ပန်းသီး၊ဖရဲသီး၊သင်္ဘောသီး၊လိမ္မော်သီးတို့၏လုပ်ဆောင်ချက်

nyimalayFebruary 9, 20111min1167

အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ပိစကွေးတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. အဲ့ဒီ့အသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး တွေကိုဖောာ်ပြပေးလိုက်ပါတယ်။

ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၎င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ဝိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။။

ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။

လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်.. ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။

သင်္ဘောသီး

ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ဝမ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်.. သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်..

ပိစိကွေးတို့ပတ်ဝန်းကျင်မှာအလွယ်တကူတွေ့ရတဲ့အသီးအနှံတွေဟာ ကျန်းမာရေးအတွက်
ဆေးတစ်လက်အဖြစ်အသုံးဝင်တယ်ဆိုရင်ဖြင့်ငွေကုန်ကြေးကျမများလှတဲ့အသီးအနှံတွေကိုနေ့စဉ်စားသုံးပေးခြင်းအားဖြင့်ဝင်ရောက်လာနိုင်တဲ့ရောဂါဘေးတို့ကနေကာကွယ်သင့်

ကြတယ် မဟုတ်ပါလားနော်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေနော်။

7 comments

  • manawphyulay

    February 9, 2011 at 5:52 am

    အသီးတွေထဲမှာ ပန်းသီးကို ပိုကြိုက်တယ်။ အရမ်းစားရင် ဝိတ်ကျတယ်လား ကွေးကွေး ဒါဆို ပိန်တဲ့သူတွေ စားသင့်ရဲ့လားဟင်

  • nyimalay

    February 9, 2011 at 6:17 am

    စားသင့်ပါတယ်မမရဲ့…. ဘာလို့လည်းဆိုရင် ပန်းသီးက ဝိတ်ကျစေတာမဟုတ်ဘူးလေမမ….. အမျှင်ဓာတ်များတော့ စားချင်စိတ်ကိုထိန်းပေးတာ…. ဒီတော့ ပိန်တဲ့သူတွေစားလည်း ဝိတ်ကကျသွားမှာမဟုတ်ဘူးလေမမ…… အစိမ်းရောင်ပန်းသီးတွေကတော့ ဝိတ်ကိုပါကျသွားစေတယ်မမ…. နဲနဲလည်းချဉ်တယ်လေသူ့အရသာက……. အနီရောင်ပန်းသီးကတော့ ဝိတ်မကျစေပါဘူးမမ…. 🙂
    ပိစိကွေးကတော့ အသီးအနှံ ဆိုလာထား အကုန်ကြိုက်တယ် လုံးဝမငြင်းဘူးသိလား…. 🙂

  • intro

    February 9, 2011 at 7:06 am

    ဒါဆိုရင် ပိစိကွေကို၊ ငရုတ်သီးစပ်စပ်လေးနဲ့ ရှောက်သီးသုတ်ကျွေးပြီး ရေငတ်လာရင် ရှောက်သီးရယ်၊ မန်ကျည်းသီးရယ် ရောပြီး ဖျော်တိုက်မယ်၊

  • nyimalay

    February 9, 2011 at 7:57 am

    အော်…..စေတနာတွေစေတနာတွေ…. ဟင့်…. တိုတိုအင်ကမှ ကျွေးတော့လဲ ညီမလေးကစားရမှာပေါ့လေ…. 😛
    ပြောရင်းနဲ့ သွားကြိမ်းလာပြီနော်……
    ရှောက်သီးကိုငြုပ်သီးစပ်စပ်လေးနဲ့ကျွေးတာဘာမှမဖြစ်ပေမယ့် ရှောက်သီးနဲ့မကျည်းသီး ရေရောဖျော်တိုက်တာကတော့ ရက်စက်လွန်းပါတယ် …….. :cry

  • ဆူး

    February 9, 2011 at 12:45 pm

    သပျစ်သီး ဖရဲသီး စတဲ့ အအေးဓါတ် များတဲ့ အစားတွေကို လူကြီးများ ညဘက် စားပြီးရင် ကျောရင်အောင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ လေထတာ ဖြစ်ပါတယ်။
    အိမ်အောက်ထပ်မှာ နေတဲ့ အဘိုးကြီး ဖရဲသီး စားပြီး ညဘက်ကြီး ဆေးရုံ တင်လိုက်ရတယ်။

  • eros

    February 9, 2011 at 1:00 pm

    မြန်မာပြည်မှသစ်သီးများသည် ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖန်တီးထားခြင်းများပါသည်။

  • Yin Nyine Nway

    February 9, 2011 at 5:38 pm

    ဖရဲသီးရဲ့ အဖြူပိုင်းကတော့ ကျောက်ကြေတယ်နော်
    ဆေးလိပ်ကျိုးတွေလဲ ကြေတယ်လေ

Leave a Reply