ကြက်တွေ တုတ်ကွေးဖြစ်လို့တဲ့ နေပြည်တော်မှာ

naywoon niFebruary 9, 20111min764

8-2-2010 နေ့က လွှတ်တော်မှာ ကျွေးမွေး ဧည့်ခံ ဖို့ သယ်ယူလာတဲ့ ကြက်တွေကနေ တုတ်ကွေးဖြစ်ပြီး အကောင် 600 လောက်သေသွားတယ်လို့ သိရပါတယ်။ တရားဝင်တော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး နေပြည်တော် ခရိုင်တွင်းမှာ တောင် သိပ်မသိကြသေးပါဘူး။ ဒါက နေပြည်တော်ကို သွားရောက်တာဝန်ထမ်းဆောင်ရတဲ့သူတွေက ပြောတဲ့သတင်းဖြစ်ပါတယ်။ သိတဲ့သူတွေကလည်း ကြက်သား ကြက်ဥ စားသင့် မစားသင့် ဝေခွဲမရသေးပါဘူး။ ခုလောလောဆယ်မှာတော့ သိတဲ့သူက ရှောင်သွား မသိတဲ့သူက ဝယ်စား နေကြတာပါပဲ။ မွေးမြူရေးသမားတစ်ဦးက ပြောတာကတော့ တုတ်ကွေး ဖြစ်တဲ့ ကြက်တွေက ဥ မဥတော့ပါဘူးတဲ့။ အသားကိုပဲ ခုလောလောဆယ် ရှောင်သင့်တာလို့ ဆိုပါတယ်။ ဒေသတွင်း ကြက်တွေက ဖြစ်တာမဟုတ်ပဲ သယ်လာတဲ့ ကြက်တွေက ဖြစ်တာဆိုတော့ စဉ်းစားစရာပေါ့လေ။ ရင်းနှီးသူချင်းကလွဲပြီး ဘယ်သူက ဘယ်သူ့ကိုမှ မပြောရဲကြပါဘူး။ ကိုယ့်စကားဖြစ်မှာစိုးလို့တဲ့လေ။ ကြောက်တတ်လိုက်ကြတာနော်။ မနေ့က ဈေးတစ်ခုမှာတော့ စည်ပင်က ကြက်ဥ သည်တွေကို ခေါ်တွေ့ ပါတယ်။ ဘာပြောလိုက်သလဲတော့ မသိရဘူး။ သူတို့က လည်း ပြန်မပြောကြဘူးလေ။ တစ်ချို့က ထုတ်မခင်းကြဘူး။ နောက်ထဲမှာပဲထားပြီး လာမေးမှ ထုတ်ရောင်းကြတာတွေ့တယ်။ တစ်ချို့ကလည်း ပုံမှန်ပဲ ခင်းရောင်းနေတာတွေ့ရပါတယ်။ ဘာမှမဆိုင်ဘူးလို့တော့ ပြောမရဘူးပေါ့လေ။ လေသင့်ရာ ကူးနိုင်တယ်ဆိုလားပဲ

4 comments

  • chityaaung

    February 11, 2011 at 3:11 pm

    ကြားတော့ ကြားလိုက်တယ်ဗျ တနင်းလာနေ့က 8 ရက်နေ့မဟုတ်ဘူးဗျ ။ 7 ရက်နေ့က ဖြစ်တာလို့ပြောတယ်။

  • naywoonni

    February 12, 2011 at 10:46 am

    ဟဲဟဲ အဒူမှစိတ်မဝင်စားဘူးပေါ့..။ဘာမှလည်းမပြောကြဘူး။ တော်ပြီ နေပြည်တော်မှာ ဓါတ်ဆီဆိုင် မီးလောင်တဲ့ အကြောင်း မပြောတော့ဘူး လာမမေးကြနဲ့

  • ဆူး

    February 12, 2011 at 2:34 pm

    အဘနီက စိတ်ကောက် လွယ်လိုက်တာ။ အဘနီ တို့ အရပ်က လူတွေ ရှောက်သီး ကို စောက်သီး ဆိုပြီး အသံထွက်တာ ဆူး သိတယ် ဟုတ်တယ်မလား။ ဂျကား ပီကော ပီရဲ့လား ။
    ဒီနေ့ နေပူတော် နားမှာ ဆာဖာရီ ဥယျာဉ် စဖွင့်ပြီ သူများထက် ဦးအောင် သတင်းတင်လိုက်လေ။
    လူကြီး ၁၀၀ဝ ခလေး ၅၀၀
    ရန်ကုန် မန်းလေး မိုင်တိုင် အမှတ် ၂၉၅ နားမှာ ဖွင့်ထားတယ်တဲ့။
    အာရှ ပြကွက် အာဖရိက ပြကွက် ဩစတေးလျ ပြကွက် ပြထားတယ်တဲ့
    အာရှမှာ နွားနောက် ဆပ်
    အာဖရိက ခြင်္သေ့ မြင်းကြား
    ဩစတေးလျ သားဗိုက်ကောင်
    စတာတွေပေါ့လေ စုံအောင်ဘဲ ပြထားတယ်
    အကျယ်က ကီလို ၂၀ဝ ကျော် ဘဲ သေချာ အတိအကျ မသိတော့ဘူး
    သတင်းမှာ ကြားလိုက်တာ။

  • manawphyulay

    February 12, 2011 at 2:39 pm

    အဘနီက ကြက်ငှက်တုတ်ကွေး ကိုယ်တိုင်အဖြစ်ခံပြီးတော့ ၈ဝ ဖိုး တင်ထားတာကို ဘယ်သူမှ မလာကြတော့ သူ့ဖြစ်တဲ့ရောဂါက မတန်သလိုဖြစ်နေတာပေါ့နော်………… သတင်းလာမေးပါတယ် အဘနီ တစ်မြို့လုံးဖြစ်နေပြီလား (ဝမ်းသာသံဖြင့်မေးသံ) စိတ်မကောင်းပါဘူးအဘနီရယ် ဆေးမှန်မှန်သောက်နော်…..

Leave a Reply