စာနယ်ဇင်းသမား များ ဒေါသ အိုးပေါက်ကွဲ

NoMoreFebruary 6, 20111min673

ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုး ဖြစ်သူ ၏ သရပါ ရသ စာပေ မဂ္ဂဇင်း မှ အမျိုး သမီး အလုပ်ခေါ် စာ ကြော်ငြာ ကြောင့် စာနယ်ဇင်း သမား အများစု ဒေါသထွက် နေ ကြကြောင်း သတင်း ရရှိသည်။ သရုပ်ဆောင် မင်းအုပ်စိုး ၏ သရပါ ရသ စာပေ မဂ္ဂဇင်း ၏ အလုပ် ကြော်ငြာ တွင် ပါရှိ သည့် ကြော်ငြာ ရေးသား ချက်များ မှာ သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ် လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ် သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ အယ်ဒီတာများ အပါအဝင် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည် ဟု News – Eleven အင်တာ နက် စာမျက် နှာ တွင် ဖော်ပြထားသည်။

သရပါ မဂဇင်း ၏ အမျိူးသမီး အယ်ဒီတာ ခေါ်စာ တွင်လျှောက်ထားလိုသူများ အနေဖြင့် ” (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁ဝတန်း အောင်ရန်မလို၊ (၆) အသက် ၂ဝ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်” စသည့် အချက်များသာပါဝင်ခဲ့ပြီး လျှောက်ထားလိုသူများ အနေဖြင့် သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။ ထိုကြော်ငြာသည် ဇွန် လ ၂၈ ရက်နေ ့ထုတ် အချစ်ဂျာနယ် တွင် ပါရှိ ခဲ့ခြင်း ဖြစ်သည်။ရန်ကုန် အခြေစိုက် ဂီတ၊ရုပ်ရှင် သတင်းဆောင်းပါရှင် တစ်ဦးက ‘အလုပ် ခေါ်စာ က စာပေ နယ်ကို စော်ကား နေ သလို တင်မက ဘူး အား လုံး ရဲ ့ကိုယ်ကျင့် တရား ပါ စော်ကား နေသလို ပဲ ဟု ပြော သည်။ မြန်မာ စာ နယ်ဇင်း နယ်ပယ်တွင် စာပေချစ်စိတ် ကြောင့် မဟုတ်ပဲ ဝင်ရောက် လာသူများ မှာ စာရေးဆရာ များ ၊စာနယ်ဇင်း သမား များ ကို အထင်သေးစိတ် ရှိသည်။ ဝန်ကြီးဟောင်း တစ်ဦး ၏ သား လုပ်ကိုင်သည့် ဂျာနယ်တိုက် တစ်ခုမှာ မူ သတင်းထောက်များ၊အယ်ဒီတာ များ ကို အရေးမပေး ပဲ ကြော်ငြာ ဌာန (မားကတ်တင်း) နှင့် သူကုမ္ပဏီ မှ တစ်ခြား ဝန်ထမ်း များ ကို သာ အရေး ပေး သောကြောင့် အစုလိုက် အပြုံ လိုက် နှုတ်ထွက်မှုများရှိ ခဲ့ဖူးသည်။ ထင်ရှားသော ပန်းချီ ဆရာ တစ်ဦး ဦးစီး ထုတ်ဝေသည် ့မဂ္ဂဇင်း တစ်စောင် တွင်မူ စာပင် ကောင်းကောင်း မရေးတတ်သည့် ကြော်ငြာရှာ အမျိုးသမီး တစ်ဦး အား အယ်ဒီတာ အဖြစ်ခန် ့ထားကာ ဝါရင့် အယ်ဒီတာ အား အလုပ်ဖြုတ်ခဲ့ သော သာဓက ရှိခဲ့ဖူးသည်။ထို မဂ္ဇင်း အား ထုတ်ဝေသူ က အယ်ဒီတာ ဆိုသည် မှာ ဆိုက်ကား သမား ပင် လုပ်၍ ရသည် ဆိုသည့် အပြောမှာ လည်း နာမည် ကျော်စကား တစ်ခွန်း ဖြစ်ခဲ့ရသည်။ ၂၀၀ဝ ပြည့် နှစ်နောက် ပိုင်း ဂျာနယ် စာစောင် မဂ္ဇင်းများ ထုတ်ဝေခွင့် ရလာ ချိန် တွင် စာပေနယ်ထဲသို ့ အကြောင်း အမျိုး ဖြင့် ဝင်ရောက် ခဲ့သူများ ကြောင့် စာပေ နယ်ပယ် တွင်ရပ်တည် နေသူ အချို ့ပင် နာမည် ပျက်ခဲ့ရသည် ဟု သိရသည်။ ငွေကြေးတတ် နိုင်သူများ က စာရေး ဆရာများ နှင့် သတင်းထောက်များ၏ ငွေကြေးချို ့တဲ့မှု ကို အခွင့် ကောင်း ယူက မောက်မာ ရိုင်းပျစွာ နှိမ်ချဆက်ဆံတတ်သည်။ သရုပ်ဆောင် မင်းအုပ်စိုး သည် မှော်ဘီ တွင် ရုပ်ရှင် ဗီဒီယို ရိုက် ကူးသူများ အတွက် စတူဒီယို ခေါ် ရိုက်ကူးရေး ခြံ တစ်ခု ဆောက် လုပ်ထား သူဖြစ်ပြီး စီးပွားရေး သမား အချို ့နှင့် နီးစပ်ကာ ငွေမည်းမှ ငွေဖြူ အဖြစ် ခဝါချသူ တစ်ဦး အဖြစ် လည်း ရုပ်ရှင် နယ်ပယ် တွင် နာမည်ကျော်ကြား သူ တစ်ဦး ဖြစ်သည်။

3 comments

  • winkyawaung

    February 6, 2011 at 4:04 pm

    ရှင်းပါတယ် အယ်ဒီတာ လူကုန်ကူးဂိုဏ်းထောင်မယ်သာ ထင်ပါကြောင်း..။

  • pwint pwint

    February 6, 2011 at 11:33 pm

    လွန်ခဲ့တဲ့ ၆လလောက်က သတင်းပါ။ လတ်လတ်ဆတ်ဆတ်လေးတွေ ဝေမျှစေလိုပါတယ်။

  • ဆူး

    February 9, 2011 at 2:27 pm

    လွန်ခဲ့တဲ့ ၆လ လောက်က ဒီသတင်း ဒီမှာ ဖတ်ပြီးသားပါဘဲ။

Leave a Reply