မိန်းမ အကြောင်း စာစီကုံးပါ

အာဂFebruary 8, 20111min18216

နိဒါန်း

……….

ယောက်ျားတစ်ယောက်အား မိန်မတစ်ယောက်က မွေးဖွားခဲ့သဖြင့်

ကမ္ဘာပေါ်ရှိယောက်ျား တိုင်း အမေဟူသော ဣတိ္ထယမိန်းမသားမှလွဲ၍

ကျန်..မိန်းမ များအား လှိူ့ဝှက်စွာ ကြည့်လို့မရ။

မိန်းမသည် အရက်နှင့် တူသည်။ အရက်တစ်ခွက်ကို သောက်ရင်မူးမယ်

မှန်းသိလို မိန်းမတစ်ယောက်ကို ချစ်မိရင်လည်း ရူးရမယ်မှန်းသိနေလျက်နှင့်

ပုရိသယောက်ျားတိုင်း ခေတ်အဆက်ဆက် ဆက်တိုက်၊ ဆက်တိုက် သောက်

သုံးရင်း ဣတိ္ထယ တို့၏ ကျေးကျွန်များ ဖြစ်ခဲ့ကြသည်။

စာကိုယ်

…………..

သိဒ္ဓတ္ထ မင်းသားသည် ယသောဓရာ ကိုစွန့်ပစ်နိုင်ခဲ့ ၍ သစ္စာလေးပါး တရားသိမြင်ခဲ့

သော ဘုရားရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားထု ကြီးအတွက် အကျိုးအမြတ် က

ကမ္ဘာမှာ ကိုးကွယ်စရာ ဘာသာတရားတစ်ခုပေါ်ထွက်ခဲ့လေသည်။

အာဒံသည် ဧဝ၏ နားပူးနားဆာ ဒဏ်ကို မခံနိုင်ခဲ့သောကြောင့် လူသားတိုင်း မှာ ကမ္ဘာ

ဦးမှစလို့ ယနေ့တိုင် အပြစ်တော်များကို ခံစားနေရသည်။

၁၉ ရာစု ပုံပြင်သစ်အရဆိုလျင် အက်ဒွက် ဘုရင် (ဝေလမင်းသား)ပင်လျင် မုဆိုးမတစ်ဦး

ကြောင့် နေမဝင်ဗြိတိသျှ အင်ပါယာ ၏ ဘုရင့် ထီးနန်းကိုစွန့်ခဲ့ရသည်အထိပင် ဖြစ်ခဲ့ရသည်။

နှောင်းဒဏ္ဏာရီသမိုင်းများတွင်လည်း မိန်းမကြောင့် ပျက်စီးကျသော တိုင်းပြည်များ မှာ များပြား

ခဲ့သည်ကိုတွေရသည်။ ဥပမာ အားဖြင့် အီဂျစ်ပြည်က ကယ်လီယိုပန်ထရာ ဘုရင်မကြောင့်

ပျက်ခဲ့ရသည် နပိုလီယံ မင်းမြတ်။ ဆင်ဖြူမရှင်ကြောင့် ပျက်စီးခဲ့ရသည့် ကုန်းဘောင် မင်းဆက် ။ မိန်းမကြောင့် ပျက်စီးခဲ့ရသော TROY မြို့။ စသည့် မကုန်မခန်းနိုင်သော ဣတိ္ထယ

အပေါင်း ၏ ဇာတ်ကြောင်းများ က တိုင်းပြည် အသီးသီး ၊ နိုင်ငံအသွယ်သွယ်ရှိ ပါးစပ်ရာဇာဝင်

၊ သမိုင်းအထောက်အထားနှင့် ပုံပြင်အသီးသီးတို့ဖြင့်ပြည်နှက်လို့နေသည်ကိုတွေ့ရှိနေရဆဲ

ဖြစ်သည်။

သို့သော် ကမ္ဘာပေါ်ရှိ ပုရိသ အပေါင်း လူမိုက်သောင်းတို့ကဖြင့် ဣတိ္ထယ ဟုသော

ပင်လယ်ပြင်၌ ပျော်မွေ့စွာလက်ပစ်ကူးလျက် ယနေ့တို်င် ရေနစ်နေကြဆဲဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မိန်းမ မယူခဲ့ဘူးသည့် လယ်တီဆရာတော် ဘုရားကြီးကပင်

“မိန်မဟူသည် မရှိမကောင်း ရှိမကောင်း ”ဟု မိန့်မူဘူးခဲ့သည်။ သို့သော် ပုရိသအပေါင်းက

ဖြင့် ဆရာတော်ကြီးမိန့်မူခဲ့တော်မူသော် မရှိမကောင်း နှင့် ရှိမကောင်း နှစ်မျိုးထဲမှ ရှိမကောင်း

ဆိုသည့် စကားအားမေ့လျော့ကာ မရှိမကောင်းဆို သော စကားကိုလက်ဝယ်ပြုလျက် မိမိတို့

အတွက် ဆိုးကျိုးဖန်တီးပေစွမ်းမည့် ဣတိ္ထယ မိန်းမသားအပေါင်းတို့အား မှီဝဲရင်း နောင်တ

များစွာလက်ဝယ်ပိုက်၍ သေဆုံးကုန်ကြလေ၏။ အချို့သော သူများဆိုလျင် နောင်တရရန်ပင်

အချိန်မရလို်က်ကြပေ ။

ထိုသူများမှာ ဥပမာ အားဖြင့်

မြန်မာနိုင်ငံတွင်မူ မင်းနန္ဒာ

သိုးဆောင်းပြည်တွင်မူ ရိုမီယို

တရုတ်ပြည်တွင်မူ လျံစမ်းပေါ် စသဖြင့် အတိုင်းအတိုင်းအပြည်ပြည်ရှိ ပုရိသယောက်ျား အချစ်

သူရဲကောင်းအဖို့က မိန်းမအတွက် နောင်တပင်မရလိုက်ပဲ သေဆုံးခဲ့၏ ။

နိဂုံး

…….

ထို့ကြောင့်မိန်းမဟူသည်ကို( ယခုမိန်းမများအကြောင်းစာစီကုံးနေသူ ပင်လျင် ၎င်း၏ နှလုံးသားအား မိန်းမ ဟူသော ဆူးများအား တစ်ချောင်းပြီး တစ်ချောင်း ထိုးသွင်းခံရင်း

နှလုံးသား ဆူးနှစ်ဒဏ်ရာ ဗလပွရရှိလျက်) ငယ်စဉ်က ရေးထားသော ကဗျာတစ်ပုဒ်နှင့်

နိဂုံးချူပ်လိုက်ပါသည်။

မိန်းမ

……..

ယောက်ျားက… နွား

မိန်းမက…… ကြိမ်တံ

ချစ်ခြင်း တစ်စုံက နာဖားကြိုးထိုးဖို့ပြင်တဲ့အခါ

လှည်းကျိုး ထမ်းဖို့ ယောက်ျားက အသင့်ပဲ။

မှတ်ချက်( နှလုံးသားမှာ စူးနှစ်ဝင်နေသော နောက်ဆုံးဆူးတစ်ချောင်းကို ဆွဲထုတ်ပြီး

နှောင်း လူ ပုရိသ တို့အတွက် ဣတိ္ထယ မိန်းမသားများ၏ အမုန်းများကိုခံယူကာ ယခု

စာအားရေးခဲ့ခြင်းဖြစ်သည်။ဆင်ခြင်ကြကုန်လော့…။)

(ရွာသူမမ၊ဒေါ်ဒေါ်၊မေမေ၊ဘွားဘွားများသည်းခံဖတ်ရှုပေးစေလိုပါတယ်။)

16 comments

  • Thaw Zin Loikaw

    February 8, 2011 at 12:19 pm

    ဪ အဲဒီလောက်တောင်လား မိန်းမဆိုတာက ပုရိသတွေအတွက်တော့ မရှိမကောင်း ရှိမကောင်းဆိုသော်ညားလည်း မရှိမဖြစ် ရှိမဖြစ် အစားထဲကပါပြန်ပါရောလား…။ မိန်းမတွေမရှိရင် ကိုယ့်ရဲ့ Generation ဘယ်မှာလာရှိတော့မှာလဲဗျာ။ ဟုတ်ဖူးလား။ ဒါ ဥပမာကိုပြောတာနော်..။ မိန်းမတွေမရှိရင် စားဖို့ သောက်ဖို့ကိုပဲ စဉ်းစားကြည့်လိုက် ။
    (ယောက်ျားက… နွား

    မိန်းမက…… ကြိမ်တံ

    ချစ်ခြင်း တစ်စုံက နာဖားကြိုးထိုးဖို့ပြင်တဲ့အခါ

    လှည်းကျိုး ထမ်းဖို့ ယောက်ျားက အသင့်ပဲ။) ဆရာပြောသလို လှည်းကျိူးထမ်းဖို့ ကျနော်တို့ယောက်ျားတွေက အသင့်ဆိုရင် လှည်းကျိုးအောင် အချစ်တွေ အဆမတန် ပိုတင်ခဲ့မိတာ ကျနော်တို့ပဲမို့ အင်း
    မရှိမကောင်း ရှိမကောင်းပါပဲ ဆရာ…။

  • MaMa

    February 8, 2011 at 2:29 pm

    (နှောင်းလူ ပုရိသတို့အတွက် အသက်ကိုပင်မငဲ့ကွက် က္ကုတ္ထိယမိန်းမသားများ၏ အမုန်းကို ခံယူကာ ယခုစာအားရေးသားခဲ့ခြင်းဖြစ်သည်။) သာဓု သာဓု သာဓု ယနေ့ယခုပြုရသော ကောင်းမှုကံကြောင့် ယခုဘဝမှသည် နောင်ဘဝပေါင်းများစွာ မိန်းမဖြစ်ရသောဘဝ၊ မိန်းမယူရသောဘဝများမှ ကင်းဝေးပြီး အထက်မရောက် အောက်မကျ ကိုးလိုးကန့်လန့်ဘဝများ ရရှိနိုင်ပါစေသတည်း။

  • ဆူး

    February 8, 2011 at 4:23 pm

    ှုဦးအာဂ တယောက် အမြင်မှန် တွေ ရပြီး တောရ ဆောက်တည် ရဟန်း လုပ်သင့်နေပြီ။ မိန်းမ မကောင်းဘူးဟု ယူဆသော် မိန်းမ တွေနဲ့ ဝေးဝေး ရှောင်နိုင်ပါစေ။
    အမေ မှ လွဲ အခြား မိန်းမ လွတ်လပ်စွာ မကြည့်ဘဲ မျက်လွာချ စက္ခု အနြေထိန်းပြီး နေနိုင်ပါစေ။

  • လင်းငယ်

    February 8, 2011 at 6:10 pm

    တစ်ခါတစ်လေ တွေးဖူးတယ်။ အရက်ကမှ သစာရှိတယ်။ သောက်ရင်း မူးတယ်။ မိန်းမတွေ သစာမရှိဘူးပေါ့။ ဒါပေမယ့် ကိုယ်က ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် အရက်လည်း သောက်တိုင်း မမူးပါဘူး။ အရင်က တစ်ပက်သောက်ရင် မူးပေမယ် နောက်ကျ တစ်ပက်သောက်တိုင်း မမူးပါဘူး။ တစ်စိတ်သောက်ရင် မူးပေမယ် တစ်စိတ်သောက်တိုင်း မမူးပါဘူး။ တစ်ပြားသောက်ရင် မူးပေမယ့် တစ်ပြားသောက်တိုင်း မမူးပါဘူး။ ( တစ်တောင့်ကိုတော့ မပြောပါဘူး။) ဒီလိုပါပဲ။ လောကကြီးမှာ ယောက်ျားတိုင်းလည်း မကောင်းပါဘူး။ မိန်းမတိုင်းလည်း မကောင်းပါဘူး။ အကြောင်းအရာတစ်ခုကို ဝေဖန်ပြီး ကောင်းတယ် မကောင်းဘူးဆိုတာ ပြောကြတာ ကောင်းပါတယ်။ အရာရာတိုင်းမှာ Exception ဆိုတာ ရှိကြစမြဲပဲလေ။ ခုခေတ်မှာ ယောက်ျားလေးတွေ အတင်းမပြောရဘူးဆိုတဲ့ ခေတ်လည်း ကုန်သွားပါပြီ။ မိန်းမတွေချည်း ကိုယ်ဝန်ဆောင်လို့ရတယ် ဆိုတဲ့ ခေတ်လည်း ကုန်သွားပါပြီ။ အမြင်တွေ ချဲ့သင့်နေပါပြီ။

  • bigcat

    February 9, 2011 at 2:44 am

    တစ်ခါတစ်လေ မဟုတ်ဘူး တခါတလေ..
    သစာ မဟုတ်ဘူး သစ္စာ…
    ရွာထဲကို နေပြည်တော်ကလွှတ်လိုက်တဲ့ လျှို့ဝှက်အမည်မမ ဦးဆောင်တဲ့ သတ်ပုံစစ်ဆေးရေး ဝင်နေလို့ အချင်းချင်းစေတနာရှေ့ထား ပြင်ဖို့အသိပေးပါတယ်။

  • char too lan

    February 9, 2011 at 8:56 am

    ဟုတ်တယ်ဗျာ မိန်းမတွေနဲ့ကင်းကင်းရှင်း ဆေးလိပ်ခုံတို့ အထည်ချုပ်စက်ရုံတို့လို နေရာမျိုးမှာပဲ သွားနေတော့မယ် လာမရှာကြနဲ့တော့ 😛

  • R Ga

    February 9, 2011 at 9:04 am

    အမှန်ဝန်ခံရရင်တော့ ဒီပိုစ့်ကို ရေးထားတာကြာပါပြီ…။ အရင်ကတင်မယ်တင်မယ် နဲ့ ရွာထဲက အန်တီ၊မေမေ၊ဖွားဖွား တွေကိုကြောက်လို့ မတင်ဖြစ်တာရယ် ၊ မိန်းမ မရသေးတာရယ်ကြောင့် မတင်ဖြစ် တာပါ။ အခုတော့နည်းနည်း ကလိချင်တဲ့ စိတ်ကလေးကြောင့် (အမှန်ပြောရရင် တင်စရာ ပိုစ့်မရှိတော့တာလည်းပါမှာပါ)ဒီပိုစ့်လေးကိုတင်ဖြစ်သွားတာပါ.။ အဲဒါကို ရေးတုန်းက စိတ်ခံစားမှု နဲ့ ယခု စိတ်ခံစားမှု လုံးဝ ကွာခြားနေပါကြောင်း..။။

    • zawana

      February 10, 2011 at 10:08 am

      ကိုအာဂ။ ခင်ဗျားက ကလေး နှစ်ယောက်အဖေ ဖြစ်တော့မှ ဒီပို့စ်ကို တင်ဖြစ်တော့တယ်လို့ ဆိုလိုတာလား ?????

  • kai

    February 9, 2011 at 10:48 am

    အိုင်ဆေး ကိုအာဂ
    အမှုကြီးတိုင်းရဲ့နောက်ကွယ်မှာ .. မိန်းမတယောက် သေချာပေါက်ရှိနေတယ်..။

    ရှားလော့ဟောက်စ်

  • ဆူး

    February 9, 2011 at 11:42 am

    အမှု မလိုက်ဘဲ မိန်းမ ဆောင်းပါး လာရေးနေတယ်။ သူများ ခေါင်းစားထားတာတွေ ဖတ်ချင်လို့.. လုပ်ပါအုန်း

    • R Ga

      February 10, 2011 at 9:07 am

      ဟုတ်ကဲ့ပါ မမဆူးရေ..ကျွန်တော်မျိုးကြီး ဆားပုလင်းအာဂ ခေါင်းစားတာတွေပြန်ရေးပါတော့မယ်ခင်ဂျ…။ အားလုံးဝိုင်းဝန်ခေါင်းစားပေးကြပါဦးဗျာ.။

  • manawphyulay

    February 9, 2011 at 12:15 pm

    ကိုချာတူးလန်ရေ……… စာအုပ်ကိုယ်တိုင်ထုတ်လုပ်တဲ့တိုက်ဆိုရင်ကော နယ်ကနေ အဆောင်ပါ ပေးပြီး ခေါ်ထားရတာတွေဆိုတော့ ပိုကောင်းမလားပဲ 😛

  • MaMa

    February 10, 2011 at 1:38 pm

    သတ်ပုံစစ်ဆေးရေးအရာရှိအဖြစ် ရာထူးတိုးသွားတာ၊ မြန်မာ့မီးရထားဖြစ်သွားတာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် အရေးမှားမှာ ပိုကြောက်သွားတယ်။ (သူများတွေကို ပြောပြီး ကိုယ့်အလှည့်ကျ ပြန်အပြောခံရမှာကြောက်လို့။)

  • MaMa

    February 11, 2011 at 1:35 am

    ပြောဖို့မေ့သွားလို့။ တခါတလေ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဟုတ်ပါတယ်။ နောင်ကို စာလုုံးပေါင်းသတ်ပုံမှားရင် စာလုံးပေါင်းပြင်ပေးခ Point တွေကို ခွဲပေးခိုင်းဖို့ သူကြီးကို အဆိုတင်သွင်းပါတယ်။ အဲဒါကို လွှတ်တော်မှာ တင်ပြဖို့လည်း စီစဉ်နေပါတယ်။

    • kai

      February 11, 2011 at 9:33 am

      ဟိုလေ..
      ကျုပ်က .. ဦးနေဝင်းအမြင်ကပ်တဲ့သူမို့ ..သူလုပ်သွားတဲ့ပေါက်တတ်ကရတွေထဲ..
      အဲဒီ တတစ်တစ်နဲ့ ..တစ်နေတာလေးရယ်ကိုတော့ .. ကျုပ်ရေးရင်.. ရေးမှာမဟုတ်ပါဘူး..။ အဲဒါလေး..သည်းခံခွင့်လွတ်ပေးပါခင်ဗျာ…။ 🙂

  • kopauk mandalay

    February 11, 2011 at 9:25 am

    ကိုအာဂရေ
    အရက်အမူးပြေသွားရင် ထန်းပင်မော့ကြည့်မိသလိုဘဲ။
    သူတို့စိမ်းကားပြီး ကျနော်တို့ကို အပျော်ကြံပြီးထာတာနဲ့ဆုံရင် တော်ပြီ မိန်းမဆို လို့ တွေးမိပေမယ့်။
    အချိန်တန်တော့လဲ (မင်းမရှိလို့ တကယ်မဖြစ်ဘူးသိလား )သီချင်းကိုဆိုပြီး
    ဒန် ဒန် ဒန် တာပါဘဲ။
    (ဒန် ဒန် ဒန် )ဆိုတာ သူတို့ကို သတိရတာကိုပြောတာပါ.။
    မိုးအောင်ရင်ရဲ့ ဒန် ဒန် ဒန်နဲ့ မတူဘူးနော်.သိလား

Leave a Reply