အချိတ်ထမီ ဒီဇိုင်းသစ်များ ရက်လုပ်လျက်ရှိ

cobraFebruary 5, 20111min814

ယခင်နှစ်ကုန်ခါနီးလများ ကတည်းက စမ်းသပ်တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှနေ၍ ထမီ အဆင်ဒီဇိုင်းသစ်များကို ဇန်နဝါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ဝန်ကြီးများ၏ ကြောင်တောင်တောင်

ဝတ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်းနေရာယူ လာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင်ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။

“ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ဝတ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ဝန်ကြီးတွေပါ ဝတ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ဝန်ကြီးများ နည်းတူ

ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီ ဝတ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေ ပေါ့ဗျာ”ဟု ဆက်လက်ရှင်းပြသည်။ယခုကဲ့သို့ မြန်မာ့ရိုးရာ အချိတ် ထမီများအား အမျိုးသား ဝန်ကြီးများက ခေတ်နှင့်အညီ ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု များပြားလာသည်နှင့်အမျှ ဈေးကွက်ခိုင်မာမှု ရှိလာသောကြောင့် အဆင်ဒီဇိုင်း အမျိုးအစားသစ်များကို ပိုမိုတီထွင် ရက်လုပ်မှု များပြားလာလျက်ရှိကြောင်းသိရီရသည်။

forward mail မှကူးယူဖော်ပြသည်။

4 comments

  • eros

    February 5, 2011 at 11:49 am

    “ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ဝတ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ဝန်ကြီးတွေပါ ဝတ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ဝန်ကြီးများ နည်းတူ

    ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီ ဝတ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေ ပေါ့ဗျာ”

    ခိခိ

  • manawphyulay

    February 5, 2011 at 12:52 pm

    ဒါဆို ချိတ်ထမီတွေ ဈေးအတော်တက်ပြီးဈေးမြင့်တော့မှာပဲ။ ဘယ်လိုလုပ်ရပါ့….

  • နိုင်နိုင်

    February 6, 2011 at 11:03 am

    ဘယ်သူက မှ မိန်းကလေး ဝတ်တဲ့ ထမီ ဝတ်ပေးစရာမလိုဘူးပေါ့နော် သူ့သူ အလိုက်သိတာကောင်းပါတယ်ဗျာ …

Leave a Reply