၂ဝ၁၂ တွင် နေ ၂ စင်း ထွန်းလင်းတော့မည်ဟု နာမည်ကြီးတက္ကသိုလ်တစ်ခုပြော

nyimalayFebruary 7, 20111min963

နောင်လာမည့် တစ်နှစ်တာ ကာလ အတော အတွင်း ဝယ် ကောင်းကင်ယံတွင် နေနှစ်စင်း ထွန်းလင်း သည်ကို ရက်သတ္တ နှစ်ပတ်ခန့် ကြာသည် အထိ ကမ္ဘာသူ ကမ္ဘာသားများ မြင်တွေ့ ကြရဖွယ် ရှိသည်။ ကျွန်ုပ်တို့၏ နေမငီးထက် အဆ ၂ဝ မျှ ကြီးမားသော ‘ဘီ တယ်လ်ဂျူဆီ’ အမည် ရှိ ကြယ်ကြီး တစ်လုံး၏ ပေါက်ကွဲ ခြင်းကြောင့် ထိုသို့ ဖြစ်လာ လိမ့်မည်ဟု တချို့က ဆိုနေ ကြသလို ယင်းသည်ပင် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ ဖြစ်သည် ဟုလည်း ဆိုနေ ကြသည်။ ယင်းကြယ် ကြီးသည် သက်တမ်း ကုန်ဆုံး နေပြီ ဖြစ်ပြီး သာမန် ကြယ်အဖြစ် ဆက်လက် ရပ်တည် နေနိုင် စွမ်း မရှိ တော့ချေ်းကြ။ အဆိုပါ ကြယ်ကြီး ပေါက်ကွဲ သည်တွင် နဂါး ငွေ့တန်း တစ်ခုစာမျှ အချင်း အကွာ အဝေး အထိ အလင်းရောင်များ ဖြာထွက် လာမည် ဖြစ်ပြီး ကျွန်ုပ်တို့၏ ကမ္ဘာ မှလည်း နောက်ထပ် နေတစ်စင်း ထွန်းလင်းသည့်နှယ် ရက်အတန် ကြာမျှ မြင်တွေ့ နေရ လိမ့်မည်ဟု သုတေသီ တချို့က ဆိုကြသည်။ ”ဒါပေမဲ့ အဲဒီလို မြင်တွေ့ ရတာထက် ပိုတဲ့ ပျက်စီး ဆုံးရှုံးမှု တွေတော့ ဖြစ်လာဖွယ်ရာ မရှိပါဘူး။ လျှပ်စစ် သံလိုက်လှိုင်း ရိုက်ခတ် မှုတွေကြောင့် အကျိုး သက်ရောက် မှုတွေတော့ ဖြစ်လာ နိုင်ပါတယ်”ဟု သုတေသီ တစ်ဦးက ပြောပါသည်။ ”ဘယ်လိုပဲ ပြောနေ ကြပါစေဗျာ။ ဒီကြယ်ကြီး ဘယ်အချိန် ပေါက်ကွဲမယ် ဆိုတာကို ဘယ်သူမှ အတိအကျ ပြောလို့ မရ သေးပါဘူး။ သူ့အထဲမှာ ဘာတွေ ဘယ်လို ဖြစ်နေတယ် ဆိုတာ ကိုလည်း ဒီကနေ ခန့်မှန်း ရခက် လှပါတယ်။ ဒါကြောင့် ကနေ့ နက်ဖြန် မှာပဲ ထပြီး ပေါက်ကွဲ မှာလား၊ နောင် နှစ် တစ်သောင်း လောက်ကြာမှ ထပြီး ပေါက်ကွဲ မှာလား ဆိုတာကို သေချာပေါက် ဘယ်သူမှ မပြောနိုင် ကြပါဘူး”ဟု ဝပ်ရှ်ဘန်း တက္ကသိုလ်၊ ရူပ ဗေဒနှင့် နက္ခတ် ဗေဒ ဌာနမှ ဒေါက်တာ မာ့စ်စမစ်က ပြောပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်း ကြယ်ကြီးသည် ကမ္ဘာမှ အလင်း နှစ်ပေါင်း ၆၄ဝ မျှ ဝေးသော နေရာတွင် ရှိနေပြီး ကျွန်ုပ်တို့ ယခု မြင်တွေ့ လေ့လာ နေရသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၄ဝ က ကြယ်ကြီး၏ အခြေအနေ သာလျှင် ဖြစ်သော ကြောင့်ပင်။

3 comments

  • ZAW

    February 7, 2011 at 1:25 pm

    မေ့မယ်မှမကြံရသေးဘူး လာပြန်ပီ နောက်တစ်မျိုး
    သေကြဟယ် ဖေဇော်ဂျီတော့ ကမ္ဘာပြောင်းနေတာကောင်းမယ်ထင်တယ်။

  • naywoonni

    February 7, 2011 at 2:55 pm

    အခုထက်နှစ်ဆ ပူရင်တော့ မရှောင်ဘူးပဲ

  • nyimalay

    February 8, 2011 at 2:20 am

    ဦးနီက လည်း စကားကိုပီအောင်ပြောပါ…. ဘာမရှောင်ဘူးပဲ လဲ….. မချောင်ဘူးလုပ်ပါ… 😛

Leave a Reply