နမ်းတာမနမ်းတာ ခင်ဗျားတို့အပိုင်းပေါ့

nyimalayFebruary 8, 20111min1629

တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး

အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့………တည်းခိုခကို တစ်ည ၃၀၀၀ဝ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့…..မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀ဝ တောင်းသတဲ့…. ……မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့………

မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀ဝဆိုတော့…ခက်တော့တာပေါ့………
မန်နေဂျာက ဒီလိုရှင်းပြသတဲ့……..
ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာရာအိုကေတွေ……..ဘားတွေ……..ရှိတယ်…. အဲ့ဒီအတွက်က ၃၀၀၀ဝယူတယ် …..ဆိုတော့..
မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့……….
မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……လို့ပြောလိုက်သတဲ့…..

နောက်ထပ် ၃၀၀၀ဝ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့………..
မင်းတို့ရေကူးတာမကူးတာ….ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်  အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့…..

ဒါနဲ့နောက်ထပ် ၃၀၀၀ဝ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက်…ဂြိုလ်တု ရေခဲသောက်တာတို့အတွက်ပေါ့……..လို့မန်နေဂျာက ရှင်းပြပြန်သတဲ့………
မောင်ဘကလည်း ……….ရေခဲသေတ်တာမပြောနဲ့ ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့……….
မန်နေဂျာကလည်း…………….သောက်တာမသောက်တာမင်းတို့တာဝန်ကွာ…….ငါတို့က အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀ဝ ယူရမှာပဲလို့ရှင်းပြသတဲ့……..

မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့………..ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀ဝ ကျပ်ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့…….မန်နေဂျာကပိုက်ဆံကို  ရေတွက်ကြည့်လိုက်တော့ ၃၅၀၀ဝ ပဲတွေ့ရသတဲ့……..
မောင်ဘကလည်း ” ကျွန်တော့်မိ်န်းမကို ခင်ဗျားနမ်းခက ….၉၀၀၀ဝ ကျတယ်….ခင်ဗျားကို ၅၀၀ဝ လျော့ပေးထားတာ ” လို့ပြောလိုက်တော့
.မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့……” ခင်ဗျားမိ်န်းမကို နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး” ပေါ့…… မောင်ဘကလည်း ” နမ်းတာမနမ်းတာ ခင်ဗျားတာဝန်ပါ…….ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ” လို့ပြောလိုက်သတဲ့………….

9 comments

  • Thaw Zin Loikaw

    February 8, 2011 at 12:06 pm

    မပြုံးပဲနဲ့ ဝါးလုံးကွဲရယ်လိုက်ချင်တော့တယ် …မှတ်ကရော မန်နေဂျာကြီးရေပေါ့ သည်လိုအဖြစ်တွေ အပြင်မှာ မရှိဘူးလို့ ပြောလို့မရဘူးနော်…..သတိထားစရာပေါ့ ….နမ်းနမ်း မနမ်းနမ်းဆိုတာထက် တကယ်နမ်းရရင်တော့ ကောင်းသားဗျု့ိ

  • thidakywewa1

    February 8, 2011 at 4:18 pm

    ကောင်းတယ် ။တော်တော်လူလည်ကျတဲ့ မန်နေဂျာ သူစကားနဲ့သူ ခံပေတော့။

  • လင်းငယ်

    February 8, 2011 at 5:40 pm

    တော်ပါသေးရဲ့။ မောင်ဘ လောဘမကြီးလို့။ မတော်များ…မန်နေဂျာဆီက ပိုက်ဆံထပ်တောင်းမှာဖြင့်။ ကျွန်တော့်ကားခ ဆိုပြီးတော့လေ။ မောင်းမောင်း မမောင်းမောင်းပေါ့။

  • intro

    February 9, 2011 at 2:40 am

    ခက်တာပဲ… လူလည်အချင်းချင်း တွေ့ကြပြီပေါ့… ကိုကိုအင်သာ ဆိုရင် ဒီလိုမျိုး လူလည်ကျလို့ကတော့ အလကားတည်းရအောင် ကို လုပ်ပစ်ဦးမှာ… 😛

  • yuyu

    February 9, 2011 at 2:55 am

    ပြောပါဦးဘယ်လိုလုပ်မလဲ စိတ်ဝင်စားလို့ပါ
    တော်လိုက်တဲ့မောင်ဘ Discount 5000 တောင်ပေးထားတယ်ဆိုပဲ

  • naywoonni

    February 9, 2011 at 6:58 am

    အရမ်း အရမ်း မလုပ်ကြနဲ့နော်။။။။။။။။။

  • ဆူး

    February 9, 2011 at 12:17 pm

    မောင်ဘ ဇနီး ညိုမြ ဆိုတာ အဘနီ အတိတ်ဘဝ တုန်းကနဲ့ တူတယ်။
    အရမ်း အရမ်း မလုပ်ကြနဲ့တဲ့။ ဟီးဟီး.. နောက်တာနော် စိတ်ဆိုးရဘူး။

Leave a Reply