Which way is bus traveling?

Zaw WonnaFebruary 10, 20111min1319

Xinhua Photo

ဒီပုံထဲက ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတာလဲ ? ဘယ်ဘက်ကိုလား ?
ညာဘက်ကိုလား ?
စဉ်းစားလို့ ရပါသလား ?
စဉ်းစားလို့ မရရင် ပုံကို သေသေချာချာ ပြန်ကြည့်ပါ။
ဘယ်လိုမှ စဉ်းစားလို့ မရသေးဘူးလား ?
အမေရိကန်နိုင်ငံက မူလတန်း ကျောင်းသားလေးတွေကို ဒီပုံပြပြီး မေးကြည့်တော့ ကျောင်းသားတွေရဲ့ ၉ဝ ရာခိုင်နှုံးက အဖြေပေးနိုင်ခဲ့ ကြပါတယ်။
“ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတာ ဖြစ်ပါတယ်” တဲ့။
ဘာကြောင့် ဘတ်စ်ကားဟာ ဘယ်ဘက်ကို သွားနေတယ်လို့ စဉ်းစားမိရသလဲလို့ သူတို့ကို မေးကြည့်တော့ ကားပေါ်ကိုတက်လို့ရမယ့် တံခါးပေါက်ကို မမြင်ရလို့ပါတဲ့ ခင်ဗျ။

ဒါနဲ့ တစ်ဆက်တည်း ဟိုတစ်လောက Eleven မှာ ဖတ်လိုက်ရတဲ့ “အတွေးနယ် ချဲ့မိပြီကွဲ့” ဆိုတဲ့ ဆောင်းပါးထဲက မေးခွန်းလေးကို သတိရမိပါတယ်။
“ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လို ထည့်ရမလဲ” ဆိုတဲ့ မေးခွန်းလေးပါ။
ဘယ်လူကြီးတွေမှ အဖြေမှန်ကို မပေးနိုင်ခဲ့ကြပါဘူး။
ဒါပေမဲ့ ဒီမေးခွန်းလေးကိုပဲ မူကြိုကျောင်းက ကလေးတွေကို မေးကြည့်တော့ သူတို့က ချက်ချင်း အဖြေပေးနိုင်ခဲ့ ကြပါတယ်။
“တံခါးဖွင့်ပြီး ထည့်ရမယ်” တဲ့ ခင်ဗျ။

ဆိုလိုတာက ကျနော်တို့ လူကြီးတွေမှာ သိထားတာ မှတ်ထားတာတွေက များလွန်းတော့ အဲဒီ သိထားတဲ့ အချက်အလက်တွေ၊ ဖြစ်နိုင်ချေတွေကို ထည့်စဉ်းစား နေရတာနဲ့ပဲ အဖြေမှန်ကို အလွယ်တကူ မစဉ်းစားမိတဲ့ အဖြစ်မျိုး ရောက်သွားတတ်တယ် ဆိုတာပါ။

ဘဝမှာလည်း တခါတလေတော့ နဂိုက သိထားတာတွေကို ဖယ်ပြီး ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်တော့မှ အဖြေရတာမျိုးတွေ ရှိတတ်ပါလားလို့ စဉ်းစားမိပါတယ်။ ။

Ref: http://news.xinhuanet.com

9 comments

  • Myanmar

    February 10, 2011 at 4:41 am

    Nice thought! To answer this question, you need to know the exact location where left hand drive or right hand drive is in practice. Answer may be changed depending on whether left hand drive or right hand drive. Keep going. I like it.

  • moethidasoe

    February 10, 2011 at 6:02 am

    ကိုတရုပ်ကြီးရယ် .. သူက အမေရိကန် လို့ ပြောတဲ့နောက် ညာကပ်မောင်း ဖြစ်တယ်လေ .. ဒါကြောင့် ကလေးတွေ မှန်တယ်လို့ ပြောတာ ထင်တယ် ..

  • kai

    February 10, 2011 at 7:22 am

    ကျုပ်များ တော်တော်ဦးနှောက်စားသွားတယ်..။
    ဖြစ်ပုံကဒီလို…
    ယူအက်စ်မှာ ရုပ်ရှင်ရိုက်သူတွေက ဟောလိဝုဒ်ကဖြစ်တာများတယ်မဟုတ်လား..။
    ဆိုတော့ … ရုပ်ရှင်ထဲ..လေယဉ်ပျံ၊ကား သွားတယ်ဆိုရင်.. ဘယ်ကညာကို သွားတာ လုပ်တတ်ကြတယ်..။
    ဘာလို့လဲဆိုတော ့.. ဟောလိဝုဒ်က ယူအက်စ်ရဲ့အနောက်မ်းခြေမှာရှိလို့ပါပဲ..။
    ဒီတော့ ခရီးသွားတာအများစု ရုပ်ရှင်ထဲပြရင်… ပြောရင်… အနောက်က အရှေ ့ သဘောကိုသုံးတယ်ပေါ့..။
    မြေပုံသဘောအရ ..လူက .. အောက်ကိုတောင်..အထက်ကို မြောက်ဖက်ယူတယ်မဟုတ်လား..။

    အဲဒီလောက်တောင် စဉ်းစားလိုက်ပါသည်…။
    (ငါဟဲ့.. အတောင်ခွေးသူ)

  • zawana

    February 10, 2011 at 8:46 am

    ကျနော်တို့ မြန်မာနိုင်ငံက ကလေးတွေကို သွားမေးရင်တော့ ကလေးတွေခမျာ အတော် ဦးနှောက်ခြောက်ရှာကြမယ် ထင်တယ်ဗျ …. ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ သုံးနေကြတဲ့ ဘတ်စ်ကား အများစုက ဂျပန်နိုင်ငံက ထုတ်လုုပ်တာ ဖြစ်လေတော့ မူလ တံခါးပေါက်တွေကလည်း ကားရဲ့ဘယ်ဘက်မှာ ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လက်ယျာကပ်မောင်း စနစ်ဆိုတော့ ကားရဲ့ ညာဘက်မှာ တံခါးပေါက်တွေ ထပ်ဖောက်ရပါတယ်။ ဒီတော့ ဘတ်စ်ကားတိုင်းမှာ တံခါးက နှစ်ဘက်စလုံးမှာ ရှိနေကြလို့ပါ။

  • char too lan

    February 10, 2011 at 10:46 am

    အစကတည်းကတွေးမိတယ် ဒီမေးခွန်းက မြန်မာနိုင်ငံအတွက် မဟုတ်လောက်ဘူးလို့ 🙂
    ဆင်မေးခွန်းပီးတော့နောက်ရှိသေးတယ်လေ

    တိရိစာ္ဆန်တွေအားလုံးတက်ရောက်ရတဲ့ တောဘုရင်အစည်းအဝေးကို မတက်တဲ့တိရိစာ္ဆန်ကဘယ်ကောင်လဲ ???

    မိချောင်းတွေရှိတဲ့ ကန်ကို သင်ဘယ်လိုဖြတ်မလဲ???
    ရွှီးကြည့်ကြပါအုံးလား ခည!! 😛

  • ဆူး

    February 10, 2011 at 1:10 pm

    ဒီကား ဘယ်ကို သွားနေလဲ လို့ မေးတဲ့ မေးခွန်းကို ပုံကြည့်ပြီး အတွေးနယ်ချဲ့လိုက်ပုံက.. ကား ရဲ့ ပြူတင်းပေါက်တွေက ညီညီညာညာ ဖြစ်ပြီး ဘီး အဝိုင်းလေးတွေ ကလည်း ညီညီညာညာဘဲ ကားရဲ့ အမှတ်အသား မပါတဲ့ အတွက် ကားမဟုတ်ဘဲ တခုခုကို ရည်ညွန်းလားလို့ တွေးမိတယ် ဥပမာ ဘီးတပ်ထားတဲ့ စကိတ် အပေါက်လေးတွေက ဖိနပ်ကြိုးထိုးတဲ့ အပေါက်ပေါ့.. အဲလို တွေးမိတယ်

  • char too lan

    February 11, 2011 at 8:46 am

    ဖြေမယ့်လူ ရှိဘူးပေါ့နော် 🙁

    • bigcat

      February 12, 2011 at 7:04 am

      မပူပါနဲ့ကွယ် ဦးကြောင်ကြီးတယောက်လုံး ရှိပါသေးတယ်။
      တိရိစာ္ဆန်တွေအားလုံးတက်ရောက်ရတဲ့ တောဘုရင်အစည်းအဝေးကို မတက်တဲ့တိရိစာ္ဆန်က ဘယ်ကောင်လဲ ???
      ရေထဲကငါး

      မိချောင်းတွေရှိတဲ့ ကန်ကို သင်ဘယ်လိုဖြတ်မလဲ???
      တံတားထိုးဖြတ်၊ လှေနဲ့ဖြတ်၊ ရေငုတ်သင်္ဘောစီးဖြတ်၊ hippo ဆိုတဲ့ မိချောင်းကို မကြောက်တဲ့ ရေမြင်းလိုသတ္တဝါကြီးစီးပြီး ဖြတ်လို့ရပါတယ်ကွယ်။

  • Myanmar

    February 12, 2011 at 1:20 pm

    Dear Char Too Lan, Elephant is in the fridge, so he cannot attend the conference. Crocodile is in the conference, so you can swim across the croc-free lake. Am I right. I was asked by a kid a year ago and he answered for me jokingly. Smart kids!

Leave a Reply