ပိုက်ဆံအများကြီးလှူမှ ရွှေတိဂုံဂေါပကက လက်ခံတာလား

nyimalayFebruary 9, 20111min824

အသိစိတ်လေးရှိစေချင် ပါလို့ ရေးလိုက်တာပါ။ ပြီးတော့ post လဲ မတင်တတ် လို့ပါ။ ကြုံခဲ့ရတာက စိတ်ကကောင်းစရာမို့ ရင်ဖွင့်တာပါ။ post တင်ပေးနိုင်ရင်လဲ တင်ပေးပါ။ point လိုချင်လို့ မဟုတ်ဘူးနော်။ ၆-၂-၁၁ က ကျမအဖေရဲ့မွေးနေ့မို့ ရွှေတိဂုံဘုရားမှာ ပိုက်ဆံသွားလှူပါတယ်။ ရှေးပင်စင်စားမို့ ၅၀၀၀ဝ လှူတာ ဘယ်နဲမလဲနော်။ ဒါတောင် သားသမီးတွေ ကန်တော့တာ ကို ဖယ်ထားပြီး လှူရတာ။ စိတ်ကတော့ အဓိကပေါ့လေ။
ရွှေတိဂုံတောင်ဖက်မုဒ်က ဂေါပကလူကြီးဆိုတဲ့ အရွယ်သိပ်မကြီးသူ ၂ ယောက်ပါ။ ကျမတို့ ငွေမလှူခင် ရောက်နေတဲ့ ကလေး၂ယောက်က ရွှေပြား၁ချပ်စာ ၅၂၀၀၀ဝ လှူနေပါတယ်။ ကျမတို့က ၅၀၀၀ဝ ထဲနဲ့ သားသမီးတွေရော မြေးတွေရောဆိုတော့ အများကြီးပေါ့။ သူတို့က သိန်းချီပြီး လှူမှ လက်ခံချင်တာလား မသိပါဘူး။ ကျမတို့ကို ကော်ဖီတိုက်ဖို့ဝေး စကားတောင် မပြောချင်တဲ့ပုံ။ ဧည့်ခန်းမှာတောင် သိပ်ထိုင်စေချင်ပုံမရဘူး ကျမအဖေက wheelchair နဲ့မို့သာ ဘာမှမပြောနိုင်တာ။ ပိုက်ဆံလှူတဲ့ဓါတ်ပုံလေး ရိုက်ချင်ရှာတဲ့ ကျမအဖေခမျာ ကြောင်ကြောင်လေး ထိုင်နေရပြီး နောက် ဘာလုပ်ရမှန်းမသိတော့ ဘုရားဖူးပြီး ပြန်လာမှ ဖြတ်ပိုင်းယူမယ်ပြောပြီး ထွက်တော့ မှ ခုနက ဂေါပက ၂ယောက်က အထဲဝင်လာပြီး ၅၂၀၀၀ဝ လှူတဲ့ ကလေး၂ယောက်ကို ဘယ်မှာနေလဲ ဘာလုပ်လဲနဲ့ မျက်နှာယူနေတာကို တွေ့ရ ကြားလိုက်ရပါတယ်

အဓိက ပြောချင်တာက ပိုက်ဆံအများကြီးလှူမှ ရွှေတိဂုံဂေါပကက လက်ခံတာလားဆိုတာပါ။

4 comments

  • nyimalay

    February 9, 2011 at 6:57 am

    ဒီပိုစ့်အတွက် ပွိုင့်မယူပါဘူး သူကြီး….. ပွိုင့်နှုတ်ထားလိုက်ပါနော်….. သူမတင်တတ်ဘူးဆိုလို့လူတိုင်းဖတ်မိအောင်ပိစိကွေးကတင်ပေးလိုက်တာပါနော် 🙂

  • photwenty

    February 9, 2011 at 7:40 am

    အဲ.ဒါလဲ
    ဖြစ်လဲဖြစ်နိုင်ပါတယ်
    ဖြစ်လဲမဖြစ်နိုင်ပါဘူး

  • Gipsy

    February 9, 2011 at 8:10 am

    မျက်နှာကြီးရာ..ဟင်းဖတ်ပါ ..ဒါမျိုးတွေချည်းပါဘဲ….
    မျက်နှာသာရအောင် ကပ်ဖား ယပ်ဖား လုပ်ကြတဲ့ သူတွေကတော့ ..ရိုက်သတ်
    မယ်ဆိုရင်တောင် ကုန်နိုင်ဘွယ်ရာနတ္တိပါ….

  • padonmar

    February 9, 2011 at 12:03 pm

    နေရာတကာ ဒီလိုလူတွေ အများကြီးပါဘဲ၊ဝဋ်ဆ်ုတာလည်တတ်ပါတယ်၊
    ကိုယ်အလှည့်ကျရင် သူနောင်တရလောက်အောင် ကောင်းပေးလိုက်မယ်လို့ သဘောထားလိုက်ပါ၊

Leave a Reply