အမျိုးသားများအတွက် Valentine Day စကားလက်ဆောင်(အမျိုးသမီးလာမစပ်စုရ)

Mandalay Gazette မှ ဦးဦးတို ့အစ်ကိုတို ့မောင်လေးတို ့တွေအတွက်

လာမယ့်ချစ်သူများနေ ့မှာကိုယ်ရည်ရွယ်ထားတဲ ့ချစ်သူဆီက

ချစ်အဖြေလေးတောင်းဖို ့ဒါမှမဟုတ်.ကိုယ့်ချစ်သူကို

လက်ထပ်ခွင့်တောင်းဖို ့စိတ်ကူးလေးများရှိရင်တော့

အမြန်ဆုံးနည်းနဲ ့ပုဂံလုံးစီးသလိုအဆင်ပြေချောမွေ ့စေဖို  ့

လက်ချာလေးသင်ပေးပါ့မယ်

ဘာဖြစ်လို ့လဲဆိုတော့ကိုယ်နဲ ့တသက်တာလက်တွဲသွားရမယ့်မိန်းကေလး

တွေရဲ ့စိတ်ကိုကြိုသိဖို ့လိုပါတယ်

တစ်ဦးနဲ ့တစ်ဦးစိတ်ရင်းအမှန်ကို သိနေမှနားလည်မှုရှိနေမှ

တူနှစ်ကိုယ်လျှောက်ရမယ့် ဘဝခရီးအဆင်ပြေမှာလေ

ချမ်းချမ်းကမိန်းကလေးဆိုတော့ မြွေမြွေချင်းခြေမြင်တာပေါ့လေ

ဒါ့ကြောင့်မိန်းကလေးတွေရဲ့ရင်ထဲကလိုအပ်ချက်တွေကို..

တိတ်တိတ်လေးပြောပြမယ်နော်..

ကဲ..လက်ချာစမယ် သေချာကြမှတ်ပါ.၅ချက်ထဲရှိပါတယ်

နံပါတ်၁။

မိန်းကလေးအယောက် ၁၀ဝ မှာ ၉ဝ လောက်ကအလှကြိုက်ကြပါတယ်(ကျန်တဲ ့၁ဝ ယောက်က မျက်မမြင်တွေမို ့လို ့ပါ) .ဒါ့ကြောင့်မိန်းကလေးတိုင်းကလေ ကို်ယ့်ချစ်သူ

ကိုယ့်ကိုလှတယ်လို ့ပြောရင် အရမ်းပီတိဖြစ်ကြတယ်ကိုယ့်ချစ်သူလေးစိတ်ချမ်းသာဖို ့

သူ့နဲ ့တွေ ့ရင်.သူ့အလှကို.မြင်မြင်ချင်းပထမဦးဆုံးချီးမွမ်းပါ..

ဥပမာ…**ကိုယ့်ဘဝရဲ ့ပုံရိပ်ရှင်.အလှသခင်လေးရယ်မင်းသာကိုယ့်မျက်စိထဲမှာအလှဆုံးပါကွာ**

(ဘာညာကွိကွ..တတ်သလောက်မှတ်သလောက်လေးရွှီးပေးပါ)


နံပါတ် ၂။

မိန်းကလေးတစ်ဟာဘယ်လောက်ပဲမာနကြီးကြီး အတ္တကြီးကြီး အမှန်တကယ်

ဝမ်းနည်းကြေကွဲစရာတွေကြုံလာတိုင်းချစ်သူရဲ ့လက်ဖဝါးနွေးနွေး ဒါမှမဟုတ်

ချစ်သူ ့ရင်ခွင်မှာငိုချခွင့်လေးတော့ လိုချင်ကြတာမိန်းကလေးတိုင်းရဲ ့ရင်ထဲကဆန္ဒလေးပါ

ဒါ့ကြောင့်မို ့လို ့ကိုယ်တိုင်က လောကဓံကို ခံနိုင်ရည်ရှိတဲ ့ကျားကျားယားယား.အာဇာနည်ယောက်ျားကောင်းဖြစ်အောင်.ဒီလိုလေး

လေ့ကျင့်ထားရပါမယ်.

**မင်းနဲ ့အတူအဆိုးအကောင်းမျှဝေခံစားဖို ့လောကဓံကိုငယ်ငယ်လေးကတည်းက ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပြီးသားပါကွာ**


နံပါတ်.၃။

မိန်းကလေးတွေဟာ.ဘယ်လောက်ပဲ.သတ္တိရှိနေပါစေ အမှန်တကယ်အသက်ဘေးနဲ ့ကြုံလာရင်.ကိုယ့်ချစ်သူရဲ ့နောက်ကျောမှာ ခေါင်းလေးဝှက်ပြီး.ကိုယ့်ချစ်သူရဲ ့အားပေးတဲ ့စကားသံလေးနဲ ့ကိုယ့်ချစ်သူဟာကိုယ့်အတွက်သူရဲ ့ကောင်းဆိုတဲ ့အရည်အချင်းကိုလဲ

လေးစားတတ်ပါတယ်အဲ့ဒီအတွက် ယောကျာ်းလေးဖြစ်တဲ့ကိုယ်ကသတ္တိရှိတဲ ့သူဖြစ်ဖို ့လိုပါတယ်

***မင်းလေးရဲ ့ရှေ ့မှာ.တားဆီးထားတဲ ့ရန်သူမှန်သမျှ ကိုကာကွယ်ပေးဖို ့

ကြိုတင်လေ့ကျင့်ပြီးသားပါကွာ..***

နံပါတ် ၄။

မိန်းကလေးတွေဟာ.ကိုယ်တိုင်ကဘယ်ေလာက်ပဲပြည့်စုံချမ်းသာနေပါစေ

ကိုယ့်ချစ်သူရဲ ့အလုပ်ကြိုးစားပုံ..အရည်အချင်းရှိပုံတွေကို.

သူငယ်ချင်းတွေသိေအာင်.ကြွားချင်ကြပါတယ်.

အိမ်မူးနတ် အဲ မှားလို ့.အိမ်ဦးနတ်.ဆိုတော့ စီးပွါးရေးတွေဦးဆောင်ရမှာလေ

.အဲ့ဒီအတွက်ကကိုယ်က.မနားမနေအလုပ်ကြိုးစားတဲ ့အကြောင်းကဒီလိုလေးကြွားပေးပါ

***မင်းကို.တင်တောင့်တင့်တယ်ထားနိုင်ဖို ့ကိုယ့်မှာ မနားမနေအလုပ်ကြိုးစားနေရတယ်ချစ်သူ..

အခုအလုပ်မအားတဲ ့ကြားကသေသေချာချာဝတ်စားပြီးခန် ့ခန် ့ညားညားနဲ ့ရှိတာလေးစီးပြီးအပြေးလာခဲ့တာပါကွာ***

နံပါတ်.၅။

နောက်ဆုံးကတော့…ကိုယ်အဖြေတောင်းမယ့်ကောင်မလေးကိုချစ်သူ ့အမိန် ့တစ်သက်လုံးနာခံမယ့်ပုံစံနဲ ့ပန်းစည်းလေးပေးပါ..

လက်ထပ်ခွင့်တောင်းရင်တော့..ကာတီးယားစိန်တိုက်က.

ရှိတာပေါင်ပြီးဝယ်ထားတဲ ့လက်စွပ်လေးနဲ ့ဒီလိုလေး..

Surprise ဖြစ်သွားအောင်ရိုရိုသေသေနဲ ့.ပေးလိုက်ပါ..

** မင်းနဲ ့အတူလှပတဲ့တူနှစ်ကိုယ်အနာဂတ်ဘဝလေး

တည်ဆောက်ဖို ့ကိုယ့်အချစ်ကိုလက်ခံပေးပါကွာ**

Written..By….ချမ်းချမ်း(ရွာသူလေး)

…………………………………………………….

အထူးမှတ်ချက်..

ထောင်တန်တဲ ့စကားပျက်ရယ်မပြုကောင်းပါ.ပြုပါက ဒဏ်သင့်တတ်သောကြောင့်

ယခုအကြံပေးပိုစ့်အားဖတ်နေစဉ်အတွင်း.

အချက် ၅ ချက်အားမယုံမကြည်ဖြစ်မိခြင်း မရိုမသေဖြင့်.ရယ်ချင်သလိုလိုဖြစ်ခြင်း အမှန်တကယ်အသံထွက်ရယ်မိခြင်း..စိတ်ထဲ၌.ကြိတ်၍လှောင်ခြင်းပြုမိပါက…

ဂေါ်မစွံတဲ ့သနားစရာလူပျိုကြီးတစ်ခုလပ် ၂ခုလပ် ဖြစ်သွားပေလိမ့်မည်.

.အထူးသတိထား၍မရယ်မိအောင်ဖတ်ပါလေ…

………………………………………………..

ရှင်းလင်းချက်…..

အမျိုးသမီးများမစပ်စုရ ဆိုသည်မှာ..

ပိုစ့်ထဲတွင်ပါသောအကြောင်းအရာများကို ကြိုတင်သိရှိနေပါက..

ချစ်သူမှ အဖြေတောင်းချိန်တွင်Surprise မဖြစ်ဘဲ

ရင်ခုန်ကြည့်နူးစရာနည်းသွားပေလိမ့်မည်..လာစပ်စုမိသော မမများသည်.ချစ်သူများနေ  ့

တွင်.ကိုကင်းကောင်လို.ပေမီဒေါင့်မီအရပ် .

ကုသိုလ်လိုတောင်ကိုးရီးယားနဲ ့မြောက်ကိုးရီးယားရှယ်ယာထားတဲ ့မျက်ဝန်းအလှပိုင်ရှင်

ဗေလုဝလိုရူပါလန်းလန်းနဲ ့.သူများ ချစ်စကားပြောပြီးပန်းစည်းလာပေးလိမ့်မည်.

သတိထား၍နေပါလေ…

……………………………………………..

လာမည့် 2011 Valentine Day မှစ၍.နောင်နှစ်ပေါင်းများစွာတိုင်အောင်..

တူနှစ်ကိုယ်ချစ်ကြတဲ ့ချစ်သူတိုင်းစစ်မှန်သော မေတ္တာ မှန်ကန်သော သစ္စာ များစွာနဲ ့

တစ်ဦးကိုတစ်ဦး စာနာနားလည်မှုတွေနဲ ့ရွှေရတု ငွေရတု စိန်ရတုတွေအထပ်ထပ်နဲ

့ရတုအဆက်ဆက်တိုင်အောင်..သာယာတဲ ့ဘဝခရီးလျှောက်လှမ်းနိုင်ကြပါစေလို ့

ဆုတောင်းပေးးပါတယ်နော်..

အားလုံးကို.ပျော်စေချင်တဲ ့

ချမ်းချမ်း

အားလုံးကို.လေးစားစွာဖြင့်..

5 comments

  • zippo

    February 10, 2011 at 4:22 pm

    မချမ်းချမ်းတယောက်လဲ သူများတွေနည်းတူ ဆုတောင်းပြည့်ပီး အဆင်ပြေချောမွေ့ပါစေ …။

  • zippo

    February 10, 2011 at 4:25 pm

    အနော်လဲ လက်ချာ ၅ ချက် အပိုင်ကျက် ..အဟိ…အပီနွှဲ မယ်ဗျာ…။

  • shweminthar

    February 10, 2011 at 4:50 pm

    ဒီနည်းတွေ ကို တကယ် သုံးရင်
    တကယ် ထူးမှာ ချမ်းချမ်း

  • cobra

    February 11, 2011 at 7:42 am

    မချမ်းချမ်းရယ်
    မရီစေချင်ရင်ပုံတွေမတင်နဲ့ပေါ့
    ကဲ…အခုတော့ရီမိပီ
    အရင်ကတည်းကရည်းစားမရှိပါဘူးဆိုနေမှ
    သူကပါထပ်ပီးကြိမ်စာတိုက်သွားသေးတယ်..။

  • white

    February 11, 2011 at 10:23 am

    အဲ့ဒမိန်းကလေးမျိုး လိုချင်ပါတယ

Leave a Reply