MPT ပြန်ကြားချက်

နိုင်နိုင်February 6, 20111min12912

ဒီပြန်ကြားချက်ကို တော်တော်များများ သိပြီးသားဖြစ်မယ်လို့ထင်ပါတယ် ဒီပြန်ကြားချက်ကိုကြည့်ပြီးမှပဲ အော် ဒီလို အတိုက်ခိုက်ခံရလို့ ကျွန်ုပ်တို့နိုင်ငံ လိုင်းတွေ မကောင်းဘူးဆိုတာ ယုံလိုက်တော့တယ်….:D တကယ်ပဲလား အဲဒီလိုတိုက်ခိုက်ခံရတာ ဘာကြောင့်လဲ ?? ဘယ်လိုလူတွေက ဘာကြောင့် တိုက်ခိုက်သလဲ ဆိုတာ သိချင်လိုက်တာဗျာ ဒီလို လိုင်းနဲ့ လုပ်စားတဲ့ အင်တာနက်ဆိုင်တွေ ဆိုရင် သနားဖို့တောင် ကောင်းနေပါပြီ ခုရက်ပိုင်းဆို (5)ရက်လောက်ရှိနေပြီ တစ်နေကုန်နီးပါးလောက် အလုပ်မဖြစ်ဘူးလေ ဝင်ငွေမရှိ လိုင်း Bill တွေတော့ ပုံမှ ရှိနေသတဲ့ဗျ အဲဒီတော့ တရား မတရားတာတွေကို အဘက်ဘက်မှ စဉ်းစားပြီးလုပ်ဖို့လိုအပ်တယ် ..ခုပြောနေတာက ဘယ်သူ ဘယ်ဝါကိုမှ အပြစ်တင်ပြောနေတာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်ပုံမှန် ငွေယူရင် (BIll)အဲဒီအတွက် ထိုက်တန်တာ ပြန်ပေးရတယ်ဆိုတာ တရားသောနည်းလမ်းပဲမလား ခုဖြစ်နေရတာက လိုင်းတွေ မကောင်း မရလိုက် ပျက်လိုက်နဲ့ Bill တော့ အပြည့်စောင်ကြရတယ်မလား အဲဒါဟာ တိုးတက်မဲ့ လမ်းစဉ်ပဲလား အတွေးများ ဝေဝါးစရာမလိုပါဘူးဗျာ အားလုံးသိမှာပါ…အခုကျွန်တော် ရေးတဲ့စာထဲမှာ တစ်စုံတရာကို အပြစ်ပြောမိ ရိုင်းမိရင် တောင်းပန်လိုက်ပါတယ်။ တစ်ခွန်းလောက်တော့မေးချင်တယ် ဒီလိုလမ်းစဉ်မျိုးနဲ့ ရှေ့ဆက်သွားကြဦးမှာလား…..??? ကဲကဲ အဆင်မပြေတဲ့သူတွေ ဒီအားကိုးပြီးလုပ်တဲ့သူတွေ တင်းမခံနိုင် လစ်ပေါ့ဗျာ (အဆင်ပြေပြီးသား ကျေးဇူးရှင်တွေကတော့ ဆက်ပြီး “လစ်” ကြပေါ့) အဆင်ပြေနိုင်ကြပါစေ…။

12 comments

  • moethidasoe

    February 6, 2011 at 5:01 am

    တို့နိုင်ငံမှာ အရေးကြီးတာ တစ်ခုခု လုပ်တော့မယ် ဆိုရင် အင်တာနက်က အမြဲတမ်း နှေးသွား ရပ်သွားတယ် .. ဖြစ်တိုင်းလဲ .. attack ကြောင့် ဆိုတဲ့ ဖြေရှင်းချက် အမြဲ တက်လာတယ် .. အခုလဲ လွှတ်တော် အချိန်မှာ ဒီလို ဖြစ်တယ် .. အဓိက က ဒီအချိန်မှာ သူတို့သတင်းတွေ ဘယ်က တက်တယ် ဆိုတာကို စောင့်ကြည့်နိုင်ဖို့ လိုင်းကို ကန့်သတ်လိုက်တာလို့ မြင်တယ်

  • shwepyithu

    February 6, 2011 at 6:09 am

    ကမ္ဘာကြီးလုံးသတဲ့ အချစ်ရေ…..မယုံပါဘူး။ နေဟာ အရှေ့ကထွက်တယ်တဲ့။ မယုံပါဘူး။
    သီချင်းလေးကတော့ပြောတယ် သူဘာပြောပြော မယုံပါဘူးတဲ့။

  • kai

    February 6, 2011 at 6:37 am

    အီဂျစ်မှာ ..အုံကြွမှုဖြစ်တော့ .. ဖေ့စ်ဘုတ်နဲ့.တွစ်တာက အဓိကသရုပ်ဆောင်ပေါ့..။
    အဲဒါတွေနဲ့လူတွေက .. ကွန်ယက်ဖွဲ့သွားချဲ့သွားတာ..။

    ဆိုတော့…
    အီဂျစ်အစိုးရက.. အဲဒါတွေပိတ်ပစ်ပါတယ်.။
    ပြိးခဲ့တဲ့ တရက်၂ရက်ကတင်..ယူအက်စ်ဖိအားများလွန်းလို့ ပြန်ဖွင့်ပေးလိုက်တာ…။

    အခုမြန်မာပြည်ကတော့…ဗျာ..
    ပြော..မပြောချင်ပါဘူး..။ သိုင်းပြောင်းပြန်တီထွင်ထားတဲတိုင်းပြည်မို ့..ပြောင်းပြန်တွေချည်း ဖြစ်တတ်လွန်းလို့ပါ..။
    တိုက်ခိုက်ခံရလို့ဆိုတာ .. တော်တော်ဖြစ်နိုင်ပါတယ်.။

  • ZAW

    February 6, 2011 at 7:04 am

    အစကတည်းက မဟုတ်တာတွေပဲပြောနေကြပဲကိုး
    အခုမှ အမှန်တကယ်ပြောတာပါဆိုလည်း ဘယ်လို ယုံရမလဲ။
    နာလဲ အမ်ပီတီ သုံးတာပဲ။ အခုလည်း ဖုတ်လိုက်ဖုတ်လိုက်

  • cobra

    February 6, 2011 at 7:16 am

    ဖုတ်ဖုတ်ဖုတ်
    ဖုတ်လိုက်…ဖုတ်လိုက်
    ဖုတ်ဖုတ်ဖုတ်
    ဖုတ်လိုက်…ဖုတ်လိုက်
    စိုင်းစိုင်းတော့မဟုတ်ဘူး
    ကိုဇော်ကိုထောက်ခံနေတာ..။

  • noob

    February 6, 2011 at 2:00 pm

    လိမ်တယ် ညာတယ် ကိုရွှေကြီးရယ် ယုံအောင် ပြောတက်တယ် အမှန်ပြောရမှာကို ဝင်လေးနေတယ် လိုင်းချထားရင်ထားတယ်ပေါ့ ဘာလဲ သူများ ကတိုက်တယ်လေးဘာလေးနဲ ့ မကောင်းဘူးသွား လူဆိုး

  • naywoonni

    February 6, 2011 at 3:31 pm

    လုပ်တော့မယ်လို့ ကြိုတင် အသိပေးပြီးသားဗျ ။ဆက်သုံးတဲ့သူတွေ ရဲ့ အမှား

  • phantom

    February 7, 2011 at 6:38 am

    ပြောပဲပြောတတ်တယ် တကယ်ရွေးကောက်ပွဲလုပ်တဲ့အချိန်နဲ့ လွှတ်တော်ခေါ်တဲ့အချိန် ရွေးပြီးတိုက်သတဲ့ တော်လိုက်တာ 😀

  • etone

    February 7, 2011 at 8:15 am

    သူ့မှာက ပိတ်စရာဒါပဲ ရှိတယ်လေ …။

  • boxboy92

    February 7, 2011 at 12:01 pm

    မင်္ဂလာပါ ကျွန်တော်က ရွာသားအသစ်ပါ။ မသိလို့ မှားသွားတာရှိရင် ခွင့်လွှတ်ပေးကြပါ။

  • boxboy92

    February 7, 2011 at 12:07 pm

    အားလုံးနဲ့ ပျော်ပျော်ပါးပါး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားပြောရင်း အသိပညာများ လေ့လာသင်ယူချင်ပါတယ်။
    စကားပြောမှားရင် ခွင့်လွတ်ပေးပါ။ ကျွန်တော် ဒီရွာနဲ့ ပတ်သတ်လို့ မသိတာရှိရင် မေးခွင့်ရအောင် ကျေးဇူးပြုပြီး gmail ပြောပြပေးကြပါ။ ကျွန်တော်ကတော့ boxboy92@gmail.com ပါ။

  • Sweethome

    February 8, 2011 at 3:22 am

    အင်တာနက်က မတက်လိုက် ကျလိုက်နဲ့ပဲ…ဆိုးနေပါပြီ..ဘယ်တော့များမှ ကောင်းမှာပါလိမ့်..

Leave a Reply