Qin Shi Huang ချင်ရှိဝမ်

ဆူးFebruary 9, 20111min1568


တကယ် စိတ်ဝင်စားဖို့ ကောင်းတာက မဟာတံတိုင်းကို တည်ဆောက်တဲ့ ဘုရင် ချင်ရှိဝမ် ချင်ဘုရင် မင် မင်းဆက် တည်ထောင်သူ အကြောင်းဖြစ်ပါတယ်။ အဲဒီ ဘုရင်ရဲ့ အာဏာစက် နဲ့ တရုတ်ပြည်မှ ကွန်ဖြူရှပ် စာတွေ အကုန် မီးရှို့ပြီး ဖျောက်ပျက်ခံရတယ်။ စာပေတွေကိုလည်း တမျိုးတည်း အဖြစ်သတ်မှတ်တာမျိုးတွေ လုပ်ခဲ့တယ်။ သဘောမတူတဲ့ အမတ်တွေကို သတ်ခဲတာ မနည်းဘူး လို့ သိရတယ်။ စာတမျိုးတည်း လုပ်ခိုင်းတဲ့ ကျေးဇူးကြောင့် တရုတ်စာတွေ လွယ်လွယ် ကူကူ သင်ယူနိုင်တာ မဟုတ်ရင် လက်တိုစာ လက်ရှည်စာ နဲ့ မလွယ်လောက်ဘူး စကား ဘယ်လို ပြောပြော စာတူတူဘဲ သတ်မှတ်တယ်။ ထိုကဲ့သို့ ဖြစ်ရတဲ့ အကြောင်း အရင်းက ဘုရင်ကို လုပ်ကြံချင်တဲ့ လူ နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ မတူညီတဲ့ စာနဲ့ ရေးထားလို့ သတိမထားမိဘဲ လွတ်သွားပြီး ဘုရင်ရှေ့ရောက်တဲ့ အချိန် ပြစ်လိုက်တဲ့ ဓါး ဘုရင် ဘုန်းကံတက်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် မထိဘဲ ဘေးချော်သွားတယ်။ အဲဒီ လုလင်လည်း ဘုရင် ကို မသတ်နိုင်ဘူး ဆိုတော့ သူဟာသူ သတ်သေသွားရှာတယ် နန်းရင်ပြင်မှာဘဲ။ အဲဒီ နောက်ပိုင်းမှာ ဘုရင်က စာတမျိုးတည်း ဖြစ်စေသတည်း သတ်မှတ်လိုက်ပါတယ်။ ဘုရင် တပါး ဘုန်းကြီး လာရင် နောက်ဆက်တွဲ လုပ်တဲ့ အလုပ်တွေ အများကြီး ရှိတဲ့ အထဲမှ မဟာတံတိုင်း တည်ဆောက်တယ်။ သချိုင်းဂူ တည်ဆောက်တယ်။ မသေဆေး ရှာပုံတော် ဖွင့်တယ်။ အခုထိလည်း သမိုင်း ကြောင်း နောက်ခံကို ရှာဖွေသူတွေက မသေဆေး ကို ဘယ်လို ရှာဖွေခဲ့လဲ ဆိုပြီး ရှာဖွေဆဲပါဘဲ။


အသက်အရွယ်ရလာတဲ့ အခါ တိုင်းခန်း လှည့်လည်တာ ဒုတိယ မြောက် အကြိမ်မှာ လမ်းမှာ ကွယ်လွန်သွားပြီး နန်းအရိုက်အရာ ဆက်ခံတဲ့ ကိစ္စ ပြသနာ မများအောင် ဘုရင် မသေဟန်ဆောင်ပြီး အလောင်းကောင် အပုတ် အသိုးကြီးကို ရက် ၁၀ဝ နီးပါး သယ်ပြီး နန်းတော် အထိ ယူလာပါတယ်။ နန်းတော် ရောက်မှ မင်းခန်း မင်းနားနဲ့ သဂြိုလ်လိုက်တယ် ဆိုလား အဲဒီ သချိုင်းထဲကို လျှို့ဝှက် အပေါက်ကနေ သွင်းပြီး လူမသိ သူမသိ ထားလိုက်တယ် ဆိုလား သေချာ ရှင်းရှင်း လင်းလင်း မသိကြသေးပါဘူး။ သချိုင်း ဂူ အတွင်းဘက်က တူးဖော် ရတာတွေက အကုန် မဟုတ်သေးတဲ့ အပြင် အဲဒီ သချိုင်း ဂူ ပတ်ဝန်းကျင် တကြောမှာ ပြဒါးမြစ်တွေ တွေ့ပြီးတော့ မသေဆေးကို ပြဒါးနဲ့ ဖော်စပ်လိမ့်မယ် လို့ ယုံကြည့်ကြပါတယ်။

သချိုင်းထဲမှာ ရှိတဲ့ အရုပ်တွေက လူအရွယ်အစား ဆင်မြင်း စစ်သည် စတဲ့ ဘုရင် ပိုင်တာတွေ အကုန် ထည့်လုပ်ထားတာ ဖြစ်ပါတယ်။ ပညာရှင်ပေါင်း များစွားနဲ့ လုပ်ထားတာ ဖြစ်ပြီးတော့ ထိုသချိုင်းဂူ ကြီး ပြီးဆုံးတဲ့ အခါမှာတော့ ထိုပညာရှင်တွေကို သတ်လိုက်ပါတယ်။ ပေါ်တာ ဆွဲတဲ့ သဘောမျိုး ရွာတွေက လူတွေကို အလုပ်တွေ စေခိုင်းပါတယ်။ မဟာတံတိုင်း နဲ့ သချိုင်းဂူ နှစ်မျိုး လုံး လုပ်နေရတဲ့ အတွက် ထို အချိန်က လူများစွာ အလုပ်လုပ်ရင်း ပင်ပန်းတဲ့ ဒဏ်ကြောင့် သေရသလို နည်းဗျူဟာတွေ မပေါ်အောင် သတ်လိုက်တာတွေလည်း ရှိပါတယ်။ သချိုင်းဂူ ရှိမှန်း ဘယ်သူကိုမှ မပြောရပါဘူး နှုတ်ပိတ်ရပါတယ်။ အဲဒီမှာ အလုပ်သမား ဖြစ်ခဲ့ဘူးတဲ့ လူက သားဖြစ်လဲ့ သူကို နုတ်နဲ့ ပြောပြတာတွေ မှတ်သားထားပြီး ပြန်မပြောရဲတဲ့ အတွက် တဆင့် သားဖြစ်တဲ့ လူ ကို ပြန်ပြောပြတဲ့ အခါမှ သချိုင်းနဲ့ ပတ်သတ်တာကို မှတ်တမ်း တင်ခဲ့ပြီး လူတွေ ဆီ လက်ဆင့်ကမ်းလာနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ဝ လောက် နောက်ကျမှ သိရတဲ့ အတွက် မှတ်တမ်းကတော့ အနီးစပ်ဆုံး မှန်တာဘဲ ရှိပါတယ်။

ထို အရုပ်တွေ ကြည့်ရတာ စိတ်ထဲ တမျိုးကြီးဘဲ ဖြစ်မိတယ်။ စိတ်ခြောက်ခြား သလိုလို တမျိုးဘဲ ခံစားရတယ်။

8 comments

  • bigcat

    February 10, 2011 at 6:47 am

    တရုပ်ခေတ်သစ်ခေါင်းဆောင် မော်စီတုံးလို မုန်းရခက်ကြီးဖြစ်မယ်ထင်တယ်။ ငယ်စဉ်က အလယ်တန်း သမိုင်းဖတ်စာမှာ ရှီဝှန်တီလို့ အော်ကျက်ခဲ့ရတယ်။ ဂျက်လီသရုပ်ဆောင်တဲ ဟီရိုးဇာတ်လမ်းကဘုရင်က အဲဒီဘုရင်ကြီးထင်တယ်နော်။ ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။

  • ဆူး

    February 10, 2011 at 12:35 pm

    စိတ်ကူးတည့်တာ ကောက်ရေးလိုက်တာဘဲ။ အသေးစိတ်သိချင်ရင်တော့ ဂူဂယ်မှာ ရှာဖတ်လိုက်နော်။

  • zaw min

    February 10, 2011 at 4:10 pm

    ဗဟုသုတ ဖြစ်စေတဲ့အတွက်ကျေးဇူးတင်ပါတယ်….ဒါနဲ့ စကားမစပ် ဆူး ကရော လက်တိုလား..လက်ရှည်လားဟင်…

  • ဆူး

    February 11, 2011 at 7:33 am

    ဦးလေးက ဝ ကို စီလုပ်မ လို့ ထင်လို့လား… ဒါဆိုလည်း စီလုပ်ပေါ့.. လက်ဇက လေ.. လက်တို ဆိုရင် လေတိုက်ရင် လက်အေးလို့.. လက်ရှည်ရင် နေပူရင် အိုက်တယ်။ ဒါကြောင့်ပါ။

  • char too lan

    February 11, 2011 at 8:34 am

    မဟာတံတိုင်းဆိုလို့ ပြောရအုံးမယ် (ဆြာပုလေသံ) ;D
    ငယ်ငယ်ကကြည့်ဖူးတဲ့ ကွမ်ရင်မယ်တော်ရုပ်ရှင်ကားထဲမှာ အဲ့ဒီမဟာတံတိုင်းကိုဆောက်ခဲ့တာ မယ်တော်ရဲ့အဖေဘုရင်ဆိုးကြီးလေ သူ့ အဖေဆိုးတာတွေကို သူကလိုက်ကယ်တင်ဖြေရှင်းပေးတာ ဆူးပြောသလို လူတွေကို ပေါ်တာဆွဲ ညှင်းပန်းနှိပ်ဆက်ပီး မဟာတံတိုင်းကြီးကိုဆောက်ခဲ့တယ် သူ့အဖေကြောင့် လူတွေသေတော့ မကျွတ်မလွတ်တွေဖြစ်ပီး ငရဲပြည်မှာသောင်းကျန်းကုန်တာ အဲ့လူတွေအတွက် မယ်တော်က ကောင်းမှုလုပ်ရင်း
    သူ ့အဖေလဲအပြစ်သက်သာအောင် ဒီဘက်ကနေအသုံးအဆောင်နဲ့ စားစရာတွေမီးရှို ့ပေးတယ် နန်းတော်ထဲက အဝတ်အထည်တွေ စားစရာတွေ ကုန်တော့ မြို ့ထဲရွာထဲမှာ အလှူခံပီး ရှိသမျှပစ္စည်းတွေ အကုန်မီးရှို့ ပေးတာတောင် သရဲတွေအတွက်မလောက်နိုင်ဘူး တိုင်းပြည်လဲတော်တော်ဆင်းရဲသွားတယ် ဘုရင်ကြီးသေတော့ မယ်တော်ကငရဲမင်းဆီမှာ အဖေအတွက်သွားတောင်းပန်ပေးတယ် အပြစ်တွေရှိပေမယ့် ကောင်းတာတွေလဲဘယ်လိုလုပ်ပေးထားတယ်ပေါ့လေ .. အဲ့ဒါနဲ့ငရဲမင်းက ဘုရင်ကြီးလူတွေကို တိရိစာ္ဆန်လိုခိုင်းစေညှင်းပန်းလို့ အပြစ်ကလုံးဝတော့မလွတ်နိုင်ဘူး ဆိုပီး ဘယ်နှစ်ဘဝလဲ မသိဘူး တိရိစာ္ဆန်ဖြစ်စေခဲ့တယ် သေပီးနောက် ပထမဆုံးဘဝမှာ နွားဖြစ်သွားတယ်လေ

    • bigcat

      February 12, 2011 at 1:09 am

      အိုကေ အိုကေ.. ဒီလောက်ဆိုရဘီ ချာတူးရေ။ ဟောဒီမှာ…..နွားသားမစားကြပါနဲ့ဗျို့။ အထောက်အထားနဲ့ပြောပါတယ်။

      • ဆူး

        February 12, 2011 at 2:20 pm

        ဟောဒီက ကြောင်သားရမယ်.. ပူပူလောလော လတ်လတ် ဆတ်ဆတ်လေး… စားကြအုန်းမလား။ အလေးမခိုး ရေမရော သာသာထိုးထိုး ချိန်ပေးမယ်နော်…

  • ဆူး

    February 11, 2011 at 2:19 pm

    အဲဒါနဲ့ စီလုပ်တွေ အမဲ သား မစားတော့ ပါဘူးကွယ်။ ပုံပြင်လေးကတော့ ဒီမျှပါဘဲ။
    ကွမ်ရင်မယ်တော် မရှိဘူးလို့ မဆိုလို ဇတ်လမ်း သဘော အရတော့ စိတ်ထဲမှာ ဆန့်ကျင်နေတာတွေ တော့ အများကြီး တွေ့မိတယ်။ ငယ်ငယ်တုန်းကတော့ ကြည့်လို့ ကောင်းတဲ့ ဇတ်လမ်းလေးပေါ့။ အခု ပြန်စဉ်းစားမိရင် ဒါလေးကတော့ ဟုတ်နိုင်ပါ့မလား ဖြစ်နိုင်ပါ့မလားနဲ့ အတွေးတွေ ဖြစ်မိတယ်။ စကားမစပ် ဘာညာကွိကွ ဓါတ်ခန်းထဲ သွားတုန်းက ပြောတာ ကြားဘူးတယ် ကွမ်ရင် မယ်တော် ကြွရင် သိပ်မွှေးတယ် ဆိုဘဲ။ မြင်တဲ့ လူ ပြောတာ ကတော့ အမျိုးသမီး အဖြူဝတ်နဲ့ ခပ်ချောချောတဲ့ ဟုတ်မဟုတ်တော့ မြင်နိုင်မှဘဲ သိမယ်။

Leave a Reply