ဝေဖန်ပေးပါ..လေကန်ပေးပါ

ဗမာအယူအစမှာပေါ.ဗျာ
ကျွန်တော်တို.မြန်မာနိုင်ငံမှာ ဟိုးရှေးရှေးကတဲကအားထားကြတဲ. ဗေ
ဒင်မေးခြင်းဆိုတဲ.အကြောင်းလေးပါ
ဗေဒင်ဆရာအများစုက သူတို.ဟောပြီးရင် ယတြာဆိုတာမပါမဖြစ်ဝေါဟာရလိုပါပဲ
ကျွန်တောသိချင်တာက ရွာသူရွာသားများအနေနဲ.က
အဲ.ဒီယတြာဆိုတဲ.စကားလုံးပေါ်မှာ ဘယ်လိုအမြင်လေးတွေများရှိမလဲလို.ပါ

21 comments

  • moesung

    February 8, 2011 at 5:02 am

    ကျွန်တော့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောမယ်နော်
    ယတြာဆိုတာ ကိုယ့်စိတ်ကို အစွဲတွေကနေ သန့်အောင်
    လုပ်တာလို့ ယူဆပါတယ် လူတိုင်းမှာစိတ်စွမ်းအင်ရှိတယ်
    ဥပါတ်ဒဏ်ကြောင့် ဥပါတ်ဖြစ်တယ်ဆိုတဲ့ စကားကိုကြည့်ပါ
    စိတ်အစွဲကြောင့် ဖြစ်တာကို ပြောချင်တာပါ စိတ်ရဲ့ ခေါ်ဆောင်
    ရာကို လူကလိုက်ပါတယ် ဗေဒင်ဆရာရဲ့ ခြိမ်းချောက်တာကို
    လွတ်အောင် သူကပဲ ပြန်ပြတဲ့ လမ်းလို့ ယူဆပါတယ်
    ဗေဒင်ဆရာက ပိုက်ဆံပိုရတယ်လေ
    ယုံကြည်မှူ့ကြောင့် အောင်မြင်တယ်လို့ ယူဆသူရှိသလို
    ဘာမှမယုံတဲ့သူတွေလဲ ကမ္ဘာကို လွှမ်းမိုးတော့မယ်လေ

  • good

    February 8, 2011 at 6:01 am

    ဗေဒင် လည်း သူ့ နေရာ နဲ့ သူ ယုံ နေ ကြတယ်။
    ဗဒင် လည်း နေရာ အခွေ နဲ့ တော်တော် ပေါက်ခဲ့ တယ်။
    ယတြာ ကို တော့ အိန္ဒြာ ကို ပဲ မေး လိုက် ပါ၊
    အိမ်ထောင် ပြု ပြီး နောက်ပိုင်း ………?.။
    ( Bamamasi ပါ ) ပြော ပြီးသားနော် thumb down မလုပ်နဲ့။

  • nyimalay

    February 8, 2011 at 6:20 am

    ပိစိကွေးကတော့ ဗေဒင်မေးပြီးတိုင်းဘယ်တော့မှ ယတြာမချေဘူး……. ဘာလို့လည်းဆိုတော့ ဗေဒင်မေးတယ်ဆိုတာ လက်တလောစိတ်ညစ်နေတာတွေ…. ဖြစ်ချင်တာတွေကိုစိတ်ကူးယဉ်ဖို့ သွားမေးတာလေ…. ဖြစ်နိုင်တယ်ဆိုရင် စိတ်ကူးယဉ်လို့ရတယ်…. မဖြစ်နိုင်ဘူးဆိုရင် တော့လည်း ဖြစ်များဖြစ်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့…. 🙂
    ပိစိကွေး လောက်ဗေဒင်မေးတာ ပိစိကွေးပဲရှိမယ်ထင်တယ်…. ဘာလို့လည်းဆိုရင် ဗေဒင်ဆိုရင် ဆရာစံဇာဏီဘိုအစ ပန်းဆိုးတန်းမှာ ဟောတဲ့လမ်းဘေးကဗေဒင်အဆုံးကြည့်ဘူးတယ်….. နှစ်တိုင်းလည်း ဆရာစံဇာဏီဘိုမှာ တစ်နှစ်စာမေးနေတဲ့အပြင် ဆရာစံဇာဏီဘိုရဲ့ တစ်နှစ်စာဟောစာတမ်းစာအုပ်လည်း ဝယ်တယ်….. ကြိုကြားကြိုကြား ဟိုမှာကောင်းတယ် ဒီမှာကောင်းတယ်ဆိုလည်းသွားမေးတယ်…. ဒါပေမယ့် ဗေဒင်ဆရာကကောင်းတာဟောဟာ မကောင်းတာဟောဟာ ဘယ်တော့မှ စိတ်မညစ်ဘူး….. ပိစိကွေးခံယူထားတာ တစ်ခုက ကိုယ်ကကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာပဲဖြစ်မှာပဲ…….. ဒီတော့ ယတြာချေနေလည်း ပိုက်ဆံကုန်တာပဲအဖတ်တင်မယ်လေ…… Like မပေးရင်တော့ နေနော်………. Dislike တော့ပေးနဲ့နော်…….. 🙂

  • photwenty

    February 8, 2011 at 6:51 am

    ကျွန်တော.ရဲ.အမြင်ပါ ဟုတ်၏ မဟုတ်၏တော.မသိဘူး
    ကျွန်တော်ထင်တာကတော. ဟိုးအရင်ကယတြာချေခိုင်းရင် ညောင်ထောက်ရမယ်တို. ဘုရားကိုထီးလှူရမယ်တို. အဲ.ဒီလိုပြောပါတယ်
    တကယ်တော.ညောင်ထောက်ခိုင်းတယ်ဆိုတာက ညောင်ပင်က ကျလာတဲ.အကိုင်းတွေက လမ်းပေါ်ကိုကျနေရင် လမ်းသွားလမ်းလာတွေနဲ.မလွတ်တဲ. အတွက် ထောက်ပေးလိုက်တဲ.အခါမှာ လမ်းသွားလမ်းလာတွေက ညောင်ထောက်ပေးတဲ.လူကို သါဓုခေါ် ဆုတောင်းမေတ္တာပို.ပေးတဲ.အတွက် သူတို.ရဲ. ညံ.နေတဲ.ကံတွေကောင်းလာတယ်လို.ထင်ပါတယ် ၊ ဒါကိုပဲအယူအဆလွဲပြီး ဘုရားမှာ ဘယ်ကမှအကိုင်းအခက်မကျတဲ.ညောင်ပင်ကိုတုတ်ထောက်လိုထောက်လုပ်နေကြတယ်လို.ကျွန်တော်တော.မြင်တယ်
    ထီးလှူတာလဲဒီလိုပါပဲ မဟုတ်နိုင်ဘူးလား

  • phantom

    February 8, 2011 at 8:05 am

    ညောင်ထောက်တာတော့ထားပါတော့ ကိုကြောင်ကြီးကိုတော့ ညောင် ဆိုပြီး မထောက်လိုက်နဲ့ဦးနော် 😛

    • bigcat

      February 9, 2011 at 1:07 am

      ထောက်မယ်ဆိုလည်းကြိုပြောကွဲ့၊ diaper အောက်ခံဝတ်ထားမလို့။

  • kai

    February 8, 2011 at 8:31 am

    ကျုပ်ထင်တာတော့လေ..

    ဗေဒင်လည်း မှန်နိုင်တယ်ဗျ..။ ဒါက ရှေ့ လူတွေဖြစ်တာကနေ .. အတွေ့အကြုံယူ..။ နောက်လူတွေက တိုက်ဆိုင်သူတွေကို ပြန်ပြောပြနေတာတမျိုးပဲ..။
    လက္ခဏာလည်းဒီအတိုင်းပဲ..။ ရှေးက လက်ဝါးမှာ .. အစင်းကြောင်းဒီလိုရှိတဲ့သူက ..ဒီအသက်လောက်မှာသေတယ်..။ ဒါကြောင့် ..မင်းက သူနဲ့ဆင်နေတော့ … ဒီလိုအခြေနဲ့သေနိုင်တယ်.. ပြောတာမျိုးပဲ…။
    တဆက်ထဲ.. အဲဒီလူက ဒီလိုသေခဲ့တယ်..။ ဒါကြောင့် မင်းက ..ဒီလိုသေတာကို … ဒီလိုပုံစံတူလုပ်လိုက်ပါ..။ ဒါမှမဟုတ်.. ဒီလိုသေတတ်တာမို ့ရှေ ့ကလူလုပ်ခဲ့တဲ့ဒါတွေဒါတွေကိ်ု မလုပ်ဖို့.. စသဖြင့် လုပ်တာပါ..။
    အဲဒါက ယတြာရဲ့ မူလအစလို့ထင်တယ်..။

    နောက်ပိုင်းတော ့.. ဗေဒင်ဆရာလည်း ..တကယ်မကျွမ်းကျင်မတတ်ပဲနဲ့.. လူတွေညာချတာတွေရှိလာ….။
    နက္ခတ်ဆရာလည်း.. ကြယ်ဂြိုလ်တွေ ဘာမှန်းမသိပဲ..ညာချ..။
    လက္ခဏာဆရာလည်း … လက်ကိုင်ရပြီးရော… ရောချ…
    ယတြာလည်း .. တကယ်လုပ်တယ်ဆိုတာထက် ..စိတ်ကူးပေါက်တာတွေ… လူအထင်ကြီးအောင်လုပ်.. ကိုယ်ငွေကျန်အောင်လုပ်တာတွေဖြစ်ကုန်တာလို့ထင်ပါတယ်..။

    ဗေဒင်၊ လက္ခဏာ၊ ယတြာ… ဒါတွေဟာပညာရပ်တွေဖြစ်ပြီး … အဲဒီပညာရပ်တွေမှာ ဘာအပြစ်မှမရှိဘူးလိုထင်ပါကြောင်း…နဲ့..
    အလွဲသုံးစားလုပ်သူတွေကြောင့် ပညာရပ်ဟာ ညစ်နွမ်းသွားဟန်ရှိတယ်…ယူဆပါတယ်ခင်ဗျား..။

  • photwenty

    February 8, 2011 at 9:11 am

    ဦးကြောင် အနော်မကြောဘူးနော်

  • fatty

    February 8, 2011 at 11:23 am

    ယတြာ မျိုးစုံရျိတဲ့အနက် တမျိုးကတော့ ဥပမာ မိုးကြိုးပစ်ချလိုက်ရင်ထိမှာစိုးလို့ အဆောက်အဦတွေမှာ မိုးကြိုးလွှဲ
    တတ်ကြပါတယ်။ အဲဒီသဘောဘဲ ကျရောက်မဲ့ ကြမ္မာဆိုးကိုလွှဲပြောင်းပြစ်လိုက်တာမျိုးလဲရှိပါတယ်။်
    ကျနော် ကားတိုက်တုန်းကတော့ သိသိကြီးနဲ့ ရှောင်လို့မရခဲ့ပါဘူး။
    အကောင်းဆုံးယတြာကတော့ .. ကာယကံ ဝစီကံ မနောကံတွေကို ထိမ်းသိမ်းထားပါ (သို့) သတိမပြတ်နဲ့ သတိကပ်ပြီးပြုမူနေထိုင်ပါ။ ကံအားကြီးရင်တော့ ရှောင်လို့မရတတ်ပါဘူး။ လျှော့သွားတာမျိုးတော့ ရှိမှာပါ။ ကျနော်သိသလောက်ပေါ့ဗျာ။

  • MaMa

    February 8, 2011 at 11:36 am

    ဝေဖန်ရမယ်ဆိုရင် Member ရဲ့ အယူအစက စရမယ်ထင်တယ်။ အယူအစမဟုတ်ဘဲ အယူအဆဖြစ်ပါကြောင်း။ နောက် moesung ရဲ့ဥပါတ်ဒါဏ်ကြောင့် ဥပါတ်ရောက်တာ မဟုတ်ဘဲ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဖြစ်ပါတယ်။ အောက်ကလင့်မှာ မြန်မာစာသတ်ပုံကျမ်း ကြည့်လို့ရပါတယ်။ ဆရာလုပ်တာ မဟုတ်ပါ။ သိစေလိုရင်းသာဖြစ်ပါတယ်။
    http://myanmarwords.pikay.org/

    • kai

      February 8, 2011 at 7:21 pm

      Link URL အတွက်ကျေးဇူးနော..။
      ဒါကို စည်းကမ်းထဲမှာပါ.. သိသာကြစေဖို့တွဲထည့်ပေးထားလိုက်ပါမယ်..။

  • eros

    February 8, 2011 at 2:57 pm

    ဧည့်သည်တွေနဲ့ သွားလို့ ခြောက်ထပ်ကြီးဘုရားစောင်းတန်းမှာ ဗေဒင်မေးရင် စနေဂြိုဟ်နဲ့ ရာဟုက ဘယ်တော့မှ မလွတ်ဘူး။ လင်မယား၊ ချစ်သူစုံတွဲမေးလို့ကတော့ ကွဲဖို့ကိန်းရှိတယ်ပဲ။ ပြီးရင်ရွှေရောင်ဖယောင်းတိုင်တတိုင်ထုတ်ပြီး အဲဒီ ဆေးဖယောင်းတိုင်နဲ့ ယတြာချေခိုင်းတာပဲ။ ပြီးရင် ယတြာဖိုး ၉ထောင်လာထားပဲ။ ဗေဒင်ဆရာတိုင်းလိုလိုပဲ။

  • padonmar

    February 8, 2011 at 3:24 pm

    မှော်ပီ ဆရာသိန်းကြီးရေးတဲ့ ဗျိူင်းနားတရားမှာ ညောင်ထောက်၊တံတားပြင်၊ရေခန်းငါးရေထဲလွှတ်လို့ သေမဲ့ရက်မှာမသေပဲ အသက်ရှည်တဲ့ သတို့သား အကြောင်းပါပါတယ်၊
    သူထောက်တဲ့ညောင်က ချောက်ကမ်းပါးဘေးမှာ လမ်းသွားလို့ မရလောက်အောင် ပိတ် နေတဲ့ ညောင်ကိုင်းတွေကို သစ်ကိုင်းခွတွေနဲ့ ထောက်ပေးတာပါ။

  • ဆူး

    February 8, 2011 at 3:52 pm

    ဗေဒင်ကတော့ မမှန်ဘူးလို့ ပြောလို့ မရပါဘူး။ ဘုရားတောင်မှ ဗေဒင်ဆရာတွေ တွက်ချက်ခံရပြီး ဘုရားဖြစ်မယ် ဟောခဲ့သေးတာဘဲ။ ပညာရှင် ဟုတ်မဟုတ်ဘဲ ကွာမယ် ပညာစစ်ရင်မှန်မယ် ထင်ပါတယ်။
    တနေ့က မေတ္တာမှော် ဆိုလား ဖတ်ရလို့ တိုက်ဆိုင်လို့ ပြောချင်ပါတယ်။
    အစွမ်းသတ္တိဆိုတာ စာမေးပွဲ အတွက် စာကျက်တဲ့ ကျောင်းသားလိုဘဲ မြင်မိတယ်။
    စာကို အားတိုင်းရွတ်နေတဲ့ သူအဖို့ ဘယ်တော့မှ မမေ့နိုင်ပေမဲ့.. စာမေးပွဲ အတွက် ဖင်ထောင်ပြီး ၁ရက် ၂ရက် ကျက်ပြီး သွားဖြေလိုက်တယ် အမှတ် ကောင်းချင်ကောင်းမယ် စာမေးပွဲပြီးရင် ဘာစာမှ ခေါင်းထဲမှာ မရှိတော့ သလိုပါဘဲ။ အမြဲတိုင်း အားတိုင်း ဖတ်နေတဲ့ သူနဲ့ ခဏလေးနဲ့ ဖုတ်ပူမီးတိုက် ဖတ်တဲ့လူ ကွာသလို အစွမ်းသတ္တိတခု ရဖို့ တခဏ အတွင်း လုပ်ယူဖို့ ဆိုတာ မလွယ်ပါဘူး။ ကံအား ဉာဏ်အား ဝိရယအား ဆိုတဲ့ အားတွေ စုစည်းပြီးမှ ဖြစ်နိုင်မယ်လို့ ယုံကြည်တယ်။

  • လင်းငယ်

    February 8, 2011 at 6:45 pm

    ယုံကြည်မူဆိုတာက အတိုင်းအတာတစ်ခုထိ အရိုးစွဲနေကြတာပါ။ ကျွန်တော်ကတော့ ဗေဒင်မေးတာ၊ ယတြာချေတာတွေကို ဝါသနာမပါ ပါဘူး။ လက်မခံဘူးလို့လဲ မဟုတ်ပါဘူး။ ရှိနေတာကို လက်ခံထားတာပဲ ရှိတာပါ။

  • fatty

    February 9, 2011 at 4:10 am

    တွေ့သမျှထဲမှာတော့ ယတြာ ဖိုးတောင်းတဲ့ ဆရာတွေအကြောင်းဘဲများနေပါတယ်။ တခါတလေ အပြင်းပြေမေးမဲ့
    သူတွေအတွက် ကြုံရာဝင်မေးလိုက်ရင် ဖြစ်တတ်ပါတယ်။ တကယ်တန်းအကြောင်းပေါ်လာလို့ အသေအချာ
    အဖြေရှာချင်တယ်ဆိုရင်ဖြင့် ကိုးထပ်ကြီးဘုရားထဲက .. ဆရာဦးအောင်သန်း ဆီမှာသွားမေးဖို့ အကြံပေးပါတယ်။
    ကော်မရှင်ရလို့မှုတ်ဘူးနော် ကျနော်နဲ့မရင်းနှီးပါဘူး ..။ ၃၀၀ဝ ကျပ်ပါ။ တတ်တာချင်းအတူတူယူဆ ကောက်ချက်ချပုံတွေက အတွေ့အကြုံ ဝါ အပေါ်မှာ အများကြီးမူတည်ပါတယ်။

    • char too lan

      February 9, 2011 at 9:51 am

      ဦးဖက်!! တိုးတိုးလေးပြောမယ် တိတ်တိတ်လေးနားထောင် (ကော်မရှင်ရလို့မှုတ်ဘူးနော် ) -(မဟုတ်ဘူးနော်) မြန်မာ့မီးရထားမတွေ ့ခင်မြန်မြန်ပြောင်း 😀

  • ဆူး

    February 9, 2011 at 11:35 am

    ဝါသနာ မပါလို့ စွပ်ငြင်းတယ် ဖြစ်အုန်းမယ်။
    အခက်အခဲ မရှိတဲ့ ဘဝ မှာ နေရလို့ ခပ်ပေါ့ပေါ့ ပြောတယ် ထင်ကြမယ်။
    ရှေးဖြစ် ဟောတာဘဲ သိချင်တာပေါ့။ ဘာဖြစ်မလဲ ကြိုရှောင်ချင်လို့.. အခက်အခဲ ဆိုတာ လူတိုင်းမှာ ရှိတယ်။ ရူးမတတ် စိတ်ပျက်ပြီး စိတ်ညစ်ရတဲ့ အခါတွေလည်း ကြုံဘူးတယ်။ ဒါပေမဲ့ ဘဝ ဆိုတာ ဒီလိုဘဲ ရုန်းကန်ရတယ် ဆိုတဲ့ အတွေးနဲ့ ငါသည် ဗုဒ္ဓဘာသာဝင် စစ် ဖြစ်တဲ့ အတွက် ကံ ကံ၏ အကျိုးကို လက်ခံ ယုံကြည်ရမည်။ ဘယ်သူမပြု မိမိမှု ကိုယ် လုပ်ခဲ့တဲ့ အကျိုးပေး ကိုယ်ခံရတာဘဲလို့ ဖြေသိမ့်ပြီး ရန်ငြိုး ရန်စ မထားဘဲ နေနိုင်အောင် ကြိုးစားတယ်။ ဒါပေမဲ့ စိတ်ဆိုတဲ့ အရာ ခက်ပါတယ်။ ဘယ်လောက်ဘဲ ခွင့်လွတ်စိတ်နဲ့ ဖြေသိမ့်တွေးတွေး တခါတရံ အနာဟောင်းက နာသလို စိတ်ထဲမှာ အခံရခက်တယ်။ ထားပါတော့ မပြီးဆုံးသေးတဲ့ အတိတ်ရဲ့ ရောင်ပြန်ဟပ်မှုတွေ တင်းကျပ်စွာ ခံစားရတယ်။ အခုထိတော့ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်။ ခေါင်းမာတယ် ပြောပြော ကိုယ့်ရဲ့ သီလ သမာဓိ ကိုယုံတယ်။ သူများ ဒုက္ခရောက်အောင် မလုပ်ဘူး။ ကိုယ့်ရဲ့ သီလ သမာဓိ စွမ်းအားကြောင့် ကိုယ့်ကိုလည်း ဒုက္ခ ရောက်အောင် မလုပ်နိုင်ဘူး ယုံကြည်တယ်။

  • MaMa

    February 9, 2011 at 1:48 pm

    ကိုယ်က net ကို သိပ်ကျွမ်းကျင်တာ မဟုတ်တော့။ ကိုယ်သိသလောက်ကတော့ လူတိုင်းသိကြမှာပဲဆိုပြီး Link ကို ရေးသင့်မရေးသင့် စဉ်းစားနေတာ အခုလို စည်းကမ်းထဲမှာ ထည့်မယ်ဆိုတာ သိရတော့ ဝမ်းသာပါတယ် ဆြာခိုင်။

  • Yin Nyine Nway

    February 9, 2011 at 5:47 pm

    အင်း…လေတော့မကန်တော့ဘူး
    ယတြာတော့ယုံတယ်လဲမဟုတ် မယုံဘူးလဲမဟုတ်ဘူးဆိုပေမဲ့
    ယဉ်ငြ်မ်းနွေး ထင်တာပြောရရင်
    ဥပါဒ်ဒန်ကြောင့် ဥပါဒ်ရောက်တတ်တာ ပေါ့
    ဒီတခုလေးပါပဲ
    တခါတလေတော့ ယုံလို့ရပေမဲ့ အရမ်းတော့ မယုံရဘူးလေ
    သိသလောက်ပြောပြရရင်
    (လေမကန်ဘူးဆိုနဲ့ ကန်ရတော့မယ်)
    ဘုရားလက်ထက်တုန်းက ကိုရင်တပါးကို ပုဏားတပါးက ဗေဒင်တွက်ပေးတယ်
    လောင်းကသားလုပ်တယ်ဆိုလဲမမှာဘူးပေါ့
    ကိုရင်ကို ပုဏားက မင်းမွေးနေ့မှာ မိုးကြိုးပစ်ပြီး သေလိမ့်မယ်လို့ပြောတယ်
    ကိုရင် ကမယုံဘူး
    ဒါနဲ့ပဲ
    ကိုရင်နဲ့ လောင်းကစားလုပ်တယ် ကိုရင် သေရင ်သူ့ကို ကိုးကွယ်ရမယ်(ကျန်တဲ့ ကိုရင်တွေက)
    ကိုရင ်မသေခဲ့ရင ်သူပြုစုထားတဲ့ ကျမ်း 3 ကျမ်းလုံး မီးရှို့မယ်ပေါ့
    ဒါနဲ့ ပဲ လောင်းလိုက်ကြတယ်
    ကိုရင်ကတော့ကြောက်ကြောက်ဲ့ ဘုရားရှင်ကို သွားလျှောက်တယ်
    ဘုရားရှင်က မြစ်စပ်မှာ ကိုရင့် ဇာတာခေါင်းပေါ်တင်ပြီး ထိုင်ခိုင်းတယ်
    သူ့မွေးနေ့ လဲရောက်ရော ကိုရင်က မြစ်စပ်မှာ ဘုရားပြောတဲ့ အတိုင်းသွားထိုင်တာ
    မိုးကြိုးတော့ ပစ်တယ်
    ဒါပေမဲ့ ကိုရင်ကိုမထိဘဲ
    ဇာတာ မီးလောင်သွားတယ်
    ဒါနဲ့ ကိုရင်လဲ ဝမ်းသာအားရ ကျောင်းကိုပြန်ပြီးပြောတော့ ပုဏားလဲ စိတ်ညစ်ညစ်နဲ့ သူပြုစုထားတာတွေ မီးထိုင်ရှို့တယ်
    ဘုရားက မင်း ပြုစုတာလဲမှန်ပါတယ်
    မင်းဟောတာလဲ မှန်ပါတယ်
    ဒါပေမဲ့ ဒါကို ရှောင်ဖို့ ယတြာ ဆိုတာရှိတယ်လိုေ့ပြောတာနဲ့
    မီးလောင်တာကို ပြန်ဆွဲယူတာ 1 ပုံပဲ ကျန်တယ်လို့………တော့ ဖတ်ခဲ့ဖူးတယ်
    ဒါကြောင့် ယတြာက ယုံလို့လဲ ရတယ်

  • kopauk mandalay

    February 14, 2011 at 4:18 pm

    ပြောရမယ်ဆိုရင်တော့
    ဗေဒင်မေးတယ် ယတြာချေတယ် ဆိုတာ ပူပန်နေတဲ့စိတ်အဆိုးကြီးကို လျော့ပါးသွားအောင်အေးသွားအောင်
    ယာယီလုပ်ပေးလိုက်တာပါဘဲ။
    ဒီလိုလုပ်လို့ အမှန်တကယ်ကောင်းမကောင်းဆိုတာကတော့ သေချာမပြောနိုင်ပေမယ့်ကာယကံရှင်အဖို့မှာတော့
    အားတိုးသွားသလိုပါဘဲ။
    ဒါကလူတွေထဲမှာေ နတဲ့သာမန်လူတစ်ယောက်အနေနဲ့ပြောတာပါ။
    (ဘာသာရေးအမြင်နဲ့ကြည့်ရင်တော့ အဖြေတစ်မျုးိထွက်လာနိုင်ပါတယ်)
    ဘာဘဲဖြစ်ဖြစ် လိုအပ်တယ်လို့ယူဆပါတယ်။
    ဆရာတု ဆရာယောင် ဆရာဖန် ဆရာဝိုက်တို့ကိုတော့ ကိုယ်ဘာသာကိုယ့် ကြည့်ရှောင်ပေါ့ဗျာ။

Leave a Reply