မုုဒိန်းကျင့်မှုကုို ကာကွယ်နုိုင်မည့် ကွန်ဒုုံး

ko noFebruary 9, 20111min1028

၂၆ စက္ကန့်တုိုင်းတွင် မုုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆုိုသူ အမျိုးသမီးတစ်ဦးက မုုဒိန်းကျင့်ခြင်းမှ ကာကွယ်နုိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။ တီထွင်သူ
Dr. Sonnet Ehlers

က အဆုိုပါကွန်ဒုုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နုိုင်သည့်အပြင် ခုုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုုလားအပ်သော ကုိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နုိုင်မည်ဟုု
ဆုိုသည်။

အဆုိုပါကွန်ဒုုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သုို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကုိုယ်အတွင်းသုို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ မုုဒိန်းကျင့်ရန်
ကြံစည်သူသည်

မိန်းမကုိုယ်အတွင်း လိင်တံကုို ထည့်လုိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နုိုင်အောင် နာကျင်မှုကုို ခံစားရမည်ဖြစ်သည်။ လိင်တံကုို ဆွဲနှုတ်ချိန်တွင် အဆုိုပါ ကွန်ဒုုံးသည်လည်း
လိင်တံနှင့်အတူ ကပ်ရပ်ပါသွားမည်

ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။ အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုုဒိန်းသမားကုို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူက
ရဲကုို

အကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ လိင်တံတွင် စုိုက်မိနေသော ဒါးသွားများသည် အရေပြားကုိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကုို ထိမည်မဟုုတ်သဖြင့် သွေးထွက်မည်မဟုုတ်။
သုို့ဖြစ်၍ သွေးမှ

ရရှိသော အခြားရောဂါများကုို အမျိူးသမီးအနေဖြင့် စုိုးရိမ်စရာမလုိုဟုု ဆုိုသည်။

source: rape axe Internet news and official website

from lannthit journal http://www.lannthit.com/index.php?option=com_content&view=artic

8 comments

  • hello! everybody

    February 9, 2011 at 1:37 pm

    မိန်းကလေးတွေအတွက်တော့ကောင်းတဲ့သတင်းပါ၊ ဒါနဲ့ လင်မယားရန်ဖြစ်ပြီး မိန်းမကအဲ့ဒါကြီး အမြဲတမ်းထည့်ထားရင်တော့မလွယ်ဘူးဗျို ့…

  • what is profile details

    February 10, 2011 at 2:27 am

    ကောင်းတယ်ဗျိုး။မြန်မာနိုင်ငံမှာရောဝယ်လို့ရပြီလားဟင်။ရောင်းတဲ့နေရာသိရင်ပြောပေးပါဦး။

  • phantom

    February 10, 2011 at 3:27 am

    တကယ်တော်တဲ့ မိန်းကလေးပဲ စဉ်းပဲစဉ်းစားတတ်တယ်

  • teacher

    February 10, 2011 at 8:37 am

    အတော်တော်တာပဲနော်။ကောင်းတာပေါ့။မုဒိမ်းသမားခင်ဗျာ မိအေးနှစ်ခါနာဖြစ်ရတာပေါ့။

  • nigimi77

    February 10, 2011 at 2:28 pm

    နာကြည့်ချင်စမ်းပါဘိ….။ ငှက်ငှက်ငှက်…..(ရယ်သံ)

  • unclegyi1974

    February 10, 2011 at 3:13 pm

    အတော်စိတ်ကူးကောင်းတဲ့တီထွင်မှုပါပဲ
    ငါကွဆိုတဲ့လူတွေသတိတော့ထားမှဖြစ်တော့မယ်နော်

  • ချမ်းချမ်း

    February 10, 2011 at 3:47 pm

    လူတွေရယ်
    အသိညဏ်ရှိရက်နဲ ့
    တစ်ဦးကိုတစ်ဦး
    ကိုယ်ချင်းစာစိတ်
    နှမချင်းစာနာစိတ်
    တွေထားသင့်ပါတယ်

  • cobra

    February 11, 2011 at 7:27 am

    တကယ့့်ကိုစိတ်ကူးကောင်းလေးပါဗျာ…..
    ချီးကျူးပါတယ်…
    မုဒိမ်းသမားတွေအတွက်တော့စိတ်မကောင်းစရာပေါ့

Leave a Reply