မြန်မာအမျိုးသမီးတွေထဲမှာ ထူးခြားတာတွေလည်း ရှိပါသေးတယ်

manawphyulayFebruary 6, 20111min18013

မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား
ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။
အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။
ဒုတိယ တန်းစား လူသတ္တဝါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့
မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင်
မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင်
ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက
အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။
တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့
ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ်
၁ဝနှစ်သမီး ရောက်တာနဲ့ ဂေရှားမယ် အဖြစ် ရောင်းစားခံရတဲ့ နိုင်ငံမျိုး
ရှိသလို၊ ယောက်ျား ရှာပေးစားပြီး ယောက်ျားအိမ်မှာ အခိုင်းအစေအဖြစ် နေရတဲ့
နိုင်ငံမျိုးတွေလည်းရှိပါတယ်။

သော့ကိုင်အမျိုးသမီး

မြန်မာ အမျိုးသမီးများကတော့ ရှေးပဝေသဏီ ကတည်းက အိမ်ထောင်စုရဲ့ အရေးပါတဲ့
“သော့ကိုင်” နေရာကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ယောက်ျားက ရသမျှ ငွေကို
မိန်းမလက်ထဲ ထည့်လိုက်တာပါ။ မိန်းမကပဲ တစ်အိမ်ထောင်လုံးရဲ့ စားဝတ်နေရေး၊
သာရေးနာရေး၊ ရပ်ရေးရွာရေး အဖုံဖုံကို သင့်သလို စီမံခန့်ခွဲ သွားကြရပါတယ်။
တချို့ အမျိုးသမီးများ ကျတော့ ယောက်ျားတွေနဲ့ “ဒိုးတူပေါင်ဖက်”
စီးပွားရှာတဲ့ အလုပ်တွေ လုပ်ကြပါတယ်။ မြို့ဖြစ်စေ၊ တောဖြစ်စေ ဈေးသည်
မှန်သမျှ ဟင်းရွက်ကန်စွန်းက အစ အထည်အလိပ် အလယ်၊ ရွှေထည် စိန်ထည်အဆုံး
အမျိုးသမီးများချည်း ဖြစ်ပါတယ်။ ဒီနေ့ ခေတ်တိုင်လည်း ဈေးသည် အများစုဟာ
အမျိုးသမီးတွေပါပဲ။ ဒါတင်မကသေးပါဘူး။ ရှေးပဒေသရာဇ်ခေတ်တွေမှာ ကတည်းက
အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံတွေမှာပါ အမျိုးသမီးတွေ ပညာသင်ကြား
ခွင့်မရလို့ ဘယ်မိန်းမမှ စာမတတ်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ရပ်တိုင်း
ရွာတိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ သားသမီးတွေ လွှတ်ပြီး
“ဩကာသနဲ့ နမက္ကာရ” ကစပြီး “နောဧကနောနဲ့ နဝဒွေး”အထိ သင်ကြားတဲ့ ဓလေ့
စရိုက်ရှိတာကြောင့် တောခေါင်ခေါင်က အမယ်ကြီးအိုတွေတောင် နှစ်စောင်တွဲ
စာအုပ်လောက်ကတော့ ဖတ်တတ်တာ ချည်းပါပဲ။

အယူအဆမှားတာတွေ

အဲဒီ ရှေးအစဉ်အလာတွေ အတိုင်း ဒီခေတ် အမျိုးသမီးများ စီးပွားရေး
လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ရှေ့တန်းက ဆောင် ရွက်နေကြ တာများ ကြားသိ
မြင်တွေ့ရတိုင်း ဝမ်းသာ ဂုဏ်ယူ နေမိပါတယ်။ ဒါပေမယ့်လို့
နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက် ကောလိပ်ကျောင်းသား အရွယ် လူငယ်၊
လုံမငယ်တွေကို အင်္ဂလိပ်စကား သင်ကြားတဲ့ ဆရာ လုပ်လာခဲ့ရာမှာ
တချို့တချို့သော ရှေးရိုး အစဉ်အလာ ဟောင်းများရဲ့ ဖိစီးမှုအောက်က
ယောက်ျားလေး တွေရော မိန်းကလေး တွေပါ မလွတ် မကျွတ်နိုင်ကြ သေးတာတွေကို
တွေ့မြင်ရပါတယ်။ အဲဒါကတော့ “ယောက်ျားဆိုတာ အိမ်ဦးနတ်”ဆိုတဲ့ အစဉ်အလာနဲ့
“ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ အယူအဆ အမှားများ ဖြစ်တယ်။

အိမ်ဦးနတ်

အယူအဆဟာ ဟိုရှေး ကျောက်ခေတ် ကာလ ယောက်ျားတွေ တောလိုက် မုဆိုးလုပ်ပြီး
ရှာဖွေ ကျွေးမွေးတာကို တစ်အိမ်ထောင်လုံး မျှော်ကိုး စားသောက် နေရတဲ့
ခေတ်နဲ့တော့ ကိုက်ညီမှာပါ။ ဒီခေတ်လို အိမ်မှာ ရှိသမျှ အဖေရော အမေရော၊
သားသမီးတွေပါ အိမ်ရှိ လူကုန်ထွက် အလုပ်လုပ်တဲ့ ခေတ်နဲ့တော့
မအပ်စပ်တော့ပါဘူး။ နေကုန် နေခန်း အားလုံးပဲ ပင်ပင်ပန်းပန်း အလုပ်
လုပ်ခဲ့ကြ ရတာ မဟုတ်လား။ အိမ်ရဲ့ နိစ္စဓူဝ တာဝန် မှန်သမျှကိုလည်း အိမ်သား
အားလုံး ခွဲဝေ တာဝန် ယူကြရမှာပေါ့။ ဒါမှ မိသားစု အချင်းချင်း
ချစ်ခင်ကြင်နာရာ ရောက်မှာပါ။ ဒါပေမယ့်လို့ အိမ်ထောင်စု
တော်တော်များများမှာ အဲဒီလို သဘောထားပြီး ကျင့်သုံး လုပ်ဆောင်တာ တော်တော်
နည်းပါးတာ တွေ့ရပါတယ်။ ခေတ်ပညာတတ် တွေသာ ဖြစ်ပေမယ့် ရှေးရိုး အယူအဆ
များကိုတော့ မစွန့်နိုင်ကြပါဘူး။

13 comments

  • etone

    February 7, 2011 at 7:35 am

    ဟုတ်တယ် မနောရေ… အိမ်ဦးနတ်ဆိုလျှင်လည်း ကိုးကွယ်ထိုက်အောင် နေသင့်တာပေါ့ နော်… ။ မိန်းမက ကုန်းကြုံးရှာ သူတို့က အိမ်မှာ ထိုင်နေပြီး အိမ်ဦးနတ်အော်ရင်တော့ မဖြစ်သင့်ဘူးပေါ့.. ။ ( ဝင်ပြောကြည့်တောင် အိမ်ထောင်သည်တော့ မဟုတ်ဘူး … တခြားလူများလည်း ဆက်ဖောပါလိမ့်မယ် ) 😀

  • nyimalay

    February 7, 2011 at 8:00 am

    ဖောတော့ဖောချင်တယ်… ဘယ်လိုဖောရမလဲဆိုတာကို စဉ်းစားလို့မရလို့မဖောတော့ဘူးနေနေတာ တတ်သလောက်နဲ့ဝင်ဖောလိုက်အုံးမယ်…
    ပိစိကွေးက တော့ အိမ်ထောင်ဦးစီး (အိမ်ဦးနတ်)ဆိုတာကို လေးစားသင့်တယ်လို့ထင်ပါတယ်….. ဘာလို့လည်းဆိုတော့ သူက ကိုယ့်အိမ်မှာ ဦးစီးလေ… အကြီးဆုံးရာထူးရထားရပြီး မိန်းမပြောသမျှခေါင်းညိမ့်နေရတော့ လူများအမြင်မှာလည်း မကောင်းဘူးလေ ဟုတ်တယ်မလား…….
    မှားသွားရင်လည်းခွင့်လွတ်နော်….. မှီသလောက်တွေးပြီး ဖောလိုက်တာ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 7, 2011 at 10:55 am

    အောင်မြတ်လေးလေးလေးးးးးးးးးးးးးး
    မီးကုန်ရန်းကုန် ကြီးကျယ်နေလိုက်ကြတာ
    တကထဲတော်
    ပြောမပြောချင်ဘူး
    နှစ်ယောက်ပေါင်း တစ်နေလှမ်းလို ့
    ငါးကျပ်သားမပြည့်တတ်ဘူးဆိုတာကိုရော
    သိတော်မူကြပါသလားခင်ဗျ

  • manawphyulay

    February 7, 2011 at 12:31 pm

    ဟဟ ကိုမိုက်ကယ်ရယ် မီးလည်း မကုန်သေးသလို ယမ်းလည်း ထုတ်မသုံးရသေးပါဘူးနော်။

  • thuyamon

    February 7, 2011 at 1:07 pm

    အပေါ်ကအဖွဲ့တွေ ဘာဖြစ်နေကြတာတုန်း…
    စဉ်းစားကြည့်လိုက်လေ….ရှေးလူကြီးတွေဆိုတာက အလကားဖြစ်လာတာ မဟုတ်ဘူး…သူတို့ပြောတဲ့စကားဆိုတာကလည်း သေခါနီးမှ ကောက်ကာငင်ကာ ထပြောတယ်လို့တော့မထင်ဘူး….ဗုဒ္ဓရဲ့ထုံးတမ်းအစဉ်အလာလည်းပါမယ်ထင်ပါ တယ်…ကျား နဲ့ မ တန်းတူမထားရဘူးလို့ပြောတာမဟုတ်ဘူးနော်… သူ့နေရာ နဲ့သူပေါ့…ကျားနဲ့မရင်ဘောင်တန်းပြီးအလုပ်တွေလုပ် တာတော့ဟုတ်ပါတယ်… အိမ်ဦးနတ်ဆိုတာတော့မပယ်သင့်ဘူးလေ…..အဲဒီလိုဓလေ့ထုံးတမ်းအစဉ်အလာ မရှိတဲ့ အနောက်နိုင်ငံတွေမှာကြည့်ပါလား….အိမ်ထောင်တည်မြဲမှုဆိုတာ ရှာမှရှား ပဲလေ…အဓိကကျတာကတော့ ဘုရားရှင်ဟောထားသလိုပေါ့…အလယ်အလတ် ကျင့်စဉ်ပဲကျင့်သင့်ပါတယ်…တစ်ဖက်စွန်းတော့မရောက်သင့်ပါဘူး….ရိုသေသင့် တာတော့ရိုသေရမယ်လေ ဟုတ်တယ်မဟုတ်လား….ဟာဟ ဝင်တော့ဖော လိုက်ပြီ…

  • naywoonni

    February 7, 2011 at 1:20 pm

    အဲဒါဆိုလဲကိုအောင်ပုရေ….. နေမလှမ်းပဲနဲ့ပဲ ချိန်လိုက်ပေါ့ဗျာ အလေးချိန်စီးအောင် .. 😛

  • manawphyulay

    February 7, 2011 at 1:31 pm

    အိမ်ဦးနတ်တွေက ဘီယာဆိုင်တွေ ကေတီဗွီတွေ ရောက်ရောက်နေတာကြတော့ကော ဘာလိုပြောမလဲ။ အိမ်ဦးနတ်ဆိုပြီး လုပ်ချင်တိုင်း လုပ်နေတဲ့သူတွေကျတော့ အိမ်ဦးနတ်နဲ့တူပါ့မလားရှင်။ ပယ်တယ်မပယ်ဘူးဆိုတာ ကာယကံရှင်ပေါ် မူတည်တယ် မဟုတ်လား။ မနောလည်း တိပါဘူး မေးကြည့်တာ။ အိမ်ထောင်ရှင်တွေဆို ပိုသိတာပေါ့နော့။

  • kai

    February 8, 2011 at 12:19 am

    အောက်က အမျိုုးတွေက .. သိပ်ပြည့်စုံတယ်တော့ မထင်ဘူး..။ လွန်ခဲ့တဲ့ နှစ်ဘယ်နှထောင်က .. မှန်းမသိ.. ယဉ်ကျေးမှုနိမ့်စဉ်က ဟာတွေမို ့ပါ..။
    အဲဒါ.. ဗဟုသုတအတွက် ဖတ်ကြည့်ပါဦး..။
    မိန်းမတွေဖက်က ..မကြိုက်လည်း. .ပြင်လိုက်ဖြည့်ပေးလိုက်ကြပေါ့နော..။
    ==

    (မိန်းမ ၁ဝ မျိုး)
    ၁။ အမိစောင့်သောမိန်းမ
    ၂။ အဖစောင့်သောမိန်းမ
    ၃။ အမိအဖစောင့်သောမိန်းမ
    ၄။ မောင်စောင့်သောမိန်းမ
    ၅။ အစ်မညီမစောင့်သောမိန်းမ
    ၆။ ဆွေမျိုးစောင့်သောမိန်းမ
    ၇။ အနွယ်စောင့်သောမိန်းမ
    ၈။ တရားကျင့်ဖော်တို့စောင့်သောမိန်းမ
    ၉။ အစောင့်အရှောက်ချထားသောမိန်းမ
    ၁၀။ ဒဏ်ထားသောမိန်းမ

    (မယား ၁ဝ မျိုး)
    ၁။ ငွေဖြင့်ဝယ်ယူအပ်သောမယား
    ၂။ အလိုတူ၍နေသောမယား
    ၃။ စည်းစိမ်ကြောင့်နေသောမယား
    ၄။ အဝတ်အထည်ကြောင့်နေသောမယား
    ၅။ ရေခွက်တွင်လက်စုံချ၍လက်ထပ်သောမယား
    ၆။ ခေါင်းခုကိုချစေ၍နေသောမယား
    ၇။ ကျွန်မလည်းဖြစ်မယားလည်းဖြစ်သောမယား
    ၈။ အလုပ်သမားမ’အစေခံမ’လည်းဖြစ်မယားလည်းဖြစ်သောမယား
    ၉။ စစ်နိုင်၍စောင်အပ်သောမယား
    ၁၀။ တခဏမျှထားသော’အခိုက်အတန့်’မယား

    (ရှင်းလင်းချက်)
    ၁။ အမိစောင့်သောမိန်းမမည်သည်အမိသည်စောင့်ရှောက်၏၊ လုံခြုံစေ၏၊ အစိုးရခြင်းကိုပြု၏၊ မိမိ၏အလိုသို့လိုက်စေ၏။
    ၂။ အဖစောင့်သောမိန်းမမည်သည်အဖသည်စောင့်ရှောက်၏၊ လုံခြုံစေ၏၊ အစိုးရခြင်းကိုပြု၏၊ မိမိ၏အလိုသို့လိုက်စေ၏။
    ၃။ အမိအဖစောင့်သောမိန်းမမည်သည်မိဘတို့သည်စောင့်ရှောက်ကုန်၏၊ လုံခြုံစေကုန်၏၊ အစိုးရခြင်းကိုပြုကုန်၏၊ မိမိတို့၏အလိုသို့ လိုက်စေကုန်၏။
    ၄။ မောင်စောင့်သောမိန်းမမည်သည်မောင်သည်စောင့်ရှောက်၏၊ လုံခြုံစေ၏၊ အစိုးရခြင်းကိုပြု၏၊ မိမိ၏အလိုသို့လိုက်စေ၏။
    ၅။ အစ်မညီမစောင့်သောမိန်းမမည်သည်အစ်မညီမသည်စောင့်ရှောက်၏၊ လုံခြုံစေ၏၊ အစိုးရခြင်းကိုပြု၏၊ မိမိ၏အလိုသို့လိုက်စေ၏။
    ၆။ ဆွေမျိုးစောင့်သောမိန်းမမည်သည်ဆွေမျိုးတို့သည်စောင့်ရှောက်ကုန်၏၊ လုံခြုံစေကုန်၏၊ အစိုးရခြင်းကို ပြုကုန်၏၊ မိမိတို့၏အလိုသို့ လိုက်စေကုန်၏။
    ၇။ အနွယ်စောင့်သောမိန်းမမည်သည်အနွယ်တူတို့သည်စောင့်ရှောက်ကုန်၏၊ လုံခြုံစေကုန်၏၊ အစိုးရခြင်းကိုပြုကုန်၏၊ မိမိတို့၏ အလိုသို့လိုက်စေကုန်၏။
    ၈။ တရားကျင့်ဖော်တို့စောင့်သောမိန်းမမည်သည် သီတင်းသုံးဖော်တို့သည်စောင့်ရှောက်ကုန်၏၊ လုံခြုံစေကုန်၏၊ အစိုးရခြင်းကိုပြုကုန်၏၊ မိမိတို့၏အလိုသို့လိုက်စေကုန်၏။
    ၉။ အစောင့်အရှောက်ချထားသောမိန်းမမည်သည် အမိဝမ်းတွင်းတွင်ရှိနေစဉ်ပင်’ဤမိန်းမသည် ငါ၏ မယားတည်း’ဟအယုတ်သဖြင့်
    ပန်းတုံးတိုင်စိုက်၍သတ်မှတ်အပ်သောမိန်းမသည်လည်းအစောင့်ချထားသောမိန်းမမည်၏။
    ၁၀။ ဒဏ်ထားသောမိန်းမမည်သည်’အကြင်သူသည်ဤမည်သောမိန်းမကိုသွားလာ၏၊ ထိုသူအားဤမျှလောက်ဒဏ်တပ်စေ’ဟု အချို့ပုဂ္ဂိုလ်တို့ကဒဏ်ထားအပ်သောမိန်းမတည်း။

    ၁၁။ ငွေဖြင့်ဝယ်ယူအပ်သောမယားမည်သည်ငွေဖြင့်ဝယ်ယူ၍နေစေ၏။
    ၁၂။ အလိုတူ၍နေသောမယားမည်သည်ချစ်သောယောက်ျားသည်ချစ်သောမိန်းမကိုနေစေ၏။
    ၁၃။ စည်းစိမ်ကြောင့်နေသောမယားမည်သည်စည်းစိမ်ကိုပေး၍နေစေ၏။
    ၁၄။ အဝတ်အထည်ကြောင့်နေသောမယားမည်သည်အဝတ်အထည်ကိုပေး၍နေစေ၏။
    ၁၅။ ရေခွက်တွင်လက်စုံချ၍လက်ထပ်သောမယားမည်သည်ရေခွက်ကိုသုံးသပ်ကိုင်တွယ်၍နေစေ၏။
    ၁၆။ ခေါင်းခုကိုချစေ၍နေသောမယားမည်သည်ခေါင်းခုကိုချစေ၍နေစေ၏။
    ၁၇။ ကျွန်မမည်သည်ကျွန်မလည်းဟုတ်၏၊ မယားလည်းဟုတ်၏။
    ၁၈။ အလုပ်သမားမ’အစေခံမ’မည်သည်အလုပ်သမားမ’အစေခံမ’လည်းဟုတ်၏၊ မယားလည်းဟုတ်၏။
    ၁၉။ စစ်နိုင်၍စောင်အပ်သောမယားမည်သည်သုံ့ပန်းမယားကိုဆို၏။
    ၂၀။ တစ်ခဏမျှထားသောမယားမည်သည်ထိုခဏ’အခိုက်အတန့်’မယားကိုဆို၏။

    • char too lan

      February 8, 2011 at 6:40 am

      လေးခိုင် အဲ့ဒီ အမျိုး ၂ဝ က ဆောင်ရန်လား ရှောင်ရန်လား ဒါမှမဟုတ် အမူအကျင့်ကိုပြောပြတာလား ဘာအတွက်လဲကျနော်နားမလည်လို့ဗျ !!

      • kai

        February 8, 2011 at 6:27 pm

        ကြည့်ရတာ ..အမျိုးးအစားကိုပြောတာပါ..။။

  • bigcat

    February 8, 2011 at 5:15 am

    အိမ်ဦးနတ်ဆိုတဲ့ နာမည်ကိုက စီးနေတာဗျ။ နတ်ဆိုတာ စည်းစိမ်ခံစားဖို့လေဗျာ။

  • yuyu

    February 9, 2011 at 2:27 am

    ရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမလွယ်နဲ့တဲ့
    ယောကျာ်းကဖြစ်ပါစေ၊ မိန်းမကဖြစ်ပါစေ တစ်ဦးကိုတစ်ဦးအပြန်အလှန် လေးစားမှုတော့ရှိသင့်တယ်
    အားနည်းချက်ဆိုတာတော့ လူတိုင်းမှာရှိနေနိုင်တာပဲပေါ့နော် တချို့အိမ်ထောင်သည်ယောကျာ်းတွေက အိမ်ဦးနတ်လို့အခေါ်မခံထိုက်တဲ့သူတွေအများကြီးပါ သို့ပေမယ့်လူအများရှေ့ရောက်ရင်တော့ သူရမွန်ပြောသလိုပဲ ရိုသေတန်သင့်သလောက်တော့ရိုသေကြရတာပေါ့ (သူငယ်ချင်းအိမ်ထောင်ရေးအားမှီငြမ်းရျ်)

Leave a Reply