ကြက်သွန်နီက နှလုံးရောဂါကိုကာကွယ်နိုင်

ကြက်သွန်နီက နှလုံးရောဂါကိုကာကွယ်ကောင်းကို လင်းယုန်မဂ္ဂဇင်းမှ ဖေါ်ပြထားသည်ကို ပြန်လည်ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။

ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနဲ့ လေသင်ထုန်းရောဂါများဖြစ်ပွားစေမည့်မကောင်းသော ကိုလက်စရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကိုတိုက်ဖျက်ပေးသည့်ကောင်းသော ကိုလက်စရောလ်များကိုထိန်းပေးသိမ်းကြောင်း တရုပ်သုတေသီများကထုတ်ဖေါ်ကြေငြာလိုက်ပါတယ်။

ယောင်ကောင်မှ သုတေသီများက ကိုလက်စရောလ်များသော အစာများကို တိုက်ကျွေးထားသောကြွက်များကို ခြေမွထားသော ကြက်သွန်နီ များကို ခြေမွထားသော ကြက်သွန်နီများကို စားစေပြီး စမ်းသပ်လေ့လာမူ ပြုလုပ်ခဲ့ကြပါတယ်။သီတင်း(၈)ပတ်မျှ ကြာသောအခါ မကောင်းသော ကိုလက်စရောလ်များပါဝင်နေမူအဆင့်(သို့မဟုတ်)လစ်ပိုပရိုတိန်းပါဝင်သိပ်သည်းမူနိမ့်ကျနေမူ(LDL)ကို ၂ဝထိလျှော့ကျနေကြောင်းကိုပညာရှင်များကတွေ့ရှိခဲ့ကြသည်။

တစ်ချိန်တည်းမှာ ကြွက်များ၏လစ်ပိုပရိုတိန်း သိပ်သည်းဆမြင့်မားမူ(HDL) မှာမူ မလျှော့ပါးပဲ ကောင်းသော ကိုလက်စရောလ်များမနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။ကြက်သွန်နီအများဆုံးစားသုံးသော ကမ္ဘာဒေသများမှာကင်ဆာဖြစ်ပွားမူအနည်းဆုံးတွေ့ရှိရသည်ဟု လေ့လာသူများကဆိုပါသည်။ဂျောဂျီယာနှင့်အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့်အခြားကင်ဆာအမျိုးမျိုးဖြစ်ပွားမူနူန်းကို ပျမ်းမျှ ရာခိုင်နူန်းဝက်လျှော့ချစေသည်ဟုယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်နီဥငယ်များစိုက်ပျိုးစားသုံးလာကြကြောင်းသိရှိရပါသည်။ကမ္ဘာဒေသများအနက် ကြက်သွန်နီနှင်ုကြက်သွန်ဖြူများကို အများဆုံး စားသုံးသော တရုပ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမူမှာ ကျန်ဒေသများထက် ပျမ်မျှအားဖြင့်၄ဝ ရာခိုင်းနူန်းလျှော့နည်းကြောင်းကို သုတေသီများက ပြောကြားခဲ့ပါတယ်ဟုသိရှိရပါတယ်။

ကြက်သွန်နီစားခြင်းဖြင့် နှလုံးရောဂါကာကွယ်နိုင်ကြပါစေ။

6 comments

  • ဆူး

    February 9, 2011 at 3:41 pm

    ကြက်သွန်နီတွေ ဈေးတက်မှ ဆရာ က ပိုစ်လာတင်နေတယ်။
    အိမ်မှာ ဈေးဖိုး မလောက်ဘူးနော် လျော့ဝယ်နေရတယ်။ ပဲခြမ်းကြော် ကြက်သွန်နီနဲ့ သုတ်စားလိုက်မယ်။ ဈေးဖိုးသက်သာအောင်.. အသားဟင်းမှာတော့ ဟင်းအနှစ် လုပ်ဖို့ အများကြီး သုံးနိုင်ဘူး တော်ရေ.. ဟီးဟီး.. နောက်တာနော်.. ကောင်းပါတယ်။

  • zaw min

    February 9, 2011 at 4:09 pm

    ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို လူတော်တော်များသိပြီးတဲ့အတွက် ကြက်သွန်နီ၏အကျိုးရှိပုံကို ကျွန်တော်လည်းအခုမှ သိလို့ ဝေမျှပေးလိုက်တာပါ။
    လွန်ခဲ့တဲ့ (၂)လလောက်ကတော့ ကြက်သွန်နီတွေ ဧရာဝတီမြစ်ထဲတောင်စွန့်ပစ်ရတော့မယ်လို့ ဂျာနယ်တစ်ခုမှာဖတ်လိုက်ရပါတယ်။
    အခုဈေးတွေပြန်တက်နေပြီလား။ ဈေးဖိုးမလောက်ရင် ဒီလပိုပြီးပို့ပေးလိုက်ပါ့မယ်။…..စတာနော်…..

  • ဆူး

    February 9, 2011 at 4:17 pm

    ပြီးခဲ့တဲ့ နှစ်က ကြက်သွန်နီတွေ ဈေးကျတယ် ဈေးမရလွန်းလို့ တောင်သူတွေ စိတ်ပျက်ပြီး မြစ်ထဲ သွန်ပစ်တာ။ ယခုနှစ်မှာ အိနိ္ဒယက အဝယ်လိုက်တယ် ရာသီဥတု ဖောက်ပြန်တော့ အဝယ်ပိုလို့ ဈေးတွေ တက်တယ် မနှစ်က သွန်ပစ်ရလို့ စိတ်ပျက်ပြီး မစိုက်တာလည်း ပါတယ်.. အဲဒါကြောင့် ဈေးတက်တာ.. ပြီးခဲ့တဲ့ လာက သူများ ဝယ်တာ တအိတ်ကို ၂၈၀ဝ ဆိုလား အရင်က ၂၀ဝ ဈေးလောက်ဘဲ ရှိတာ။

  • zaw min

    February 9, 2011 at 4:52 pm

    အဲဒီအချိန်တုံးက အစိုးရက ကြက်သွန်တွေကို Export ပိတ်ထားတယ်လို့ ကြားတာပဲ။အဲဒါကြောင့် တောင်သူတွေနဲ့ ကုန်သည်ဒိုင်တွေ အထိနာသွာတယ်လို့ကြားပါတယ်။အခုနောက်ပိုင်း Export တွေ ပြန်ဖွင့်ပေးလိုက်လို့လား။ဝန်ထမ်းတွေ လစာတိုးသွားလို့လားဆိုတာတော့ မပြောတတ်ဘူး။

  • ဆူး

    February 9, 2011 at 5:26 pm

    ကြက်သွန် ပို့ကုန် ပိတ်တာ ကြောင့် ဆူး သူငယ်ချင်း တယောက် ဆိုလည်း လယ်တွေမှာ စရံပေးပြီး စိုက်ခိုင်းတာ သောက်သောက်လည်း ရှုန်းလို့.. မျက်နှာတောင် မကောင်းဘူး။ အခုတော့ အဆင်ပြေ နေပုံရတယ်။ အပြင်ရောင်းရင်တော့ ဈေးတက်မှာဘဲ မရောင်း မကောင်း ရောင်း မကောင်းပါဘဲ

  • padonmar

    February 10, 2011 at 12:30 pm

    ကြက်သွန်နီ နဲနဲစီ လျှော့စားရလို့ ဘာမှ မထိခိုက်ပါဘူး၊လူတစ်ယောက် တစ်လကို ကြက်သွန်နီ ၅ဝသား မကုန်ပါဘူး၊
    export ပုံမှန်ပေးနေရင် တောင်သူတွေ ရေထဲသွန်ပစ်ရတဲ့ အဖြစ်မျိုး မရှိနိုင်တော့ပါဘူး၊ ဈေး အဆမတန်တက်ရင်လဲ India က import ပြန်သွင်းကြတော့ ပြန်ထိန်းသွားပါလိမ့်မယ်၊
    စိုက်ပျိုးရေးအခြေခံတိုင်းပြည်ဖြစ်လို့ တောင်သူငွေရွှင်မှ အဆင့်ဆင့် ချောင်လည်ကြပါလိမ့်မယ်၊ကုန်စည်ဆိုတာ ပုံမှန်စီးဆင်းနေရပါတယ်၊

Leave a Reply