ရခိုင်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား

နွယ်ပင်February 8, 20111min520

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါပိုး သံသယရှိတဲ့အတွက် ကြက်ငှက်အကောင် ၅၀,၀၀ဝ လောက်ကို ကျန်းမာရေး အရာရှိတွေက သုတ်သင်ခဲ့သလို ကြက်သားနဲ့ ကြက်ဥ ရောင်းဝယ်မှုတွေကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမကျေးရွာမှာရှိတဲ့ ကြက်မွေးမြူရေးခြံတွေမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ကြက်ကောင်ရေ ၈၀ဝ ကျော် သေဆုံးခဲ့တာကြောင့် စစ်ဆေးကြည့်ရာမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး AH1N1 ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ကြတာပါ။ လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ မွေးမြူရေးခြံတွေကို သတိပေး နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေး ဦးစီးဌာနက အရာရှိတဦးက ပြောပြပါတယ်။

“စောင့်ကြည့်တဲ့ သဘောမျိုးပဲ လုပ်တာ ရှိတာပေါ့။ ဘယ်လိုနေရာက ဘယ်လို ဘယ်ငှက်တွေ ဝင်လာမလဲ၊ ဝင်လာတဲ့ ငှက်တွေမှာ ရောဂါပိုးတွေ ပါလာမလား၊ ဘယ်လိုလဲပေါ့။ ငှက် အသေအပျောက်နှုန်း၊ ငှက်ကျနှုန်းတွေပေ့ါ၊ အဲဒါတွေကို စောင့်ကြည့်ဖို့အတွက်တော့ ပြင်ဆင်ထားတယ်။”

မြန်မာနိုင်ငံမှာ ကြက်ဥနဲ့ ကြက်သားပေါက်တွေကို နယ်စပ်ဒေသတွေကနေ မှာယူ တင်သွင်းကြတဲ့အတွက် တရုတ် မြန်မာနယ်စပ်၊ ထိုင်း မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် စတဲ့ နယ်စပ်ဒေသတွေမှာလည်း စောင့်ကြည့်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။