MG သို. တံဆိပ်မကပ်ပေးစာ

ေမာင္ဖိုးတီFebruary 10, 20111min1207

ကျွန်တော် ဒီဆိုဒ် ကို အမြဲ တမ်းလိုလို ဝင်ကြည်.ဖြစ်တာ သုံးလကျော်သွားပါပြီ
တကယ်ကိုကောင်းတဲ.ဆိုဒ်လို.ပဲဆန္ဒပြုချင်ပါတယ် တစ်ခြားရွာသူရွာသားတွေလဲကျွန်တော်.လိုပဲလို.ထင်ပါတယ်
ဆိုဒ်ထဲမှာ ပညာရေး ကျန်းမာရေး လူမှုရေး နိုင်ငံရေးစသဖြင်.ပေါ.ဗျာ တော်တော်လေးကိုစုံပါတယ်
ရွာသူရွာသားတွေကလဲ တစ်ယောက်တစ်မျိုးနဲ.တော်တော်လေးကိုပျော်စရာကောင်းပါတယ်
ဒါပေမယ်.လို.ပေါ.ဗျာ ဒီဆိုဒ်မှာ အားကစားနဲ.ပါတ်သက်တဲ.သတင်းလေးတွေများလိုနေသလားလို.ပါ
အဲ.ဒါမျိုးလေးတွေပါတင်ရင်ကောင်းမလားလို.ပါ

(မှတ်ချက်၊ ၊ ပွိုင်.လိုချင်လို.မဟုတ်ပါ):P

7 comments

  • zawana

    February 10, 2011 at 2:27 am

    ကောင်းပါတယ်ခင်ဗျ။ အားကစားသတင်းအပြင် သတင်းသုံးသပ်ချက်လေးပါ တင်နိုင်ရင် ပိုကောင်းပါမယ်။ ဒါပေမဲ့ ပုံတူကူးတော့ ( copy & paste) မဖြစ်စေချင်ပါ။ အားကစားသတင်းတွေ ပုံမှန် ဖတ်ရတာပေါ့ ခင်ဗျာ။
    ပွိုင့်ကတော့ လိုချင်ချင်၊ မလိုချင်ချင် ရမှာပဲ ခင်ဗျ။ ပိုက်ပိုက်သာ ရဖို့ မသေချာတာ။ ဘာလို့လည်း ဆိုတော့ “တစ်သိန်းပြည့်မှ ငွေထုတ်ရ” လို့ ဆိုထားသကိုး။ နောက်တစ်ခုကလည်း “ပြည်တွင်းလူသာ၊ ငွေယူပါ” လို့ ရှိသေးတယ်လေ။

  • manawphyulay

    February 10, 2011 at 5:56 am

    အားကစားဆိုတော့ နိုင်ငံတကာ အားကစားလား ပြည်တွင်းအားကစားတွေကို ပြောတာလားဟင်… ဒီမှာတော့ ဘောလုံးက အဓိကပဲရှိတယ်လေ။

  • Gipsy

    February 10, 2011 at 5:21 pm

    အင်း .. အားကစားသတင်း တင်ချင်လို့လား.?
    မထူးပါဘူး….ကြေးလေး ပါ တပါတည်း ထည့်ပေး….

  • cobra

    February 11, 2011 at 7:55 am

    ကိုgipsyရေ
    ဝါသနာတူတွေလာတွေ့နေတာပဲနော်..။

  • kai

    February 11, 2011 at 8:02 am

    ကောင်းပါတယ်..။
    မြန်မာပြည်တွင်း-ပြည်ပ ကအားကစားသတင်းတွေ တင်ပေးပါနော..။
    ထူးချွန်သူတွေရဲ့ ဓါတ်ပုံတွေပါမြင်ချင်တာပေါ့..။

    စကားမစပ်..။
    လှယဉ်ကျေးမယ်က ..အားကစားထဲပါသလားလို့.. ။ 🙂

  • kopauk mandalay

    February 11, 2011 at 8:32 am

    ကိုခိုင်ရေ
    လှယဉ်ကျေးမယ်က လဲ အားကစားထဲမှာထိပ်ဆုံးကပါတာပေါ့။
    အားကစားမလုပ်ဘဲ ဘော်ဒီလှမလာဘူးလေ။
    အားကစားသတင်းဆိုမှာတော့ ပြည်တွင်းရော ပြည်ပ အကုန်ပါတာပေါ့။
    တော်ကြာ ပြည်တွင်းဘဲဖြစ်ဖြစ ပြည်ပဘဲဖြစ်ဖြစ်
    အားကစားတိုင်းကို လူတော်တော်များများစိတ်ဝင်စားပါတယ်။
    စာစောင်တွေမှာ ဘောလုံး ဘဲဖော်ပြတာများလို့ ဘောလုံးဘဲလူတွေစိတ်ဝင်စားတယ်ထင်တာပါ။
    လက်ဝှေ့ ဘတ်စကက်ဘော ဂေါက်သီး ကားမောင်းပြိုင် ဘေစ်ဘော အများမှအများကြီးပါ။
    ဒါနဲ့သတင်းတပုဒ်ကြားပြီး ပြီးလား မြန်မာပြည်က မြန်မာလက်ဝှေ့သမား စောငမန်း က အမေရိကန်က နပန်းသမား ဘယ်သူကိုမဆိုစိန်ခေါ်ချင်လို့တဲ့ဗျာ။
    သူက မြန်မာပြည်မှာလက်ဝှေ့အထိုးကောင်းသလို နပန်းသတ်သလိုလဲသတ်နိုင်တာသူတစ်ယောက်ထဲရှိလို့တဲ့။

  • kai

    February 11, 2011 at 8:39 am

    တကယ်စိတ်ဆန္ဒသာရှိတယ်ဆိုရင် .. ယူအက်စ်ကိုခေါ် အမေရိကန်ပညာသည်တွေနဲ့ ပေးတွေ့ပေးနိုင်မယ်ထင်ပါတယ်..။
    လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကတည်းက စဉ်းစားနေမိဖူးတယ်..။
    ဘယ်နှယ်..
    မြန်မာအဆိုတော်တွေ၊ မင်းသမီးတွေခေါ် .. ထိုင်ကြည့်နားထောင်ရတာထက်စာရင်… မြန်မာ့လက်ဝှေ ့သမားခေါ်ပြီး ..အမေရိကန်တွေနဲ့ စိန်ခေါ်ပွဲလုပ်ပေးရကောင်းမလားလို့..။

    အဲဒါ..
    အခုယူအက်စ်က စိတ်ဝင်စားသူတွေရှိရင် ..ကိုစပွန်ဆာပေးဖို ့ .. တောင်းဆိုချင်ပါတယ်..။
    ကျုပ်ကိုဆက်သွယ်ကြပါနော..။

    မြန်မာပြည်ကတော့ .. ကိုပေါက်ပေါ့..။ အထိုးခံဖို့မဟုတ်ပါဘူး.. မန်နေဂျာလုပ်ဖို့ပါ..။ 🙂

Leave a Reply