Mandalay Gazette မှ ဦးဦးတို့ အစ်ကိုတို့ မောင်လေးတို့ တွေအတွက်

လာမယ့်ချစ်သူများနေ့ မှာကိုယ်ရည်ရွယ်ထားတဲ့ ချစ်သူဆီက

ချစ်အဖြေလေးတောင်းဖို့ ဒါမှမဟုတ်.ကိုယ့်ချစ်သူကို

လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးလေးများရှိရင်တော့

အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးသလိုအဆင်ပြေချောမွေ့ စေဖို့

လက်ချာလေးသင်ပေးပါ့မယ်

ဘာဖြစ်လို့ လဲဆိုတော့ကိုယ်နဲ့ တသက်တာလက်တွဲသွားရမယ့်မိန်းကလေး

တွေ၇ဲ့ စိတ်ကိုကြိုသိဖို့ လိုပါတယ်

တစ်ဦးနဲ့ တစ်ဦးစိတ်ရင်းအမှန်ကို သိနေမှနားလည်မှု၇ှိနေမှ

တူနှစ်ကိုယ်လျှောက်ရမယ့် ဘ၀ခရီးအဆင်ပြေမှာလေ

ချမ်းချမ်းကမိန်းကလေးဆိုတော့ မြွေမြွေချင်းခြေမြင်တာပေါ့လေ

ဒါ့ကြောင့်မိန်းကလေးတွေရဲ့ရင်ထဲကလိုအပ်ချက်တွေကို..

တိတ်တိတ်လေးပြောပြမယ်နော်..

ကဲ..လက်ချာစမယ် သေချာကြမှတ်ပါ.၅ချက်ထဲ၇ှိပါတယ်

နံပါတ်၁။

မိန်းကလေးအယောက် ၁၀၀ မှာ ၉၀ လောက်ကအလှကြိုက်ကြပါတယ်(ကျန်တဲ့ ၁၀ ယောက်က မျက်မမြင်တွေမို့ လို့ ပါ) .ဒါ့ကြောင့်မိန်းကလေးတိုင်းကလေ ကိုယ့်ချစ်သူ

ကိုယ့်ကိုလှတယ်လို့ ပြောရင် အရမ်းပီတိဖြစ်ကြတယ်ကိုယ့်ချစ်သူလေးစိတ်ချမ်းသာဖို့ 

သူ့နဲ့ တွေ့ ရင်.သူ့အလှကို.မြင်မြင်ချင်းပထမဦးဆုံးချီးမွမ်းပါ..

ဥပမာ…**ကိုယ့်ဘ၀ရဲ့ ပုံရိပ်ရှင်.အလှသခင်လေး၇ယ်မင်းသာကိုယ့်မျက်စိထဲမှာအလှဆုံးပါကွာ**

(ဘာညာကွိကွ..တတ်သလောက်မှတ်သလောက်လေး၇ွှီးပေးပါ)


နံပါတ် ၂။

မိန်းကလေးတစ်ဟာဘယ်လောက်ပဲမာနကြီးကြီး အတ္တကြီးကြီး အမှန်တကယ်

ဝမ်းနည်းကြေကွဲစရာတွေကြုံလာတိုင်းချစ်သူရဲ့ လက်ဖ၀ါးနွေးနွေး ဒါမှမဟုတ်

ချစ်သူ့ ရင်ခွင်မှာငိုချခွင့်လေးတော့ လိုချင်ကြတာမိန်းကလေးတိုင်းရဲ့ ရင်ထဲကဆန္ဒလေးပါ

ဒါ့ကြောင့်မို့ လို့ ကိုယ်တိုင်က လောကဓံကို ခံနိုင်ရည်၇ှိတဲ့ကျားကျားယားယား.အာဇာနည်ယောက်ျားကောင်းဖြစ်အောင်.ဒီလိုလေး

လေ့ကျင့်ထားရပါမယ်.

**မင်းနဲ့ အတူအဆိုးအကောင်းမျှဝေခံစားဖို့ လောကဓံကိုငယ်ငယ်လေးကတည်းက ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပြီးသားပါကွာ**


နံပါတ်.၃။

မိန်းကလေးတွေဟာ.ဘယ်လောက်ပဲ.သတ္တိ၇ှိနေပါစေ အမှန်တကယ်အသက်ဘေးနဲ့ ကြုံလာရင်.ကိုယ့်ချစ်သူရဲ့ နောက်ကျောမှာ ခေါင်းလေးဝှက်ပြီး.ကိုယ့်ချစ်သူရဲ့ အားပေးတဲ့ စကားသံလေးနဲ့ ကိုယ့်ချစ်သူဟာကိုယ့်အတွက်သူရဲ့ ကောင်းဆိုတဲ့ အရည်အချင်းကိုလဲ

လေးစားတတ်ပါတယ်အဲ့ဒီအတွက် ယောကျာ်းလေးဖြစ်တဲ့ကိုယ်ကသတ္တိရှိတဲ့ သူဖြစ်ဖို့ လိုပါတယ်

***မင်းလေးရဲ့ ရှေ့ မှာ.တားဆီးထားတဲ့ ရန်သူမှန်သမျှ ကိုကာကွယ်ပေးဖို့ 

ကြိုတင်လေ့ကျင့်ပြီးသားပါကွာ..***

နံပါတ် ၄။

မိန်းကလေးတွေဟာ.ကိုယ်တိုင်ကဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ

ကိုယ့်ချစ်သူရဲ့ အလုပ်ကြိုးစားပုံ..အရည်အချင်း၇ှိပုံတွေကို.

သူငယ်ချင်းတွေသိအောင်.ကြွားချင်ကြပါတယ်.

အိမ်မူးနတ် အဲ မှားလို့ .အိမ်ဦးနတ်.ဆိုတော့ စီးပွါးရေးတွေဦးဆောင်ရမှာလေ

.အဲ့ဒီအတွက်ကကိုယ်က.မနားမနေအလုပ်ကြိုးစားတဲ့ အကြောင်းကဒီလိုလေးကြွားပေးပါ

***မင်းကို.တင်တောင့်တင့်တယ်ထားနိုင်ဖို့ ကိုယ့်မှာ မနားမနေအလုပ်ကြိုးစားနေရတယ်ချစ်သူ..

အခုအလုပ်မအားတဲ့ ကြားကသေသေချာချာဝတ်စားပြီးခန့် ခန့် ညားညားနဲ့ ရှိတာလေးစီးပြီးအပြေးလာခဲ့တာပါကွာ***

နံပါတ်.၅။

နောက်ဆုံးကတော့…ကိုယ်အဖြေတောင်းမယ့်ကောင်မလေးကိုချစ်သူ့ အမိန့် တစ်သက်လုံးနာခံမယ့်ပုံစံနဲ့ ပန်းစည်းလေးပေးပါ..

လက်ထပ်ခွင့်တောင်းရင်တော့..ကာတီးယားစိန်တိုက်က.

၇ှိတာပေါင်ပြီးဝယ်ထားတဲ့ လက်စွပ်လေးနဲ့ ဒီလိုလေး..

Surprise ဖြစ်သွားအောင်ရိုရိုသေသေနဲ့ .ပေးလိုက်ပါ..

** မင်းနဲ့ အတူလှပတဲ့တူနှစ်ကိုယ်အနာဂတ်ဘ၀လေး

တည်ဆောက်ဖို့ ကိုယ့်အချစ်ကိုလက်ခံပေးပါကွာ**

Written..By….ချမ်းချမ်း(ရွာသူလေး)

…………………………………………………….

အထူးမှတ်ချက်..

ထောင်တန်တဲ့ စကားပျက်ရယ်မပြုကောင်းပါ.ပြုပါက ဒဏ်သင့်တတ်သောကြောင့်

ယခုအကြံပေးပိုစ့်အားဖတ်နေစဉ်အတွင်း.

အချက် ၅ ချက်အားမယုံမကြည်ဖြစ်မိခြင်း မရိုမသေဖြင့်.ရယ်ချင်သလိုလိုဖြစ်ခြင်း အမှန်တကယ်အသံထွက်ရယ်မိခြင်း..စိတ်ထဲ၌.ကြိတ်၍လှောင်ခြင်းပြုမိပါက…

ဂေါ်မစံွံတဲ့ သနားစရာလူပျိုကြီးတစ်ခုလပ် ၂ခုလပ် ဖြစ်သွားပေလိမ့်မည်.

.အထူးသတိထား၍မရယ်မိအောင်ဖတ်ပါလေ…

………………………………………………..

ရှင်းလင်းချက်…..

အမျိုးသမီးများမစပ်စုရ ဆိုသည်မှာ..

ပိုစ့်ထဲတွင်ပါသောအကြောင်းအရာများကို ကြိုတင်သိ၇ှိနေပါက..

ချစ်သူမှ အဖြေတောင်းချိန်တွင်Surprise မဖြစ်ဘဲ

ရင်ခုန်ကြည့်နူးစရာနည်းသွားပေလိမ့်မည်..လာစပ်စုမိသော မမများသည်.ချစ်သူများနေ့

တွင်.ကိုကင်းကောင်လို.ပေမီဒေါင့်မီအ၇ပ် .

ကုသိုလ်လိုတောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားရှယ်ယာထားတဲ့ မျက်ဝန်းအလှပိုင်ရှင်

ဗေလုဝလိုရူပါလန်းလန်းနဲ့ .သူများ ချစ်စကားပြောပြီးပန်းစည်းလာပေးလိမ့်မည်.

သတိထား၍နေပါလေ…

……………………………………………..

လာမည့် 2011 Valentine Day မှစ၍.နောင်နှစ်ပေါင်းများစွာတိုင်အောင်..

တူနှစ်ကိုယ်ချစ်ကြတဲ့ ချစ်သူတိုင်းစစ်မှန်သော မေတ္တာ မှန်ကန်သော သစ္စာ များစွာနဲ့ 

တစ်ဦးကိုတစ်ဦး စာနာနားလည်မှုတွေနဲ့ေ၇ွှရတု ငွေရတု စိန်ရတုတွေအထပ်ထပ်နဲ

့ရတုအဆက်ဆက်တိုင်အောင်..သာယာတဲ့ ဘ၀ခရီးလျှောက်လှမ်းနိုင်ကြပါစေလို့ 

ဆုတောင်းပေးးပါတယ်နော်..

အားလုံးကို.ပျော်စေချင်တဲ့ 

ချမ်းချမ်း

အားလုံးကို.လေးစားစွာဖြင့်..

About ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)

ရွာသူလေးချမ်းချမ်း ရင်တွင်းဖြစ် has written 27 post in this Website..

Only one is free