တန် ဆေး လွန် ဘေး ဆိုတာ ရှေးလူကြီးတွေက ဆင်ခြင်တုံ တရားကို လက်ကိုင်ထားကြဖို့ အစွန်း မရောက်ဖို့ ဆိုခဲ့တာပါ

တောလိုက်မုဆိုး တွေ့ခဲ့ပြီးတော့မှ လူ့အသိုင်းအ၀ိုင်းကို ၀င်ရောက်လာတယ် ဆိုတဲ့ အရက်ကို ရေးချင်တာပါ ..

ကိုယ်တိုင်လဲ သောက်ခဲ့ဖူးပါတယ် .. မိတ်ဖြစ်ဆွေဖြစ်လို့ ပြောနိုင်တာပေါ့ (ကိုယ့်ကိုယ်ကို ကာတာ မဟုတ်ပါ) .. သောက်ပြီးခဏမှာ စကားတွေ ဖောင်အောင် ပြောလာတယ် .. (ကိုယ်တိုင်တော့ မသိခဲ့ပါ) .. အပျော်လွန်တဲ့အခါ သူငယ်ချင်းတွေ မတွေ့တာ ကြာတဲ့အခါ အန်တဲ့အထိ သောက်ခဲ့ဖူးသေးတယ် .. (အတော် အနေဆိုးပါတယ်)

ဒါကြောင့် ကောင်းလား ဆိုးလားဆိုတာကို သိခဲ့ပါတယ် .. နည်းနည်းဆိုရင် အတော်အသင့် ရင်ချောင်တယ် .. အာသွက်တယ် .. ခံတွင်းလိုက်တယ် လို့ ဆိုနိုင်ပေမယ့် .. လွန်လာတဲ့အခါ အတော် အခံခက်ပါတယ် .. မနက်ပိုင်း အရက်နာကျတယ်လို့ ပြောကြတာဟာ သောက်ချင်လို့ ဆင်ခြေ ပေးတယ်လို့ ယူဆပါတယ် .. သောက်ရင် အရက်နာကိုတော့ ခံနိုင်ရမှာပေါ့ ..

အခုတော့ များများသောက်အောင်လို့ ကံစမ်းမဲ ဆိုတာကြီးကလဲ အားသွန်ခွန်စိုက် ၀င်လာပါတယ် ..

များများသောက်ရင် များများ ပေါက်တာ (လက်ငင်း ကတော့ ..ရှူရှူးပါ) ..

တစ်ခါက သောက်သမားတစ်ယောက်ကို ဆရာဝန်က (၀ီစကီ တစ်ပက် ခန္ဓာကိုယ်ထဲ ရောက်လာရင် အသည်းက အဲဒီ အဆိပ်အတောက်ကို စွန့်ထုတ်ဖို့ တစ်နာရီ အချိန်ယူ ဆောင်ရွက်ရတယ်ဗျ .. ) လို့ ပြောတဲ့အခါ အဲဒီ အသောက်သမားက အရက် တစ်ပက်သောက်တယ် .. နာရီ ကြည့်တယ် .. တစ်နာရီ ပြည့်တဲ့အခါ နောက်တစ်ပက် သောက်တယ် .. ဆရာဝန်ရဲ့ စကားကို အဲဒီဆင်ခြေနဲ့ သောက်ခဲ့တယ် .. (အခုတော့ မရှိတော့ပါဘူး) ဒီနည်းနဲ့ ကိုယ့် အဖိုးတန် အသည်း အစရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခဏခဏ ဒုက္ခပေးမှာလား စဉ်းစားကြစေချင်ပါတယ် ..

နောက်ပြီးတော့ .. ဗုဒ္ဓဘာသာ အခြေခံ စာအုပ်မှာ ဘာ ပါသလဲ ဆိုတော့

သုရာမေဒယ ကံ ကျူးလွန်တဲ့လူဟာ

ဒီဘ၀မှာ အခွင့်အခါတွေဆုံးရှုံးရပါတယ်

စဉ်းစားဆင်ခြင်ညာဏ် (ညလေးရေးချ စာလုံး ရှာမတွေ့လို့) နုံနဲ့သွားပါတယ် ..

နောင်ဘ၀မှာ ငရဲကျမယ် လို့ ပါတယ် (ဒါကြောင့်လဲ နောက်ပိုင်း အဖော် ဘယ်လောက်ကောင်းကောင်း မသောက်ဖြစ်တော့ပါ)

ဒါကြောင့် သောက်နေဦးမယ် ဆိုရင်တောင်မှ တန် ဆေး လွန် ဘေး ဆိုတာကို မမေ့စေချင်လို့ပါ

About moethidasoe

moe thidasoe has written 34 post in this Website..