အရေးပေါ် ဆိုတာ ဖုန်းမှာဆို ၁၁၉ သို့မဟုတ် ၉၁၁ ပေါ့ ..  တကယ် အရေးပေါ်တာ မဟုတ်ပဲ ခေါ်ရင် အပြစ် ရှိတယ် ..

ရထားမှာလဲ အရေးပေါ် ချိန်းကြိုး ရှိတယ် .. အရေးမပေါ်ပဲ ဆွဲရင် ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘယ်လောက် ဆိုတာကို ရေးထားတာ ဖတ်ခဲ့ဘူးတယ် ..

အခု ရေးမယ့် အရေးပေါ်က ကာကွယ်ရေး မလုပ်ခဲ့ပဲ လွန်လွန်ကျူးကျူး  ဆက်ဆံကြလို့ ကိုယ်ဝန်ရလာမှာ စိုးတဲ့အခါ သုံးဖို့ နောက်ပိုင်း ပေါ်လာတဲ့ ဆေး ..

ဈေးကွက်ထဲမှာ ဆေးဆိုင်မှာ .. ကွမ်းယာဆိုင်မှာတောင် ရနိုင်တဲ့ ဆေးပါ .. သူ့ကိုလဲ အရေးပေါ် လို့ ရေးထားတယ်နော် .. တကယ် အမှတ်မထင် တွေ့မိလိုက်လို့ ရှိရင် သုံးဖို့ ..  ခဏခဏ  ပါရာစီတမောလို သောက်လို့ရတဲ့ ဆေး မဟုတ်ဘူး ..

ဒါပေမယ့် လူတွေ တလွဲ သုံးလာကြတယ် .. ခဏခဏ အရေးပေါ်နေကြတယ် .. တကယ်တမ်းကြတော့ ခဏခဏ လွန်ကျူးကြမယ်ဆိုရင် ရေရှည်ခံတဲ့ ထိုးဆေး သုံးပါလား .. ဒါမှမဟုတ် ဆရာဝန်ဆီမှာ ဆေးထိုးတဲ့အခါ လူသိသွားမှာကို စိုးရင်လဲ သောက်ဆေး ရှိသားပဲ ..

အခုတော့ တကယ့်အချိန်မှာမှ သုံးရမယ့် ဆေးကို ပဲကြီးလှော်လို သုံးကြတာ သိပ် မကောင်းဖူး ..

အရေးပေါ်သုံးတာမို့လို့ .. ရံဖန်ရံခါမှ သုံးရမှာမို့လို့ .. နောက်ပြီး သေချာအောင် လုပ်ရတာ မို့လို့ .. ဆေးပမာဏ တော်တော်များများ ထည့်ထားတယ် .. အဲဒါကို သာမန်ဆေးလို ထင်နေကြပြီး ခဏခဏ အရေးပေါ်နေကြရင် ဆေးရဲ့ ဆိုးကျိုးကို မကြာခင် ပြလာမှာမို့လို့

ခဏခဏ အရေးမပေါ်ကြပါနဲ့လို့ မှာလိုက်ပါရစေ ..

About moethidasoe

moe thidasoe has written 34 post in this Website..