မိသားစု ကုထုံးရှင် ပညာရှင် ဆရာမ Phoebe H. Jeong နှင့်တွေ့ဆုံခြင်း

zaw mgFebruary 10, 20111min450

<a rel="attachment wp-att-40698" href="http://www.mand
မိသားစု ကုထုံးရှင် ပညာရှင် ဆရာမ Phoebe H. Jeong
alaygazette.com/40697/health-fitness/attachment/dsc02626″>[/caption]ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံ အသီး သီး တွင် ကြိုးစား ရုန်းကန် လှုပ်ရှား အ သက်ရှင် ရသူများ သည် စိတ်ဖိစီးမှု များနှင့် အတူ မိသားစု အတွင်း လို အပ် လစ်ဟာ လေ့ရှိသော လူနေမှု ဘဝ ပုံစံ တို့ကို အနည်းနှင့် အများကြုံ တွေ့ ခံစား ရကြောင်း သိရသည်။ ထို ကဲ့သို့ ကြုံတွေ့ ခံစား ရသူများ အား ကျန်းမာ ပျော်ရွှင်သော မိသားစု ဘဝ နှင့် ပိုမို ကောင်းမွန်သော လူမှု အသိုင်း အဝန်း တစ်ခု အဖြစ် ပြောင်းလဲ နေ ထိုင် နိုင်ရန် အတွက် လိုအပ် သော နည်းလမ်း များအား ကိုရီးယား နိုင်ငံမှ မိသားစု ကုထုံး ပညာရှင် (Family Therapist) ဆရာမ Phoebe H. Jeong နှင့် မြန်မာပို့စ်ဂျာနယ် မှ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့သည်။

ဆရာမ မြန်မာနိုင်ငံ ကို ဘယ်အချိန် ကတည်းက စရောက် ဖူးတာပါလဲ။ မြန်မာပြည်ကို လာရောက် ရ တဲ့ ရည်ရွယ်ချက် လေးကိုလည်း သိပါရစေ။

ကျွန်မ မြန်မာပြည် ကို ၂၀၀၈ ခုနှစ် ကတည်းက စရောက်ခဲ့ပြီး Leadership Coaching အတွက် အတမ်း ပြုစုရင်း နဲ့ ဖော်ရွေပြီး ခင်မင် စရာ ကောင်းတဲ့ မြန်မာ လူမျိုးတွေ အပေါ် ကျွန်မ တတ်ကျွမ်း နားလည် တဲ့ ပညာနဲ့ ကူညီ စောင့်ရှောက် ပေး ချင်လို့ပါ။

ဆရာမ အနေနဲ့ မြန်မာ လူမျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်တွေ့ ခံစား ခဲ့ရပြီး ဘယ်လို ကူညီ စောင့် ရှောက်မှု တွေ ပေးချင် တာပါလဲ။

ကျွန်မ အမေရိကန် နိုင်ငံမှာ ခုနစ်နှစ်ကြာ ပညာ သင်ကြား ခဲ့ပြီး အ ရှေ့တောင် အာရှ ဒေသ မှာ ရှိတဲ့နိုင်ငံ အချို့မှာ နေထိုင် ခဲ့  ဖူးပါတယ်။ ဒါပေမဲ့ မြန်မာ လူမျိုး တွေရဲ့ဖော်ရွေ နွေးထွေး တဲ့ ဆက်ဆံမှု မျိုးဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးနဲ့မှ မတူတာ ကို တွေ့ရပါ တယ်။ ဒါကြောင့် မြန်မာ လူမျိုးတွေ ရဲ့ မိသားစု ဘဝ စိတ်ဖိစီးမှု များနဲ့ ပိုမို ကောင်းမွန်သော လူမှု အသိုင်းအဝန်း တစ်ခု အဖြစ် ရှင်သန် နေထိုင် နိုင်ရန် ကူညီ စောင့်ရှောက် အကြံဉာဏ်ပေး ချင်တာပါ။

မြန်မာလူမျိုးတွေရဲ့ မိသားစုဘဝနဲ့ပတ်သက်ပြီး ဆရာမအမြင်လေးကို သိပါရစေ။

မြန်မာ လူမျိုးတွေရဲ့မိသားစုဘဝ မှာ အမျိုးသမီး တွေရဲ့အခန်းကဏ္ဍ က အလွန် စိတ်ဝင်စားစရာ ကောင်း ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မ ရောက်ခဲ့ ဖူးတဲ့ အရှေ့တောင် အာရှ က တခြား ဘယ်လူမျိုးနဲ့မှ မတူတဲ့ အ မူ အကျင့်တွေ သူတို့မှာ မြင်တွေ့ ရပါ တယ်။ ဥပမာ – မြန်မာ အိမ်ထောင် မိသားစု တစ်ခု မှာ မိန်းကလေး တွေ ဟာ မိသားစု အပေါ် စွန့်လွှတ် အနစ် နာခံ နားလည် ပေးဆပ် နိုင်တဲ့ အပြင် မိသားစု တာဝန် ဝတ္တရားများ ယူရာမှာ လည်း အမျိုးသား များထက် ပိုမိုတာ ဝန်ယူ လက်ခံ တတ်ကြ ပါတယ်။ ဒါ ကြောင့် မြန်မာ မိသားစု လူမှု အသိုင်း အဝိုင်း တစ်ခုလုံး စိတ်ဖိစီးမှု ကို ကျော် လွှား နိုင်ဖို့ နဲ့ စိတ်ဓာတ် ခွန်အား ရရှိ စေဖို့ အတွက် ကူညီ အကြံ ပေးနှစ် သိမ့် ဆွေးနွေး လိုခြင်းပဲ ဖြစ်ပါတယ်။

ဆရာမအနေနဲ့ ဘယ်လိုလူမျိုးတွေကို နှစ်သိမ့် ဆွေးနွေးပေးနေပါလဲ။

စိတ်ဖိစီးမှု ဒဏ်ခံစားနေရသူ၊ စိတ်ဓာတ် ကျဆင်း နေသူ၊ လူမှု အသိုင်း အဝန်း အတွင်း ပေါင်းသင်း ဆက်ဆံ ရေး မပြေ လည်သူ၊ ငွေနှင့် ဆုံးရှုံးမှု ကြောင့် ပူဆွေး သောက ခံစား နေရ သူ အစရှိတဲ့ လူမှု ဒုက္ခ အဝဝကို ခံစား နေရသူတွေ ပါဝင်ပါတယ်။

ဖွံ့ဖြိုး တိုးတက် လာမှုနဲ့ စိတ်ဖိစီးမှု ဆက်စပ်နေတာ လေး ပြောပြပေးပါ။

ကမ္ဘာပေါ်မှာ ဖွံ့ဖြိုး တိုးတက် လာတာနှင့် အမျှ လူသား တွေ အပေါ်  စိတ်ဖိစီးမှု တွေ ပိုမိုများပြား လာပါ တယ်။ အထူး သဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံ များ ထက် ဖွံ့ဖြိုးဆဲ နိုင်ငံ များမှာ ပိုမို ရင်ဆိုင် ကြုံတွေ့ လာရပါတယ်။

စိတ်ဖိစီးမှု ဒဏ်ကြောင့် မိသားစု သို့မဟုတ် လူ မှု အသိုင်းအဝန်း တစ်ခုလုံး ဘယ်လို အကျိုးသက် ရောက်မှု ရှိနိုင် ပါလဲ။

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ အခြေအနေ တွေကြောင့် မိမိမှ တစ်ဆင့် မိသားစု သို့မဟုတ် လူမှု အသိုင်း အဝန်း တစ်ခုလုံးကို ထိ ခိုက် စေနိုင်ပါတယ်။ ဥပမာ – ကိုရီး ယား နိုင်ငံမှာ ဆိုရင် မကြာခဏ မိမိ ကိုယ်မိမိ သေကြောင်း ကြံစည်လာ တာတွေ တဖြည်းဖြည်း များလာတာ တွေ့ရပါတယ်။

လူမှု ပတ်ဝန်းကျင်မှာ ရှောင်လွှဲ လို့ မရနိုင်တဲ့ စိတ် ဖိစီးမှု အပြင် အခြားသော စိတ်ခံစားမှု အခြေအနေ တွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားနိုင်မလဲ။

ကျွန်မတို့ လူမှု ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့ ရနိုင်တဲ့ ဒီပြဿနာ တွေကို ရင်ဆိုင် ကျော်လွှား နိုင်ဖို့ နည်း လမ်း တွေကတော့ အများကြီး ပါပဲ။ ဥပမာ – ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်း၊ တရားထိုင်ခြင်း အစရှိတဲ့ နည်းလမ်း တွေအပြင် ကျွမ်းကျင်သူ မိသားစု ကုထုံးပညာရှင် တွေနဲ့ တိုင် ပင်ဆွေးနွေး အကြံဉာဏ် ရယူ သင့်ပါ တယ်။

ဆရာမ အနေနဲ့ နိဂုံးချုပ် အကြံပြု စကားလေး ပြောကြား ပေးပါဦး။

မြန်မာ လူမျိုး တွေဟာ ရိုးသား ဖြူစင် ဖော်ရွေ တတ်ကြ သလို မိသား စုနှင့် လူမှု အသိုင်းအဝန်း အတွင်း ရင် ဆိုင်ကြုံ တွေ့ခံစား ရတဲ့ စိတ်ဖိစီး မှု အပြင် အခြားသော စိတ်ပိုင်း ဆိုင်ရာ ပြဿနာ များကို လည်း ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်အကြံ ဉာဏ်ရယူခြင်း ဖြင့် သာယာ ချမ်းမြေ့တဲ့ မိသားစု ဘဝ သို့မဟုတ် လူမှုအသိုင်း အဝန်းတစ်ခု ကို ရယူ တည်ဆောက် နိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

အောင်ကျော်ခန့်