မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ

manawphyulayFebruary 5, 20111min19512

“မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင် ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမာ္ဘကြီးကို ထမ်းပိုးနိုင်အောင် ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ဝမ်းနည်းမှု၊ နာကျင်မှု၊ သားသမီးတွေရဲ့

ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်”

“တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့ တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့လည်း ဖန်တီးခဲ့တယ်”

“ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း ဖန်တီးခဲ့တယ်”

“ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမဝင်မှုတွေကို ခွင့်လွတ်သည်းခံပြီး ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်”

“ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိဉာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်”

“တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်”

“နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်”

“မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အဝတ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊ မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ စိတ်ရဲ့ တံခါးပေါက်ပဲ”

ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မိန်းမသားတိုင်း လှကြပါတယ်။

12 comments

  • eros

    February 5, 2011 at 1:57 pm

    လွဲနေတယ်ဟ၊ main page မှာတွေ့တာနဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 2:47 pm

    ဖြစ်နိုင်ရင် အောင်ပုလဲ ကိုယ်ဝန်ဆောင်ခြင်ပါတယ်ကွယ်
    အောင်ပု က ကိုယ်ဝန်ဆောင်တော့
    အဲ့သည်တစ်ယောက်ကို ဘယ်သူကရှာကျွေးမလဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 2:47 pm

    ဥပမာကိုပြောတာနော် 🙂 🙂 🙂

  • naywoonni

    February 5, 2011 at 4:28 pm

    အင်း… ဒီကလေးမ ဘာဖြစ်နေပါလိမ့်….။စစ်မှုမထမ်းမနေရဏပဒေနဲ့လည်း လွတ်လောက်ပါတယ်။
    အင်းလေ……သူလည်းလေ လောကီသားပေမို့……………………

  • တကယ်သနားဖို့ကောင်းတာ ကျွန်တော်တို့ယောက်ျားတွေပါ။ ကျွန်တော့်အပေါင်း အသင်းတွေထဲမှာ မယက မဟုတ်တဲ့လူ တစ်ယောက်မှမပါပါ။ တနည်းမဟုတ်တနည်း မိန်းမကို ကြောက်ရတာချည်းပဲ။

  • cobra

    February 6, 2011 at 7:12 am

    ဟုတ်တယ်
    တကယ်သနားဖို့ကောင်းတာကဒို့ယောက်ျားလေးတွေပါ
    သူတို့မျက်နှာငြိုးမှာကိုမမြင်ရက်ရတာနဲ ့
    သူတို့မျက်ရည်ကိုကြောက်ရတာနဲ ့
    ဟူး……..
    မကောင်းပါဘူး။

  • manawphyulay

    February 6, 2011 at 12:19 pm

    ဒါကြောင့်ထင်တယ်နော် ဘီယာဆိုင်တွေ ကေတီဗွီ တွေ နေရာအနှံ့ ပေါများလာတာလား မသိ…. 😛

  • naywoonni

    February 6, 2011 at 3:04 pm

    မိန်းမတို့ ရဲ့လက်နက်သည် မျက်ရည် တဲ့လေ ။ ကြားဖူးတာပဲ။။။ တစ်ကယ်ဟုတ်မဟုတ်တော့ မသိသေးဘူး

  • manawphyulay

    February 7, 2011 at 1:56 pm

    ခုခေတ်က မျက်ရည်မဟုတ်တော့ဘူးထင်တာပဲ ဟီး 😛

  • memeseku

    January 4, 2012 at 9:27 pm

    မိန်းကလေးတွေဆိုတာတကယ်တော့ယုယုယယနဲ.အလှကြည်.နေဖို့ကောင်းတဲ.လက်ဆောင်လေးတွေလိုပါပဲ
    ကျနော်သာဖခင်တယောက်ဆိုရင်ပေါ့လေ……..

  • memeseku

    January 4, 2012 at 9:29 pm

    မိန်းကလေးတွေကအချစ်ခံရတဲ.ဘဝမှာနေတာပဲကောင်းပါတယ်………ဒါပေမယ်.ယောက်ျားတွေကြားထဲမှဝင်ပြီးမာယာတွေအမျိုးမျိုးသုံးပြီးကလဖန်ထိုးပြီးသူတို.လိုရာကိုပုံသွင်းနေတာကိုလဲစိတ်မကောင်းစွာနဲ.မြင်ခဲ.ရဖူးပါတယ်။

  • aye.kk

    January 5, 2012 at 6:39 am

    မနောလေးရေ..
    သာသနဂ္ပတ္တိဒီပနီကျမ်း၊စာမျက်နှာ(၉၉)မှာ..
    ဖော်ပြထားတဲ့အားအင်(၈)ပါးထဲက
    ဗဟုသုတလေးအဖြစ်ဖော်ပြမိချင်တာက..
    သူငယ်တို့သည်ငိုခြင်းလျှင်အားအင်ရှိကြကုန်၏..
    မိနးမတို့သည်အမျက်ထွက်ခြင်းလျှင်အားအင်ရှိကြကုန်၏ဟုဆိုပါတယ်..
    အားအင်ဆိုတာရှိရင်ဖန်တီးပေးနိုင်တာနဲ့ဆက်စပ်နေသလားလို့ပါ..

Leave a Reply