ဝင်စားလိပ်ပြာ ဗီဒီယိုရိုက်ကွင်း

NoMoreFebruary 6, 20111min18013

‘ဝင်စားလိပ်ပြာ’ လို့အမည်ပေး ထားတဲ့ဗီဒီယိုဇာတ်ကားကစုံထောက် ဇာတ်လမ်း အမျိုးအစားတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အဖေမတူ မအေမတူဘဲ မိဘချင်းပေါင်းဖက်လို့ မောင်ရယ် နှမရယ်လို့ဖြစ်လာတဲ့ မောင်နှမ နှစ်ယောက်ကြား မမျှော်လင့်ဘဲဖြစ်လာတဲ့ လူသတ်မှုတစ်ခုကို အဓိကဇာတ်ကျောရိုးအဖြစ် ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်လမ်းပါ။ ဆိုးသွမ်းလှတဲ့ သွေးမတော်၊ သားမစပ်မောင်ရဲ့ စော်ကားမှုကို ခုခံရင်းအစ်မဖြစ်သူက မောင် အားသတ်လိုက်ရာကနေ မောင်ရဲ့ဇာတ်လမ်းကို ဘယ်သူမှမသိအောင် အစဖျောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူမသတ်ခဲ့တဲ့ မောင်ဖြစ်သူက အိမ်ပေါ် ပြန်ရောက်လာတဲ့အခါ စိတ်ဒုက္ခဖြစ်ရသူ အစ်မကသူ့မောင် မဟုတ်ကြောင်း သိရှိနေတဲ့အတွက် ဖော်ထုတ်ဖို့နည်းမျိုးစုံ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးတော့ သူမရဲ့မောင် မဟုတ်ဘူးဆိုတာကို ဖော်ထုတ်ရင်း က သူမကိုယ်တိုင် မောင်ဖြစ်သူကို သတ်မိခဲ့တဲ့အကြောင်း ပေါ်သွားတာကို မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိ ဆိုတဲ့အတိုင်း ဇာတ်လမ်းကပြသ သွားပါတယ်။ ဒီဇာတ်ကားက မောင်မောင်မြင့်သိန်းရဲ့ ဇာတ်လမ်းကို မြင့်ဆောင်က ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကုသိုလ် ပုံဖော်ရိုက်ကူးတဲ့ ‘ဝင်စားလိပ်ပြာ’ ဆိုတဲ့ ဒီဇာတ်ကားမှာ နေမျိုးအောင်က စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားပြီး မို့မို့မြင့်အောင်၊ နန်းဒေဝီ၊ ကင်းကောင်၊ မျိုးမျိုးခိုင်၊ ဦးမင်းဇော်၊ ကိုညီမင်း(မြို့တော်)စတဲ့ ဇာတ်ပို့ဇာတ်ရံများက သရုပ်ဆောင်ထားကြပါတယ်။

13 comments

  • bigcat

    February 6, 2011 at 6:09 pm

    လုပ်ကြပါအုံး
    ရွာထဲကို သူပုန်..
    အဲမှားလို့
    ကြော်ငြာဝင်တယ်။

  • moethidasoe

    February 7, 2011 at 3:49 am

    ဟုတ်ပါ့ .. သတင်း ဆိုလို့ ဖတ်ကြည့်တာ .. ကြော်ငြာဖြစ်နေတယ် .. nomore ရယ် နောက်တခါဆို entertainment မှာပဲ ထည့်ပေးပါလား

    • NoMore

      February 8, 2011 at 7:44 am

      ဟုတ်ကဲ့ စာရေးသူ ကအသစ်ဆိုတော့ Category လေးထည့်ဖို့ မေ့ကျန်သွားလို့ခွင့်လွှတ်စေချင်ပါတယ် edit လုပ်ဖို့ကလည်း connection ကမကောင်းလို့ မလုပ်နိုင်ပါဘူး အာလုံးကိုတောင်ပန်ပါတယ်…

  • etone

    February 7, 2011 at 4:35 am

    ဇာတ်လမ်းကတော့ မသန်းပါလား ဗျို့ ။

  • လင်းငယ်

    February 7, 2011 at 5:50 am

    ကြော်ငြာထားတာထက် ဝေဖန်ပေးတယ်ဆိုရင် ပိုကောင်းမယ်

  • zippo

    February 7, 2011 at 5:57 am

    ဒီလိုလေးတွေ ကြော်ငြာ လို့ ရပါသလားခင်ဗျာ….အဟီး…

    အနော်လဲ ကြော်ငြာချင်ဒယ်…

  • thuyamon

    February 7, 2011 at 1:24 pm

    zippo ဘာကြော်ညာ မလို့လည်း

  • moethidasoe

    February 8, 2011 at 3:55 am

    zippo ဆိုတော့ မီးခြစ် ကြော်ငြာမလို့လား ..

  • ဆူး

    February 9, 2011 at 2:26 pm

    ခြစ်မတောက် မီးခြစ် တွေရမယ် ဟောဒီမှာ.. zippo အစစ်နော်.. အစစ်.. အင်မဟုတ်ဘူး။

  • satsaw

    March 13, 2011 at 10:28 am

    အင် po တွေလိုအော်ရေင်ရင်ပိုမိုက်တယ်……..။

  • satsaw

    March 13, 2011 at 10:29 am

    အင် po တွေလို.အော်ရောင်းရင်ပိုမိုက်တယ်……..။

  • shweminthar

    March 13, 2011 at 11:27 am

    နောက်ဆုံးအခန်း ရောက် ရင် ရဲတွေ ရောက်လာလိမ့်မယ်။………

  • blackx

    March 13, 2011 at 3:33 pm

    နောက်ဆုံးမှာရဲရောက်တာကတော့ အပြင်မှာရော ရုပ်ရှင်မှာရော တူတူပါဘဲ

Leave a Reply