နေတိုး အကယ်ဒမီရတဲ့အတွက် လူတွေကို အသက် ကယ်နိုင်ပြီ
ရန်ကုန်မှာ ကားတစီးက လူစည်ကားတဲ့ ဆိုင်ကြီးတခုကို ၀င်တိုက်ချိန်မှာ အကယ်ဒမီဆု ရထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ မင်းသား နေတိုးက ကယ်တင်တဲ့အတွက် လူတွေ အသက်ချမ်းသာရာ ရသွားတယ်လို့ ဇန်န၀ါရီ ၃၁ နေ့စွဲနဲ့ ထုတ်ဝေပြီး၊ မနေ့က ဖြန့်ချီတဲ့ နောက်ဆုံးထုတ် The Voice ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။
အကယ်ဒမီဆု လို့  ခေါ်ကြတဲ့ နတ်သမီးကြယ်ကိုင်ဆုဟာ “တန်ခိုးကြီးတယ်” “အရမ်းအစွမ်းထက်တယ်”လို့  အများသူငါက ယုံကြည်နေကြပါတယ်။
နေတိုးက ဘယ်လို ကယ်တင်လိုက်သလဲ ဆိုတာကိုတော့ အမျိုးမျိုးပြောနေကြပါတယ်။
“စူပါမင်းလို ကယ်သွားတယ်။ နေတိုးက ၀တ်ရုံ အကြီးကြီးနဲ့  မိုးပေါ်က ဆင်းလာတယ်” လို့  မျက်မမြင်တဦးက ပြောပြတယ်။
“စူပါမင်း မဟုတ်ဝူး၊ စပိုင်ဒါမင်းဘာခည” လို့  ကလေးတယောက်က ပြောတယ်။ “လူတွေကို တဖက် ၅ ယောက်စီ လက်နဲ့  ပွေ့ ပြီး တိုက်ခေါင်မိုးပေါ် တက်သွားတာ တားတား မြင်လိုက်တယ်။ ဒါကြောင့် လူတွေ နဲ့  ကားနဲ့  မတိုက်မိဘူးခင်ည”
နေတိုး ကယ်တယ် ဆိုတာကို နိုင်ငံရေးသမား တယောက်က သံသယ ရှိတယ်လို့ ဆိုပါတယ်။
“နေတိုး (NATO) ဆိုတာ အနောက်နိုင်ငံတွေ ပေါင်းထားတဲ့ စစ်တပ် တပ်ပေါင်းစု။ ပြီးတော့ စစ်ရေးစစ်ရာတွေမှာပဲ ဒီတပ်ပေါင်းစုက ၀င်ရှုပ်တတ်တယ်။ ဒီယာဉ်တိုက်မှုမှာ သေနတ်သံ ထွက်တယ်လို့  မကြားမိပါဘူး။ ဒါကြောင့် နေတိုး ကယ်တင်တယ် ဆိုတာ မယုံဘူး” လို့  သူက ပြောတယ်။
“နေတိုးက ၀င် တိုက်မယ့်တိုက် နေပြည်တော်ကို တိုက်မှာပေါ့ဗျာ” လို့  သူက အသေအချာ ထပ်ပြောပါတယ်။
“ဒီသတင်းကို မနေ့ က ရန်ကုန်မှာ ဖြန့် တဲ့ ဂျာနယ်တစောင်မှာ ရေးထားတယ်။ ပုံလည်း ပါတယ်။
ကားကြီး ဆိုင်ထဲ ၀င်နေတဲ့ပုံ။ ဒါကို ဂျာနယ်မှာ သတင်းရေးတယ်။ ဒါပေမယ့် သတင်းထောက်က မသေချာဘူး။ ဒါဟာ ယာဉ်တိုက်မှုမှ ဟုတ်ရဲ့ လားပေါ့လေ…။ မသေချာတဲ့အကြောင်းကို ၂ နေရာမှာ
တွေ့ ရတယ်” လို့ ဂျာနယ်ဖတ် ပရိသတ်တဦးက ပြောပြပါတယ်။ (ဂျာနယ်မှာ အရောင် ခြယ်ပေးထားပါတယ်။)
ယာဉ်တိုက်မှု ဖြစ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ယာဉ်မောင်းသူကိုယ်တိုင်သာ သိနိုင်မယ်လို့  ယူဆသူများလည်း ရှိပါတယ်။
“ယာဉ်တိုက်ခံရသူလည်း သိချင်မှ သိနိုင်မယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့  မည်သို့  ဖြစ်သွားသည် မသိ လို့ ပဲ ပြောကြလိမ့်မယ်။ ဒါကြောင့် ယာဉ်တိုက်မှု သတင်း ရေးသူတွေဟာ ကိုယ်တိုင် ယာဉ်မောင်းသင့်တယ်။ ဒါမှ တိုက်တဲ့အခါ သတင်းကို အတိအကျ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်မယ်” လို့  ၀ါရင့် သတင်းစာဆရာတဦးက သုံးသပ်သွားပါတယ်။
- Anonymous said…
- ပြည်သူများ အသက်ဘေးမှ လွတ်မြောက်ရခြင်းမှာ နိုင်ငံတော်၏ စေတနာကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စေတနာကြီးစွာဖြင့် လူမဖတ်သော သတင်းများကို သတင်းစာထဲတွင် ရေးသားသဖြင့်၊ ဂျာနယ်ရောင်းသူများက သတင်းစာရောက်သည်အထိ မစောင့်ဘဲ ထိုနေရာမှ ဆောလျင်စွာ ထွက်ခွာသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ နေတိုးသတင်းကို ဖော်ပြသည့် ဂျာနယ်များအား ရောင်းချရန် စောစီးစွာ ထွက်ခွာသွားသည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကားတိုက်မခံရဘဲ အသက်ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ ဤသည်မှာ နိုင်ငံတော်၏ စေတနာပင်ဖြစ်ကြောင်း၊ (တစ်အချက်။) လူမဖတ်သော သတင်းများကို ဖော်ပြသည့် သတင်းစာ ထုတ်ဝေသော နိုင်ငံတော်ကို ကျေးဇူးတင်ကြရမည်ဖြစ်ကြောင်း၊ (နှစ်အချက်) နေတိုးအား အကယ်ဒမီဆုပေးသည့် နိုင်ငံတော်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း၊ (ခြုံငုံသုံးသပ်လျှင်) နိုင်ငံတော်၏ စေတနာကြောင့် လူအများ အသက်ချမ်းသာရာ ရခြင်းဖြစ်ကြောင်း- ပြန်ကြားရေးဌာန ၀န်ကြီးပု ကျော်ဆန်းက ပြောကြားသွားသည်။
Share By Forward Mail………..
ဘာအဓိပ္ပာယ်လဲဗျ
သိပ်မရှင်းဘူး
Was this answer helpful?
LikeDislikeခဏလေး…. ခဏလေး ဓာတ်ပုံပါ တင်နေတာ ကွန်နက်ရှင်ကမကောင်းတော့ ခဏလေး သည်းခံပါနော်….
ဓာတ်ပုံပါပါလာရင် ရှင်းသွားပါလိမ့်မယ်နော်…
Was this answer helpful?
LikeDislikeအင်းကောင်းပါပီ
Was this answer helpful?
LikeDislikeအော်ရှင်းပါပီ..။
Was this answer helpful?
LikeDislikeရှင်းသွားရင်ပြန်ပြောအုံးနော်………..
Was this answer helpful?
LikeDislikeသိပါဘူး နေတိုးနာမည်ကြီးအောင် လုပ်ပြန်ပြီလားလို့။
Was this answer helpful?
LikeDislikeအစ်မရေ… ဆိုလိုရင်းလေး ပါသိရအောင် နည်းနည်းရေးပေးပါလား… ကျွန်တော်ကပဲ တော်တော်တုံးလို့လား မသိဘူး… နားမလည်ချင်ဘူး ဖြစ်နေတယ်…
Was this answer helpful?
LikeDislikeကျတော်လည်း မရှင်းဘူးဗျာ နေတိုးက လူတွေကိုကယ်တာတော့ ထားပါတော့ ဘယ်လိုလုပ် စူပါမင်းလို၊ စပိုင်ဒါမန်းလို ကယ်တာတုံး အဲဒီနားလေး သိပ်မရှင်းဘူးဗျာ
Was this answer helpful?
LikeDislikeသေချာပြန်ဖတ်ပါဆိုတော့လည်း ဘယ်သူကdislike ပေးတယ်မသိဘူး ……. ပိုစ့်ကို Edit ပြန်လုပ်ထားပါတယ် ………. သေသေချာချာလေးပြန်ဖတ်ပေးပါ နော်……… ဒါဆိုရှင်းသွားပါလိမ့်မယ်…..
Was this answer helpful?
LikeDislikeနေတိုးပြီးတော့ အိုဘားမားကော မပါဘူးလား။ ပိုပြီး စိတ်ဝင်းစားအောင်လို့လေ။
Was this answer helpful?
LikeDislikeဒီကလေးတွေသေချာမဖတ်ဘူးဆိုတာပေါ်လွင်နေပြီ…….

သေသေချာချာဖတ်ရှင်းသွားလိမ့်မယ်…….
Was this answer helpful?
LikeDislikeအဲ့နားမှာ မနက်ဆိုရင် သတင်းစာသမား၊ ဂျာနယ်သမားတွေအများကြီး ရှိတယ်။သတင်းစာတိုက်မှာ သတင်းစာ လာယူကြပြီး အဲ့နားမှာ ပြန်စီနေကြတာ။ မနက် ၆ နာရီကနေ ၇ နာရီ ကျော်လေက်ထိ သတင်းစာလာယူတဲ့သူတွေက အများကြီးပဲ ကားက ဘရိတ်ပေါက် ပြီး Excel Tower ဘက်က ဆင်းလာတာတဲ့။ လူတွေသေတယ် ဒဏ်ရာလဲရကြတယ်။ ဆိုင်ကတော့ ချက်ချင်း ကို ပြန်ပြင်လိုက်တာ အခုပုံမှန်ပြန်ဖြစ်နေပါပြီ။
Was this answer helpful?
LikeDislikeဒီပို့စ်ရဲ့ မူရင်း Site ကို Credit ပေးရန် မေ့ကျန်နေတယ်လို့ ထင်ပါတယ်။
ကူးယူလာတဲ့ ပို့စ်တွေကို Credit ပေးရန် တတ်နိုင်သမျှ မမေ့ကြတာ ကောင်းပါတယ် ခင်ဗျာ။
Was this answer helpful?
LikeDislikeို Credit ပေဟထားတယ် လေ Share By Forward Mail……….. တဲ့
Was this answer helpful?
LikeDislikeမူလ ပို့စ်မှာ Credit မပါ လို့ မှတ်ချက်ပေးထားခြင်းဖြစ်ပါတယ်။
မူရင်းပို့စ် က http://www.burmastrangenews.com ကဖြစ်ပါတယ်။
မူရင်းပို့စ်ရဲ့ လင့်ခ် က ဒီမှာပါ http://www.burmastrangenews.com/2011/01/blog-post_30.html.
ဖော်ဝဒ်မေးမှ အလွယ် ကူးတင်ခြင်းထက် တိကျသော source ရှိစေလိုရင်းဖြစ်ပါကြောင်း။
Was this answer helpful?
LikeDislikeအဒီ မူ ရင်း post မှာ photo တွေ ကို Credit မပေး ထားဘူး နော်
သူတို့ ကိုယ်ပိုင်နဲ့တူတယ် နော်
ဝါး)))))))))))))) ~~~ ကြော်ငြာ မကြည့် ချင်လို့TV ပိတ်ပြီး အွန်လိုင်းတက်လာတာ ဇွတ်
Was this answer helpful?
LikeDislike၀ါးလုံးတော့ မကွဲဘူး ရီတော့ တော်တော် ရီလိုက်တယ်
ဟားဟားဟား….
Was this answer helpful?
LikeDislike@ကြယ်လေး
မူရင်းဆိုက်တွင် တင်ထားသည့် ဓါတ်ပုံအတွက် မူရင်းဆိုက်တွင် တာဝန်ရှိပါလိမ့်မည်။
တာဝန်ယူလိုခြင်း မယူလိုခြင်းသည် ကိုယ်ပိုင် အသိစိတ်အတိုင်း သာ။
စည်းကမ်းချက်ပါ အကြောင်းအရာများကို သေချာ ဖတ်ရှုပြီး တင်သော ပို့စ်များ ၊ ကွန်မန့်များသာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
Was this answer helpful?
LikeDislike