အမြင်မှန် နောက်ဆက်တွဲ

ashinindakaFebruary 5, 20111min928

နိဗ္ဗာန်သို့လျှောက်လှမ်းတဲ့နေရာမှာပဲဖြစ်ဖြစ်
အခြားအခြားသို့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးစတဲ့အရေးတွေကို လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်
အမြင်မှန်ဘို့ အင်မတန်အရေးကြီးပါတယ်။
အမြင်မှန်မှ အမှန်မြင်နိုင်မှာမို့ပါ။
အမြင်မှန်၊ အမှန်မြင်ကို ပါဠိလို သမ္မာဒိဋ္ဌိ လို့ခေါ်ပါတယ်။
သမ္မာဆိုတာ မှန်ကန်တာ၊ ဒိဋ္ဌိဆိုတာ အမြင်။

နိဗ္ဗာန်သို့သွားရာလမ်းကြောင်းလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ အမှန်မြင်လို့ ခေါ်တဲ့
သမ္မာဒိဋ္ဌိကို ဘုရားရှင်က ပထမဦးဆုံးနေရာမှာထား ဟောကြားခဲ့ပါတယ်။
အရေးအကြီးဆုံး မဂ္ဂင်ဖြစ်လို့ပါ။

လူတစ်ဦးတစ်ယောက်ဟာ ဘယ်အလုပ်မှာပဲဖြစ်ဖြစ်
အမှန်မြင်လို့ခေါ်တဲ့ ဒီသမ္မာဒိဋ္ဌိသဘောတရားမရှိရင်
ဘာမှ ရှေ့ဆက်လုပ်လို့မရတော့ပါဘူး။
တရားထိုင်လို့လဲ မရတော့ဘူး။
လူမှုရေးလုပ်လို့လဲ မရတော့ဘူး၊ နိုင်ငံရေးလုပ်လို့လဲ မရတော့ပါဘူး။

မှန်ကန်တဲ့အမြင်မရှိဘူး၊ အမြင်မမှန်ဘူးဆိုရင် ဘာကြီးကို လုပ်နေလုပ်နေ
အကျိုးရှိသင့်သလောက် မရှိတော့ပါဘူး။

လူတစ်ဦးတစ်ယောက်မှာ မှန်ကန်တဲ့အမြင်မရှိဘူးဆိုရင်
မှန်ကန်တဲ့အတွေးအခေါ်လဲ မရှိနိုင်ပါဘူး။
မှန်ကန်တဲ့အတွေးအခေါ်ရှိဘို့အတွက် အမြင်မှန်ရှိဘို့လိုပါတယ်။
မှန်ကန်တဲ့အတွေးအခေါ်ကို ပါဠိလို သမ္မသင်္ကပ္ပ လို့ခေါ်ပါတယ်။

အမြင်မှန်လို့ အတွေးအခေါ်မှန်တဲ့သူမှသာ စကားပြောရာမှာ
မှန်မှန်ကန်ကန်ပြောဆိုတယ်။
မှန်ကန်တဲ့အတွေးအခေါ်မရှိသူအဖို့ သူပြောတဲ့စကား မှားဘို့ပဲရှိပါတယ်။
မှန်မှန်ကန်ကန်ပြောဆိုတာကို ပါဠိလို သမ္မာဝါစာလို့ခေါ်တယ်။

မုသားမပြောတဲ့ မှန်ကန်တဲ့စကားကို ပြောဆိုလေ့ရှိတဲ့သူမျိုးသာ
မှန်ကန်တဲ့အလုပ်ကို လုပ်လေ့ရှိပါတယ်။
မှန်ကန်တဲ့အလုပ်ကို ပါဠိလို သမ္မာကမ္မန္တလို့ခေါ်ပါတယ်။

မှန်ကန်တဲ့အလုပ်ကို လုပ်လေ့ရှိသူမျိုးသာ
အသက်မွေးဝမ်းကြောင်းလုပ်တဲ့နေရာမှာ
သင့်လျှော်လျောက်ပတ်တဲ့ မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းကို ပြုလုပ်မှာပါ။
မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းကို ပါဠိလိုတော့
သမ္မာအာဇီဝ လို့ခေါ်ပါတယ်။

နောက်မဂ္ဂင်တစ်မျိုးက သမ္မာဝါယာမ တဲ့။
သမ္မာ မှန်မှန်ကန်ကန်၊ ဝါယာမ အားထုတ်မှုရှိတာကို သမ္မာဝါယာမလို့ ပြောတာပါ။
မှန်ကန်တဲ့အားထုတ်မှုရှိရမယ်ဆိုတော့ မှားယွင်းတဲ့အားထုတ်မှုမျိုး၊
မှားယွင်းတဲ့ကျင့်ကြံမှုမျိုး မရှိရဘူးပေါ့။

စာပေမှာ မှန်ကန်တဲ့အားထုတ်မှု သမ္မာဝါယာမကို
မကောင်းတာကို မပြုလုပ်မိအောင်အားထုတ်ခြင်းနဲ့
ကောင်းတာကို ပြုလုပ်ဖြစ်အောင်အားထုတ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
ဆိုတော့ မကောင်းမှုရှောင် ကောင်းမှုဆောင်ဘို့ပါဘဲ။

ဒီလိုမျိုး မှန်မှန်ကန်ကန်အားထုတ်ရင်
မှန်ကန်တဲ့သတိတရားတွေ ကိုယ်မှာ ကပ်လာတော့တာပါဘဲ။
မှန်ကန်တဲ့သတိကို ပါဠိလို သမ္မာသတိလို့ခေါ်ပါတယ်။

မှန်ကန်တဲ့သတိရှိလာပြီဆိုရင်
မှန်ကန်တဲ့သမာဓိရှိလာတော့တာပါဘဲ။
မှန်ကန်တဲ့သမာဓိကို ပါဠိလို သမ္မာသမာဓိတဲ့။

ဒါတွေကို မဂ္ဂင်ရှစ်ပါးလို့ခေါ်ပါတယ်။

နိဗ္ဗာန်သို့ချီတက်နေသူအဖို့ နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်း ကျင့်ကြံနေသူအဖို့
ဒီမဂ္ဂင်ရှစ်ပါးစလုံး ပြည့်စုံအောင်ကျင့်ကြံရပါတယ်။

ပြောခဲ့သလိုပဲ။
မဂ္ဂင်ရှစ်ပါးမှာ ပထမဦးဆုံး အရေးအကြီးဆုံးမဂ္ဂင်က
သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။
အမှန်မြင်ပြီး အမြင်မှန်ဘို့နဲ့ အမြင်မှန်ပြီး အမှန်မြင်ဘို့ပါဘဲ။

မှန်ကန်တဲ့အမြင်မရှိရင် သမ္မသင်္ကပ္ပ မှန်ကန်တဲ့အတွေးအခေါ်ရှိမှာ မဟုတ်ဘူး။

သမ္မာသင်္ကပ္ပ မှန်ကန်တဲ့အတွေးအခေါ်မှ မရှိလို့ရင်
သမ္မာဝါစာ မှန်ကန်တဲ့စကားပြောလာမှာ မဟုတ်တော့ဘူး။

မှန်ကန်တဲ့စကားမှ မပြောဘူးဆိုလို့ရှိရင်
သမ္မကမ္မန္တ မှန်ကန်တဲ့အပြုအမူတွေ သူပြုမူမှာ မဟုတ်တော့ဘူး။

မှန်ကန်တဲ့အပြုအမူကိုသာ မပြုဘူးဆိုလို့ရှိရင်
သမ္မာအာဇီဝ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းလဲ သူလုပ်မှာမဟုတ်ဘူး။

မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းမရှိတဲ့ပုဂ္ဂိုလ်ဟာ
သမ္မာဝါယာမလို့ခေါ်တဲ့ မှန်ကန်တဲ့အားထုတ်မှုတွေလဲပဲ သူ ကြိုးစားမှာ မဟုတ်တော့ဘူး။

မှန်ကန်တဲ့အားထုတ်မှုမရှိတဲ့ပုဂ္ဂိုလ်အတွက်
သမ္မာသတိဆိုတာ ဝေလာဝေးပဲ။

သမ္မာသတိမှ မရှိတဲ့ပုဂ္ဂိုလ်ဟာ
သမ္မာသမာဓိ မှန်ကန်တဲ့သမာဓိ ဘယ်လိုနည်းနဲ့မျှ ထူထောင်နိုင်မှာ မဟုတ်ဘူး။

ဒါမဂ္ဂင်ရှစ်ပါးအဓိပ္ပါယ်အကျဉ်းချုပ်ပြောပြတာပါ။
ကိုးကွယ်တဲ့အပိုင်းမှာ အမြင်မှန်ဘို့ အမှန်မြင်ဘို့နဲ့ ဆက်စပ်ပြီး
အရေးပါပုံကို ပြောပြတာ။

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 3:22 pm

    ( နိဗ္ဗာန်သို့ချီတက်နေသူအဖို့ နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်း ကျင့်ကြံနေသူအဖို့ ဒီမဂ္ဂင်ရှစ်ပါးစလုံး ပြည့်စုံအောင်ကျင့်ကြံရပါတယ်။)
    အရှင်ဘုရားမှ ဒီလိုမိန် ့ဆိုတာကို
    ဘုရားတပည့်တော် ဒါယကာမိုက် ကယ်ဂျော်နီအောင်ပုမှ မှန်ပါဘုရားဟု ဝန်ခံပါ၏ဘုရား။
    သို ့သော်ဘုရား
    ရဟန်းသည် ရဟန်း၏သဘောအရ ဤကဲ့သို ့နိဗ္ဗာန်နှင့် ဆိုင်သော
    တရားကိုဟောသည်
    အခြားအကျိုးကို ဟောသည်တို ့ကို
    အကြွင့်မဲ့နာယူမှတ်သားနိုင်ပါသည်ဘုရား
    ဒုတိယမ္ပိ သို ့သော်ပါဘုရား
    သည်…
    နောက်တစ်ခါသော သို ့သော်သည်
    အရှင်ဘုရားနှင့်မဆိုင်တော့ပါဘုရား တပည့်တော်တို ့လူဝတ်ကြောင်တွေနှင့်ဆွေးနွေးငြင်းခုန်ခြင်းပါဘုရား
    အကြောင်းက သည်မှာဖန်လာတော့ သီးခံပါဘုရား
    အသောကမင်းကြီးသည် ယ္ခင်
    စိတ်ထားကြမ်းတမ်းသူဟု စာပေကိုမှီ၍ ဆိုပါမည်
    ရဟန်းတာသာမဏေကို အကြောင်းပြု၍ လွန်စွာနုညံ့သော
    သဘောကိုဆောင်သွားပါသည် (ဒိဋ္ဌိ ပြုတ်သည် မပြုတ်သည်က တစ်ခြား)
    ဒီနေရာမှာ သုံးသပ်ရလျှင်
    ကြမ်းတမ်းသည့်အချိန်တွင် သူ၏ စိတ်စရိုက်အား
    ယနေ ့စစ်အာဏာရှင်များမှီနိုင်မည်မထင်
    နူညံ့သော စိတ်ထားရှိလာသည်တွင်လည်း သူ၏စိတ်ထားကို
    ယနေ ့ကျွန်ုပ်တို ့မှီနိုင်မည်မထင်
    ဆိုတော့ကာ
    ဗိုလ်ချုပ်အောင်ဆန်း ပြောဘူးတယ်
    အနိုင်ရဘို ့တွက် ညစ်ပတ်သင့်ရင်ညစ်ပတ်ရမယ်
    ဆော်သင့်ရင်ဆော်ရမယ်
    တကယ်တော့ ဒီစစ်အာဏာရှင်တွေဆိုတာ ပြောသလောက်တော်နေကြတာမဟုတ်ဘူး
    (အရှင်ဘုရားအသာနေတော်မူပါဘုရား) ခင်ဗျားတို ့ကျုပ်တို ့ဘာသာရေးကိုမှီပြီး နုနေတဲ့အပေါ်မှာ
    အခွင့်ရေးယူပြီး ညစ်ပတ်နေတာကို
    ကျုပ်တို ့က သွားမညုနဲ ့
    ဒီတော့
    အသောကဘုရင်ထုံးနှလုံးမူပြီး
    ဆော်သင့်တာကို အပြတ်ဆော်ပြီး
    နောင်များကြမှ
    ပြန်နုကြပါဗျို ့
    http://drlunswe.blogspot.com/

  • bigcat

    February 6, 2011 at 4:57 am

    လွန်စွာကျေးဇူးကြီးလှပါသည်အရှင်ဘုရား။ အခုလို မဂ္ဂင်ရှစ်ပါး တခုနဲ့တခု ရှင်းလင်းစွာ စပ်ဆက်ပြတာကို အယင်ကထဲကလိုက်ရှာနေတာ အခုတွေ့ပါပြီ။ သဂျီးကတော့ မဂ္ဂင်ရှစ်ပါသည် ဘုရားဟောမဟုတ်လို့ ဇွတ်ငြင်းနေပါသည်။ မိစာ္ဆဒိဋ္ဌိကြီးကို ချွတ်တော်မူပါဘုရား။ ကိုပုကတော့ ဆွမ်းဆန်စီမ်းထဲ ကြွက်ချေးထည့်လိုသူမို့ မျက်ကွယ်ပြုလိုက်ပါသည်။

    • ashinindaka

      February 6, 2011 at 5:20 am

      ဒကာကြောင်ကြီးရေ၊ အလူအမျိုးမျိုး နတ်အဖုံဖုံပဲ။

      • bigcat

        February 6, 2011 at 5:31 am

        အဲသည်လိုပြောတော့ တပည့်တော်တို့လို အထက်နတ်လောင်းလျာတွေ နာတယ်ဘုရာ့။ သူတို့က နတ်စိမ်း ဒါမှမဟုတ် အသူရာနတ် အလွန်ဆုံးဖြစ်မှာ။

    • kai

      February 6, 2011 at 5:40 am

      ဘုရားသခင်…
      ကျုပ်က .. အဲဒီမဂ္ဂင်ရှစ်ပါး ကိုပဲ..ဦးထိပ်ထားယုံကြည်တာ..။
      ယုံကြည်ယုံတင်မဟုတ်… တကယ်လိုက်နာကျင့်ကြံသူတွေဟာ .အချင်းချင်းကို.. အပြန်အလှန်မြင်သိနိုင်တယ်..။
      ယုံလား..။ 🙂

  • weiwei

    February 6, 2011 at 6:56 am

    မယုံဘူး … 😛
    သူဂျီးက မဂ္ဂင်ရှစ်ပါးကို ဦးထိပ်ထားတယ်ဆိုရင် ငါးပါးသီလကိုလဲ လိုက်နာရမှာပေါ့ ..
    ဒါပေမယ့် သူဂျီးက ငါးပါးလုံးကို နဲနဲစီ ကျူးလွန်တာကောင်းတယ်ဆိုပြီး ဂိုဏ်းအသစ်ထောင်ဖို့တောင် ကြိုးစားဖူးတဲ့သက်သေရှိနေတော့ ….. 🙂

    • ashinindaka

      February 6, 2011 at 7:13 am

      သူဂျီးက (သီလ) ငါးပါးလုံးကို နဲနဲစီ ကျူးလွန်တာကောင်းတယ်ဆိုပြီး ဂိုဏ်းအသစ်ထောင်ဖို့တောင် ကြိုးစားဖူးတယ်ဆိုတော့ အာဂသူဂျီးပဲ။ ဘယ်လိုများ နဲနဲကျူးလွန်တာ ကောင်းရသတုံး။ လင်းစမ်းပါအုံး။

      • bigcat

        February 6, 2011 at 7:54 pm

        နားဆင်တော်မူပါ
        သဂျီးနဲ့ရွာသားတို့
        ဝက်သားဟင်းသည်
        အရသာအရှိဆုံး
        သဘောညီပါသည်
        သို့သော်..
        သဂျီးမင်းက
        သူပြောတဲ့ဝက်
        အတောင်ပံနဲ့ဆိုလို့
        တိုင်းနိုင်ငံတခွင်
        အုတ်အော်သောင်းနင်း
        ဖြစ်ကြောင်းပါဘုရား။

Leave a Reply