နန္ဒာလှိုင်နဲ့ သမီးလေးဇေဝတီလှိုင်

DaveDecember 14, 20091min1001

နိုင်ငံကျော်မင်းသမီးနန္ဒာလှိုင်ဟာ ကိုဇေသီဟနဲ့ အိမ်ထောင်ကျပြီး သမီးလေး တစ်ယောက်ရခဲ့ပါတယ်။ချစ်စရာသမီးလေးရဲ့အမည်က ဇေဝတီလှိုင်ဖြစ်ပါတယ်။၆လအရွယ်သမီးလေးနဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ရရှိနေတဲ့ မင်းသမီးနန္ဒာလှိုင်ရဲ့ ပရိသတ်က သူ့ကိုရုပ်ရှင်ပိတ်ကားပေါ်နဲ့ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာ ပြန်လည်ရှုစားအားပေးဖို့ မျှော်လင့်နေကြပါတယ်။သမီးလေးက လသားအရွယ်မှာပဲရှိသေးတော့ မိဘနှစ်ဦးစလုံးက ဂရုစိုက်နေရတဲ့အတွက် ပရိသတ်ကြီးအနေနဲ့ စိတ်ရှည်ရှည်နဲ့ စောင့်စားနေကြရဦးမှာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကောင်အဖြစ်သူ့ကို မတွေ့ရသေးခင် သူတို့မိသားစုရဲ့ နေ့စဉ်ဘဝထဲက မြင်ကွင်းတစ်ချို့နဲ့ပဲ  ဖြေသိမ့်ပေးကြပါဦးဗျာ။

One comment

  • kai

    December 15, 2009 at 12:00 pm

    ခေါင်းအုံးတွေနဲ့ ၂ယောက်အိပ်ကုတင်အထိ ဓါတ်ပုံမှာပါနေတော့ ကြည့်ရတာ အိပ်ခန်းထဲအထိသွားရိုက်ထားတဲ့ဓါတ်ပုံပါပဲ။ ချမ်းမြေ့စရာ ဝန်းကျင်ကိုခံစားမိပါတယ်။ သူတို့ကိုတိုက်တွန်းချင်တာတခုက နောက်တယောက်ယူရခက်နေမှာနဲ့အတူတူ ဟောလိဝုဒ်က ဘရက်ပစ်နဲ့အိန်ဂျလိနာဂျိုလီတို ့ စုံတွဲလို ကလေးလေးတွေ မွေးစားကြဖို ့ပါပဲ။ သမီးလေး ဇေဝတီလှိုင်အဖေါ်ရမှာပေါ့..။အဖြူကလေးလေးတယောက်လောက် မွေးစားဖို ့တိုက်တွန်းပါတယ်။

Leave a Reply