ဒီပြန်ကြားချက်ကို တော်တော်များများ သိပြီးသားဖြစ်မယ်လို့ထင်ပါတယ် ဒီပြန်ကြားချက်ကိုကြည့်ပြီးမှပဲ အော် ဒီလို အတိုက်ခိုက်ခံရလို့ ကျွန်ုပ်တို့နိုင်ငံ လိုင်းတွေ မကောင်းဘူးဆိုတာ ယုံလိုက်တော့တယ်….:D တကယ်ပဲလား အဲဒီလိုတိုက်ခိုက်ခံရတာ ဘာကြောင့်လဲ ?? ဘယ်လိုလူတွေက ဘာကြောင့် တိုက်ခိုက်သလဲ ဆိုတာ သိချင်လိုက်တာဗျာ ဒီလို လိုင်းနဲ့ လုပ်စားတဲ့ အင်တာနက်ဆိုင်တွေ ဆိုရင် သနားဖို့တောင် ကောင်းနေပါပြီ ခုရက်ပိုင်းဆို (5)ရက်လောက်ရှိနေပြီ တစ်နေကုန်နီးပါးလောက် အလုပ်မဖြစ်ဘူးလေ ၀င်ငွေမရှိ လိုင်း Bill တွေတော့ ပုံမှ ရှိနေသတဲ့ဗျ အဲဒီတော့ တရား မတရားတာတွေကို အဘက်ဘက်မှ စဉ်းစားပြီးလုပ်ဖို့လိုအပ်တယ် ..ခုပြောနေတာက ဘယ်သူ ဘယ်ဝါကိုမှ အပြစ်တင်ပြောနေတာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်ပုံမှန် ငွေယူရင် (BIll)အဲဒီအတွက် ထိုက်တန်တာ ပြန်ပေးရတယ်ဆိုတာ တရားသောနည်းလမ်းပဲမလား ခုဖြစ်နေရတာက လိုင်းတွေ မကောင်း မရလိုက် ပျက်လိုက်နဲ့ Bill တော့ အပြည့်စောင်ကြရတယ်မလား အဲဒါဟာ တိုးတက်မဲ့ လမ်းစဉ်ပဲလား အတွေးများေ၀၀ါးစရာမလိုပါဘူးဗျာ အားလုံးသိမှာပါ…အခုကျွန်တော် ရေးတဲ့စာထဲမှာ တစ်စုံတရာကို အပြစ်ပြောမိ ရိုင်းမိရင် တောင်းပန်လိုက်ပါတယ်။ တစ်ခွန်းလောက်တော့မေးချင်တယ် ဒီလိုလမ်းစဉ်မျိုးနဲ့ ရှေ့ဆက်သွားကြဦးမှာလား…..??? ကဲကဲ အဆင်မပြေတဲ့သူတွေ ဒီအားကိုးပြီးလုပ်တဲ့သူတွေ တင်းမခံနိုင် လစ်ပေါ့ဗျာ (အဆင်ပြေပြီးသား ကျေးဇူးရှင်တွေကတော့ ဆက်ပြီး “လစ်” ကြပေါ့) အဆင်ပြေနိုင်ကြပါစေ…။

About နိုင်နိုင်

cherryland lay has written 46 post in this Website..

လေနှင်ရာလွင့်ခရီးသည်...

   Send article as PDF