Great Wall (China) မဟာတံတိုင်း

ဆူးFebruary 9, 20111min600

မဟာတံတိုင်း ဆိုတာကတော့ ကမာ္ဘက သိကြတဲ့ နာမည်ကျော် ကြားတဲ့ နေရာကြိး တခုပါဘဲ။
ကမာ္ဘအမွေ အနှစ် အံဖွယ် အဖြစ် ယူနက်စကို မှ ၁၉၈ရ မှာ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
အဝေးကနေ ကြည့်မယ် ဆိုရင်တော့ နဂါးကြီး ကျောကုန်း လိုမျိုး ဖြစ်နေတယ်လို့ ပြောကြပါတယ်။ အထစ် အထစ်လေးတွေ ကို ပြောတာ ထင်ပါတယ်။ မဟာတံတိုင်း လို့ နာမည် တွင်ခြင်းကတော့ ၅၅၀ဝ မိုင် (၈၈၅၁.၈ ကီလိုမီတာ) ရှည်တဲ့ အတွက် အရှည်ဆုံး တံတိုင်းကြီး ဖြစ်တဲ့ အတွက် မဟာ တံတိုင်းလို့ ခေါ်တာ ဖြစ်ပါတယ်။ ထို တံတိုင်းကြီးက သဲကနာ္တရတွေ မြက်ခင်းစိမ်းစိမ်းတွေ သစ်တောတွေ တောင်တန်းတွေကို ဖြတ်သန်းပြီး ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ တရုတ်ပြည်က လူတွေ ခက်ခက် ခဲခဲ ဆောက်လုပ်ထားတာ ဖြစ်ပြီး မပြီးဆုံးခဲ့ပါဘူး။ တံတိုင်းကြီး ကို ဆောက်လုပ်ခဲ့တာ နှစ်ပေါင်း ၂၀၀ဝ ထက် မနည်း ရှိပြီလို့ ဆိုပါတယ်။ အရှေ့ကနေ အနောက်ကို ဆောက်လုပ်ထားတာဖြစ်ပါတယ်။

အလွန် အာဏာစက် ကြီးမားလှတဲ့ တရုတ်ဘုရင် ချင်ရှီဝမ် ချင်ဘုရင် လက်ထက်မှာ ဆောက်လုပ်တာ ဖြစ်ပြီး တိုင်းပြည်ရဲ့ နယ်နမိတ် ကို တိုင်းတပါး မကျူးကျော်အောင် စိတ်ကူးနဲ့ ဆောက်လုပ်တာ လို့ သိရပါတယ်။ အမြင့်ကတော့ တော်တော် မြင့်တယ် ခံတပ် သဘောမျိုး ဆိုတော့ အုတ်တံတိုင်း အပေါ်ကနေ ကြည့်ရင် ၃ထပ် တိုက် အမြင့်လောက် ရှိမယ် ထင်တယ်။ လှေကားထစ်တွေက ကျဲကျဲတွေနဲ့ ဆိုတော့ တက်ရတော့ ခက်တယ်။

ပီးကင်း ကနေ သွားတာဆိုတော့ အဲဒီမှာက Cable car လေးတွေနဲ့ တက်လို့ရတော့ သက်တောင့် သက်သာတော့ ရှိတယ်။ ညနေပိုင်း နေဝင်ချိန် လောက် ဖြစ်သွားတော့ နည်းနည်းတော့ အေးပြီး ချမ်းစိမ့်စိမ့်တောင် ဖြစ်နေတယ်။

မဟာတံတိုင်း ကြီး ဆိုတဲ့ အတိုင်း ကြီးမားလှပါတယ်။ ခရီးသည်တွေ အများအပြား လာရောက်လေ့လာကြပါတယ်။