လူတိုင်းကတော့ ကိုယ့်ကိုယ်စတိုင်ကျဖို့ လှဖို့အတွက် အလှပြင်ကြ အဝတ်အစားကို ဂရုတစိုက်ဝတ်ဆင်တက်ကြတာပါပဲ ။
မလှချင်တဲ့ သူတောင် အပြင်သွားတဲ့ အခါ အမြင်တင့်ဖို့အတွက် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်စားတက်ကြပါတယ် ။
ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်ပြင်လိုက်တဲ့ အဝတ်အစားအပြင်အဆင်ဒီဇိုင်းက ပတ်0န်းကျင်နဲ့ သိပ်မကိုက်ညီတဲ့အခါ
ဘေးကကြည့်မိတဲ့ သူတွေကတော့ အတော်ရီချင်မှာပဲ အခုကလဲ ဒီပို့စ်ကိုရေးရတာက မျက်စိေ၇ှ့မှာ
မြင်နေရတာလေးတွေကို (အရူးထနေကြတာလေးတွေကို) ပြောချင်လွန်းအားကြီးလို့ပါ ။ ဖြစ်ပုံက ဒီလို …..

ဟိုတစ်နေ့က နွယ်ပင်နဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဗိုလ်ချုပ်ဈေးကိုသွားပါရော ကိုယ်တွေက အသက်လဲ နည်းနည်းရ
ပိုက်ဆံက နှမြောဆိုတော့ လိုင်းကားပဲတိုးစီးကြတာပေါ့ ဘယ် taxi ငှားမလဲ ကိုယ်အဝတ်အစားဝယ်မယ့် ပိုက်ဆံလေးထိသွားမှာဆိုးလို့
သွားတဲ့အချိန်ကလဲ တကယ့်အချိန်ကောင်း နေ့လည်1း00 ဆိုတော့ နေကလဲ ပူလိုက်တာအရမ်းပဲ လိုင်းကားကလဲကြပ်ဆိုတော့
သူငယ်ချင်းနှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ကားပေါ်ကပါလာတဲ့ သူတွေကို အတင်းအုပ်နေတာပေါ့ . အဲ့အချိန်မှာ (46) လမ်းမှတ်တိုင်က တက်လာတဲ့
ချာတိတ်မလေး (2) ယောက် အသက်ကလဲ ဘာ၇ှိဦးမလဲ အလွန်ဆုံး၇ှိမှ (16/17) ပေါ့ သူတို့ နှစ်ယောက်က အပြတ်ကိုလန်းလာတာ
အဝတ်အစား ဖိနပ် အပြင်အဆင်ပေါ့ ဒါပေမဲ့ အဲဒါတွေနဲ့ မလိုက်ဖက်အောင်ပဲ မျက်မှန်အကြီးကြီးတွေတပ်ထားကြသေးတယ်
တပ်ထားတဲ့ မျက်မှန်ကလဲ နွယ်ပင်တို့အဖေတွေခေတ်တုန်းက ခေတ်စားခဲ့တဲ့ အန်းတိတ် မျက်မှန်ကိုင်းအမည်းကြီးနဲ့ တကယ့် အကြီးကြီးဆိုမှ
အကြီးနော် သူတို့မျက်နှာရဲ့ တစ်0က်မပြည့်တစ်ပြည့်လောက်ကို နေရာယူထားတာ သူတို့ တက်လာတော့ နွယ်ပင်ကလဲ ကလေးတွေတော်တော်
ဖက်ရှင်ထွင်လာကြတာပဲပေါ့ဆိုပြီး ဒီအတိုင်းပဲ ကြည့်လိုက်မိတယ် အဲ့အချိန်မှာပဲ သူငယ်ချင်းက နွယ်ပင်အနားကိုတိုးလာပြီး အတင်းပြောပါရော
“ဟဲ့ ဟိုကလေးမလေး (2) ယောက်ရဲ့ မျက်မှန်က ကိုင်းကြီးပဲဟ မှန်မပါဘူးတဲ့ ” အဲတော့မှ နွယ်ပင်လဲ “ဟေ .. ဟုတ်လားဆိုပြီး” ကမန်းကတမ်းပြန်ကြည့်လိုက်တော့
ဟုတ်တယ် တကယ် မှန် မပါဘူး တစ်ကားလုံးကလဲ သူတို့ကို အဲတာကြောင့်ဝိုင်းကြည့်နေတာထင်တယ် ဒါပေမဲ့ ကလေးမ (2) ယောက်ကတော့ အေးဆေးပါပဲ. ဘယ်လိုမှမနေဘူး
သူတို့အသက်အရွယ်နဲ့ သူတို့ ကတော့ဟုတ်နေတာပေါ့လေ

အဲတာနဲ့ ဆက်ပြောဦးမယ် သူငယ်ချင်း(2)ယောက်လမ်း(30) မှာဆင်ပြီး ဗိုလ်ချုပ်ဈေးကိုချီတက်ကြတာပေါ့ ဈေးမှာ ဝယ်စရာရှိတာဝယ်ပြီး အပြန်ကြတော့ သူငယ်ချင်းက
သူက နောက်ထပ်တစ်နေရာ ဝင်စရာရှိလို့ဆိုပြီး Taxi နဲ့ထွက်သွားရော နွယ်ပင်ကတော့ အိမ်က မှာလိုက်တဲ့ ပစ္စည်းတွေရော ကိုယ်လိုချင်တာလေးတွေပါ ဝယ်ပြီး
Taxi တော့မစီးတော့ပါဘူးလေ အိမ်ရောက်မှပဲ အထုပ်တွေနဲ့လေးလို့ဆိုပြီး ကားငှားစီးလာတယ်ဆိုပြီး အမေဆီက ပိုက်ဆံပြန်တောင်းမယ်ဆိုတဲ့ အတွေးလေးနဲ့ကားမှတ်တိုင်ကိုချီတက်
တာပေါ့ ။ အဲ့မှာ ဇာတ်လမ်းကစတာပဲ ကပ်စေးနဲပြီး ကားမငှားတဲ့ အပြစ်ပေါ့ ကိုယ်ကလဲ အထုပ်တွေနဲ့ဆိုတောဲ့ အောက်ကိုပဲကြည့်ပြီးခပ်မြန်မြန်လေးသွားလိုက်တာ လမ်းမှာ
လူတစ်ယောက်နဲ့တိုက်မိတာလေ တိုက်မိမိချင်းဆိုတော့ အားလဲနာ နေပူထဲမှာလျှောက်နေရတော့ မျက်လုံးကပြာနေတော့ တိုက်မိတဲ့သူကို သေချာမကြည့်ပဲ
“ဆောရီးနော် မတော်လို့ ဆောရီး ညီမလေး” လို့တောင်းပန်လိုက်ရော သူက နွယ်ပင်ကို ဘုရှိုးတွေနဲ့ကြည့်ပါလေရော အဲတော့မှ မျက်လုံးကိုပွတ်ပြီး သေချာပြန်ကြည့်တော့
“အဲတော့ တိုက်မိတာက ကောင်လေး” ဟုတ်တာပေါ့ ကိုယ်ကလဲ တိုက်မိသေးတယ် သူက အထုပ်တွေလဲ ကောက်ပေးရသေးတယ် ပြီးတော့ ညီမလေးဆိုတော့
နရင်းမအုပ်တာကံကောင်းဆိုပြီး အဲတော့မှ ကားငှားပြီး အမြန်လစ်လာရတယ် . ကားပေါ်ရောက်တော့မှပဲ ကိုယ်မျက်လုံးကို ကိုယ်ပြန်ပြီးအပြစ်တင်ရတော့တယ်
အမှန်က မျက်လုံးကလဲ မျက်လုံး တိုက်မိတဲ့ ဟိုကောင်လေးကလဲ ဟိုကောင်လေး ကြည့်ပါဦး သူပုံစံကလဲ အောက်ကဝတ်ထားတာက skinny အနက်နဲ့ ၊အပေါ်က အကျီင်္က ကိုရီှးးယား
ဒီဇိုင်းထင်တယ် လည်ပင်းကအဟိုက် နောက်ပိတ်စအပိုတွေက လည်းပင်းကနေတွဲပြီးကျနေတာ ဆံပင်ကလဲ တစ်ဝက်စီးတစ်ဝက်ချ လွယ်အိတ်အကြီးကြီးကိုလဲ ကောင်မလေးတွေလွယ်သလို
ဘေးကနေလွယ်ထားသေးတယ် လူကလဲ ပိန်ပိန်ဖြူဖြူလေးရယ် အဲတော့ သူက ကိုယ့်ပစ္စညိးကုန်းကောင်ပေးနေတာဆိုတော့ အပေါ်ကနေစီးကြည့်လိုက်ရင် ကောင်မလေးတစ်ယောက်လိုပဲ ။
ငါနှယ်နော်ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရတော့တယ် ။

နွယ်ပင်တို့ကတော့အဲလိုပဲ တကယ့်ရိုက်ပေါက်တွေကို လုပ်တက်တာပြောပါတယ် .။ခေတ်ကပဲ အဲလိုတွေဖြစ်လာတာလား ကိုယ်ကပဲ အရမ်းပုံတုန်းပြီးခေတ်မမှီတာလားတော့ မပြောတက်တော့
ပါဘူး အခုခေတ် လုငယ်လေးတွေ တစ်ချို့တွေ ဝတ်တာစားတာကိုတော့ တကယ်လိုက်လို့ကိုမမှီတာတော့ အသေအချာပါပဲ ……

null

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..