ကျနော်နှင့်ဓါတ်ခန်း

fattyFebruary 8, 20111min20316

တခါတော့ အသိတယောက်ခေါ်တာနဲ့ အဘ ဘိုးမင်းခေါင် ဓါတ်စီးမည့်နေရာသို့ရောက်သွားပါတယ်။
အခန်းတွင်းမှာတော့ ဘုရားခန်းကြီးကြီးတခုရှေ့မှာ လှုဘွယ်ဝတ္ထုတွေစုံလင်လှတာတွေ့ရပါတယ်။
ထွက်ရပ်ပေါက် ရဟန်းတော်ကြီးများပုံ လူပုဂ္ဂိုလ်ပုံတို့ကိုလဲ စုံလင်စွာတွေ့ရပါတယ်။
ခဏကြာတော့ ဘိုးမင်းခေါင် ဓါတ်စီးသူဟာ အဘဝင်လာပြီဆိုပြီး အခန်းဒေါင့်မှာ ကျကျနန ခင်းထားတဲ့ထိုင်ခုံပေါ် တက်သွားပါတယ်။

ပြီးတော့လေသံ အမူအယာတွေပြောင်းသွားပါတယ် ..။ မျက်မျန်အမဲကြီးတတ်လိုက်ပါတယ်။
ပြီတော့ပရီတ်သပ် အားလုံးကို ဘုရားကတော့ခိုင်းပါတယ်။
ပြိးတော့ ဓါတ် ပိုင်းဆိုင်ရာတွေ ပညတ်ပိုင်းဆိုင်ရာ အလုပ်တွေလုပ်ပါတယ်။ အလုပ်လုပ်ပုံတွေတော့ အသးစိတ် မဖေါ်ပြလိုပါ။

ပရိတ်သပ်တွေထဲမှာ ကျနော်တွေ့တာတော့ ဒုဝန်ကြီးတယောက် အထူးကု ဆရာဝန်ကြီးနှစ်ယောက် တယောက်က အခု အာရှတော်ဝင်မှာထိုင်ပါတယ်။
နောက်အထူးကု ဆရာဝန်ကြိးတယောက်က မန္တလေးက လေယာဉ်နဲ့ လာရပါတယ်တဲ့။ နာမည်တွေပြောလို့တော့ မကောင်းဘူးပေါ့နော။
နောက်ပြီး စာနယ်ဇင်းက တယောက် ယနေ့နာမည်ရ ဂျာနယ်ပိုင်ရှင် အမျိုးသားစာပေဆုရ တယောက်ပါ။ နောက် ဂျပန်သံရုံးက တယောက် ..။

အဲဒိလာတဲ့သူတွေအားလုံးကို အမည်ရင်းတွေဖြောက်ပြီး ဓါတ်စီးသူက အမည်သစ်ပေးပါတယ်။ လာတဲ့လူတိုင်းကိုတော့မပေးပါ။
တချို့လဲ တနှစ်လောက်ရှိပြီလာနေတာ နာမည်ကိုမရသေးဘူးတဲ့။ ကျနော် ကနောက်လူဆိုတော့နောက်နားမှာဘဲနေရာရပါတယ်။
လူတွေက တော့ကျပ်ညပ်နေပါတယ်။ မကြပါဘူးဓါတ်စီးသူက ကျနော့ကို လက်ညှိုးထိုးပြီး ဟေ့ကောင် ရှေ့လာခဲ့စမ်းတဲ့ ..။

ပြီးတော့ဓါတ်သဘောကိစ္စ လုပ်ပေးတယ်ပေါ့။ ကျနော့်ကို အမည်သစ်ပေးပါတယ် … ရာပြည့် .. လို့ခေါ်စေပါတယ်။
ကျနော့နာမည်ရာပြည့်ဖြစ်ပြီပေါ့။ ကျနော် ၁ဝ ခေါက်လောက်ရောက်ပါတယ်။
ကျနော့အမြင်ဓါတ်စိးမှုဟာ ရာခိုင်နှုန်းအချို့တော့ တိုက်ဆိုင်တာရျိနေပါတယ်။ ၁၀ဝ ရာခိုင်နှုန်းတော့ မဟုတ်ပါ။

ဓါတ်စီးတဲ့သူကို အဖြေရှာကြည့်ပုံကတော့ အဓိဌာန်ကြည့်ခြင်းဘဲဖြစ်ပါတယ်။ ဓါတ်စီးသူဟာ ကျနော် သွားသလောက် အခေါက်တွေမှာ
ထိုင်ရာကမထပါဘူး။ ၁ဝခေါက်ကျော်လောက်တနေ့မှာ ကျနာ်လဲ မခွဲခြားနိုင်တာနဲ့ အဓိဌာန်ကြည့်ပါတယ်။ တကယ်ဓါတ်စီးတာမှန်ရင်
ထိုင်ရာကနေ ထပြပါလို့ ။ တိုက်ဆိုင်တယ်လို့ဘဲပြောရမလား .. အဲဒီနေ့က အဘဓါတ်စီးသူဟာ ဝုန်းကနဲထပြီး ထိုင်နေရာကနေ ပရိတ်သပ်ထဲဖြတ်ပြီး
နောက်ထိ လမ်းလျှောက်သွားပါတယ်။ ကျနော်လဲ အံ့အားတော့သင့်သွားတာပေါ့နော။

နောက်တခုကတော့ အညာဘက်ကို ခရီးထွက်တုန်းက အညာမှာ မနောနဲ့ဟောတဲ့သူတယောက်ဆီရောက်ပါတယ်။ သူက ကျနော့နာမည်မေးတယ်
ကျနော်က နာမည်ပြောပြတော့ အဲဒီနာမည်မှုတ်ဘူးတဲ့ ကျနော်ကလည်းရုတ်တရက်ဆိုတော့ ကျနော့မှာ တခြားနာမည်မရျိပါဘူးပြောတော့ ..
စောက်သုံးမကျတဲ့အကောင် .. အသေအချာပြန်စဉ်းစားဆိုမှ ရန်ကုန်ဓါတ်စီးတဲ့နေရာမှာ ကျနော့ကို ရာပြည့်လို့ပေးထားတာ အမှတ်ရလိုက်ပါတော့တယ်။

တိုက်ဆိုင်မှုတွေပေါ့နော ..။ ကျနော်ဆက်ပြီးလေ့လာခဲ့ပါတယ်။ ဝါသနာကိုကပါတာရယ်ကြောင့်ပါ။
တချို့ စာရေးတာ ဝါသနာပါကြတယ် မပါတဲ့သူကပြောတယ် မင်းကွာ အပင်ပန်းခံပြီးရေးနေရသေးတယ် သူများရေးပြီးသားဝယ်ဖတ်လိုက်ပြီးရော
ဆိုတာမျိုးပေါ့။

ကျနော်လေ့လာနေတာက မိရိုးဖလာ ဗုဒ္ဓု္ဒဘာသာက မွေးကထဲက အလိုလို ခံယူပြီးသားဖြစ်နေတာပါ။ ဘုရားဟော ကျင့်စဉ်ကို လိုက်ကြည့်မှ တကဲ့ဗုဒ္ဓဘာသာ
အကြောင်းသိမှာပါ။ ရုပ်ပစ္စည်းပြည့်စုံခြင်း ကို ဘုရားက တကဲ့ပြည့်စုံခြင်းလို့ ချမ်းသာမှု အစစ်အမှန်လို့ မဟောခဲ့ ဘဲ စိတ်၏ငြိမ်းချမ်းမှုနှင့်ပြည့်စုံမှ
ဆိုပါတော့နိဗ္ဗာန်ပေါ့ အဲဒီရောက်မှ တကဲ့ ပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုး။

နှစ်ပေါင်း ၂၅၀ဝ ကျော်ပြီဆိုတော့လဲ တချို့ အချက်အလက်လွဲ တာတွေတော့ရှိကောင်းရှိမှာပါ။ ဥပမာ ၃၁ ဘုံဟာ ဘုရားဟောထဲမှာမပါဘူး ဆိုတဲ့ အချက်လဲ
လေ့လာနေပါတယ်။ ဖားအောက်ဆရာတော်ကြီးကတော့ ငရဲဘုံ ဟာ ဘုရားဟောထဲမှာတော့မပါဘူးပြောပါတယ်။ ကိုယ်တိုင်ကျင့်ကြည့်ပေါ့တဲ့ သိချင်ရင်။
နောက်ပြီး ဘုရားရှင်ရဲ့ အရပ်တော် ၁၈ တောင်လို့ဆိုထားတယ် ခြေဖဝါးတော် ရဲ့ အတိုင်းအတာတွေလဲ ယနေ့ ဆရာတော်များဟောပြောချက်တွေမှာပါပါတယ်။

အဲဒီအတိုင်းအတာနဲ့ အဲဒီခေတ်လောက်က လူအရိုး မတွေ့သေးတာပါဘဲ။ ဘုရားတပါးထဲ ပိုကြီးနေတာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ အဲလိုအဲလိုတွေ
ပေါ့။ ကျနော့အနေနဲ့ စာတွေ့ထက်လက်တွေ့ ကိုလေ့လာကြည့်ပါတယ်။ မတတ်သာမှ ခြင့်ချိန်တွေးခေါ်ပါတယ်။

နာမည်ကြီးစာရေးဆရာ တင့်တယ်တို့ခေတ်လောက်ကထင်တယ် စာရေးဆရာ ကျော်အောင်လားမမှတ်မိတော့ပါဘူး ။ ဝိဉာဉ် ဆိုတာမြင်ဘူးချင်လို့
သူငယ်ချင်းဆုံးတော့အ လောင်းနားမှာနေပြီး ငါ့ကိုဝိဉာဉ်ဆိုတာရျိရင်ပြပါဆိုပြီး ရ ရက်တိတိစောင့်တယ။ အလောင်းဘေးနားက သစ်ပင်ကြီးတွေ
ပေါ်ကဘဲပေါ်လာမလားဆိုပြီးပေါ့။ နောက်ဆုံးမမြင်ရတော့ ကွန်မြူနစ် ဖြစ်သွားတယ်။ နှစ်အတော်ကြာမှ ဘုန်းကြီးတပါးနဲ့တွေ့ပြီး အဲလိုမှုတ်ဘူးတကာရဲ့
ဘုရားဟောက ဒီလိုဒီလို ဆိုတော့မှ … ပြန်ပြီး ဗုဒ္ဒဘာသာ ခံယူလိုက်တယ် ။ စာစုံဖတ်ဖူးသူတွေ အဲဒီအကြောင်းဖတ်ဖူးကြမှာပါ။ ကဲ စာ အတော်ရှည်ပြီဘဲ။

အော်နောက်ကြုံရင် ကျနော့ကိုယ်တွေ့ မနောပေါက်မြောက်ပုံ ရေးပါအုံးမယ် တခါက ပိုစ်တခုမှာ လက္ခဏာပုံတခုဆွဲပြီး အများကို ကြည့်ပေးဖို့တောင်းဆိုဘူးပါတယ်
အဲဒါ ကျနော့လက္ခဏာပါ။ ဝါသနာဆိုရမလား အထုံပြောရမလား ပါရမီခေါ်ရမ လား ပေါ့။ကျနော်ကတော့လေ့လာတုန်းပါ။

16 comments

  • kai

    February 9, 2011 at 12:37 am

    DESCRIPTION
    Date(s) of Birth Used: 1957
    Place of Birth: Saudi Arabia
    Height: 6′ 4″ to 6′ 6″
    Weight: Approximately 160 pounds
    Build: Thin
    Occupation: Unknown
    Hair: Brown
    Eyes: Brown
    Complexion: Olive
    Sex: Male
    Nationality: Saudi Arabian
    Scars and Marks: None known
    The Rewards For Justice Program, United States Department of State, is offering a reward of up to $25 million for information leading directly to the apprehension or conviction of Usama Bin Laden. An additional $2 million is being offered through a program developed and funded by the Airline Pilots Association and the Air Transport Association.

    ၂၅ မီလီယံအပြည့်တောင်းပေးမယ်..။ ဘင်လဒင် ရှိတဲ့နေရာကို ပြောပြယုံပဲ..။
    အဲဒီနောက် .. ဓါတ်စီးချိန်မှာ ..သူ့ရှေ ့ပရိတ်သတ်တွေထဲ..
    အိုဘားမား၊ ဘန်ကီမွန်း၊ နအိုတို တို့ နောက်တန်းမှာ လာထိုင်နေစေရမယ်..။
    ဒါ့အပြင်… ဘိုးမင်းခေါင် ကိုးကွယ်မဲ့သူ (ဝေယျဝစ္စ လုပ်ပေးမဲ့သူ) ဘို(အဖြူ)အယောက်၁သောင်းထပ်ရဖို့ပါ အာမခံတယ်..။ 🙂

    ( စ်ိတ်မဆိုးနဲ့နော.. တကယ်ပြောနေတာ..)

  • bigcat

    February 9, 2011 at 12:38 am

    ဒါမျိုးကိုယ်တွေ့နဲ့ စိမ်ခေါ်ပြောရဲသူရေးတာတွေကို ဖတ်ခြင်နေတာဗျို့။ ဆက်ရေးပါအုံး အားပေးပါတယ် ဦးဖက်ခင်ဗျား။ ဖားအောက်ဆရာတော်က ငရဲပြည်ဘုရားဟောမှာ မပါဆိုတာသိပ်မရှင်းပါ။ ဘာကိုဆိုလိုပါသလဲ။ ကျနော်နာဖူး ဖတ်ဖူးတဲ့ ဆရာတော်ကြီးများ သဲအင်း၊ စွန်းလွန်း၊ အခြားသမထပေါက်ဝိပဿနာယောဂီ အတွေ့အကြုံများမှာတော့ ငရဲပြည်ဆိုတာကို ကိုယ်တွေ့ညွှန်းထားပါတယ်။

  • shwe

    February 9, 2011 at 4:27 am

    ဦးဖက်တီးရေ အချိန်လေးရရင် ငရဲပြည်အကြောင်းလေးဆက်ရှင်းပါဦးနော။ ဓါတ်စီးတာတော့မြင်ဘူးတယ် ။ ကျမ ငယ်ငယ် ( တော်တော်ငယ်တော့သိတ်စိတ်မဝင်စားခဲ့ဘူး) က ကျမအဖိုးက အဲလိုတွေဖြစ်ဘူးတယ် ။ အခကြေးငွေမယူ ပေမဲ့ သူဓါတ်ကျတဲ့ သူဆိုမှပြော တယ် လို့ မေမေ တို့ပြောတာကြား ဘူးတယ်။

  • fatty

    February 9, 2011 at 4:27 am

    တကယ်ကောရပါ့မလားဆရာရယ် … တလောက မလေးရှားကစာမူလာဝယ်သွားတယ် လူကိုယ်တိုင်လာယူ
    သွားတာဘဲ အခုလူလဲပျောက် စာမလာ သတင်းမကြားဖြစ်နေပါပြီကော ..။ ကိုပေါက်တို့မဝေ တို့တော့
    အဆက်အသွယ်ရကြလားမသိဘူး။ရမှာက မမက်လောက်ပါဘူး ကတိ ကတိ ပြောတာပါ။
    KOLON ဆိုတဲ့ ကိုရီးယားကုမ္ပဏီအတွက် တာယာ တင်ဒါ တွေ ဆည်မြောင်းဌာန သွင်းဖို့လိုက်ပေးဖူးတယ်။
    ကော်မရှင်ဘယ်လောက်နှုန်းနဲ့ပေါ့။ လိုက် ရတာဖတ်ဖတ်မော ရလဲရရော စာမလာ သတင်းမကြား။ယူအက်စ် 1 million
    ကျော်သေးသနော်။ ကျနော်တို့မြန်မာပြည်ကလူတွေရိုးကြအ ကြတုန်းရှိပါသေးတယ်။

    • kai

      February 9, 2011 at 6:07 am

      အဲဒါ ယူအက်စ်အစိုးရက ထုတ်တာလေ..။ သေချာပါတယ်..။
      စီအန်အန်က သတင်းမှာ ..သန်း၅ဝတောင်ပြောနေတယ်..
      http://articles.cnn.com/2005-01-24/us/binladen.reward_1_bin-pakistani-newspapers-rewards?_s=PM:US

      နေရာပြပေးတာလောက်ဆိုတော့ .. တဝက်ပဲရမယ်..။
      ကျန်တာတော့ သူကြီးဖြတ်အုပ်မယ်..။
      ဒါပေမဲ့.. ဟောလိဝုဒ်မှာ ၁သန်းတန်အိမ်ရယ်.။ ဂရင်းကဒ်ရယ်ပါလုပ်ပေးမယ်..။ 🙂
      နောက်ဆို.. ဟောလိဝုဒ်က လူက ရိုးအ ပါတယ်ပြောပေါ့..။

  • bigcat

    February 9, 2011 at 4:42 am

    မလေးမှာ မြန်မာမဂ္ဂဇင်းတစောင်ထွက်တယ်ပြောတယ်။ ကြော်ငြာထဲမှာတော့ မြန်မာပြည်က ထင်ရှာတဲ့ ဆရာတွေအများကြီးပါတယ်။ ဦးဖက်တို့စာကို နောင်မှသုံးမလို့ သိမ်းသလားမသိဘူး။ ရွာထဲမှာ ကိုဇော်မင်းဆိုသူ မလေးရှားကဆရာ ရှိတယ်။ ကျနော်တို့ဓမ္မဥယျာဉ်ဆရာတော်လည်း မလေးရှားကပဲ။ မဂ္ဂဇင်းအကြောင်း မေးစမ်းကြည့်ပါလား။ ကျနော်က ဦးဖက်ကို မဂ္ဂဇင်းနဲ့ တနည်းနည်းပတ်သက်တယ်လို့ ထင်နေတာ။ ကျနော်ဓါတ်စီးကြည့်တော့ မုန့်ကြိးလိမ်ပုံတွေ့တယ်။ ဘာအဓိပ္ပါယ်လည်းတော့မသိဘူး။ 😀

  • manawphyulay

    February 9, 2011 at 6:09 am

    မနော အညာဘက် မရောက်တာ ကြာပါပီရှင် မနောနဲ့ဟောတာ ဖြစ်နိုင်ပါ့မလား သေချာစဉ်းစားပါဦး….. 😛

  • fatty

    February 9, 2011 at 8:25 am

    မုန့်ကြိုးလိမ်ကြိးတွေ့မှာပေါ့ ၃ ယောက်အလိမ်ခံလိုက်ရတာကိုး ….။
    နောက်တာပါ အဲဒီမဇ္ဖင်းက eleven journal ဘက်ဂဒေါင်းနဲနဲယူပြီးလုပ်နေတာပါ။
    ကျနာ် စာမူကို လက်ရေးနဲ့ အပင်ပန်းခံပြီးရေးပေးလိုက်ရတာ … ဆိုတော့ ဒေါကီးကီးနဲ့
    လေယာဉ်လက်မှတ် sunfar ကချက်ခြင်းဝယ် အင်္ဂလိပ်ဖာကြီးဆွဲပြီး လိုက်မလို့။ အိပ်ထဲနှိုက်ကြည့်တော့ ည ပွဲဈေးတန်းကမုန့်သိုင်းချုံ ဝယ်စားဖို့ဘဲ ငွေကကျန်တော့တာနဲ့လက်လျှော့လိုက်ရတယ်။
    အော် .. အင်္ဂလိပ်ဖာ ဆိုတာလား .. ကျနော်တို့အညာဖက်မှာတော့ ထန်းခေါက်ဖာလို့ခေါ်ပါတယ်။
    နိုင်ငံခြားသားတွေကိုင်တဲ့ ( brief case ) ကိုတော့ အညာမှာ အရွယ်တူတာမို့ လွယ်လွယ်ဘဲ အင်္ဂလိပ်ဖာလို့
    ခေါ်ကြတာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 9, 2011 at 9:40 am

    ဟုတ်ကဲ့ပါခင်ဗျ
    ခုလို ဖတ်ရှုမှတ်သားရလို ့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ
    ဖြစ်နိုင်မယ်ဆိုရင်
    ဓာတ်စီးတာနဲ ့ဓာတ်လိုက်တာ
    ဘယ်လိုသဘောရှိတယ်ဆိုတာ အနည်းငယ်ရှင်းပြပေးစေလိုပါတယ်ခင်ဗျ
    အဘိဓမ္မာသဘောအရ
    သတ္တဝါတစ်ခု၊ ကံတစ်ခုလို ့အကြမ်းဖျင်းဆိုနိုင်သလို
    ရုပ်တစ်ခုမှာ နာမ်တစ်ခုသာတည်တဲ့သဘောလည်းဘဲဆောင်ပါတယ်ခင်ဗျ
    ဆိုတော့ကာ
    ဓာတ်စီးတယ်ဆိုတဲ့အချိန်မှာ
    မူရင်း အကြင်သူရဲ ့ရုပ်နှင့်တွဲနေသောနာမ်သည် ဘယ်သို ့????
    ရုပ်တစ်ခုတွင် နာမ်နှစ်ခုကိန်းသည် ဤသို ့ဆိုပါသလား????
    ရုပ်တစ်ခုတွင်နာမ်နှစ်ခု ကိန်းသည်ဟုယူဆသော်…….

    • bigcat

      February 10, 2011 at 3:18 am

      ဓါတ်စီးတယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးပေမဲ့ သူများကိုသရဲလိုစီးတာကို ကြုံဖူးပါတယ်။ နတ်ကတော်လို ဝင်တာပြောတောမဟုတ်ဘူးနော်။ လူအများကြီးကြားထဲမှာ ဖြစ်တာကို တခါမက ကြုံဖူးတာ။ အစီးခံရသူက လာဘ်လာဘမရတဲ့အပြင် ဆော်ပလော်တောင် အတီးခံရသေးတယ်။
      မနှိုင်းအပ်ရာနှိုင်းပြောရရင် စွန်းလွန်ဆရာတော်ဘုရားကြီး သူလူ့ဘဝတုန်းက တရားအားထုတ်ဖို့ လမ်းစကို ကမာ္ဘစောင့်နတ်ဝင်ပူးလေ့ရှိတယ်လို့ ပြောကြတဲ့ရွာထဲက သူ့ငယ်သူငယ်ချင်းက ဓါတ်စီးသလိုဝင်ပူးခံရပြီး ပေးခဲ့တာပါ။ ဆရာတော်ကြီးရဲ့ ထေရုပတ္တိမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ ယနေ့မျက်မှောက် မြောင်းမြဆရာတော်ဘုရားကြီးအကြောင်း (သက်တော်ထင်ရှားရှိသေးလားမသိ) မှာလည်း အခုလိုမျိုး ဆန်းကြယ်တဲ့ အပူးအမှောက် စတာတွေအတိအလင်း ပြောထားပါတယ်။
      ပြောလိုတာ ဒါမျိုးထူးဆန်းတာတွေ လိုက်မမှီတာတွေ ရှိတယ်ဆိုတာပါ။ လက်ခံတာ ယုံကြည်တာကတော့ မိမိရဲ့ရွေးချယ်မှုသာဖြစ်ကြောင်းပါ။

  • fatty

    February 9, 2011 at 11:40 am

    အင်း ..ဒီအကြောင်းတွေသိပ်တော့မရေးချင်လှဘူး .. ခေတ်နဲ့ မလျှော်ညီလှဘူလေ။
    ဓာတ်စီးတာနဲ့ဓာတ်လိုက်တာ သိဖို့ကတော့ လက်တွေ့လုပ်ကြည့်စေချင်ပါတယ်။ ဝါယာကြီုးကိုပလပ်ပေါက်ထဲ
    ထိုးထဲ့ပြီးသကာလ မီးခလုပ်သာဖွင့်ကြည့်လိုက်ပါတော့ ဗို့အားပြင်းပြင်းလေးသုံးပေး သိသာအောင်ပါ။
    မူယင်းရုပ်နှင့်တွဲနေသောနာမ်ပင်ဖြစ်ပါလိမ့်မည်။သို့သော် ယခင်ရှိနေကျအတိုင်း မိမိနာမ် ( စိတ် ) ကိုမိမိပြန်မသိပါ။
    ဥပမာပြရသော် အရူးတယောက်ကိုလေ့လာကြည့်ပါ။ သူ့ရုပ်နှင့်သူ့နာမ်ပင်ဖြစ်ပါသည်။သို့သော်သူ့စိတ်ကိုသူ
    ပြန်မသိပါ။ လွတ်သွားပြီး လုပ်ချင်ရာလုပ်နေပါသည်။ အဲ တခုရှိတာက ကျနော်ကိုယ်တိုင်မစီးဘူးဘူးဗျ အပြင်ကဘဲ
    ကြည့်ဘူးတာ။ ကျနော်ကိုယ်တိုင်ဖြစ်တာက တမျိုး … နောက်ကြုံတော့ပြောတာပ။

  • ဆူး

    February 9, 2011 at 11:53 am

    သဂျီး မေးတဲ့ မေးခွန်း ကို အရမ်း သဘောကျပါတယ်။ သဂျီး ကျန်ခဲ့တာ တခုရှိတယ် အချက်အလက်နဲ့ တင်တာ ဆိုပေမဲ့ ဓါတ်ပုံ ကျန်ခဲ့တယ်။

  • ချစ်စ/ဆ ရာ

    February 9, 2011 at 1:59 pm

    နေရာဒဂါ အဘိဓမ္မာနဲ ့လာလွေးနေရအောင်
    အဘိဓမ္မာကို ဘယ်လောက်တောင်များနားလည်လို ့လဲ
    အောင်ပုဂျော်နီမိုက်ကယ်ရဲ ့
    ဒလောက်အဘိဓမ္မာကျေနေရင်
    သဘောတရားနဲ ့တရားသဘော
    ဆိုတာ
    ဘယ်လိုရှိတယ်ဆိုတာ ပြောပြစေခြင်ပါတယ်
    ကိုမိုက်ကယ်ဂျော်နီအောင်ပုခင်ဗျ
    ဦးလူဝခင်ဗျား
    ဓာတ်စီးတာတော့ ကျွန်တော်မသိပါဘူးခင်ဗျ
    အောင်ပုဂျီးတော်ကြီးက နတ်ဂဒေါ်ဆိုတော့ကာ
    သူ ့ဂျီးတော်ကြီး နတ်ဝင်ပူးရင် ဘယ်လိုသဘောရှိတာ သူသိပါလိမ့်မည်ခင်ဗျ
    နောက်ပြီး
    လူတော်တော်များများ သိထားကြတဲ့
    သရဲစီးတာတို ့နတ်ပူးတာတို ့ဆိုတာ ကျွန်တော်တို ့မြန်မာပြည်မှာလူတိုင်းသိတဲ့ကိစ္စပါ
    သေချာတာကတော့ လူတစ်ယောက်ကို
    အခြားနာမ်တစ်ခုက ဝင်ပူးတာကိုတော့
    ကျွန်တော်လက္ခံပါတယ် ခင်ဗျ

  • fatty

    February 9, 2011 at 2:14 pm

    ဘင်လာဒင် ရဲ့ပုံက ဘယ်မှာရှာရှာရပါတယ်။ အချိန်ရရင် စမ်းကြည့်တာပေါ့။ ဂေဇက်မှာတင်ပြီဆိုရင်တော့စာချုပ်ချုပ်ရ
    မယ်နော။

  • ဆူး

    February 9, 2011 at 2:38 pm

    ဘိုးဘိုးက နယ်ကျော်ရင် မမြင်ဘူးနော်။ ကြည့်လုပ်အုန်း.. ဟိုက မြေတွင်းထဲ အောင်းနေတာ အတင်းဖြဲရှာနိုင်မှ တော်ကာကျမယ်။

  • cum min

    June 21, 2012 at 5:10 pm

    ma manaw nat lar heee 😳 😳 🙂

Leave a Reply