တစ်ခါတစ်လေတော့လည်း ဂရုဏာတော့ဖြစ်မိပါတယ်

ဂရုဏာဆိုတာက

သြော်……..

သူကလေးက ဟုတ်ပါဘူး သူကြီး (ရွာသဂျီးမဟုတ်ပါ အသက်ငယ်ငယ် ချာတိတ်မလေးမဟုတ်တော့ သူမဂျီး) က မိန်းမသားဆိုတော့ အားငယ်ရှာပေမပေါ့

ကိုအောင်ပုရယ်

ကိုအောင်ပုကို အရမ်းအရမ်း (ဂလု ဂလု )

ဘာညာ ဘာညာဆိုပြီး ပြောခွင့်ကလည်းမရှိရှာလေတော့ ( ဖွဟဲ့ အပျိုဂျီးနဲ့ ငါ လွဲပါစေဖယ်ပါစေ )

မျိုသိပ်ထားရတဲ့ အချစ်တွေကို အတွင်းအားနဲ့ 

ဖျစ်..ဟ်ဟ်ဟ်ဟ်ဟ်

ညှစ်..ဟ်ဟ်ဟ်ဟ်ဟ်

ပြောနေရရှာနေပါပေါ့လားလို့ 

ဂရုဏာသက်မိပါတယ်

သူလည်းလေလောကီသားပေမို့ 

စဉ်းစားတွေးပူရှာပေမပေါ့နော်

ငါ့နဲ့ နော် ညံ့ပါ့

အသက်က သုံးဆယ်ကျာ်ပြီ နေရာကမကျသေးဘူး

မသကာ ခပ်ပိန်ပိန်ညောင်ညောင်လေးတစ်ယောက်လောက်ရရင်တောင် တော်သေး

ခုတော့…..ဟူးးးးးးးးးးးး

ရင်ခုန်နေရပါတဲ့ ဟိုငမူးကလဲ

ငါ့ကို ရှိတယ်လို့ တောင်မအောင့်မေ့

တစ်နှစ်ပြီးတစ်နှစ် ငါလေအိုလာလိုက်တာ

ဆံပင်တွေကလည်း တစ်ချောင်းတစ်ချောင်းဖြူလာပြီ

ယောက်ျားမရသေးတာကတစ်မှောင့်

လိုချင်လွန်းနေတာကလည်းပြဿနာ

ဒုက္ခ ဒုက္ခ

ဒီတော့ကာ မရကာမှမရ

ခပ်တည်တည်နဲ့ 

ဂေဇက်ထည်းမှာ

အာဘော်တွေ လွှတ်တင်ထားမှဖြစ်မယ်

တစ်ယောက်တစ်လေ ကံဆိုးပြီး

ငါ့ကိုရင်လာခုန်ရင်တော့

ဇလုံနဲ့ ကို ဖမ်းအုပ်ထားမယ်

အဲ့သည်လိုများ တွေးတောနေကြပါသလား အပျိုဂျိုးတို့ ဟုတ်ပါဘူး ယောင်လို့ 

အပျိုကြီးမမတို့ ခင်ဗျား

ရင်ခုန်သံတွေအကြောင်းကလည်း တစ်မျိုးသွားပါတယ်

တစ်ခါတစ်လေ စစ်ရေးထက်အချစ်ရေးခက်သတဲ့ခင်ဗျ

ဒါပေမယ့်

အပျိုကြီးမမ များအတွက်တော့

အချစ်ရေးထက် ဝါးတီးပေးဘို့ ကခက်ပါတယ်

နောင်ရေးအတွက် စိတ်ပူနေကြတာကို

ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ ခံစားနားလည်ပေးတဲ့အလျှောက်

ကူညီ စောင့်ရှောင့်ချင်တဲ့စေတနာဗလပွ ဖြစ်ပေါ်လာရပါပြီး

အပြည်ပြည်ဆိုင်ရာအပျိုဂျီးများကူညီစောင့်ရှောင့်ရေး အသင်းကြီးကို

ထူထောင်ဖွဲ့ စည်းလိုက်ပါပြီခင်ဗျ

ပဏာမ အနေနဲ့ 

အပျိုဂျီးများရဲ့ အနာဂတ်စားဝတ်နေရေး ပူပန်နေရမှုကို

တစ်စိတ်တစ်ဒေသ လျှော့ချတဲ့အနေနဲ့ 

အပျိုဂျီးများအားလုံးကို နည်းပညာတွေဖြန့် ဝေမှာဖြစ်ပါတယ်ခင်ဗျ

အဲ့သည်နည်းပညာဟာဆိုရင်ဖြင့်

အပျိုကြီးတစ်ယောက်စီတိုင်းသည်

အုန်းပင် ( ၈ ) ပင်စီစိုက်ဖို့ ဖြစ်ပါတယ်ခင်ဗျ

ဘာဖြစ်လို့ လဲဆိုတော့ကာ

အုန်းရှစ်ပင်လင်တစ်ယောက်လို့  ရှေးအပျိုဂျီးများရဲ့ ဗေဒ ကျမ်းများကို

မွှေနှောက် ရှာဖွေပြီးတော့ ထုတ်ဖော်ပေးတာပါ

နောင်များမှာလည်း

အလားတူ

ကွယ်ပျောက်နေတဲ့ အပျိုကြီး အဘိဓာန်များမှ နည်းပညာများကို ကြိုးစားရှာဖွေဖော်ထုပ်ပေးပါဦးမည်။

ဒါကြောင့် အားမငယ်ဂျပါနဲ့ တစ်ခါတစ်လေ အလိုမကျတာလေးတွေများရှိခဲ့ရင်ဖြင့်

အုန်းပင်လောက်မှ အသုံးမကျတဲ့သူရယ်……….

လို့ 

ကဗျာဆန်ဆန်လေးပြောဘလိုက်ဇမ်းဘာ။

ပုံ။ ။

မိုက်ကယ်ဂျော်နီအောင်ပု

မန်နေဂျာမှူးကြီးချုပ်

အပြည်ပြည်ဆိုင်ရာ အပျိုဂျီးများကူညီစောင့်ရှောင့်ရေးအသင်းကြီး

www.internationalအပျိုဂျီးများကူညီစောင့်ရှောင့်ရေး.com

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend