ဆေးလိပ်မသောက်ပဲ သေဆုံးရသူများ

ဆေးလိပ်နဲ့ပက်သက်ပြီး ကမ္ဘာပေါ်မှာ ဆေးလိပ်မသောက်ရပဲနဲ့ နှစ်စဉ် ခြောက်သိန်းကျော် သေးဆုံးမူရှိနေကြောင်းကို ဗြိသျှဆေးကညာဂျာနယ် Lancet တွင်ဖေါ်ပြထားပါတယ်။

ဆေးလိပ်ငွေ့ကိုနေစဉ်ရူရိုက်နေရသောကြောင့် ရရှိလာသောရောဂါများကြောင့်သေးဆုံးရခြင်းဖြစ်ပါတယ်။ယင်းသို့ သေဆုံးသူရသူများထဲတွင် (၃)ပုံ၊(၁)ပုံ မှာ ကလေးသူငယ်များဖြစ်ကြ ကြောင်းကို တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ဆေးလိပ်ကြောင့် သေဆုံးများစရင်းကို ပထမဦးဆုံး လေ့လာမူတစ်ခုက ဖေါ်ပြခဲ့ပါတယ်။(၂၀၀၄)နှစ်နောက်ပိုင်းတွင် ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေရူမိရာမှ အဆုပ်ရောဂါကဲ့သို့ သောရောဂါများဖြစ်ပွါး၍ သေဆုံးရခြင်းဖြစ်သည်ဟု ဗြိသျှဆေးဂျာနယ် Lancet ၌ ဖေါ်ပြထားပါတယ်။

၂၀၀၄ ခုနှစ်က ဆေးလိပ်သောက်သဖြင့်ရရှိသောရောဂါတို့ကြောင့် သေဆုံးသူ(၅.၁)သန်းခန့်ကိုပါပေါင်းထည့်လျှင် ဆေးလိပ်ကြောင့် သေဆုံးသူအရေအတွက်မှာ(၅.၇)သန်းထိရှိနိုင်ကြောင်းသိရပါတယ်။ဆေးလိပ်ကို ကိုယ်တိုင်မသောက်ဘဲ အငွေ့ကြောင့်ရောဂါရပြီး သေဆုံးသူအားလုံး၏ထက်ဝက်သည် အမျိုးသမီးများဖြစ်ကြသည်။

(၂၀၀၄)ခုနှစ် စရင်းအရ ဆေးလိပ်ငွေ့မှရရှိသောရောဂါကြောင့်သေဆုံးသူအရေအတွက်သည် ကမ္ဘာပေါ်တွင် တစ်နှစ်အတွင်း သေဆုံးသူစုစုပေါင်း၏ (၁)ရာခိုင်နူန်းအထိ ရှိလာသည်ဟုသိရပါသည်။

သုတေသီများက ကလေးမျာသည် ဆေးလိပ်သောက်သူများနှင့်နီးကပ်စွာရှိနေခြင်းသည် အလွန်ပင် အန္တရယ်များကြောင်း သတိပေး ပြောဆိုသွားပါသည်။ထိုအပြင် ဖွိ့ဖြိုးဆဲနိုင်ငံများတွင်ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေ့ကြောင့် ရောဂါရရှိမူအခြေအနေသည် (၅၀)နူန်း ပိုဆိုးကြောင်းလည်းစစ်တမ်းတွင်ဖေါ်ပြထားသည်။အများအားဖြင့် ဆေးလိပ်ငွေ့ ထိတွေ့နီးစပ်မူအများဆုံးနေရာများမှာ အရက်ဘားနှင့်ကလပ်များကဲ့သို့သော နေရာများဖြစ်တတ်ကြောင်းကို လေ့လာတွေရှိထားသည်။စစ်တမ်းများရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူ (၁.၂)ဘီလျှံရှိကြောင်းလည်းသိရပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာတော့ ဆေးလိပ်ငွေ့တင်မကပါ။ခြင်ဆေးခွေ တွေကြောင့်ပါ ကလေးသူငယ်များရောဂါရရှိနေပါတယ်ဆိုတာကို အဲဒီ သုသေသန ပြုနေသူများမသိသေးဘူးထင်ပါတယ်။သိရှိပြီးစရင်းပြန်ပြုစုလျှင် သေဆုံးသူဦးရေများနောက်ထပ် တိုးပွါးလာအုံးမည်ဟုယူဆမိပါတယ်။

ကိုးကား။    ။ လင်းယုန် မဂ္ဂင်း