လင်ယောက်ျားအခွင့်အရေးလား

manawphyulayFebruary 8, 20111min20719

အိမ်မှုကိစ္စများကို ယောက်ျားတွေ မလုပ်ရဘူးလို့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ
သင်မပေးလိုက်ပါဘူး။ ဒါပေမယ့် ယောက်ျားများ ကတော့ ဒါကိုပဲ“လင်ယောက်ျား
အခွင့်အရေး” အဖြစ် ကုလသမဂ္ဂက ပြဋ္ဌာန်း ပေးထားတယ်လို့ ယူဆ ထားကြတယ်
ထင်ပါရဲ့။ ဘယ်တော့မှ ကူလုပ်တယ် မရှိကြပါဘူး။ မိန်းမ နထိုင်မကောင်းဖြစ်တဲ့
အခါမျိုးမှာ မိန်းမရဲ့ အဝတ်အစား လျှော်ပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက်
တွေ့ဖူးပါသလဲ။ အိမ်ကို ကြမ်းမှန်မှန် တိုက်ပေးတဲ့ ယောက်ျားမျိုးကော
ရှိပါရဲ့လား။ ရှိတယ်ဆိုလည်း တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပါလိမ့်မယ်။
အများစုကတော့ အိမ်ဦးနတ်ဆိုပြီး အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီး
ထိုင်နေကြတာ ချည်းပါပဲ။ အိမ်ဦးနတ်ဆိုတာ အိမ်ထောင်စု အတွက် အဓိကငွေရှာသူ
(Bread Winner) ဖြစ်တယ်ဆိုရင် မိန်းမတွေက ငွေရှာပေးနေရင်
မိန်းမတွေကိုလည်း အိမ်ဦးနတ်လို့ မသတ်မှတ် သင့်ဘူးလား။

19 comments

  • bigbird

    February 8, 2011 at 1:56 pm

    အားလုံးက မနောထင်သလိုမဟုတ်ပါဘူးဗျာ။ ဝါးလုံးရှည်ကြီးနဲ ့တော့မရမ်းပါ
    နဲ ့နော်။

  • eros

    February 8, 2011 at 2:08 pm

    ဒွက်ခပဲ။ မိန်းမထမီလျှော်ပေးရေး လာတင်သွင်းနေပါလား။

  • M&E engineer

    February 8, 2011 at 2:26 pm

    Depend upon status and situation
    @ Spore, the 80% of guys cook for their wife OR love one. And also cleaning
    @ Malaysia, they cook together….(85%)
    @Thailand,BK area 75% of couple r not cooking
    @ China, Guangzhou area 65% of ladies cook for their love one
    @India, Mumbai area, the 40% of ladies cook for family
    @ Indo, Burton and bali area ,15 % of couple r cooking
    I mean for Myanmar and some native.
    Foe me….
    I cook myself now and i will cook for my love one if i got the real n platonic love

  • bigbird

    February 8, 2011 at 2:30 pm

    ဘယ်သူ ့ကိုအိမ်ဦးနတ်အရာမှာ ထားရမယ်ဆိုတာက အရေးမကြီးပါဘူး။
    အရေးကြီးတာက တစ်ဦးအပေါ်တစ်ဦး နားလည်သိတက်မှ ု၊ တာဝန်သိတက်မှ ု
    မှီခိုအားထားမှ ု၊ သနားငဲ့ညှာမှ ု။စတဲ့အရာတွေ ရှိကြရပါမယ်။ ချစ်ခြင်းမေတ္တာ
    နဲ ့တည်ဆောက်ထားတဲ့ တည်ထောင်ထားတဲ ့ အိမ်ထောင်တစ်ခုမှာ ဒီလို
    ပြသနာမျိုးတွေမရှိပါဘူး။ မနောက အပျိုကြီးဆိုတော့ တွေးပူနေလို ့ပါ။

  • nyimalay

    February 9, 2011 at 2:29 am

    ဒါလည်းဟုတ်တာပဲ….. ယူတောင်မယူရသေးဘူး ဟင်းကောင်းကောင်းချက်တတ်လား….. ကိုယ်ကဘာဟင်းတွေကြိုက်တာ…. အဲ့ဒီဟင်းတွေချက်တတ်လား…… ဒါမျိုးတွေကလာတာ….. ယူပြီးရင်တော့ ခိုင်းစားလိုက်မယ့်ဖြစ်ခြင်း……… ဘာပဲဖြစ်ဖြစ်မိန်းမတွေကပဲအနစ်နာခံရတယ်…… မမမနောပြောမှစဉ်းစားမိတယ်…… သူလည်းချက်ရင်ရသားပဲနော်….. ဟွန်းပြောတော့ချစ်တယ်ချစ်တယ်နဲ့ ဘာချစ်တာလည်းမသိဘူး…. သူများတွေကိုခိုင်းစားဖို့ပဲစဉ်းစားနေတယ်…… 😛

  • bigcat

    February 9, 2011 at 2:33 am

    ဆောရီးဗျို့ ဂူတဂူထဲ ခြသေ့င်္နှစ်ကောင် မအောင်းစကောင်းဘူး။ နတ်လည်းနှစ်ပါးလည်း တအိမ်ထဲ မရှိစကောင်းဘူး။ သိပ်တောင်းဆိုလွန်းရင်တော့ အိမ်နောက်ဖက်ကို အိမ်ဦးနတ်၊ အိမ်ဦးနတ်လောင်းလျာ အများစု ဆန္ဒပေးကောင်းပေးလို့ ရနိုင်တယ်။ မနောတို့ဖက်ကသာ အိမ်နောက်နတ်ရာထူးကို ကြိုက်မကြိုက် ဆုံးဖြတ်ကြပါအုံး။

  • မျက်မှန်

    February 9, 2011 at 2:51 am

    အိမ်ဦးနတ် ဆိုသော စကားကို မည်သူ စတင် တည်ထွင်မှန်း မသိပါ။
    သို့သော် အိမ်ထောင် တစ်ခုတွင် ရှိသော အိမ်ထောင့်တာဝန်များသည် လင် နှင့်မယား နှစ်ဦး စလုံးနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။
    ထို့ကြောင့် အိမ်ထောင့်တာဝန်မှန်သမျှ ခွဲဝေ တာဝန်ယူကြရမည်သာ ဖြစ်သည်။
    ယောက်ျားက စီးပွားနှင့် စားဝတ်နေရေးကို ဖြေရှင်း ၍ မိန်းမက အိမ်မှုကိစ္စကို တာဝန်ယူခြင်း (သို့တည်းမဟုတ် ) မိန်းမက စီးပွားနှင့် စားဝတ်နေရေးကို ဖြေရှင်း ကာ ယောက်ျားက အိမ်မှုကိစ္စကို တာဝန်ယူခြင်းသည် ခွဲဝေ တာဝန်ယူခြင်းသာ ဖြစ်သည်။
    သို့ဖြစ်သော်ငြား အမြင်အားဖြင့် ယောက်ျားက အိမ်မှုကိစ္စ မကူညီ ဟူ၍လည်းကောင်း၊ ယောက်ျားက ထိုင်စားနေတယ် ဟူ၍လည်းကောင်း စောင်းမြောင်း ကဲ့ရဲ့ခြင်းကား ရှိမြဲသာ။

  • မျက်မှန်

    February 9, 2011 at 3:16 am

    * တည်ထွင် * အစား * တီထွင် * လို့ ပြင်ဆင် ဖတ်ရှုပေးကြပါ ခင်ဗျာ။

  • နွယ်ပင်

    February 9, 2011 at 4:26 am

    ဟုတ်တယ်မနောရေ … နွယ်ပင် သူငယ်ချင်းညားကားစ လင်မယားဆို နှစ်ယောက်လုံးက အလုပ်လုပ်ကြတာပါ ဒါပေမယ့် အလုပ်ကပြန်လာရင် မိန်းမကပဲ ဟင်းချက် အိမ်ရှင်းနဲ့ပေါ့ .. သူ့ရဲ့ ချစ်ချစ်ကြီးကတော့ တစ်ခါတစ်လေစိတ်ကောင်းဝင်တဲ့နေ့ဆို ကြက်သွန်လေးဘာလေး ဝိုင်းပြီးခွာပေး အိမ်လေးဘာလေးရှင်းပေးပါတယ်တဲ့ ဒါပေမဲ့ ဒါကလဲ တစ်ခါဆို တစ်ခါ့တစ်လေမှပါတဲ့
    အများအားဖြင့်တော့ အလုပ်ကပြန်လာရင် ဂျာနယ်ဖတ်ရင်ဖတ် မဟုတ်ရင် မိန်းမက
    ထမင်းချက်နေတုန်း သူကတော့ Game ဆော့ဖို့ အပြင်ထွက်ပါသတဲ့ ဟင်းချက်ပြီးလောက်တဲ့ အချိန်မှပြန်လာပါတယ်တဲ့ . နောက်ပြီး မိန်းမကို ခိုင်းတက်တာလဲ ဒေါင့်စေ့ပါတယ်တဲ့
    သူငယ်ချင်းကတော့ နွယ်ပင်ကို ပြောနေပြီ နင်ယောက်ျားယူရင် စဉ်းစားနော်တဲ့
    ဒါတောင် ညားကာစမို့လို့နော် … 😛

  • nyimalay

    February 9, 2011 at 5:47 am

    ဘာပဲကျောကျောပိစိကွေးကတော့ အပျိုကြီးမလုပ်ဝူးနော်….. 😛
    မမတို့ကအပျိုကြီးဇာတ်သွင်းနေကြတယ်မဟုတ်လား ဟီး…….. နောက်တာနော် 🙂

    • နွယ်ပင်

      February 9, 2011 at 6:38 am

      အပျိုကြီးဇာတ်တော့ မသွင်းပါဘူး ပိစိကွေးလေးရေ ဘာလို့လဲ ဆိုတော့
      နွယ်ပင်လဲ အပျိုကြီးမလုပ်ပါဘူး .. 🙂 .. အိမ်ထောင်ပြုမယ်ဆိုရင်တော့
      စဉ်းစားမိဖို့ကို ပြောပြတာပါ . ဒါပေမဲ့ အိမ်ထောင်တစ်ခုမှာ အချစ်တွေနဲ့ ပြည့်နေမယ်ဆိုရင်
      သူ့ရဲ့ အဲလိုအမှားလေးတွေကို ခွင့်လွှတ်ပေးနိုင်မယ်လို့ နွယ်ပင်တော့ ထင်တာပါပဲ . ကိုယ့်က ချစ်လို့ယူထားတာပဲဟာကိုနော် …

  • manawphyulay

    February 9, 2011 at 5:55 am

    မသွင်းပါဘူးကွယ်။ အဓိကက နှစ်ဦးနှစ်ဖက် နားလည်နိုင်ပြီး တစ်ဦးအပြစ် တစ်ဦးမမြင်အောင်နေနိုင်ရင်တော့ အိမ်ထောင်ရေးသာယာမှာပေါ့နော်။

  • ဆူး

    February 9, 2011 at 12:21 pm

    အပျိုကြီး မလုပ်ချင်ပေမဲ့ မရည်ရွယ်ဘဲ အခုထိ အပျိုကြီး ဖြစ်နေလေ သတည်းပေါ့ကွယ်။

  • ဆူး

    February 9, 2011 at 1:05 pm

    အဒူမှ မပြောပါဘူး။ ဂလိုင်ခေါက်တာ ဆိုင်သူတွေ အသံထွက်လာအောင်

  • kopauk mandalay

    February 9, 2011 at 4:49 pm

    မိန်းမက အပြင်ထွက်စီးပွားရှာနေတော့ ယောက်ျားက အိမ်မူ့ကိစ္စလုပ်နေတဲ့ လူကိုကြတော့ မိန်းမထမီနားခိုစားတယ်လို့ ပြောကြပါသဗျာ။
    အိမ်ထောင်မကျဘူးသေးတဲ့ လူများကတော့ ထင်ရာတွေစွတ်ပြောနေပြန်ပါပြီ။
    ဟိုအရင်ခေတ်ကတော့ အဖေတစ်ယောက်လုပ်စာနဲ့ မိသားစုလေးငါးယောက်ထမင်းစားနိုင်တော့
    မိန်းမဆိုတဲ့ အိမ်ရှင်မ က ကလေးမွေးတဲ့အလုပ်ရယ် အိမ်မှာထမင်းဟင်းချက် အိမ်မူ့ကိစ္စတွေရယ်ဘဲလုပ်ခဲ့ကြတာ မြန်မာပြည်မှာတင်ဟုတ်ပါဘူး တကမ္ဘာလုံးပါ။
    အခုခေတ်မှာတော့ အဖေတစ်ယောက်ထဲရှာတာနဲ့မလောက်တော့ ပါဘူး။
    မလောက်ဘူးလို့ပြောရင် အိမ်ဦးနတ်အမည်ခံတဲ့ အဖေတွေညံ့လို့ မဟုတ်ပါဘူး။
    ရှေးတုန်းက အခုခေတ်လို အသုံးအဆောင်ပစ္စည်းတွေ သိပ်မပေါများတော့ လိုအပ်ချက်တွေမများလို့ပါ။
    (1) တီဗွီဆိုတာကြီးမရှိတော့ ညစောစောအိပ်တယ် ဒီတော့ မီးအကုန်သက်သာတယ်(ခလေးတော့ များများမွေးတာပေါ့ဗျာ)။
    (2) အောက်စက်တို့ စီဒီစက်တို့ မရှိတော့ ဒီဗွီဒီတို့ ဗွီစီဒီတို့ ခွေဘိုးမကုန်ဘူးဗျာ။
    (3)ဂိမ်းဆော့စရာမရှိတော့ ကလေးတွေအတွက် ဂိမ်းဘိုး ပိုက်ဆံပေးစရာမလိုဘူးဗျာ။
    (4)အခုခေတ်မိန်းမတွေလို ဆေးဆိုးတာကို ရှိသမျှနေရာအားလုံးကို သန့်နေအောင်ပေါင်းတင်တာတို့ စပါးလုပ်တာတို့ မရှိတော့ အပိုမကုန်ဘူးဗျာ။
    (5)မိန်းမအသုံးအဆောင်က သနပ်ခါးလိမ်းကြတော့ အကုန်သက်သာသဗျာ
    (6)ခုခေတ်လို အလုပ်သွားတာတောင် ရုပ်ရှင်မင်းသမီးနဲ့အပြိုင်ခြယ်သပြိး အလှမပြင်တော့အကုန်သက်သာသဗျာ၊
    (7)ဘီယာအရက်ဆိုင်မပေါ စီးကရက်မပေါတော့ ကျုပ်တို့လိုယောက်ျားတွေလဲ အကုန်သက်သာပါသဗျာ။
    (8)အရင်က ကလေးမွေးရင် အရပ်လက်သည်နဲ့မွေး ဆေးရုံမှာရိုးရိုးမွေးတော့ အကုန်သက်သာပါသဗျာ
    (အခုခေတ်တော့ ဗိုက်ခွဲမွေးတော့ ပိုကုန်ပါသဗျာ)
    အဲတော့ တစ်ယောက်စာနဲမလောက်တော့ နှစ်ယောက်ရှာရပါသဗျာ။
    ယောက်ျားတော်တော်များများလဲ အခုခေတ်မှ အိမ်အလုပ်ကူလုပ်ပေးတဲ့လူတွေရှိပါသဗျာ။
    အဲဒီထဲကမှာ ဘာမှလုပ်မပေးတဲ့ယောက်ျားကို ရထားတဲ့ မိန်းကလေးများ လင်ကံဆိုးတယ်လို့သာအောက်မေ့လိုက်ပါတော့နော်။
    ကလေးမွေးတာရယ် ပိုက်ဆံရှာတာကလွဲရင် အိမ်မူ့ကိစ္စနိုင်နင်းအောင်လုပ်ပေးပြီးမိန်းမ အိမ်ဦးနတ်ရာထူးလွှဲပေးပြီးစိတ်ချမ်းသာအောင်ထားပေးပြီး ပြုစုပါမယ်ဆိုတဲ့ လူများရှိပါတယ်
    လိုချင်တယ်ဆိုရင်ပြောပါ ဆက်သွယ်ပေးပါမယ်

  • MaMa

    February 11, 2011 at 1:06 am

    ဆက်သွယ်ပေးခက မက်လောက်တယ်နော်။ ခုခေတ်မှာ အဲဒီပွဲခက စီးပွားဖြစ်လုပ်လို့ရတယ်။

Leave a Reply