UK ပညာရေး နှင့် IELTS စာမေးပွဲအကြောင်း ဟောပြောပွဲများ အခမဲ့ တက်ရောက်နိုင်

manawphyulayFebruary 6, 20111min682

မောင်လေး အချစ်နတ်သား အဲ အင်္ဂလိပ်လို eros ရဲ့ သင်တန်းအကြောင်း စုံစမ်းလို့ အားလုံးအတွက်ပါ အဆင်ပြေအောင် ပြောပြလိုက်တယ်နော်။ သွားဖြစ်အောင် သွားလိုက်နော်။

UK တွင် ပညာသင်ကြားရန် စိတ်ဝင်စားသောကျောင်းသားများ၊ မိမိတို့သား၊သမီး များအား UK သို့ ပို့လွှတ်လိုသော မိဘများနှင့် IELTS စာမေးပွဲအကြောင်းစိတ်ဝင်စားသောသူများအား ဗြိတိသျှကောင်စီ၏ Education UK ဌာနမှ အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည့် “Presentation on Studying in the UK and Overview of IELTS Exam” အားတက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

“Studying in the UK” ပညာရေးဆွေးနွေးပွဲတွင် UK တွင်ကျောင်းသားများသင်ကြားနိုင်သည့် ပညာရေးအဆင့်များနှင့် ရွေးချယ်နိုင်သည့်သင်တန်းများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။ ထို့အပြင် ၎င်းပညာရေးဆွေးနွေးပွဲတွင် UK ကျောင်းများကို ဝင်ခွင့်ရရှိရန်လိုအပ်သော ပညာအရည်အချင်းအဆင့်များ၊ UK ကျောင်းများ၏ ပညာရေးအရည်အသွေးကို သိရှိရန်ဖေါ်ပြထားသော ရှင်းတမ်းများပါရှိသည့် ဝက်ဗ်ဆိုက်များ၊ ကျောင်းလျှောက်ရာတွင်လိုအပ်သည့် အချက်အလက်များနှင့် UK Visa နှင့်ပက်သက်၍ ကျောင်းသားများသိသင့်သည့် အချက်အလက်များကိုလည်း ထည့်သွင်းရှင်းလင်း ပြောကြားသွားမည်
ဖြစ်ပါသည်။

Overview of IELTS Exam ဟောပြောပွဲတွင် IELTS စာမေးပွဲအကြောင်းအထွေထွေသိကောင်းစရာများ၊ ကျောင်းလျှောက်ထားရာ၊ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေး နှင့် UK နှင့် အခြား အင်္ဂလိပ်ဘာသာ အသုံးပြုသောနိုင်ငံများတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် လိုအပ်ချက်ပြည့်မှီရေးအတွက် IELTS ၏အသုံးဝင်ပုံများအားရှင်းပြမည်ဖြစ်ပါသည်။

* နေ့ရက် – ဖေဖော်ဝါရီလ ၁၉ ရက်
* နေရာ – ကုန်းဘောင်တကောင်း ခန်းမ၊ ကုန်သည်ကြီးများ ဟိုတယ်၊ ရန်ကုန်
* အချိန် – Studying in the UK (နံနက် ၁ဝ နာရီမှ ၁၂ နာရီ)၊ Overview of IELTS Exam (၁၂နာရီမှ နေ့လယ် ၁ နာရီ)

တက်ရောက်လိုသူများသည် British Council သို့လူကိုယ်တိုင်ဖြစ်စေ၊ ဖုံး ၂၅၆၂၉၀/၂၅၆၂၉၁/၂၅၄၆၅၈ သို့ဆက်သွယ်၍ဖြစ်စေ၊ အင်တာနက်ပေါ်မှ online စာရင်းပေး၍ဖြစ်စေ နေရာကြိုတင်ရယူနိုင်ပါသည်။ နေရာ ၁၅ဝ သာရှိသောကြောင့် ကြိုတင်နေရာရယူထားသူများသာ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

2 comments

  • eros

    February 8, 2011 at 2:34 pm

    ကျေးဇူးပါ။ IELTS ဖြေမယ့်သူတွေ အတွက်အကြံပေးချင်တာတခုက ကျောင်းလျှောက်မယ်ဆိုရင် လိုအပ်ကာနည်းမှဖြေတာကောင်းပါတယ်။ တချို့ ကျောင်းတွေက IELTS သက်တမ်း ၈ လလောက်ကျန်နေရင်တောင် လက်မခံပဲ အသစ်ဖြေခိုင်းပါတယ်။ ပိုက်ပိုက်ပေါရင်တော့လည်း တမျိုးပေါ့ဗျာ။

  • eros

    February 8, 2011 at 2:36 pm

    ှုIELTS အမှတ်စာရင်းတင်ပြဖို့ လိုအပ်ခါနီးမှပါ။

Leave a Reply