယ်နေသည့် အမျိုးသားဖြစ်
သူဟာ ( ဇနီးဖြစ်သူနှင့် ) ကွာရှင်းပြီး ထိုအိမ်မှစွန့် ခွာရန်ဆုံးဖြတ်ခဲ့ ပါတယ်တို့ ဂျာမန်ရဲတပ်ဖွဲ့ ကဆိုပါတယ်..
” အထူးသဖြင့် သူ့ ရဲ့ အလုပ်ကို အိပ်ရေး၀၀အိပ်ပြီး ၊ လုံလုံလောက်လောက်အနားယူပြီးခွန်အားပြည့် လန်း
ဆန်းစွာရောက်ရှိနိုင်ဖို့ ထိုအမျိုးသမီးကို ကွာရှင်းပြီး အိမ်ကနေထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်…” လို့ 
ရဲတပ်ဖွဲ့ ကဆိုပါတယ်…
” လက်ရှိအခြေအနေအရ ၎င်းရဲ့ ဇနီးဖြစ်သူဟာ ( ရှောင်ပြေးအိပ်စက်နေရာ ) ဧည့် ခန်းကိုအမြဲလိုက်လာပြီး
ဇနီးမယားတစ်ယောက်အတွက် ခင်ပွန်းဖြစ်သူရဲ့ တာဝန်ကို ထမ်းဆောင်ပေးဖို့ ထပ်တလဲလဲတောင်းဆိုနေ
တာမို့ ၎င်းအနေဖြင့် ကောင်းမွန်စွာအိပ်စက်အနားရနိုင်ဖို့ မဖြစ်နိုင်ပါဘူး… ( ဒါကြောင့် ) သူက ညဘက်တွေ
မှာ အိပ်စက်နိုင်ဖို့ အခွင့် အရေးရနိုင်ရန်ကူညီဖို့  ရဲတပ်ဖွဲ့ ကို တောင်းပန်ခဲ့ တာဖြစ်ပါတယ်…” လို့ ရဲတပ်ဖွဲ့ 
ကဆက်လက်ပြောကြားခဲ့ ပါတယ်..
forward mail မှကူးယူဖော်ပြသည်။
About cobra
oakar min maung has written 203 post in this Website..