ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသူများအနက် နှစ်ဦးထပ်မံ သေဆုံး

BayoteApril 22, 20101min1045

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်အနီးတစ်နေရာတွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ သူများအနက် ဧပြီလ ၁ရ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် တစ်ဦးစီ ထပ်မံ သေဆုံးသွားကြောင်း သိရှိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သင်္ကြန် အကြတ်နေ့ (ဧပြီလ ၁၅ ရက်နေ့)တွင် အမျိုးသားငါးဦး၊ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရပြီး ဧပြီလ ၁ရ ရက်နေ့တွင် အက် ၁ရ နှစ်အရွယ်ရှိ ကိုပိုင်ပိုင်ဦး ဒဂုံ(တောင်)မြို့နယ်နေနှင့် ဧပြီလ ၁၉ ရက်နေ့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ကိုစိုးမိုးထွန်း မင်္ဂလာတောင်ညွန့်မြို့နယ် နေသူတို့ ထပ်မံ သေဆုံးခဲ့ကြောင်း တရားဝင် ပြောကြားချက်အရ သိရှိရသည်။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဧပြီလ ၁၉ ရက်နေ့အထိ  သေဆုံးသူဦးရေမှာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးသုံးဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက “ဒဏ်ရာ ရရှိသူတွေ ထဲ က နှစ်ဦးထပ်မံ သေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးသူတွေကလည်း ဧပြီလ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဆေးရုံကို ရောက်လာက တည်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိပြီး အခြေအနေ လုံးဝမကောင်းခဲ့တဲ့ သူတွေဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ နောက်ဆုံးသိရှိရသော သ တင်းများအရ ဧပြီလ ၂ဝ ရက်နေ့မွန်းလွဲပိုင်းအထိ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၆၉ ဦး ဆက်လက် ကုသ လျက် ရှိကြောင်း၊ အရေးပေါ် ကုသဆောင်တွင် ကုသခံနေရသူတစ်ဦးသာရှိတော့ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ထုန် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

5 comments

  • susunosuki

    April 22, 2010 at 7:34 am

    စိတ်မကောင်းစရာပါ
    သေဆုံးသူတွေထဲက တစ်ယောက်ကဘုရားကအပြန်မှာ
    မဏ္ဍပ်ဝင်ကြည့်ရင်း ဖြစ်တာလို့ပြောတယ်

  • kopainglay

    April 22, 2010 at 8:23 am

    အမေပြောတဲ့စကားလေးတခွန်း သားရေပြီးတာနဲ့အိမ်တန်း ပြန်ခဲ့နော်

  • ngwehninmoe

    April 22, 2010 at 9:14 am

    တကယ်ကို စိတ်မကောင်းစရာပါ

  • aungkohlaing

    April 25, 2010 at 5:28 pm

    မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရမ်းကိုဝမ်းနည်းကြေကွဲခဲ့ရပါတယ်..ဒီလိုအချိန်အခါမှာမှဖြစ်ရတဲ့အတွက်ကြောင့်ပိုပြီးစိတ်မကောင်းပါဘူး။
    ဘာပဲဖြစ်ဖြစ်သေဆုံးသွားရသူတွေနဲ့ဒဏ်ရာရခဲ့သူတွေရဲ့မိသားစုတွေအတွက်ကိုယ်ချင်းစာဝမ်းနည်းရပါတယ်။

  • cum min

    June 25, 2012 at 1:42 pm

    စိတ်မကောင်းစရာပါ……
    ပြည်သူတွေကို..သနားကျပါ

Leave a Reply