တခါတော့ အသိတယောက်ခေါ်တာနဲ့ အဘ ဘိုးမင်းခေါင် ဓါတ်စီးမည့်နေရာသို့ရောက်သွားပါတယ်။
အခန်းတွင်းမှာတော့ ဘုရားခန်းကြီးကြီးတခုရှေ့မှာ လှုဘွယ်ဝတ္ထုတွေစုံလင်လှတာတွေ့ရပါတယ်။
ထွက်ရပ်ပေါက် ရဟန်းတော်ကြီးများပုံ လူပုဂ္ဂိုလ်ပုံတို့ကိုလဲ စုံလင်စွာတွေ့ရပါတယ်။
ခဏကြာတော့ ဘိုးမင်းခေါင် ဓါတ်စီးသူဟာ အဘဝင်လာပြီဆိုပြီး အခန်းဒေါင့်မှာ ကျကျနန ခင်းထားတဲ့ထိုင်ခုံပေါ် တက်သွားပါတယ်။

ပြီးတော့လေသံ အမူအယာတွေပြောင်းသွားပါတယ် ..။ မျက်မျန်အမဲကြီးတတ်လိုက်ပါတယ်။
ပြီတော့ပရီတ်သပ် အားလုံးကို ဘုရားကတော့ခိုင်းပါတယ်။
ပြိးတော့ ဓါတ် ပိုင်းဆိုင်ရာတွေ ပညတ်ပိုင်းဆိုင်ရာ အလုပ်တွေလုပ်ပါတယ်။ အလုပ်လုပ်ပုံတွေတော့ အသးစိတ် မဖေါ်ပြလိုပါ။

ပရိတ်သပ်တွေထဲမှာ ကျနော်တွေ့တာတော့ ဒုဝန်ကြီးတယောက် အထူးကု ဆရာဝန်ကြီးနှစ်ယောက် တယောက်က အခု အာရှတော်ဝင်မှာထိုင်ပါတယ်။
နောက်အထူးကု ဆရာဝန်ကြိးတယောက်က မန္တလေးက လေယာဉ်နဲ့ လာရပါတယ်တဲ့။ နာမည်တွေပြောလို့တော့ မကောင်းဘူးပေါ့နော။
နောက်ပြီး စာနယ်ဇင်းက တယောက် ယနေ့နာမည်ရ ဂျာနယ်ပိုင်ရှင် အမျိုးသားစာပေဆုရ တယောက်ပါ။ နောက် ဂျပန်သံရုံးက တယောက် ..။

အဲဒိလာတဲ့သူတွေအားလုံးကို အမည်ရင်းတွေဖြောက်ပြီး ဓါတ်စီးသူက အမည်သစ်ပေးပါတယ်။ လာတဲ့လူတိုင်းကိုတော့မပေးပါ။
တချို့လဲ တနှစ်လောက်ရှိပြီလာနေတာ နာမည်ကိုမရသေးဘူးတဲ့။ ကျနော် ကနောက်လူဆိုတော့နောက်နားမှာဘဲနေရာရပါတယ်။
လူတွေက တော့ကျပ်ညပ်နေပါတယ်။ မကြပါဘူးဓါတ်စီးသူက ကျနော့ကို လက်ညှိုးထိုးပြီး ဟေ့ကောင် ရှေ့လာခဲ့စမ်းတဲ့ ..။

ပြီးတော့ဓါတ်သဘောကိစ္စ လုပ်ပေးတယ်ပေါ့။ ကျနော့်ကို အမည်သစ်ပေးပါတယ် … ရာပြည့် .. လို့ခေါ်စေပါတယ်။
ကျနော့နာမည်ရာပြည့်ဖြစ်ပြီပေါ့။ ကျနော် ၁ဝ ခေါက်လောက်ရောက်ပါတယ်။
ကျနော့အမြင်ဓါတ်စိးမှုဟာ ရာခိုင်နှုန်းအချို့တော့ တိုက်ဆိုင်တာရျိနေပါတယ်။ ၁၀ဝ ရာခိုင်နှုန်းတော့ မဟုတ်ပါ။

ဓါတ်စီးတဲ့သူကို အဖြေရှာကြည့်ပုံကတော့ အဓိဌာန်ကြည့်ခြင်းဘဲဖြစ်ပါတယ်။ ဓါတ်စီးသူဟာ ကျနော် သွားသလောက် အခေါက်တွေမှာ
ထိုင်ရာကမထပါဘူး။ ၁ဝခေါက်ကျော်လောက်တနေ့မှာ ကျနာ်လဲ မခွဲခြားနိုင်တာနဲ့ အဓိဌာန်ကြည့်ပါတယ်။ တကယ်ဓါတ်စီးတာမှန်ရင်
ထိုင်ရာကနေ ထပြပါလို့ ။ တိုက်ဆိုင်တယ်လို့ဘဲပြောရမလား .. အဲဒီနေ့က အဘဓါတ်စီးသူဟာ ဝုန်းကနဲထပြီး ထိုင်နေရာကနေ ပရိတ်သပ်ထဲဖြတ်ပြီး
နောက်ထိ လမ်းလျှောက်သွားပါတယ်။ ကျနော်လဲ အံ့အားတော့သင့်သွားတာပေါ့နော။

နောက်တခုကတော့ အညာဘက်ကို ခရီးထွက်တုန်းက အညာမှာ မနောနဲ့ဟောတဲ့သူတယောက်ဆီရောက်ပါတယ်။ သူက ကျနော့နာမည်မေးတယ်
ကျနော်က နာမည်ပြောပြတော့ အဲဒီနာမည်မှုတ်ဘူးတဲ့ ကျနော်ကလည်းရုတ်တရက်ဆိုတော့ ကျနော့မှာ တခြားနာမည်မရျိပါဘူးပြောတော့ ..
စောက်သုံးမကျတဲ့အကောင် .. အသေအချာပြန်စဉ်းစားဆိုမှ ရန်ကုန်ဓါတ်စီးတဲ့နေရာမှာ ကျနော့ကို ရာပြည့်လို့ပေးထားတာ အမှတ်ရလိုက်ပါတော့တယ်။

တိုက်ဆိုင်မှုတွေပေါ့နော ..။ ကျနော်ဆက်ပြီးလေ့လာခဲ့ပါတယ်။ ဝါသနာကိုကပါတာရယ်ကြောင့်ပါ။
တချို့ စာရေးတာ ဝါသနာပါကြတယ် မပါတဲ့သူကပြောတယ် မင်းကွာ အပင်ပန်းခံပြီးရေးနေရသေးတယ် သူများရေးပြီးသားဝယ်ဖတ်လိုက်ပြီးရော
ဆိုတာမျိုးပေါ့။

ကျနော်လေ့လာနေတာက မိရိုးဖလာ ဗုဒ္ဓု္ဒဘာသာက မွေးကထဲက အလိုလို ခံယူပြီးသားဖြစ်နေတာပါ။ ဘုရားဟော ကျင့်စဉ်ကို လိုက်ကြည့်မှ တကဲ့ဗုဒ္ဓဘာသာ
အကြောင်းသိမှာပါ။ ရုပ်ပစ္စည်းပြည့်စုံခြင်း ကို ဘုရားက တကဲ့ပြည့်စုံခြင်းလို့ ချမ်းသာမှု အစစ်အမှန်လို့ မဟောခဲ့ ဘဲ စိတ်၏ငြိမ်းချမ်းမှုနှင့်ပြည့်စုံမှ
ဆိုပါတော့နိဗ္ဗာန်ပေါ့ အဲဒီရောက်မှ တကဲ့ ပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုး။

နှစ်ပေါင်း ၂၅၀ဝ ကျော်ပြီဆိုတော့လဲ တချို့ အချက်အလက်လွဲ တာတွေတော့ရှိကောင်းရှိမှာပါ။ ဥပမာ ၃၁ ဘုံဟာ ဘုရားဟောထဲမှာမပါဘူး ဆိုတဲ့ အချက်လဲ
လေ့လာနေပါတယ်။ ဖားအောက်ဆရာတော်ကြီးကတော့ ငရဲဘုံ ဟာ ဘုရားဟောထဲမှာတော့မပါဘူးပြောပါတယ်။ ကိုယ်တိုင်ကျင့်ကြည့်ပေါ့တဲ့ သိချင်ရင်။
နောက်ပြီး ဘုရားရှင်ရဲ့ အရပ်တော် ၁၈ တောင်လို့ဆိုထားတယ် ခြေဖဝါးတော် ရဲ့ အတိုင်းအတာတွေလဲ ယနေ့ ဆရာတော်များဟောပြောချက်တွေမှာပါပါတယ်။

အဲဒီအတိုင်းအတာနဲ့ အဲဒီခေတ်လောက်က လူအရိုး မတွေ့သေးတာပါဘဲ။ ဘုရားတပါးထဲ ပိုကြီးနေတာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ အဲလိုအဲလိုတွေ
ပေါ့။ ကျနော့အနေနဲ့ စာတွေ့ထက်လက်တွေ့ ကိုလေ့လာကြည့်ပါတယ်။ မတတ်သာမှ ခြင့်ချိန်တွေးခေါ်ပါတယ်။

နာမည်ကြီးစာရေးဆရာ တင့်တယ်တို့ခေတ်လောက်ကထင်တယ် စာရေးဆရာ ကျော်အောင်လားမမှတ်မိတော့ပါဘူး ။ ဝိဉာဉ် ဆိုတာမြင်ဘူးချင်လို့
သူငယ်ချင်းဆုံးတော့အ လောင်းနားမှာနေပြီး ငါ့ကိုဝိဉာဉ်ဆိုတာရျိရင်ပြပါဆိုပြီး ရ ရက်တိတိစောင့်တယ။ အလောင်းဘေးနားက သစ်ပင်ကြီးတွေ
ပေါ်ကဘဲပေါ်လာမလားဆိုပြီးပေါ့။ နောက်ဆုံးမမြင်ရတော့ ကွန်မြူနစ် ဖြစ်သွားတယ်။ နှစ်အတော်ကြာမှ ဘုန်းကြီးတပါးနဲ့တွေ့ပြီး အဲလိုမှုတ်ဘူးတကာရဲ့
ဘုရားဟောက ဒီလိုဒီလို ဆိုတော့မှ … ပြန်ပြီး ဗုဒ္ဒဘာသာ ခံယူလိုက်တယ် ။ စာစုံဖတ်ဖူးသူတွေ အဲဒီအကြောင်းဖတ်ဖူးကြမှာပါ။ ကဲ စာ အတော်ရှည်ပြီဘဲ။

အော်နောက်ကြုံရင် ကျနော့ကိုယ်တွေ့ မနောပေါက်မြောက်ပုံ ရေးပါအုံးမယ် တခါက ပိုစ်တခုမှာ လက္ခဏာပုံတခုဆွဲပြီး အများကို ကြည့်ပေးဖို့တောင်းဆိုဘူးပါတယ်
အဲဒါ ကျနော့လက္ခဏာပါ။ ဝါသနာဆိုရမလား အထုံပြောရမလား ပါရမီခေါ်ရမ လား ပေါ့။ကျနော်ကတော့လေ့လာတုန်းပါ။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.