အတုမရှိ ထံပါး သင်အံခြင်း အယ်ပီဆိုဒ့်(၁)

nigimi77February 7, 20111min793

မေး။   ကံဆိုတာ ဘာလဲ ။

ဖြေ။   ကံဆိုတာ အလုပ်ပါ။ ထမင်းစားရင် ချီးပါမယ်။ ရေသောက်ရင် သေးပေါက်မယ်။ ချွင်းချက်တော့ ရှိတယ်။

စားတာများပေမဲ့  ပါရင် နဲမယ်။  သောက်တာများပေမဲ့ ပေါက်ရင် နဲမယ်။               မင်းအတွက်လက်ရှိ

အသက်ရှင်ဖို ့ ဖယ်ရဦးမယ်လေ။ ထို ့အတူပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ

လုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ သဘောတရားအရတော့ မှန်ကန်တယ်။ အထက်က ဥပမာလိုပဲ

မင်းက ကောင်းတာ လုပ်ပေမဲ့လည်း မင်းအတွက် မင်းရပ်တည်ဖို ့အတွက် ဖယ်ရဦးမယ်။

ဒါကြောင့် မင်းက ကောင်းတာတွေ လုပ်လဲပဲ ဘာကြောင့် တန်ပြန် အကျိုးမခံစားရသလဲလို ့မမေးနဲ ့။

ထမင်းတောင် မင်းစားပြီးရင် အကုန်ပြန်ပါတာမှ မဟုတ်ပဲ။

မေး။   ဒါဆို မကောင်းတာ လုပ်ရင်ကော။

ဖြေ။   သဘောတရားက အတူတူပဲ။

မေး။  တာမီနယ်လ် ဆိုတာ ဘယ်နေရာလဲ။

ဖြေ။   ငတုံး။ လူဖြစ်နေတဲ့ မင်းဘဝက တာမီနယ်လ် ပေါ့။ ငါလဲ လူကနေဖြစ်တာ။

မေး။   ဒါဆို အရင်က ဘဝ၊ ဒါမှ မဟုတ် နောက်ဘဝ အတွက် အခု လက်ရှိဘဝကို လျစ်လူရှုသင့်သလား။

ဖြေ။   မိုက်ပါ့ ငါ့ကောင်။ ငါ လူဘဝမှာ ကြိုးစားအားထုတ်ခဲ့လို ့ဒီဘဝကိုရောက်ခဲ့တာပေါ့။ နောက်ဘဝဆိုတာ

ကို ခဏဖယ်ပြီး လက်ရှိ လူဘဝကို အကောင်းဆုံးလုပ်ပါ။ လက်ရှိ လူဘဝကို ငါက အကောင်းဆုံးဖြစ်

အောင် အလုပ် မလုပ် ခဲ့ဘူးဆိုရင် မင်းတို ့ ငါ ဘယ်သူလဲဆိုတောင် သိခဲ့မှာ မဟုတ်ဘူး။

ချွင်းချက် အနေနဲ ့ အရင်က အလုပ်က လက်ရှိ အလုပ်မှာ အပြည့်အဝတော့ ပြန်ခံစားရမှ မဟုတ်ဘူး။

လက်ရှိဘဝကို အကောင်းဆုံးလုပ်မှ နောက်ဘဝလို ့ မင်းတို ့ပြောနေတဲ့ အနာဂါတ်က ကောင်းမှာ။

မေး။   နတ်ပြည်ကို ရောက်အောင် ဘယ်လို လုပ်ရမလဲ။

ဖြေ။   နတ်ပြည်လား။ မင်းကို ပြောရတာခက်တယ်။ မင်းမြင်ဖူးတဲ့ ပန်းချီကားထဲက နတ်ဝတ်တန်ဆာတွေနဲ ့

ပုံတွေမှ နတ်ပြည် မဟုတ်ဘူး။ ကံ ဆိုတာဟာ အလုပ်ဖြစ်တဲ့ အတွက် မင်းက အလုပ် လုပ်မယ် ဆိုရင်

မင်းရဲ  ့ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး မင်းရရှိနေတဲ့ လက်ရှိ အနေအထားဟာ မင်းအတွက်

နတ်ပြည် ပဲ။   မင်းက နတ်ပြည်ကို ရောက်ရပါလို၏ လို ့ ငါ့ကို ဘယ်လိုပဲ နားပူနေပူနေ တာမီနယ်လ်

ဖြစ်တဲ့ လူ ဘဝမှာ အလုပ်မလုပ်ပဲ နေရင် မင်းဟာ ငပျင်းပဲ။ ဒီထက်မြင့်တဲ့ ချုပ်ငြိမ်းရာနေရာဆိုတာလဲ

လက်ရှိ ဘဝမှာ တာဝန်ကျေဖို ့လိုတယ်။

မုတ်ဆိတ်ဖွား ကုလားလဲ မဟုတ်တဲ့။ ဒီတော့.. လှုတိုင်းတန်းတိုင်းလဲ ရတာမဟုတ်ဘူး။ ကျင့်ကြံတိုင်းလဲ

ပေါက်မြောက်တာ မဟုတ်ဘူး။ တရားနာတိုင်းလည်း မဂ်ဖိုလ် ရတာမဟုတ်ဘူး။     ရွတ်ဖတ်တိုင်းလည်း

အကျိုးပေးတာ မဟုတ်ဘူး။            မင်းရဲ  ့စိတ်ရင်း အခံကိုက အကျိုးလိုလို ့ ညောင်ရေသွန်းနေတော့

ငါ့လူရာ။  ငါ့ကို နားပူနေမဲ့ အစား မင်းတို ့ လူလူချင်းပဲ အရင်ဆုံး တစ်ဦးနဲ ့တစ်ဦး၊ မင်းပြီးတော့ နောက်

တစ်ယောက်၊ နောက် မျိုးဆက် တစ်ဆက် အတွက် ငါ့ရဲ  ့သွန်သင် ဆုံးမချက်တွေနဲ ့ကိုက်ညီတဲ့ လူသား

အဖြစ်ကို အရင် ကြိုးစားကြည့်ကြပါဦး။  ထောင်မြင်လို ့ရာစွန် ့တယ် ဆိုတာပဲရှိပါတယ်။

မင်းကို လက်တွေ ့မပြနိုင်တဲ့ အရာအတွက်နဲ ့တော့ မင်းရဲ  ့လက်ရှိ လူဘဝတန်ဖိုး ကိုတော့ လျစ်လျူ

မရှုလိုက်ပါနဲ ့။

3 comments

  • kai

    February 8, 2011 at 12:11 am

    ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ သဘောတရားအရလည်း မမှန်ပါဘူး..။ပြည့်လည်းမပြည့်စုံဖူး..။
    နားစွင့်.. ခေါင်းထောင်ကြည့်ပါလား..။
    မကောင်းတာ လုပ်တဲ့သူတွေ.. ကောင်းတာတွေ ရွေးဖြစ်နေတာ ..အများကြီးကိုတွေ့ရမှာပေါ့..။
    အမ်မလေး.. ဘုန်းလည်းကြီး..အသက်လည်းရှည်..။ လက်ညိုးညွှန်ရာလည်းရေဖြစ်..။
    ကောင်းတာလုပ်နေတဲ့သူတွေကိုတောင် .. ရှာကြံ ဒုက္ခပေးလိုက်သေး..။
    ==
    နောက်တခုထည့်တွက်စရာက ..ပြုသူနဲ့ဖြစ်သူပေါ့လေ..
    ကောင်းတာလုပ်တဲ့သူက .. ဘယ်သူ့ကိုကောင်းအောင်လုပ်နေတာလည်း ပြောစရာရှိတယ်..။
    ဒီအတိုင်းပဲ..။
    မကောင်းတာလုပ်တဲ့သူကလည်း .. ဘယ်သူ့ကိုမကောင်းအောင်လုပ်နေတာဆိုတာလည်း ပြောစရာရှိတယ်..။
    ဒီခေတ်အာဏာရှိသူတွေက .. သူများကို မကောင်းအောင်လုပ်ပြီး.. ကိုယ်ကောင်းတာဖြစ်အောင်ကြံစည်လုပ်ကိုင်နေကြတာပဲ..။
    စစ်တပ်ဆိုတာမျိုးမှာက .. ကိုယ်ကောင်းတာဖြစ်အောင်..စစ်နိုင်အောင်..ရန်သူကိုနှိမ်နင်းရတာပဲ..။ ရန်သူကို အနိုင်ရအောင် လုပ်ရမှာပဲ..နည်းမျိုးစုံနဲ့.နှိမ်နင်းသတ်ဖြတ်ရမှာပဲ..။
    စီးပွားရေးလည်း ဒီလိုပဲ..။
    အချစ်ရေးလည်းဒီလိုပဲ..။
    နိုင်ငံရေးလည်း ဒီလိုပဲ..။

    ဆိုတော့..
    ဒန်တန်တန်…။

  • weiwei

    February 8, 2011 at 2:39 am

    လောက နိယာမသဘောအရ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် .. မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် …
    အခုမဖြစ်ရင်လဲ နောင်ဘဝမှာဖြစ်မယ် … ဒါက အမှန်တရားပဲ ..

  • char too lan

    February 8, 2011 at 7:23 am

    ဥပမာပေးတာ ကောင်းတယ်ဗျ 🙂

Leave a Reply