အပြည်ပြည်ဆိုင်ရာ အပျိုဂျီးများကူညီစောင့်ရှောင့်ရေးအသင်းကြီး ကိုဖွင့်လှစ်လိုက်ခြင်း

 

တစ်ခါတစ်လေတော့လည်း ဂရုဏာတော့ဖြစ်မိပါတယ်

ဂရုဏာဆိုတာက

ဪ……..

သူကလေးက ဟုတ်ပါဘူး သူကြီး (ရွာသဂျီးမဟုတ်ပါ အသက်ငယ်ငယ် ချာတိတ်မလေးမဟုတ်တော့ သူမဂျီး) က မိန်းမသားဆိုတော့ အားငယ်ရှာပေမပေါ့

ကိုအောင်ပုရယ်

ကိုအောင်ပုကို အရမ်းအရမ်း (ဂလု ဂလု )

ဘာညာ ဘာညာဆိုပြီး ပြောခွင့်ကလည်းမရှိရှာလေတော့ ( ဖွဟဲ့ အပျိုဂျီးနဲ ့ငါ လွဲပါစေဖယ်ပါစေ )

မျိုသိပ်ထားရတဲ့ အချစ်တွေကို အတွင်းအားနဲ ့

ဖျစ်..ဟ်ဟ်ဟ်ဟ်ဟ်

ညှစ်..ဟ်ဟ်ဟ်ဟ်ဟ်

ပြောနေရရှာနေပါပေါ့လားလို ့

ဂရုဏာသက်မိပါတယ်

သူလည်းလေလောကီသားပေမို ့

စဉ်းစားတွေးပူရှာပေမပေါ့နော်

ငါ့နဲ ့နော် ညံ့ပါ့

အသက်က သုံးဆယ်ကျာ်ပြီ နေရာကမကျသေးဘူး

မသကာ ခပ်ပိန်ပိန်ညောင်ညောင်လေးတစ်ယောက်လောက်ရရင်တောင် တော်သေး

ခုတော့…..ဟူးးးးးးးးးးးး

ရင်ခုန်နေရပါတဲ့ ဟိုငမူးကလဲ

ငါ့ကို ရှိတယ်လို ့တောင်မအောင့်မေ့

တစ်နှစ်ပြီးတစ်နှစ် ငါလေအိုလာလိုက်တာ

ဆံပင်တွေကလည်း တစ်ချောင်းတစ်ချောင်းဖြူလာပြီ

ယောက်ျားမရသေးတာကတစ်မှောင့်

လိုချင်လွန်းနေတာကလည်းပြဿနာ

ဒုက္ခ ဒုက္ခ

ဒီတော့ကာ မရကာမှမရ

ခပ်တည်တည်နဲ ့

ဂေဇက်ထည်းမှာ

အာဘော်တွေ လွှတ်တင်ထားမှဖြစ်မယ်

တစ်ယောက်တစ်လေ ကံဆိုးပြီး

ငါ့ကိုရင်လာခုန်ရင်တော့

ဇလုံနဲ ့ကို ဖမ်းအုပ်ထားမယ်

အဲ့သည်လိုများ တွေးတောနေကြပါသလား အပျိုဂျိုးတို ့ဟုတ်ပါဘူး ယောင်လို ့

အပျိုကြီးမမတို ့ခင်ဗျား

ရင်ခုန်သံတွေအကြောင်းကလည်း တစ်မျိုးသွားပါတယ်

တစ်ခါတစ်လေ စစ်ရေးထက်အချစ်ရေးခက်သတဲ့ခင်ဗျ

ဒါပေမယ့်

အပျိုကြီးမမ များအတွက်တော့

အချစ်ရေးထက် ဝါးတီးပေးဘို ့ကခက်ပါတယ်

နောင်ရေးအတွက် စိတ်ပူနေကြတာကို

ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ ခံစားနားလည်ပေးတဲ့အလျှောက်

ကူညီ စောင့်ရှောင့်ချင်တဲ့စေတနာဗလပွ ဖြစ်ပေါ်လာရပါပြီး

အပြည်ပြည်ဆိုင်ရာအပျိုဂျီးများကူညီစောင့်ရှောင့်ရေး အသင်းကြီးကို

ထူထောင်ဖွဲ ့စည်းလိုက်ပါပြီခင်ဗျ

ပဏာမ အနေနဲ ့

အပျိုဂျီးများရဲ ့အနာဂတ်စားဝတ်နေရေး ပူပန်နေရမှုကို

တစ်စိတ်တစ်ဒေသ လျှော့ချတဲ့အနေနဲ ့

အပျိုဂျီးများအားလုံးကို နည်းပညာတွေဖြန် ့ဝေမှာဖြစ်ပါတယ်ခင်ဗျ

အဲ့သည်နည်းပညာဟာဆိုရင်ဖြင့်

အပျိုကြီးတစ်ယောက်စီတိုင်းသည်

အုန်းပင် ( ၈ ) ပင်စီစိုက်ဖို ့ဖြစ်ပါတယ်ခင်ဗျ

ဘာဖြစ်လို ့လဲဆိုတော့ကာ

အုန်းရှစ်ပင်လင်တစ်ယောက်လို ့ ရှေးအပျိုဂျီးများရဲ ့ဗေဒ ကျမ်းများကို

မွှေနှောက် ရှာဖွေပြီးတော့ ထုတ်ဖော်ပေးတာပါ

နောင်များမှာလည်း

အလားတူ

ကွယ်ပျောက်နေတဲ့ အပျိုကြီး အဘိဓာန်များမှ နည်းပညာများကို ကြိုးစားရှာဖွေဖော်ထုပ်ပေးပါဦးမည်။

ဒါကြောင့် အားမငယ်ဂျပါနဲ ့တစ်ခါတစ်လေ အလိုမကျတာလေးတွေများရှိခဲ့ရင်ဖြင့်

အုန်းပင်လောက်မှ အသုံးမကျတဲ့သူရယ်……….

လို ့

ကဗျာဆန်ဆန်လေးပြောဘလိုက်ဇမ်းဘာ။

ပုံ။ ။

မိုက်ကယ်ဂျော်နီအောင်ပု

မန်နေဂျာမှူးကြီးချုပ်

အပြည်ပြည်ဆိုင်ရာ အပျိုဂျီးများကူညီစောင့်ရှောင့်ရေးအသင်းကြီး

www.internationalအပျိုဂျီးများကူညီစောင့်ရှောင့်ရေး.com

28 comments

  • Gipsy

    February 9, 2011 at 5:57 pm

    အတွင်းရေးမှုး လုပ်ချင်ပါတယ်….ကူညီပါရစေ….ငှဲငှဲငှဲငှဲ….
    ရမ်းသမ်းကူချင်လို့ပါ………

  • zippo

    February 9, 2011 at 6:09 pm

    အမ်မာလေးဗျာ….
    ကြောက်စရာ့ အပျိုဂျီးတွေပါလား. အရပ်ကတို့ရေ. ကယ်ကြပါဦးဗျာ….။
    အနော်တို့ရွာထဲမှာလဲ ရှိချင်ရှိနေမှာ…
    ကြောက်တယ် . အိပ်တော့မယ်…။

    • nyimalay

      February 12, 2011 at 11:11 am

      ဇစ်ပိုရေ………..အဲ့ဒီလိုကြောက်တဲ့သူတွေက ဒီလိုလူမျိုးတွေနဲ့ပိုတွေ့မယ်……..
      မြန်မြန်တွေ့ပါစေတော်………. အညင်ကတ်ဒဲ့ပုဒ်မနဲ့ ရှုတောင်းပေးလိုက်တာ 😛

  • weiwei

    February 10, 2011 at 2:34 am

    အောင်မြလေး … ဝက်သားစားချင်စိတ် ကုန်သွားတယ် .. 😛

  • bigcat

    February 10, 2011 at 6:53 am

    အုန်းပင်က အဖိုလားအမလား ပြောအုံးလေ ကိုအောင်ပုရဲ့။

  • cherrywine

    February 10, 2011 at 7:31 am

    စောင့်ရှောက်ချင်စရာလေးတွေပါလား ။ ကိုကြောင်ကြီး အကြိုက်ပဲပေ့ါ 🙂

  • ဆူး

    February 10, 2011 at 1:19 pm

    အပျိုကြီး အပျိုကြီး.. ဘဝ တွေများ စိတ်ပျက်တယ် လောကီလူ့ဘုံ စိတ်ကုန်လို့ တော ထွက် မလို့ဘဲ ကားလက်မှတ် ဝယ်ပေးမဲ့ သူမျှော်နေတာ.. ဘယ်သူများ ချစ်သက် လက်ချောင် ဝယ်ပေးမလဲလို့.. ချောကလက်လေး ဝက်ဝံလေးတော့ မျှော်လင့်ပိုင်ခွင့် ရှိတယ် မဟုတ်လား။ နော်နော်.. နော်… နော်လို့.. အဟိ… အဟင့် အဟတ်။ (ဝါးနေတဲ့ သကြားလုံး လည်ပင်းတစ်သွားလို့)

  • အာဖျံ ကွီး

    February 12, 2011 at 12:19 pm

    ကဲ … (…) ကြားတရ်နော် …
    စိုက်လိုက်တော့ အုန်း ၈ ပင် …
    မြန်မြန်စွံပါစေဗျား (မျက်စိနောက်လို.)

    စေတနာနဲ. သိပါစေလို. forward ပေးတဲ့ mail တွေကို ခွင့်မတောင်းပဲ post တွေ ခပ်တည်တည်နဲ. သူ.ဟာလို တင်နေတော့ … ဦးလေးနဲ.မိတ်ဆက်ပေးဖို. အစီစဉ်ဖျက်လိုက်တော့မရ် .. ဟွန်း။

  • manawphyulay

    February 12, 2011 at 2:30 pm

    ဆူးရေ မမ ဝယ်ပေးမယ် မပူနဲ့သိလား။ တစ်ယောက်ဖြစ်နေလို့လည်း ဘာမှအားငယ်စရာမလို၊ တစ်ကိုယ်တည်း အပျိုကြီးဘဝက အေးချမ်းနေတာ မိုက်ကယ်တို့များ မနာလိုဘူးထင်တယ်နော်။ နောက်မှ ဂိုဏ်းချုပ်က လူပြိုသိုးကြီးဖြစ်သွားရတော့ ဝဋ်လည်ပြီလို့ တွေးပြီး နောင်တရမနေနဲ့နော် ကြားလား… 😛

  • manawphyulay

    February 12, 2011 at 2:31 pm

    မိန်းကလေးများ အပျိုကြီးဖြစ်ရခြင်းသည် လောကတွင် ယောက်ျားကောင်းများ မရှိသေးလို့ ဖြစ်ပြီး ယောက်ျားလေးတွေ လူပျိုကြီးဖြစ်ရခြင်းသည် လောကတွင် မိန်းကလေးတွေ ပြန်မချစ်လို့ ဖြစ်နိုင်ကြောင်း သုံးသပ်ချက်အရ သိရပါတယ်ရှင်။

  • ဆူး

    February 12, 2011 at 2:45 pm

    မနောကို ဘဲ အားကိုးရတော့မှာဘဲ အုန်း၈ပင် အမြန်ဝယ်နော်။ ရွာထိပ်မှာ စိုက်ချင်လို့ တခါတည်းသာ စိုက်လိုက်ပါ။ ရန်သူတွေ မလာနိုင်အောင် အုန်း၈ပင်နဲ့ ကာထားမလို့ ခြံစည်းရိုးသဘောမျိုးပေါ့။ အမ စိုက်ပြီးရင် ပြောနော်။ ဆူး ရွာနောက်ပေါက်က ထွက်ပြီး ပြန်လာခဲ့မယ်။

  • manawphyulay

    February 13, 2011 at 7:31 am

    အင်း တို့ညီအစ်မတွေ ဆီအုန်းပင်စိုက်လိုက်ရင် စီးပွားရေးလုပ်စားလို့ရတယ်လေ။ ဒါဆို ယုဇန ဦးဌေးမြင့်က သူ့နဲ့စီးပွားပြိုင်ဘက်ဆိုပြီး ရန်စောင်မလားမသိ အဟိ…..:P

  • cobra

    February 13, 2011 at 7:57 am

    အကိုအုန်းရှစ်ပင်လင်တယောက်ဆိုတာဘာအဓိပ္ပာယ်လဲ
    မသိလို့ရှင်းပြပါ….။

  • manawphyulay

    February 13, 2011 at 8:24 am

    ဘာလဲ cobra အုန်း ၁၆ ပင်စိုက်မလို့မေးနေတာလား သေချာရှင်းပြလိုက်နော်……… 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 13, 2011 at 9:15 am

    အိမ်း….အိမ်း…အိမ်း
    ဒီလိုလေ
    အုန်းပင်ရှစ်ပင်စိုက်လိုက်ပြီးတော့
    သီးတဲ့အသီးတွေကို စွတ်ခူးရောင်းချအသက်မွေးဝမ်းကျောင်းတာကို ခေါ်သကွဲ ့
    ဒါပေမယ့် ဗေဒ ကျမ်းဂန်မှာပြထားတာက ဝက်မလွတ်လားဘာလားတော့ တိဝူး
    အိုက်ဒီအချိန်တုန်းက
    ဝက်မလွတ်မျိုးပေါ်ဟန်မတူသေးဘူးဆိုတော့
    အစဉ်ပြေတဲ့ အုန်းပင်ကို စိုက်ရပေမပေါ့
    နို ့..
    မောင်က အပျိုကြီးမဟုတ်ဘာမဟုတ် ဘယ်လိုဖစ်တာဒုန်း
    ( ဪ…ကိုကြောင်ဂျီးရယ်
    အုန်းပင်အထီးကြီးသွားစိုက်ရင်
    အပျိုဂျီးခမျာ ယောက်ျားကမရှိတဲ့အထဲ
    အုန်းပင်ခုတ်ခနဲ ့မြူနီစပါယ်ခပါ ထပ်စောင်းပေးနေရပါဦးမယ်
    အမဗျို ့အမ
    အုန်းပင် အမ
    အသီးသီးတဲ့အမ )

  • intro

    February 13, 2011 at 9:35 am

    အုန်းပင်စိုက်မယ်ဆိုရင် ရိုးရိုး အုန်းပင် မစိုက်နဲ့ ဆီအုန်းစိုက်၊ ဒါမှ ဝင်ငွေပါရလာမှာ… ဆီအုန်းတွေစိုက်ဖို့ ခြံဝယ်ထားတယ်… စိုက်ချင်တဲ့ လူများ စာရင်းပေးပါ… 😛

  • kopauk mandalay

    February 13, 2011 at 12:20 pm

    ( တို့ညီအစ်မတွေ ဆီအုန်းပင်စိုက်လိုက်ရင် စီးပွားရေးလုပ်စားလို့ရတယ်)
    အင်းစီးပွားဖြစ်စိုက်မယ်ဆိုတော့ တစ်ယောက်ကို ဘယ်နှစ်ပင်များစိုက်မယ်စိတ်ကူးထားတယ်မသိဘူးနော်။
    အုန်းပျိုးပင်ပေါက်တွေရောင်းမယ်………………………………….

  • ဆူး

    February 13, 2011 at 2:51 pm

    အုန်း၈ပင် = အုန်းရှစ်ပင်
    သေချာတော့ မသိဘူး။ နောက်တချိန် ယောကျား အစစ် ရှားရင် (အခြောက်တွေများရင်) အမျိုးသမီးတွေ ရင်ထုပြီး လင်လုရမယ်။ သတိုးသား အမေတွေ ဆန်တအိတ်နဲ့ တောင်ထိပ် တက်နေရမယ်။ သတိုးသမီးတွေ လာလာ တောင်းလွန်းလို့..
    အုန်းရှစ် တတင်း ဘာတတင်း ဆိုလဲ မသိဘူး နဲ့ ညီမယ် လိုလား.. ကျား နဲ့ မ အရေ အတွက်က.. အဲဒါကြောင့် အုန်းရှစ်ပင် လို့ ပြောတာ။ အုန်းရှစ်သီးက ကြီးတဲ့ အတွက် ၁တင်း ဆိုတာ အရေ အတွက် နည်းနည်းနဲ့ ဖြစ် နိုင်ပေမဲ့ ဥပမာ ဆန် ၁တင်း ဆိုရင် ဆန်စိတွေ အများကြီး ရှိရမယ် အဲဒီလို နည်းမျိုးနဲ့ ရှားမယ် လို့ ပြောချင်တာ။

  • ဆူး

    February 13, 2011 at 3:41 pm

    လေးပေါက် ပြောတာ အမှန်ပါဘဲ။

  • char too lan

    February 15, 2011 at 7:38 am

    အဘပုပြောလိုက်တာသိသာတယ်လို့ထင်ရဒယ် ဒါပေသိ….. မသိကြဘူးဗျ 😀

  • char too lan

    February 15, 2011 at 7:41 am

    အဘပုပြောလိုက်တာ သိသာတယ်လို့ထင်ရဒယ် ဒါပေသိ….. မသိကြဘူးဗျ 😀

  • အာဖျံ ကွီး

    February 16, 2011 at 3:12 am

    တူနယ်ချင်းချာတူး
    မင်းစကားထစ်တတ်တရ်နဲ.တူတရ် .. နှစ်ခါတောင်မန်းထားတရ်ဆိုတော့
    ဟေ့ကောင် .. သယ်ရင်း
    ရိပ်မိရင်လဲ တိတ်တိတ်နေကွ
    တော်ကြာပို.စ်တင်ပီးဆဲတဲ့အထဲ မင်းရောပါနေအုံးမရ်နော … အဟတ်အဟတ် …

  • etone

    February 16, 2011 at 9:20 am

    အပျိုကြီးတွေ အုန်းပင်စိုက်တာတော့ ဟုတ်ပါပြီ … ဘယ်လို အသီးတက်ခူးမလဲ… ။ အသီးခူးတာ ယောကျာ်းသားတွေပဲလုပ်သင့်တဲ့ အလုပ်… တော်ကြာ တစ်ပင်ပြီး တစ်ပင်တပ်ခူးရင်း … ရှစ်ပင်လည်း မြောက်ရော… ယောကျာ်းလည်း ရရောဖြစ်နေမယ်… ။ ( အပင် အောက်မှာ ရူးရူးလာပေါက်တဲ့ ကိုယ်လူပျို အပင်ပေါ် မော့ကြည့်မိလို့ … 😛 )

  • naywoonni

    February 16, 2011 at 12:50 pm

    ဥသျှစ်ပင်စိုက်ခိုင်းတာ မဟုတ်ဘူးလား ။ ဥသျှစ်သီးက………….

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 16, 2011 at 1:30 pm

    စားပြီးလို ့
    အီအီးပါတဲ့အခါကြရင် အီးတော်တော်လှတယ်
    အောင်ပုတို ့က တောမှာနေတာဆိုတော့
    မြို ့မှာလို တွိုင်းလက် တို ့ဘာတို ့ရှိတာဟုတ်ဘူး
    စစ်ဒေါင်း ငုတ်တုတ် ဂဇင်းရိုးမှာ
    တစ်ခါတစ်လေ ကြတော့ တပည့်တွေဘာတွေပါတာပေါ့
    ကိုယ်ကအရှေ ့ကို အာရုံစိုက်ပြီး အီးညှစ်နေတုန်းမှာ
    အနောက်က တပည့်က အတင်းဝင်စားတော့
    ကမန်းကတန်း ရှေ ့တို းပေးရတယ်
    အောင်ပုတပည့် အောင်နက်ကိုပြောပါတယ်
    တပည့်မပါတဲ့အခါကြတော့
    ကိစ္စပြီးလို ့ ကိုယ့်ပစ္စည်းကိုယ်ပြန်ကြည့်တဲ့အခါ
    ဥသျှစ် သီးလေးများ စားပြီး အီးပါလိုက်ရင်
    အီးဆိုတာ ဝါထိမ်ပြီးတော့ ဘာလှသလဲမမေးနဲ ့
    ပြန်စားခြင်တဲ့စိတ်ကို မနည်းထိမ်းထားရတယ်
    ဟိုတစ်မျိုးကိုတော့ သွားမလုပ်နဲ ့ဗျို ့
    တော်တော်စိတ်ပျက်ဘို ့ကောင်းတယ်
    ဟိုကောင်လေ
    ကောက်ညှင်းငချိတ်
    စားပြီး အီးပါလို ့
    ပြန်ကြည့်လိုက်ရင်
    ကိုယ့်အီးပုံပါလို ့ပြောရမှာတောင် ရှက်တယ်

  • intro

    February 16, 2011 at 3:02 pm

    ကဲကဲ၊ အီးသုတေသန အဖွဲ့ဖွဲ့မယ်၊ ကိုအောင်ပုကို ဥက္ကဋ္ဌ ခန့်မယ်၊ ကျန်တဲ့လူတွေရော? ပါဝင်ချင်တဲ့လူတွေ စာရင်းပေးပါ…

  • ..........

    February 17, 2011 at 4:04 am

    အဲဒီ့အသင်းလေးတကယ်ဖွဲ့ထားတာဆိုရင်ဝမ်းသာစရာပဲ
    မြန်မာပြည်မှာလည်းဖွဲ့နိုင်ရင်ကောင်းမယ်နော် ဒါမှအကြောင်းအမျိုးမျိုးကြောင့်အပျိုကြီးဖြစ်နေတဲ့သူတွေ
    အပျိုကြီးဖြစ်နေပြီး ကျောထောက်နောက်ခံမရှိလို့ဝမ်းနဲအားငယ်နေမဲ့သူတွေ
    ကို ကူညီဖေးမနိုင်မှာပေါ့ သူတို့လည်း ဒီလို ပုံပျက်ပန်းပျက်ဝနေတာမျိုးကိုဘယ်လိုချင်ပါ့မလဲနော်
    ဖြစ်နိုင်ရင် model လေးတွေလို လှပ ကြွရွနေချင်မှာပေါ့ ဒါပေမဲ့ဘဝပေးကုသိုလ်နဲ့လည်းဆိုင်တယ်လေ ဒါကြောင့်အားငယ်နေတဲ့သူတွေကို အားပေးဖေးမဘို့စိတ်ဓါတ်ကလေးတွေတော့လူတိုင်းမှာရှိဖို့လိုမယ်နော

Leave a Reply