စပ်မိစပ်ရာ ရောက်တတ်ရာရာ

“အိုမိုင်ဂေါ့ “လို့ သူနှုတ်ဖျားက မထွက်လာတော့ပါလား။ ဟုတ်လည်း ဟုတ်တယ်လေ ။ သည်လိုမြင်ကွင်းမျိုး သူ့အတွက် ဆန်းမှ မဆန်းတော့တာ။ ပုရိသတွေချည်းချည်းနေတဲ့ နေရာဆိုတော့လည်း ကြာတော့ မအောင့်နိုင်ကြတော့ဘူးထင်ပါရဲ့။ အဝေးတစ်နေရာကနေကိုယ့်ကောင်မလေးတွေ ရည်းစားတွေ မိန်းမတွေကို လွမ်း။လွမ်းလို့ အားမရတော့ စာတွေရေး ကဗျာတွေရေး။ ပို့ကြ ပေးကြ။ကြာတော့ စာလည်း မပို့ချင် ကဗျာလည်းမပို့ချင်တော့။ နီးစပ်ရာကို သာယာသွားကြတယ်ထင်ပါရဲ့။ ကြားဖူးနေကျစကားတစ်ခွန်းလို Men to Men လည်း မဟုတ်ကျ။ မြင်ကွင်းထဲမှာ ဒွေးရောယှက်တင် ဖက်လှယ်သကင်းနဲ့ အမြင်မတော်။

သည်နေရာမှာ ပြောရဦးမယ်။ သူသူကိုယ.်ကိုယ် သူငယ်ချင်းဖြစ်လာကြပြီဆိုရင်တော့ ထိပ်ပုတ်ခေါင်းပုတ်နဲ့ ဘာညာ သာရကာတွေကိုင်ပြီး ရင်းနှီးမှုကို ပိုအလေးသာစေတတ်ကြတယ်။ ဟုတ်ပါပြီထားပါတော့။ ရင်းနှီးလာပြီ။ နောက်တော့ရော တော်တော်များများကတော့ မိမိစိတ်ကို မိမိသိတတ်ကြတယ်တဲ့။ ထားပါတော့ ။ မသိစိတ်ကရော ယိုးယွင်းဖောက်ပြန်မလာနိုင်ဘူးတဲ့လား။ ပြောချင်တာက ဆန့်ကျင်ဘက်လိင်တွေကိုသာ သဘောကျတတ်ကြတဲ့ ပုရိသယောကျာ်းတွေ အဲဒီ ဆန့်ကျင်ဘက်လိင်တွေနဲ့ အနေဝေးလာတဲ့အခါ လုပ်မိလုပ်ရာ လုပ်တတ်လာကြတာကို ပြောပြချင်တာလေ။ တစ်ချို့က ဝယ်စားတယ်တဲ့။ ကောင်းလား။ အခိုက်အတန့်တော့ကောင်းပါလိမ့်မယ်။ ကဲ မတော်တဆဆိုတဲ့ HIVဗိုင်းရပ်ပိုးအကူးခံလိုက်ရရင် တစ်ဘဝလုံးဆုံး သုန်းရောပဲ။

သိစိတ်နဲ့ မသိစိတ်မှုာ မသိစိတ်က ကြောက်ရတယ်တဲ့။ လူပျိုတွေကလည်း လက်တည့်စမ်းချင်လို့။ လူအိုတွေကလည်း မတွေ့တာကြာပြီမို့လို့ဆိုပြီ ဝယ်တယ်စားတယ်။ ဟော ဝယ်ရင်းစားရင်နဲ့ ငတ်ပြတ်လာကြတယ်။ ပိုက်ဆံကုန်တာများလာတော့ ပိုက်ဆံမကုန်တာကိုရှာလာကြတယ်။ အဲ ဒီနည်းကတော့ သူငယ်ချင်း ချင်း စိတ်ဖြေဖျောက်မှု လုပ်ပေးကြတာတဲ့။ ကျနော်တို့နိုင်ငံမှာ ရှက်စရာ ကိစ္စလို့ သတ်မှတ်ထားကြသော်လည်း ဒီကိစ္စ ခုခေတ်ကြီးမှာ ရှက်စရာတော့မဟုတ်။ ဒါပေမယ့်လို့ စိတ်ဖြေဖျောက်ရာမှာတော့ အများစုက ကိုယ်ဖာသာကိုယ် ဖြေဖျောက်တတ်ကြတာပါ။ ခုနည်းကရော ဘယ်ကနေ အတုမြင်အတတ်သင်လာကြပါလိမ့်လို့ တွေးမိရတဲ့အထိ အံ့ဩတာပါ။ ခြောက်နေတာလည်း မဟုတ်ပါပဲ ၊ Men to Menလည်းမဟုတ်ပါပဲ သည်လို စိတ်ဖြေဖျောက်မှုဟာ ကြာလာရင် ဖောက်ပြန်မှုတွေ ဖြစ်မလာနိုင်ဘူးလား။

လိင်ပိုင်းဆိုင်ရာ ပညာပေးတဲ့အခါမှာ ကျနော်တို့ဆီမှာက နားရှက်လို့ဆိုပြီး နားမထောင်တတ်ကြတာလူတိုင်း။ အဲ မိန်းကလေးမှလားဆိုတော့ ယောကျာ်းလေးတွေကလည်း ကိုယ်ကိုကိုယ်တိုင် စိတ်ဖြေဖျောက်မှုလုပ်နေသည်တို်င်အောင် ပညာပေးဟောပြောပွဲတွေဆိုရင် နားထောင်ရတာ ရှက်လို့ဆိုပြီး ရှောင်ကြတယ်။ အဲ သူငယ်ချင်းအချင်းဆုံကြပြီဆိုရင်တော့ မရှက်တမ်း အာဘောင်အာရင်းသန်သန်နဲ့ ပြောကြဆိုတတ်ကြပြန်တယ်။

လိင်ကိစ္စကိုပြောကြဆိုကြရာမှာ ယောကျာ်းလေးတွေက ပိုပိုသာသာရှိလိမ့်မယ်လို့ထင်ပါတယ်။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရအောက်မှာ ယောကျာ်းလေးရော မိန်းကလေးရော တန်းတူရှိနေနိုင်ပါတယ်။ ယောက်ျားလေးချင်းချင်း၊ မိန်းကလေးချင်းချင်း တူရာ တူရာ အုပ်စုဖွဲ့ပြီးတော့ပေါ့။ သူငယ်ချင်းသံယောဇဉ်ဆိုတဲ့ ဖြူစင်မှုအောက်မှာ တစ်ချို့တွေ ကာမတဏှာဆိုတဲ့ကိစ္စတွေကပ်ပါလာတဲ့အခါမှာ ခုခေတ်ကြီးမှာ ရေပန်းစားနေတဲ့ Men to Menတွေ ၊ Girl to Girlတွေ ပေါ်လာပါရောလား။ ဆန့်ကျင်ဘက်လိင်တွေကို စိတ်ဝင်စားရမယ့်အစား ဘာလို့ လိင်တူကို စိတ်ဝင်စားလာရတာလဲ။ မိမိစိတ်ကိုယ်တွင်းကနေ ဟောမုန်းဓါတ်တွေ ပြောင်းလည်းလာလို့လား။ ဒါမှမဟုတ် ငုတ်လျှိုးနေတဲ့ အငုံစိတ်တွေ ထကြွသောင်းကျန်းလာလို့လား။

တစ်ချို့ဆိုရင် ကျားကျားလျားလျားကနေ ရုတ်ချည်းပြောင်းလည်း ခြောက်သွားကြတာ မြင်နေရတယ်။ ဟော ခုကြည့် ပုရိသတွေ ချည်း ရာဂဏန်းကျော်ကျော်လောက်ရှိတဲ့ အလုပ်မှာ ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ကြားလို့မသင့်ဘူးလို့ယူဆထားတဲ့သတင်းတွေထွက်ထွက်လာနေပြီ။ အနောက်နိုင်ငံတွေမှာတော့ သည်လိုကိစ္စရပ်တွေကို ယောကျာ်းချင်းချင်းပဲဖြစ်ဖြစ် မိန်းကလေးချင်းချင်းပဲဖြစ်ဖြစ် ရှက်စရာကိစ္စလို့မမြင်ကြတော့ဘူး။ တစ်နေ့ကပဲ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ယောက်ကပြောပြတယ်။

“ ကျနော်ဗျာထင်တောင်မထင်ထားဘူး ကျနော်မျက်စိနဲ့မြင်ရတာဆိုတော့လည်း မယုံလို့မရဘူး သူတို့ချင်းဖြစ်နေတာကို ကျနော်ကမြင်ထားတာဆိုတော့ လုပ်ငန်းခွင်မှာ ကျနော်ကို သူ့တို့အကြောင်းပြောမှာစိုးလို့ ဖိအားတွေပေးလာရင် ဘယ်လိုလုပ်မလဲ“ ဆိုပြီး ကိုစိုးဦးကပြောပြတယ်။

“ကျနော်နဲ့ အဲဒီ အစ်ကိုက အရမ်းရင်းနှီးတာဗျ ကြည့်လိုက်ရင်တော့ ယောကျာ်းမှ စစ်စစ်ကြီး ဟိုတစ်နေ့က သူအခန်းထဲ ခေါ်ပြီးတော့မှာ သူ့ကို ပုန်းနေမှန်းသိရတယ်…လုံးလုံးလဲ ခြောက်နေတာ မဟုတ်ဘူးဗျ…တစ်မျိူးပဲ“ လို့ ကြုံခဲ့ရသူ မောင်မျိုးကလည်း ပြောပြပြန်တယ်။

ဒါပေမယ့် သမရိုးကျဖြစ်ရပ်၊ လောကသဘာဝကို ဖောက်ပြန်နေကြတာကတော့ ခုခေတ်မှာ ထူးထွေများပြားလို့လာနေပါပြီ။ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ လိင်ပိုင်းဆိုင်ရာ ဓါတ်ပုံတွေ၊ ဇာတ်ကားတွေကလည်း မိုးထိုး မြေထိုး။ စိတ်ဓါတ်တက်ကြွစေတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမှုဓါတ်ပုံတွေကလည်း အရှိန်အဟုတ်ကောင်းစွာနဲ့ ထိုးစစ်ဆင်နေပြီ။ ပြဌာန်းလိုက်ရ ကာကွယ်လိုက်ရတာလည်း များနေပြီ။ ကျနော်တို့ဆီမှာလည်း လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ဆိုးရွားမှုတွေ များလာနေပါပြီ။ လမ်းဘေးက ညစ်ညမ်းခွေတွေကို ပေါ်တင်ရောင်းတာကိုပဲကြည့်။ စားသုံးသူရှိလို့ ရောင်းသူလည်းရှိတာ။ ညစ်ညမ်းခွေနဲ့အတူ လိင်နဲ့ပတ်သက်ပြီး စေ့ဆော်မှုပြုလုပ်တဲ့ ဆေးတွေ ဝါးတွေ။ အဲဒီထဲက ဝိသမလောဘသားတွေရဲ့ ငွေရှာ အကျိုးအမြတ်ထုတ်မှုတွေကို ကောင်းကောင်းကြီးခံနေကြရတယ်။ လိင်ဆက်ဆံတယ်ဆိုတာ ဘယ်သူမှသင်ပေးစရာမလိုပဲ တတ်မြောက်တတ်ကြတဲ့ ပညာရပ်တစ်ခုပါ။ ဒါကိုမှာ သမရိုးမကျတဲ့ လုပ်ဆောင်မှုတွေနဲ့ လူငယ်ထုတွေကို သိမ်းသွင်း စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကို ဖျက်ဆီးနေတာလည်း  သည် ညစ်ညမ်းခွေတွေပဲ မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ သဘာဝတရားနဲ့အညီနေထိုင်ခြင်းသည်သာ အန္တရာယ်အကင်းဆုံး လို့သာ နှလုံးသွင်းထားတတ်ဖို့လိုတော့တာ မဟုတ်ဘူးလား။

“အနည်းငယ်ရိုင်းခဲ့သည်သော် ခွင့်လွတ်ကျပါဗျု့ိ“

သော်ဇင်(လွိုင်ကော်)

3 comments

  • kai

    February 8, 2011 at 10:10 pm

    အဲဒါ..သဘာဝတရားတွေထဲက ..တခုပဲမဟုတ်လား..။
    ကိုယ်နဲ့မတူလို့ သာ..ဆန်းနေတာပါ..။

    ရောမခေတ်ကဆို ..အင်မတန်ကြမ်းတဲ့ ရောမစစ်သားကြီးတွေ လိင်တူဆက်ဆံကြသတဲ့..။
    မိန်းမဆိုတာကို .. မျိုးဆက်ဖို့အတွက် .. ကလေးမွေးဖို့အတွက်သာ သဘောထားကြသတဲ့..။

    ကဲ.ကဲ..
    ဆဲကြ… 🙂

  • weiwei

    February 9, 2011 at 2:52 am

    သဂျီးတစ်ယောက်ကတော့ ရွာသားတွေ ဆဲတာကို တော်တော်မြင်ချင်ပုံရတယ် … 🙂

  • zaw min

    February 9, 2011 at 5:07 am

    အင်း…သဂျီးလည်း…ဧကန်ဏတော့ ဧကန်ဏပဲ…ထင်တယ်…စိတ်မဆိုးရဘူးနော်…သူများလိုတော့ မဆဲတတ်ပါဘူး..
    စတော့ စတတ်တယ်နော်….

Leave a Reply