အပျော်ကစားနေကြတာလား ” နဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲ

etoneFebruary 8, 20111min13114

အပျော်ကစားနေကြတာလား ” နဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲ https://myanmargazette.net/39877/creative-writing/my-dear-diary ပြီးခဲ့တဲ့ တပတ်က ကျမရေးတဲ့ ပို့စ်လေးနဲ့ ပတ်သတ်ပြီး အထင်လွဲမှူ တစ်စုံတစ်ရာဖြစ်လာတဲ့အတွက်လည်း ရှင်းပေးတုန်းရှိသေးတယ်..ကမ်းတက်ပြီး ကျမကွိုင်ပတ်ပါတယ် …။ တစ်ကယ်ဆို ကျမပစ်လိုက်တဲ့မြှားက ထိစေချင်တဲ့လူ မထိပဲ (ထိလားမထိလားမသိ သူ့ဘက်က တုံ့ပြန်ချက်မလာ ။ ) ၊ တခြား သ ွားမှန်တဲ့ ကိစ္စပါပဲ … ။ ရယ်တော့ရယ်ရပါတယ်… ။ တိုက်ဆိုင်မှူတွေ များနေလို့လား … တည့်တည့်ထိတယ်ပဲ ထင်လို့လား မပြောတတ်ပါဘူး… ကာယကံရှင်ပဲ သိပါလိမ့်မယ် ။ ကျမချစ်သူဆီက ဖုန်းခေါ်တော့ ရုတ်တရက်အံ့ဩသွားတယ် … မနက်ပိုင်း သူကျမဖုန်းကို ခေါ်လေ့ခေါ်ထမရှိပါဘူး … သူကိုယ်တိုင်ပဲ စက်ရုံ အထိအမြဲပို့ပေးနေကြ။ ရုံးဖုန်းကို ပဲ ခေါ်တာများပါတယ်…အခုမှ ကျမဖုန်းကို ခေါ်တော့ အံ့တော့ဩသွားပါတယ်…။ ကျမချစ်သူကပြောတယ် … သူ့ဆီကို အမျိုးသမီးတစ်ယေက်ဖုန်းဆက်တယ် တဲ့… ။ ကျမရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ယုံတမ်းစကားပြောပါတယ်တဲ့.. သူကလည်း အပျင်းပြေနားထောင်နေလိုက်ပါတယ်တဲ့… ပြီးတော့ တစ်ဖက်က မိန်းကလေးက ကျမချစ်သူ ပြန်ပြောနေတုန်း ဖုန်းချသွားပါတယ်တဲ့… ။ အဲ့ဒီလိုပြောသံကြားတော့ ကျမခွက်ထိုးခွက်လန် ရယ်မိလိုက်ပါတယ် …။ ရုပ်ရှင်များ ရိုက်နေတာလားပေါ့ … အားလုံးသိပြီးတဲ့ အတိုင်းပါပဲ …ဓါးသွားထက် ကလောင်သွားထက်ပို ထက်တယ်ဆိုတာ ယုံရမလိုတောင်ဖြစ်နေပါပြီ ။ ထိုမိန်းကလေးက ကျမချစ်သူထံဖုန်းဆက်ပြီး … ကျမအကြောင်းတွေ တစ်သီးကြီး ဖွသွားပါတယ်… ။ ကျမအရင်က ဘဲတစ်ယောက်ရှိခဲ့ဖူးတယ်…. သူနဲ့ ဘာညာဘာညာဖြစ်တယ်ပေါ့… ပြီးတော့ သမီးလေးတစ်ယောက်ရလိုက်ပါသေးတယ်တဲ့… ဟိဟိ… ကျမချစ်သူကလည်း နားထောင်နေပါတယ်… ပြီးတော ့ ကျမက အရမ်းဆိုးတယ်ပေါ့ … ။ အဲ ပြောရရင် ရစရာကို မရှိပါဘူး…။ နားလည်မှူ အပြည့်ရှိပြီး ကျမတို့ ကြားက သံယောဇဉ်တွေကြောင့် ကျမချစ်သူက တစ်ချက်ကလေးမှ ထို မိန်းကလေး ပြောကြားချက်အပေါ် သံသယမရှိခဲ့ဘူးလေ…။ နားပဲထောင်နေလိုက်ခဲ့ပါတယ်…( ရီကောရင်းလည်း လုပ်ထားပေးသေးသတဲ့ ညနေမှ ကျမကို နားထောင်စေမှာပေါ့ … ) နောက်တစ်ခုက ကျမက အခု အထည်ချုပ်စက်ရုံ တစ်ခုမှာ Europe အော်ဒါအတွက် အစဆံး တာဝန်ယူလုပ်ပေးရတဲ့ TTMY ပေါ့..။ ကျမတာဝန်ယူရတဲ့ ဂျာမဏီအော်ဒါက  ဂျာမန်သား အဖိုးကြီးတစ်ယောက်နဲ့ အရမ်းခင်ပါတယ် ..။ သူကလည်း သူ့အောဒါတွေဒီမှာချုပ်တော့ ခဏခဏဆိုသလို လာစစ်ဆေးပါတယ် ၊ ထုတ်လုပ်မှုအပိုင်းလည်း လာကြည့်ပါတယ်… ။ လာတိုင်းလည်း လက်ဆောင်တွေ ပေးတတ်ပါတယ်…။ တစ်ခါတစ်ရံ သူ့ ဇနီးလည်း ပါလာတတ်ပါတယ်…။ သူတို့တွေကို ကြည့်ပြီး အရမ်းကြည်နူးဖို့ကောင်းပါတယ် အရာရာကို အေးဆေးပဲ နေတတ်လို့ပါ… ကျမချစ်သူနဲ့ အတူ သူတို့ စုံတွဲ လာလည်တိုင်း အပြင်မှာ ဒင်နာထွက်စားတတ်ပါတယ်… ။ ထွေရာလေးပါးပြောကြတာပေါ့… ကျမချစ်သူအတွက်လည်း လုပ်ငန်းမှာ လိုအပ်တဲ့ ပစ္စည်းတစ်ချို့ကို လက်ဆောင်ပေးတတ်ပါသေးတယ် ။ အခု ဖုန်းဆက်တဲ့ မိန်းကလေးကလေ … မဦးမချွတ် ကျမကို အဲ့ဒီ ဂျာမန်ဘိုးတော်ကြီးနဲ့ စွပ်စွဲပါပကော… ။  အဲ့ဒီလူကြီးနဲ့ အတူ သူနေတဲ့ ဟိုတယ်မှာ သွားအိပ်တယ်တဲ့လေ… ရယ်စရာကောင်းလိုက်တာရှင် ကျမကြားကြားချင်း အော်ရယ်လိုက်မိတယ်… ။စိတ်ဓါတ်နိမ့်ကျပုံများ မပြောတတ်တော့ပါဘူး ။  မကြံမစည် အပ်တာတွေပြောတယ် ။ တစ်ချိန်လုံး ကျမက ဒီလို အလုပ်တွေ သဘောမကျလို့ စိတ်ရှိတဲ့ အတိုင်း ပို့စ်တွေ တင်နေတာတောင် ကျမကို ဒီလိုပါတဲ့လား … ။ ကျမချစ်သူသာ သဘောထားသေးသိမ်တဲ့ လူမျိုး ၊ စဉ်းစားဉာဏ်မရင့်သန်တဲ့လူမျိုးသာဆို … ထို မိန်းကလေး ကြပ်တဲ့ အထဲ အိုးစားကွဲပြီပေါ့နော်… ။ အခုဟာက ရယ်စရာဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသလိုပါပဲ ..။ ကျမစဉ်းစားကြည့်တော့ …. ကျမချစ်သူဖုန်းနံပါတ်ကို သိတာ ရုံးက GM ကိုရီးယားလူမျိုးကလွဲရင် တစ်ယောက်ပဲ ဖြစ်နိုင်ပါတယ် …. ။ ဒါဟာဘာကို ရည်ရွယ်တာလဲဆိုတာ စာဖတ်သူသိမှာပါ .. ။ ကိုယ်မဟုတ်တဲ့ ကိစ္စတစ်ခုကို အတင်းကာရော ငြင်းစရာမလိုဘူး ၊ ရှင်းစရာမလိုပါဘူး… အခု ဒီသတင်းနဲ့ ပတ်သတ်လို့ အတင်းကာရော အသည်းသန်ဖြစ်ပြီး ၊ ကျမကို အကွက်တွေ ဆင် ၊ ချစ်သူနဲ့ ရန်တိုက် ဒါတွေက ကလေးကလား အလုပ်တွေပါ … ။ ထိရောက်မှူ မရှိပါဘူး ။ ဒီအလုပ်တွေလုပ်လို့လည်း ကျမတို့ကြားမှာ ဘာတစ်ခုမှ ဖြစ်လာမှ မဟုတ်တဲ့အပြင် တစ်ယောက်အပေါ် တစ်ယောက် ပို ပြီးနားလည်မှူ တွေ ရှိလာပါတယ် … လောကမှာ ဖြစ်ပျက်တာတွေက တစ်ယောက်ထဲ ဖြစ်ပျက်နေတယ် မထင်လိုက်ပါနဲ့ … အကျိုးတူ ၊ အကြောင်းတူတွေ အများကြီးရှိပါသေးတယ်… ။ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်လို့ ပေါက်ကွဲတော့ ဘာဖြစ်မယ်ထင်လဲ …ကိုယ်ကိုယ်တိုင်လည်း အနည်းကျဉ်းထိခိုက်ခံစားရစေမှာပါ …။ ကျမကိုလည်း ကြိုက်တာပြောနိုင်တယ်လေ …. ကိုယ့်နာမည်တပ်ပြီးပြောတာ မဟုတ် ၊ အသားထိပြီးပြောတာမဟုတ်ရင် အေးဆေးပါ … ။ ပြောတဲ့လူသာမောသွားမယ် … ကျမကတော့ မဖြုံဘူး ။  ထိပ်တိုက်လာပြောရင်တော့ ဖဲ့မှာပေါ့ … ။ အဟီး … 😀 ဇာတ်လမ်းက မသန်းမဟုတ်သေးဘူး … ကျမချစ်သူကလည်း ကျမဆီ ဖုန်းမခေါ်ခင်ကတည်းက အားလုံး စုံစမ်းပြီးပါပြီ… ။ ထိုမိန်းကလေး ခေါ်သော ဖုန်းနံပါတ် သို ့ ပြန်ခေါ်ပါတယ်..။ ဖုန်းဆိုင်တစ်ခုမှ ဆက်သည်ဖြစ်ပြီး…။ထို ဖုန်း ဆိုင်သည် ဘုရင့်နောင် ပွဲရုံ ၊ အောင် သပြေလမ်းတွင်  တည်ရှိသည် ။ ဖုန်းခေါ်ဆိုသော မိန်းကလေးမှာ အသားညိုညို ၊ ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး ၊ အင်္ကျီ အနီရောင် ၊ ဘောင်းဘီ ဂျင်းပြာတို့ကိုလည်း ဝတ်ဆင်ထားကြောင်း သိရသည် ။ ထိုမှ တဆင့် မိန်းကလေးဧ။် နာမည်ကိုလည်း သိရပြန်သည် …။ ထိုမိန်းကလေးသည် ဘုရင့်နောင် နန်းသဇင် ကုန်စုံဆိုင်တွင် အလုပ်လုပ်သူဟုလည်း သိရသည် ။ ထိုမိန်းကလေး ဖုန်းဆက်သော အချိန်တွင် ကျမချစ်သူ အလုပ်သို့သွားရန် ဘုရားဝတ်ပြီုး ပုတီး စိပ်နေချိန်ဖြစ်ပါတယ်…။ ဖုန်းမကိုင်မချင်း ၊ မြည်နေသဖြင့် ထကိုင်လိုက်ရခြင်းဖြစ်သော်လည်း အပေါစား အရေးမကြီးသော ဖုန်းခေါ်ဆိုမှူ ဖြစ်မှန်း သိခဲ့ရပါတယ် ။ ဖြစ်ကြောင်းကုန်စင်ကို လိပ်ပတ်လည်အောင် ရှင်းပြပြီးတာနဲ့… မကြာပါဘူး ရှင် ……. မချောက( မနေနိုင်မထိုင်နိုင် ခုနက မိန်းကလေးကို ဖုန်းဆက်ခိုင်းသူ)ကျမချစ်သူဆီ ဖုန်းဆက်ပါတယ်… ။ မနက်က သူ့သူငယ်ချင်းကို ဖုန်းဆက်ခိုင်းလိုက်တာဖြစ်ကြောင်း ၊ ကျမရေးထားသည်များမှာ သူ့အကြောင်းများဖြစ်ကြောင်း ရိုက်မစစ်ရပဲ ဝန်ခံသွားပါတယ်… ။ ကျမ ချစ်သူလည်း  လူချင်းသိနေတော့ လူမှူရေး အရ နားသာထောင်လိုက်ပါတယ်တဲ့ …. ။ ကဲ ကြည့်ပါဦး …လောကမှာ ဒီလိုအကြောင်းအရာတွေ သူတစ်ယောက်ပဲဖြစ်တတ်တာလား … ။ တခြား လူရော မရှိနိုင်တော့ဘူးလား … ကိုယ့်နာမည် တလုံးမှ မပါတဲ့ ပိုစ်ကြီးကို ကိုယ်ကိုယ်တိုင်က ငါ့အကြောင်းပါလားလို့ ဝန်ခံတာ စိတ်ဝင်စားစရာပါပဲ … တကယ်ဆို အကြောင်းရာတွေ တိုက်ဆိုင်နေလျှင်တောင်မှ ရေငုံ နှုတ်ပိတ်နေခဲ့သင့်တာလေ(ကျမဘက်က အမြင်) … ။  ကျမတို့တွေ စာရေးတာက ပုံစံအမျိုးမျိုး ရှိပါတယ် ….. စိတ်ကူးယာဉ်ဇာတ်လမ်းတွေလည်း ဖန်တီး တတ်ကြသလို ၊ အဖြစ်အမှန်ပေါ် မှီငြမ်း ကွန့်ပြီးရေးတာ တွေလည်း ရှိပါတယ်… ။ အပျို ၊ အအို ၊ ကလေး ၊ ပိစိကွေး (ညီမငေး ပေးဆေးကွိ မဟုတ်ပါ ) ၊ ဗုစုခရုက စလို့ ချစ်၊ကွဲ၊ညား၊ မုန်း ဇာတ်လမ်းအစုံကို စိတ်ကြိုက်ဖန်တီးခွင့်ရှိပါတယ်… အဲ့ဒီအပေါ်မှာ ငါက တခုလပ်မို့လို့ တစ်ခုလပ် လို့ပြောတိုင်း ငါ့ရေးပါတယ် ဆိုရင်တော့… တစ်ခုလပ်ဇာတ်လမ်းရေးသူတိုင်းကို ရန်တွေ့ရမလို ဖြစ်နေပါပြီ… ။ ကျမကတော့ အစ တစ်ခု ရလျှင် ရေးချင်စိတ်ပေါက်တိုင်း ထရေးတတ်ပါတယ် ။ အခုလည်း ရေးပါတယ် … နောက်လည်းရေးမှာပါပဲ … ။ တိုက်ဆိုက်မှူ ရှိလျှင်တော့ ဆောရီးပဲလေ 😛

14 comments

  • photwenty

    February 8, 2011 at 6:26 am

    ဟုတ်ကဲ.ခင်ဗျ မအိတုန်ကတော.ကြေညာသွားပါပြီ
    သူ.မှာချစ်သူရှိပါတယ်တဲ. တစ်ယောက်ထဲတောင်မဟုတ်ဘူးတဲ.ခင်ဗျ
    ဘယ်သူတွေများသူ.နောက်မှာတန်းစီကြအုံးမလဲသိချင်ပါတယ်ခင်ဗျ..

    • etone

      February 14, 2011 at 5:08 am

      အခုလက်ရှိတစ်ယောက်ထဲပါဟ … သူများလို ပြိုင်တူတွဲပြီး အီကြာကွေးမလုပ်တတ်ဘူး ….။
      ပြတ်ပြတ်ပဲ … အဟီး 😀

  • နွယ်ပင်

    February 8, 2011 at 6:42 am

    etone ရေ လောကမှာ ဒီလိုလူမျိူးတွေလဲ အများကြီးရှိတက်ပါတယ် ။ သူတို့ကိုယ်နှိုက်က ကိုယ့်စိတ်ကိုယ် မလုံကြတော တစ်ခါတစ်လေမှာ ဒီလိုမျိုးလေးတွေလဲ ဖြစ်သွားတက်တာပေါ့ ။ ကိုယ်တွေက သဘောထားကြီးတက်တဲ့ သူတွေပဲဟာ ဒီလိုတစ်ခါတစ်လေ မှားကြတဲ့ အမိုက်အမဲလေးတွေကို ခွင့်လွှတ်လိုက်ပါ … 😛

  • bigcat

    February 8, 2011 at 6:52 am

    ကြောင်ကြီးမှာလည်း ခြစ်သူရှိတယ်။

    • etone

      February 14, 2011 at 5:19 am

      ဘာနဲ့ ခြစ်တာလဲ ဓါးနဲ့လား ဘောပင်နဲ့လား 😀

  • moethidasoe

    February 8, 2011 at 7:19 am

    ကိုကြောင်ကြီးက ဘယ်သူ့ကို ကုတ်တာလဲ ဟင် .. ကိုကြောင်ကြီးကိုရော ပြန် ကုတ်သလား ..
    အနာရော ဖြစ်သွားသေးလား .. ဥုံဖွ

  • nyimalay

    February 8, 2011 at 8:34 am

    အယ်….. ဘယ်လိုဂျီးလည်းတိဝူးနော်….. အားလုံးကို ရှုပ်နေတာပဲ ( သီချင်းဆိုတာပါ …. ) 🙂
    အီးတုံးမှာလည်း ချစ်တူချိဒယ် ဟုတ်ရား…. နာ့မှာရဲချိပါဒယ် ဟယ်…… နင်ကလည်းကြွားလိုက်တာ ဟွန်း 😛
    ဦးကြောင်ဂျီး ချစ်တူက ဒူရဲဟင်…… ချိလည်းမချိဘဲတူများဒွေချိဒိုင်းလိုက်ချိနေတယ်ဟေ့…… 😀

  • photwenty

    February 8, 2011 at 9:18 am

    သွားပြီသွားပြီ
    post ကတစ်မျိူး ရေးနေတဲ.comment တွေကတစ်မျိုး
    ပျော်လိုက်တာ ဟီး

  • eros

    February 8, 2011 at 1:05 pm

    etone လိုမိန်းကလေးမပြောနဲ့ erosလိုယောက်ျားလေးတောင် မကျေနပ်ရင် မဟုတ်တမ်းတရားအပြောခံရတယ်။

  • shwe

    February 8, 2011 at 3:59 pm

    အဲဒီ တယောက်က etone blog ကိုဖတ်တယ်နဲ့ တူတယ် ။ ရှိတတ်ပါတယ် ။ သူအဲလို လုပ်တော ့အဲဒီ post ကိုပြန်ဖတ်ရတော့တာပေါ့ ။ ဘာရေးထားပါလိမ့် 🙂

  • ဆူး

    February 8, 2011 at 4:32 pm

    နောက်ဆက်တွဲက တယ်ဟုတ်ပါလား။ အီးတုံး ချစ်သူနဲက အပြန်အလှန် နားလည်မှု ရှိနေမယ် ဆိုရင် အသေးအမွား ကိစ္စတွေ စိတ်ထဲ မထားပါနဲ့.. စိတ်တို စိတ်ဆိုးရတာ ပင်ပန်းပါတယ်။ ပေါ့ပေါ့ ပါးပါး နေလိုက်ပါ။

  • လင်းငယ်

    February 8, 2011 at 4:50 pm

    ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ မိန်းကလေး ယောက်ျားလေးမှ မဟုတ်ပါဘူး။ ခုခေတ်ကလည်း မိန်းမ ယောက်ျား ခွဲနေရတဲ့ ခေတ်မဟုတ်တော့ဘူး။ စိတ်ဓာတ်နိမ့်ကျတတ်တဲ့ လူတွေက မိန်းမ ယောက်ျား မရွေး ဖြစ်တတ်ပါတယ်။ ကိုယ်မဖြစ်ရအောင် နေတတ်ဖို့ပဲ လိုတာပါ သူငယ်ချင်း

  • boxboy92

    February 10, 2011 at 12:37 pm

    အိုးမလုံ အုံပွင့်မို့လို့ လွှတ်ထားလိုက်ပါ၊ သည်းခံ သည်းခံ သည်းခံခြင်းသည် အောင်မြင်ခြင်း တစ်ပါးတဲ့ မအိရေ…….။ ကျွန်တော်ကတော့ ချစ်သူမရှိလို့ ဒါဘဲပြောတတ်တယ်။ ကြေငြာ မဟုတ် ….

  • အာဖျံ ကွီး

    February 14, 2011 at 10:17 am

    ကြံကြံဖန်ဖန်လုပ်ကြံပြောတတ်တဲ့သူများ .. တယ်လည်း ချီးကျူးစရာကောင်းပါပေတရ် …
    ဇာတ်လမ်းဇာတ်ကွက်ဖန်တီးတဲ့နေရာမှာတော့ ဆရာပဲ။
    မင်းအုပ်စိုးရဲ. သရပါမဂ္ဂဇင်းမှာ ပင်တိုင်စာရေးဆရာမတောင်လုပ်လို.ရတရ်။
    ဘယ်သူလဲမသိဘူး … စပ်စုချင်လိုက်တာ … အဟီးးး
    အီးတုံးရေ … Gtalk မှာပြောပြနော်။

Leave a Reply