အသိလေးနဲ့ ကာကွယ်ပါ(အမျိုးသမီးများဖတ်ရန်)
Thai Channel 3..ကနေကြည့်ုလိုက်ရတဲ့ သတင်းလေးကိုမှတ်မိသလောက်လေးပြန်မျှဝေပေးတာပါ
အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ.
အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။
အကြမ်းဖက်ခံရမှုရဲ့ ၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်..
အဓိက..ကတော့အရွယ်မရောက်သေးတဲ့ ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့.
သူတို့ လေးတွေရဲ့ အသိမိတ်ဆွေ.တွေ
သူငယ်ချင်းအပေါင်းအသင်းနဲ့ တွဲနေတဲ့ ချစ်သူတွေပါတဲ့ ..ကိုယ်မထင်မှတ်ထားတဲ့ သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ့ .
သူတို့ နိုင်ငံမှာက.ငယ်ငယ်ရွယ်ရွယ်နဲ့ မင်္ဂလာဆောင်ကြတယ်ဆိုတာရှားတယ်
်.ချစ်သူဖြစ်ရင်အတူတူနေကြတယ် အလုပ်လုပ်ပြီးပိုက်ဆံစုကြတယ်.
အဆင်ပြေမှာ မင်္ဂလာဆောင်ကြတာများတယ်.တကယ်လို့ 
ဒီကြာထဲပြတ်သွားခဲ့ရင်လဲ.ဘာမှမဖြစ်ခဲ့သလိုအေးဆေးပဲ.
သူ့ဓလေ့နဲ့ သူတော့ဟုတ်နေတာပေါ့ချမ်းကလဲ သူတို့ တွေကိုမေးကြည့်တာပေါ့.
နင်တို့ တွေအခုလိုအတူတူနေတာမိဘကမပြောဘူးလားဆိုတော့.တို့ အဖေနဲ့ အမေလဲ ဒီလိုနေလာကြတယ်လေတဲ့ .ကောင်းရော..
တစ်လောက ကြည့်လိုက်ရတဲ့ သတင်းလေးမှာလဲ သမီးရည်းစားတွေဖြစ်တဲ့ကောင်လေးနဲ့ကောင်မလေးအတူတူနေပြီးတော့ ကောင်လေးကအပြင်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ်
နောက်တော့သူ့ သူငယ်ချင်း ၈ ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်
ငါ့ချစ်သူနဲ့ အတူတူလာနေလို့ ရတယ်ဆိုပြီးတော့.သူငယ်ချင်းတွေနဲ့ လွှတ်ပေးပါတယ်။
ကောင်မလေးကလဲမိန်းကလေးအားနဲ့ ဆိုတော့ ၈ယောက် တစ်ယောက်မရုန်းနိုင်ဘူးပေါ့။
အဲ့ဒီအချိန်မှာ
ကောင်မလေးရဲ့ ချစ်သူကောင်လေးက အခန်းအပြင်မှာ စောင့်ပေးနေတာတဲ့ 
တော်တော်နှမချင်းမစာနာတဲ့သူပဲနော်ပြီးတော့အားလုံးထွက်ပြေးသွားတယ်လေ
ကောင်မလေးမိဘတွေလဲရှက်လွန်းလို့ ငိုလိုက်တာအရမ်းပဲသူတို့ နိုင်ငံမှာကမှုခင်းသတင်းမှန်သမျှတစ်နိုင်ငံလုံးသိအောင်
လွှင့်တော့.တခြားသူတွေလဲသံဝေဂယူပြီးဆင်ခြင်နိုင်တာပေါ့။
ကဲ သူငယ်ချင်းတို့ ကိုယ့်ကိုယ်ကို သတိလေးနဲ့ ဘယ်လိုနေရမလဲဆိုတာ ပြောပြမယ်နော်.
နံပါတ်.၁..
ကျောင်းဆင်းချိန်ရုံးဆင်းချိန်မှန်ပါစေ.။တကယ်လို့အချိန်ပို၇ှိရင်လဲ၇ှိတဲ့အကြောင်းအိမ်သားတွေကို
အသိပေးထားပါကိုယ့်ရဲ့ ညီမလေးတွေကို.ကိုယ်တိုင်ကျောင်းကြိုကျောင်းပို့ 
လုပ်ခိုင်းပါမကြိုနိုင်ဘူးဆိုရင်တော့.ကျောင်းပြန်ချိန်ကိုသတ်မှတ်ထားပေးပါ။
ကျောင်းလွှတ်တာ၃နာရီဆိုလို့ ရှိရင်.၃နာရီခွဲအိမ်အရောက်ပြန်ခိုင်းပါ.
လူကြီးတွေမပါဘဲ အပြင်သိပ်မလွှတ်ပါနဲ့ ။
မိမိဘယ်သွားတယ်ဘယ်လာတယ်ဆိုတာ.အိမ်သားတွေသိအောင်ပြောပြပါ။တစ်ခုခုဖြစ်ရင် အိမ်သားတွေ ၇ှာရလွယ်အောင်လို့ ပါ
နံပတ်..၂..
ညဖက်တွေ့ ဆုံပွဲပါတီတွေနိုက်ကလပ်တွေသိပ်မသွားပါနဲ့ ။
အကယ်၍ သူငယ်ချင်းတွေခေါ်လို့ အဖော်လိုက်သွားရင်တောင်.အရက် ဘီယာ မသောက်ပါနဲ့ .ယောကျာင်္းလေးအရက်သောက်လို့ လူပဲမှောက်တယ်.မိန်းကလေးက အရှက်ရော ဘ၀ရောပျောက်တတ်ပါတယ်
၃..မိန်းကလေး၂ယောက်တည်းခရီးဝေးသွားခြင်းရှောင်ပါ။လေ့လာရေးခ၇ီးသွားတယ်ဆိုရင်တောင်
်အုပ်စုလိုက်သွားပါ။ခ၇ီးလမ်းမှာသူငယ်ချင်း အချင်းချင်း စိတ်ဝမ်းမကွဲပါစေနဲ့ တစ်သီးကိုတစ်ဦးဂရုစိုက်ပါ။
နံပါတ် ၅.
သမီးရည်းစား၂ယောက်တည်းလူပြတ်တဲ့ နေရာမှာ ညဘက်အမှောင်မှာ မချိန်းတွေ့ ပါနဲ့ 
အမှန်တကယ်မသမာတဲ့ သူတွေ.လေးငါးယောက်လောက်နဲ့ တွေ့ တဲ့ အခါ .အင်အားမမျှရင်အသက်အန္တရယ်ထိခိုက်တတ်ပါတယ်။
နံပါတ်..၆..
..ရေသို့ မဟုတ်.အအေးကိုသတိနဲ့ သောက်ပါ. ။တတ်နိုင်ပါကကိုယ့်ဘာသာကိုယ်တိုင်ထည့်သောက်ပါ။
အခုခေတ်မှာမသမာတဲ့ သူတွေအတွက်ဆေးနည်းတွေအမျိုးပေါင်းမျာစွာပေါ်နေပါပြီ
အဲ့ ဒီအထဲမှာ.မထင်မှတ်တဲ့နည်းကတော့.သောက်ရေထဲမှာပါပါတယ်.
ဆေးက..အရောင်မရှိ..အနံမရှိ.အရသာ..နည်းနည်းငံပါတယ်..
သူ့ ကိုရေခွက်ထဲမှာ.တစက်နှစ်စက်လေးထည့်လိုက်ယုံနဲ့ မူးဝေသလိုခံစားရပြီးနောက်
အသိမရှိဘဲ လုံးဝအိပ်ပျော်သွားပါလိမ့်မယ်..။
ဆေးထည့်မည့်သူကမြန်မြန်အိပ်ပျော်စေချင်ပြီးလေးငါးစက်လောက်ပိုထည့်လိုက်မယ်ဆိုရင်
ကိုယ်အိပ်ပျော်နေတုန်းမှာ
နှလုံးခုန်တာဖြည်းဖြည်းရပ်ပြီးတော့.ပြန်မနိုးတော့ဘဲအသက်ဆုံးတဲ့အထိဆေးအရှိန်ပြင်းပါတယ်..
ဒီဆေးကို.ဆွတ်ဇာလန်လန်နိုင်ငံမှာထုတ်ပါတယ်..။
အဲ့ ဒါကြောင့်ရေပဲဖြစ်ဖြစ်အအေးပဲဖြစ်ဖြစ်သောက်ပါက.မိမိကိုယ်တိုင်ခွက်ထဲထည့်ပြီးမှသောက်ပါ
သူများထည့်ပေးတာမျိုးမသောက်ပါနဲ့ .အအေးခွက်ရေခွက်ကို.ကိုယ့်မျက်စိရှေ့ တည့်တည့်မှာထားပါ..။
ဘေးနားမှာချမထားပါနဲ တကယ်လို့ ဘေးနားမှာချထားခဲ့ရင် ဆေးထည့်မယ့်သူကခွက်ကလေးကိုင်သလိုပုံစံမျိုးနဲ့ မသိမသာ ထည့်သွားတတ်ပါတယ်.ဆေးရေဆိုတော့.တစ်လက်မအရွယ်ကလေးဆေးစုပ်တဲ့ပြွန်လေးနဲ့ 
လွယ်လွယ်သုံးလို့ ရပါတယ်တကယ်လို့ များကိုယ်ကအလိုလိုနေရင်း.ချက်ချင်းကြီး
ခေါင်းတွေမူးသလိုလိုတကိုယ်လုံးလေးလံလာပြီးအိပ်ငိုက်လာရင်.ကိုယ့်ကိုယ်ကို
ငါဟာဆေးမိနေပြီဆိုတာကိုသိလိုက်ပါ..ဘာလို့ လဲဆိုတော့သာမန်လူကောင်းတယောက်ဟာ
ချက်ချင်းအိပ်ငိုက်လာတယ်ဆိုတာမဖြစ်နိုင်ပါဘူး
အဲ့ ဒီအခါသတိလေးနဲ့ မိမိကိုယ်ကိုအားတင်းထားပါ..ကိုယ့်ကိုယ်ကိုလဲငါအိပ်ပျော်လို့ 
မဖြစ်သေးဘူးဆိုပြီးအသိပေးပါ..ပြီးရင်ရေကိုအများကြီးသောက်ပေးပါ။
ရေကအဆိပ်ကိုလျော့ကျစေပါတယ်.ပြီးလို့ ရှိရင်လေလာရာပြတင်းပေါက်
်(သို့ မဟုတ်)တံခါးပေါက်မှာအသက်ပြင်းပြင်းရှူပါနည်းနည်းလန်းဆန်းလာပါ
လိမ့် မယ်။အဲ့ ဒီအခါကျရင်.မိမိအိမ်သားသို့ မဟုတ်.သူငယ်ချင်းထံသို့ ဖုန်းဆက်လိုက်ပါတဲ့ ။
တတ်နိုင်ရင်တော့မိန်းကလေးဆိုတာကိုယ့်ကိုယ်ကိုသတိအမြဲရှိပါစေ။
မဖြစ်လာရင်တော့ကိစ္စမ၇ှိဘူး.အမှန်တကယ်ဖြစ်လာရင် ဘုရားလဲမကယ်နိုင် သိကြားလဲမကယ်နိုင်ဘူးနော်။
တစ်နေ့ကပိုစ့်တစ်ခုထဲမှာ စင်္ကာပူမှာနေတဲ့ ကောင်မလေးကချစ်သူနဲ့ နေမိလို့ ချစ်သူကကောင်မလေးမသိအောင်ဗွီဒီယိုခိုးကူးထားပြီး အင်တာနက်ပေါ်တင်တာတဲ့ နောက်တော့ကောင်လေးကရှောင်ထွက်သွားတယ်တဲ့ ကောင်မလေးလဲကိုယ့်ကိုယ်ကို အ၇ှက်အတွက် တိုက်ပေါ်ကနေခုန်ချပြီးသတ်သေသွားတဲ့သတင်းဖတ်ရတော့အရမ်းနှမြောမိတယ်.
တစ်ခါတည်းကျုးလွန်မိတဲ့အမှားလေးဟာ အသက်နဲအရှက်ကို့ တစ်ဘ၀စာ.ဆုံးရှူံးသွားစေနိုင်တယ်နော်။
ငယ်ငယ်တုန်းက ကျွန်မဖတ်ခဲ့ဖူးတာကတော့..နံကြားကိုဓါးနဲ့ ထိုးမယ့်ရန်သူဟာ ကိုယ်မထင်မှတ်တဲ့အနီးကလူပါတဲ့ ဘာလို့ လဲဆိုတော့နံကြားကိုမှန်ဖို့အဝေးကနေလာပြီးမထိုးနိုင်ဘူးလေ
.တကယ်တော့မိန်းကလေးဆိုတာ အစစအရာရာ အမြဲသတိရှိသင့်ပါတယ်.
ချမ်းချမ်းအမြင်ပေါ့နော်.အခုခေတ်မှာ ဘာဖြစ်လို့ ထင်မှတ်မထားတဲ့ ရာဇ၀တ်မှုတွေ အကြမ်းဖက်မှုတွေ .မုဒိမ်းမှုတွေဖြစ်ရလဲတော့
အတုယူမှားတာ.အပေါင်းအသင်းမှားတာ အယုံလွယ်တာ အညှာလွယ်တာ .ဘ၀ကိုလေးလေးနက်နက်မတွေးတတ်တာ အပျော်အပါးဝါသနာပါတာလို့ တော့ထင်တယ်..ပြန်ရှင်းပြမယ်နော်..
အခုဆိုမြန်မာနိုင်ငံကမိန်းကလေးတွေလဲသရုပ်ဆောင်တွေမော်ဒယ်တွေ နီးနီးတော်တော်လေးခေတ်မှီလာပါပြီ.
အများအားဖြင့် သရုပ်ဆောင်တွေ မင်းသမီးတွေ မော်ဒယ်လ်တွေဆီကနေ ၀တ်စားဆင်ယင်မှူတွေ .စတိုင်တွေကိုအတုယူနေကြပါပြီ .ချမ်းချမ်းရဲ့ တစ်ဝမ်းကွဲညီမလေး ကအခုဆိုရင်အသက် ၅ နှစ်၇ှိပါ.
ပြီ သူကြိုက်တာကဖြူဖြူကျော်သိန်းတဲ့ .သီချင်းဆိုရင်လဲဖြူဖြူကျော်သိန်း စတိုင်နဲ့ ဆိုပြတယ်.ဒါကခလေးတွေကိုယ်တိုင်အတုယူတတ်နေတာနော်.
လယ်တီဆရာတော်ဘုရားကြီးက .ဇာတ်မင်းသားကြီးဦးဖိုးစိန်ကို ပြောတဲ့ စကားလေးက
မင်းတို့  လိုဇာတ်သမားတွေမင်းသားမင်းသမီးတွေဟာမြန်မာနိုင်ငံကိုမီးရှို့ နေတဲ့သူတွေပဲ လူတွေကိုအကုသိုလ်တွေပေးနေတာတဲ့ .စဉ်းစားကြည့်နော်.မင်းသမီးဆိုတာ
ပြည်သူတွေရဲ့ အချစ်တော်ပါ.ပြည်သူတွေချစ်အောင်.လေးစားအထင်ကြီးအောင် အတုယူစရာကောင်းလောက်အောင်.စံပြဖြစ်နေရပါမယ်..သူတို့ ကိုသဘောကျတဲ့ လူငယ်တွေက လိုက်ပြီးအတုယူနေတာလေ.
အခုခေတ်ရှိုးပွဲတွေကြည့်လိုက်ပါ.စင်ပေါ်မှာ နေပြီးအောက်ကအားပေးနေတဲ့ ပရိတ်သတ်တွေကို
.မရိုမသေနဲ့ အ၇ှက်မဲ့ တဲ့ အ၀တ်တွေဝတ်ပြနေတာ .ယိုသူမရှက် မြင်သူ၇ှက်ရတဲ့အဖြစ်တွေကိုမြင်တိုင်းစိတ်မကောင်းဘူး။
မနှစ်တုန်းကထိုင်းကုန်စည်ပြပွဲကို မြန်မာပြည်ကမင်းသမီးလာပါတယ်.နာမည်ကြီးပါပဲ
.ချမ်းချမ်းသူငယ်ချင်းကသွားကြည့်တာလေ.ပြန်လာတော့သူပြောပြတယ်
မြန်မာမင်းသမီးအရမ်းလှတယ်နော်တဲ့ .ဒါပေမယ့်ဝတ်ထားတာတော့အရမ်းရုပ်ပျက်တယ်တဲ့ ..ဘာမှမ၀တ်ဘဲနေရင်တောင်ကြည့်ကောင်းသေးတယ်တဲ့  ငါတို့ ထိုင်းမင်းသမီးတွေတောင်အဲ့ဒီပွဲမှာ
သူ့ လိုဝတ်တဲ့ သူမ၇ှိဘူးတဲ့ ကိုယ့်လူမျိုးကိုသူများတွေပြောလာရင်မခံနိုင်တာသဘာဝနော်။
ဒါပမယ့်သူတိုပြောတာလဲမှန်နေတော့ငြိမ်နေရတာပေါ့.့.မိန်းကလေးတယောက်ဟာလူလှဖို့ ထက်
စိတ်လှဖို့ အရေးကြီးသလို..အ၀တ်လှဖို့ ထက်.ဘ၀လှအရေးကြီးပါတယ်.။
မမြင်သင့် တာတွေဖော်ပြီးဝတ်တာ.မြန်မာ့ ယဉ်ကျေးမှုမဟုတ်ပါဘူး
မဖော်သင့် တာတွေ.ဖော်ပြီးဝတ်ရင်မဖြစ်သင့် တာတွေ မမှားသင့်တာမှားတတ်ပါတယ်။
တတ်နိုင်ရင်တော့..အမြင်မရိုင်းတဲ့  သ၇ီးကွာတားတို့ စပို့ ရှပ်.တို့ လို လုံလုံခြုံခြုံလေးဝတ်ရင်တောင် ခေတ်ဆန်ဆန်နဲ့ လှနေပါပြီ.
ကိုယ့်ရဲ့ အဖေတွေ.အစ်ကိုတွေရှေ့ မှာ..သံဃာတော်တွေရှေ့ မှာအ၀တ်အစားကိုလုံလုံခြုံခြုံဝတ်ပါ.. .လိုအပ်တာထက်.လက်ပွန်းတတီးမနေပါနဲ့ ..အားလုံးဟာ ရဟန္တာတွေမဟုတ်ပါဘူး.(စော်ကားတာတော့မဟုတ်ဖူးနော်).မမြင်သင့် တာမြင်လို့  ရသေ့ဈာန်လျှောတဲ့ နိပါတ်တော်.ကြားဖူးကြမှာပေါ့..(တစ်ချို့ က ရဟန္တာ ဈာန်လျှောတယ်လို့ သုံးတာဟာ မှားပါတယ်
ရဟန္တာအစစ်မှန်ရင် ကိလေသာကိုအကြွင်းမဲ့ ပယ်သတ်ထားလို့ နတ်သမီးမြင်လဲဈာန်မလျှောပါဘူး..
ကောင်းကင်ပေါ်မှာ ကြွနေတာမြင်တိုင်း ရဟန္တာလို့ မထင်ပါနဲ့ ..ရဟန္တာ.မှန်ရင်.မလိုအပ်ဘဲတန်ခိုးမပြသလို ကိုယ်တိုင်ရဟန္တာပါလို့  မပြောတ့ဲအတွက်ဘယ်သူမှမသိနိုင်ပါဘူး.
ကောင်းကင်ပေါ်သွားနိုင်လာနိုင်တဲ့အကျင့်ကို
.လေကသိုလ်းရှုတဲ့ ဆာဒူးတွေလဲပျံနိုင်ပါတယ်..ရသေ့တွေလဲရနိုင်ပါတယ်..အဲ့ဒီပုံပြင်မကြားဖူးရင် အချိန်ရရင် နောက်တော့ပိုစ့်တင်ပေးပါ့မယ်.အခုစာ၇ှည်မှာစိုးလို့ လိုရင်းပဲ.ပြောတာပါ..
ချမ်းတို့ ကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်ပြောပြဘူးတယ်.အရက်မူးနေတဲ့ အဖေက သမီးအရင်းကိုစော်ကားတာတဲ့ .အဲ့ဒါပတ်ဝန်းကျင်က ပြောတော့…အဲ့ဒီအဖေမပီသတဲ့ လူကလေ..
.ဟ ..ကိုယ်မွေးတဲ့ ကြက် ကိုယ်မချက်ရင်နှမြောစရာကြီးလေ.တဲ့ ..ဘုရားနဲ့ တစ်ဂိုဏ်းထဲထား.
ပြီးကြည်ညိုရတဲ့ အဖေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တောင်မတန်ဘူး..ကိုယ့်ကိုယ်ကလွဲ၇င် .ဘယ်သူ့ကိုမှ .လိုတာထက်မယုံသင့်တာအကောင်းဆုံးပဲ.
နောက်တစ်ချက်က သူငယ်ချင်းအပေါင်းအသင်းပါပဲ.သူငယ်ချင်းဆိုတာ တစ်ဦးကိုတစ်ဦး .
.မကောင်းတာတွေ့ ရင်လမ်းမှန်ကို ပြုပြင်ပေးသင့်ပါတယ်…တားသင့်ပါတယ်.
.ချမ်းချမ်းသူငယ်ချင်းမူလတန်းဆရာမလေးတစ်ယောက်ရှိတယ် ၄ တန်းမြန်မာစာသင်တာပါ..
တစ်နေ့ တော့ အတန်းထဲကကောင်မလေးရဲ့ အိပ်ထဲမှာ ၇ီးစားစာတွေ့ တာကို ဘေးနားကသူငယ်ချင်းတွေ့ တော့ တိုင်တာပေါ့.ဆရာမဆရာမ သူသူ့ ရဲ့ အိပ်ထဲမှာ၇ီးစားစာရှိတယ်.လို့ ပြောလိုက်တော့ အံ့သြသွားတာပေါ့.မဖြစ်နိုင်တာ အခုမှ ၄တန်းပဲ၇ှိသေးတာပဲ ဆိုပြီးမယုံလို့ အိပ်ထဲ၇ှာကြည့်မှ.လားလား ကြောင်ခြစ်ထားတဲ့ လက်ရေးလေးနဲ့ မရေးတတ်ရေးတတ်ရေးထားတာ တွေ့ တော့.ကဲဒီစာကို ဘယ်သူပေးတာလဲ .အခုထွက်ခဲ့.မထွက်ရင် တစ်တန်းလုံးရိုက်မှာနော် လို့ ပြောတော့..နောက်ဆုံးတန်းက အသံထွက်လာပါတယ်..ဆရာမ ငထူးပေးတာပါဆရာမ လို့ ပြောတော့  ကဲတင်မောင်ထူး အခုအတန်းရှေ့ ထွက်လာခဲ့စမ်းဆိုတော့.ကုတ်ချောင်းချောင်းနဲ့ ထွက်လာပါတယ်.၇ှက်လဲ၇ှက်နေတဲ့ ပုံပါပဲ .ကဲဒီစာကိုနင်သူသူ့ ကိုတကယ်ပေးလား မှန်မှန်ဖြေနော် ငထူးလေးကမဖြေရဲဘူး..အဲ့ဒါသူသူလေးက .မောင်.မေးနေတာဖြေလိုက်လေ.
.တဲ့ ..ကြားလိုက်ရတဲ့ စကားနဲ့ တင် အပျိုကြီးဖြစ်တဲ့ ဆရာမ ကိုယ်တိုင်ပဲ၇ှက်ရပါတယ်တဲ့ .ချမ်းစိတ်ထင်လေ.ကလေးတွေဆိုတာ အကောင်းအဆိုးသိပ်မသိဘူး.
ကိုယ့်ထက်အကြိးတွေရဲ့ နေပုံထိုင်ပုံတွေကို အတုယူကြတာများတယ်.တတ်နိုင်ရင် ကိုယ့်အိမ်မှာ အရွယ်မရောက်သေးတဲ့ .ကိုယ့်ညီမလေးတွေေ၇ှ့ မှာ .အချစ်အကြောင်းတို့ ရီးစားအကြောင်းတို့ ပြောတာေ၇ှာင်ပါ..သူတို့ လေးတွေကို .အသိအလိမ်မာတိုးစေမယ့်.
ဗုဒ္ဓစာပန်းချီလို .ဘာသာရေးစာအုပ်တွေ.မြတ်မင်္ဂလာ.မင်္ဂလာမောင်မယ်တွေလို
လူငယ်စာရိတ္တတိုးတက်စေမယ့်စာတွေများများပေးဖတ်ပါ..
နောက်တစ်ချက်က..ရည်းစား.များများမထားပါနဲ့ .မျက်နှာမများပါနဲ့ .ယောကျာင်္းလေးတစ်ယောက်ကို အပြင်းဖြေ အပျော်မတွဲပါနဲ့ ဘာလို့ လဲဆိုတော့.မိန်းကလေးတစ်ယောက်ရဲ့ .ဂုဏ်သိက္ခာနဲ့ ဘ၀ဟာ ယောကျာင်္းလေးတွေရဲ့ ပါးစပ်ဖျားမှာ တည်ပါတယ်..
ချမ်းချမ်း တို့ အိမ်ဘေးက အစ်မကြီးက လ္ဘက်ရည်ဆိုင်ဖွင့်ထားပါတယ်..လ္ဘက်ရည်ဆိုင်ဆိုတော့ ညနေဘက်ဆို လူငယ်ပေါင်းစုံနဲ့ ဆိုတော့
သူတို့ တွေပြောနေဆိုနေတာတွေကြားနေရတာပေါ့..အဲ့ဒါချမ်းချမ်းကို ဈေးသွားရင်ပြောပြတယ်
ညီမလေး..ကိုယ်တစ်ကယ်မချစ်ဘဲအပျော်ရီးစား.မထားနဲ့ .ထားရင်လဲ ကိုယ့်ကိုတစ်ကယ်ယူနိုင်မယ့်သူ ကိုယ်တစ်ကယ်ချစ်တဲ့ သူကိုပဲထားပါတဲ့ .ထားပြီးရင်လဲရီးစားဘ၀မှာ အကြာကြီးမနေနဲ့ တဲ့ .ဒီခေတ်မှာယောင်္ကျားလေးတွေ ဟာ သိပ်ယုံရတာမဟုတ်ဖူးတဲ့ ..
.သူတို့ ကောင်မလေးနဲ့ ပြတ်သွားရင် အချင်းချင်းရစာမရှိအောင် ပြောကြတယ်တဲ့ .အရင်ကောင်မလေးက ငါ့ကိုဘယ်လိုအခွင့်အရေးတွေပေးခဲ့တာ
ဘာညာဆိုပြီးပြောနေကြတာ.ကြားနေရတယ်တဲ့  ..ဟုတ်မဟုတ်တော့ ကာယကံရှင်ပဲသိမယ်လေ.ဒါပေမယ့်ကိုယ့်အကြောင်းကို အဲ့ဒီလိုသားပုတ်လေလွင့်ပြောနေတော့.ဘယ်သူပိုနစ်နာမလဲ.သေချာစဉ်းစားနော်..
မိန်းကလေးပဲပိုနစ်နာပါတယ်.
ပြီးတော့..
အခုခေတ်မှာမိန်းကလေးတော်တော် များများကအချစ်ဆိုတာကိုဘတ်စ်ကားစီးသလိုပါဘဲ
တစ်စီးမလာရင်နောက်တစ်စီးတက်စီးလိုက်ယုံပါဘဲ လို့ ပြောကြတာကြားနေရပါတယ်..
မိန်းကလေးတယောက်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်ဘတ်စ်ကားတိုင်းစက်မကောင်းသလို
ယောက်ျားလေးတိုင်းလည်းစိတ်ထားမကောင်းကြပါဘူး..။
နှမချင်းစာနာတတ်တဲ့ ယောင်္ကျားကောင်းနဲ့ တွေ့ ရင်တော့.ကိစ္စမ၇ှိပေမယ့်.နှမချင်းမစာနာတဲ့ သူနဲ့ တွေ့ ရင်တော့
်.ကိုယ်ဘဲ နာမည်ပျက် ဘ၀ပျက်ရမယ်မယ်ဆိုတာကိုအလေးအနက်စဉ်းစားပါ.။
အရေးကြီးဆုံးက
မိန်းကလေးတယောက်ဟာကိုယ့်ကိုချစ်စကားလာပြောလို့ လက်မခံနိုင်ဘူးပြန်မချစ်နိုင်ဘူးဆိုလို့ ရှိရင်တဖက်သားကို နာကျည်းသွားအောင်ရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောပါနဲ့ .ပါးမရိုက်ပါနဲ့ .
လွတ်လပ်တဲ့ အပျိုတစ်ယောက်ကိုသူဌေးသားလိုက်ခွင့်၇ှိသလို .သူတောင်းစားလဲ ကြိုက်ခွင့်ရှိပါတယ်..ကိုယ်ပြန်မကြိုက်နိုင်ရင်တော့..ပြေပြေလည်လည်ပြောပါ.
ပြောမရရင်မတွေ့ အောင်ေ၇ှာင်လိုက်ပါ.
ချမ်းတို့ ကျောင်းတက်တုန်းကဖြစ်ရပ်မှန်သတင်းပါ…ချမ်းတို့ အနီးကပ်တက်နေတဲ့ အချိန်မှာ
.ဒေးတက်နေတဲ့ ကောင်မလေးတစ်ယောက်ပထမနှစ်.အီးမေဂျာ ကွင်း လေးပါ.
သူ့ ချစ်သူနဲ့ ကျောင်းအနောက်ဘက်မှာ ညနေ ၆နာ၇ီ.ချိန်းထားတာ
သူ့ ချစ်သူကောင်လေးမရာက်လာဘဲနဲ့ တစ်ခါတုန်းကသူ့ ကိုချစ်ရေးဆိုဘူးတဲ့ကာင်လေးရောက်လာပြီး.
အတင်းစော်ကားသွားပါတယ်.ပြီးတော့ နှုတ်ပိတ်တဲ့ အနေနဲ့ သတ်လိုက်ပါတယ်..
နောက်အမှုမှန်ပေါ်လို့ ကောင်လေးကိုစစ်တော့.ကောင်လေးကပြန်ပြောပါတယ်
.စိတ်နာလို့ လုပ်မိတာပါတဲ့ .ဘာလို့ လဲဆိုတော့
ကောင်မလေးက သူ့ကို သူငယ်ချင်းတွေေ၇ှ့ မှာ .နင့်လို ကုလားကိုသေတာတောင်မယူဘူးတဲ့ ..
ကဲ.စကားတစ်ခွန်းလေးနဲ့ အ၇ှက်ရော ဘ၀ရော ပေးလိုက်ရတာနော်..
လောကမှာလူရယ်လို့ ဖြစ်လာရင် အမှားမကင်းပါဘူး.ကိုယ်မသိလို့ မှားတာ သိသိကြီးနဲ့ မှားတာ
အမျိုးမျိုးပါဘဲဒါပေမယ့်ဖြစ်ပြီးမှ .ပြင်လို့ ရတဲ့ အမှားရှိသလို .ပြင်လို့ မရတဲ့ အမှားလဲ၇ှိတယ်.
အဲ.အမှားကိုတော့.ဖျက်လို့ မရဘူးနော်..ကိုယ် တစ်နေ့  ဖိုးဖိုးဖွားဖွားဖြစ်တဲ့ အချိန်အထိ
.ကိုယ့်ရဲ့ အနောက်မှာ အရိပ်လို လိုက်နေတာ.ကိုယ့်သားသမီးမြေးမြစ်တွေအထိ.
.ကိုယ့်ရဲ့ အကောင်းအဆိုးရာဇ၀င်ကကျန်နေမှာကို အမြဲအမှတ်ရပါ.ဘ၀ဆိုတာကို
တစ်ခဏတာသာယာမှု တွေ.နဲ့ လွယ်လွယ်မဆုံးဖြတ်ပါနဲ့ ..အသက်ကြီးသွားမှ
ဘုရားသွားကျောင်းတက်နေရတဲ့ အ၇ွယ်ရောက်မှကိုယ်တစ်ချိန်က မိုက်ခဲ့တာမှားခဲ့တာဟာ ကိုယ့်မြေးတွေမြစ်တွေကို.ပြန်၇ှက်နေရပါတယ်
တစ်နေ့က မမဖုန်းဆက်ပြီးပြောပြတယ်.ချမ်းရဲ့ တစ်ဝမ်းကွဲမောင်လေးမိန်းမခိုးလာလို့ တဲ့ အသက်က၂၁ ပဲရှိသေးတယ်.ကောင်မလေးဘက်က သဘောမတူဘူး..မောင်လေးက မသောက်မစားဘူး.ဘ၀သိတယ်လိမ်မာတယ်ဆိုတော့ကိုယ့်မောင်လေးနဲ့ သဘောမတူတော့
့စိတ်တိုတာပေါ့
အဲ့ ဒါကောင်မလေးရဲ့ အဖိုးအဖွားနဲ့ ဆွေမျိုးတွေကဘာပြောလဲဆိုတော့.
သူ့အဖိုးအကျင့်မကောင်းလို့ တဲ့ 
တစ်ကယ်လဲသူတို့ ပြောတာမှန်နေတယ်.ချမ်းတို့ ဒေါ်လေးရဲ့ ယောက္ခထီးက ငယ်ငယ်ကတည်းက မိန်းမ၀ါသနာပါတယ်.အသက်ကြီးတဲ့ အထိ.မိန်းမလိုက်စားတုန်း..ဒေါ်လေးနဲ့ ဦးလေးကို ချမ်းတို့ အဖိုးကလဲလုံးဝသဘောမတူဘူးဒေါ်လေးမှာလဲ.မွေးရာပါ နှလုံးရောဂါရှိနေတော့အဖိုးက အတင်းတာတယ်.ဒေါ်လေးက သူ့ချစ်သူနဲ့မပေါင်းရရင် သတ်သေမယ်လို့ ခြိမ်းခြောက်လို့ ပေးစားလိုက်တာ
ချမ်းမောင်လေး.၄နှစ်သားမှာ ဆုံးသွား၇ှာတာလေ.
တစ်ကယ်တော့.အချစ်တစ်ခုတည်းနဲ့ ဘ၀တစ်ခုတည်ဆောက်လို့ မရဘူး.ဆိုတာကိုနားလည်ထားပါ..
ချမ်းအခု ရေးထားတွေဟာ ဖတ်လို့ ကောင်းအောင် စိတ်ကူးယဉ်ပြီ့းရေးထားတာမဟုတ်ဘူးနော်.
ချမ်းကိုယ်တိုင် တွေ့ မြင်ထားတာတွေ မှတ်သားထားတာတွေကို သိစေချင်လို့ ပါ.
ချမ်းကြိုက်တဲ့ .အလက်ာလေးတစ်ပုဒ်ကိုပေးဖတ်မယ်နော်
မိမိဘဝ တရားရဖို့
ဝန်းကျင်းဒေသ တရားပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘ၀ပညာရဖို့
ဝန်းကျင်ဒေသ သင်ကြားပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘဝ သိဉာဏ်ကြွဖို့
ဝန်းကျင်ဒေသ လမ်းညွန်ပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘဝ လိမ္မာကြဖို့
ဝန်းကျင်ဒေသ ဆုံးမပြသည်
လောကကြီးကတို့ဆရာတဲ့…။
နေ့စဉ်တွေ့ကြုံ ဤလူ့ဘုံဝယ်
သတိယှဉ်မှု ဉာဏ်လည်းကူ၍
သင်ကြိုးစားလော့….။
ရေးတဲ့ ဆရာတော်နာမည်မေ့နေလို့ ခွင့်လွှတ်ပါ….
ဒီကဗျာလေးအတိုင်းပဲ .မိန်းကလေးတိုင်း သူတစ်ပါး၇ဲ့ အမှားတွေ ကိုကြည့်ပြီးကိုယ်တိုင်က သင်ခန်းစာယူသင့်ပါတယ်
..သူတို့ လိုမမှားအောင်လဲကိုယ့်ကိုယ်ကို သတိလေးနဲ့ အသိလေးနဲ့ ကာကွယ်ပါ..
မိမိကိုယ်သာကိုးကွယ်ရာတဲ့ ..ကြားဖူးတယ်ဟုတ်.တစ်ကယ်တော့..
်.ကိုယ့်ဘ၀နဲ့ ရင်းပြီးမှ သင်ခန်းစာရလာတာထက်စာရင်တော့.ဘ၀နဲ့ မရင်းဘဲ ရခဲ့တဲ့ ပတ်ဝန်းကျင်ကပေးလာတဲ့ သင်ခန်းစာက ပိုကောင်းပါတယ်..
(စာ၇ှည်သွားရင်ခွင့်လွှတ်ပါ)
Written ..By…(ချမ်းချမ်း)
………………………………………………………………………………………………………………….
ချမ်းချမ်း.သူငယ်ချင်းရဲ့ ပိုစ့်လေးတစ်ခုကို .ဒီပိုစ့်နဲ့ အတူတွဲတင်ပေးထားမယ်နော်.ပိုစ့်နာမည်က
(ဆူး) တဲ့ 
ဆက်လက်အားပေးပါးလို့ ..
……………………………………………………………………………………………………..
(ဆူး)
မိုးတွင်းဆိုပေမဲ့ ဒီကနေ့ တော့ မိုးလေကင်းကင်းနဲ့ သာသာယာယာလေးပါ
မနက်ဖြန် ဥပုသ်နေ့  ဘုရားပန်းလည်းဝယ်မယ် ဆွမ်းတော်ကပ်ဖို့  သစ်သီးလေးတွေလည်း
ဝယ်မယ်ဆိုပြီး ကျွန်မ ဈေးကို စောစောလေး ထွက်လာခဲ့ပါတယ်
“ဟိတ်…ညီမလေး ဈေးကိုလား စောလှချည့်လား ´´
“ဟယ်….မမမျိုးမျိုး မတွေရတာတောင် တော်တော်ကြာနေပြီ ကလေးရော နေကောင်းရဲ့ လား
ဝလား ထွားရဲ့ လား ..?
“အောင်မလေးတော်……ဖြေးဖြေးမေးပါ မေးခွန်းတွေကလည်း အများကြီးပဲ ဘယ်ကစပြီး
ဖြေရမှန်းတောင်မသိတော့ဘူး နေကောင်းပါတယ်
၀၀ထွားထွားကြီးပါရှင့် ငါညီမလေးလည်း လှလာတယ်
နည်းနည်းလည်း
ဝလာသလို ပဲ ယောင်္ကျားမယူနဲ့ နော် ´´
“မယူပါဘူးမမမျိုးရယ် ချစ်သူကတော့ ယူဘို့ ပြောနေပြီ အိမ်မက်ထဲမှာ…ဟိဟိ.´´
“အကောင်းမှတ်လို့ နားထောင်တာ တော်တော်နောက်တယ် မမသွားတော့
မယ်နော် ညီမလေး ´´
“ဟုတ်…..ဟုတ်ကဲ့ပါ ´´
ထွက်သွားတဲ့ မမမျိုးရဲ့ ကျောပြင်ကို ငေးမောကြည့်မိရင်း စိတ်မကောင်းဖြစ်မိပါတယ် မမမျိုးက
အရမ်းအချောကြီးမဟုတ်ပေမဲ့ ချစ်ဖို့ ကောင်းတဲ့ရုပ် အသားလေးကဖြူဖြူ
ကိုယ်လုံးသွယ်သွယ်လေးနဲ့ လူချစ်လူခင်များတဲ့သူပါ
မမမျိုးက ရုံးတစ်ခုက ၀န်ထမ်းတစ်ဦးပါ စာရင်းစယားကျွမ်းကျင်တဲ့ ၀န်ထမ်းပါ အလုပ်ကိုလည်း
ကြိုးစားရှာပါတယ် သူခင်ဗျာကံမကောင်းရှာဘူး တရုံးထဲနေ အိမ်ထောင်ရှိတဲ့ ၀န်ထမ်းနဲ့ 
ချစ်မိ လွန်ကြူးမိကြလို့  ခုလို ကလေးတစ်ယောက်နဲ့  ကျန်ခဲ့ရတာပါ သနားစရာပါ အလုပ်ကလည်း
ထွက်လိုက်ရရှာတယ်။
“ညီမလေး ယောင်္ကျားတွေကို မယုံပါနဲ့ မမမျိုးကိုကြည့် သူကအိမ်ထောင်သည် မမမျိုးစိတ်ဝင်စားပါ့
မလား…? မမမျိုးရဲ့ အမှားလည်းပါပါတယ် ရုံးမှာအလုပ်တွေများလို့  ကိုယ်အလုပ်တွေပြီးအောင်
ညဘတ်တွေပါ အလုပ်ဆင်းတယ်လေ သူကကိုယ်ကို ဂရုတစိုက်ရှိတော့
အော်….ခင်လို့ ပဲလိုထင်ခဲ့မိတာ
သူကအိမ်ထောင်သည် ဆိုတော့လည်း သူဇနီးမယားကလွဲပြီး ဖောက်ပြန်လိမ့်မယ်မထင်ဘူး ´´
မမမျိုးကသူ့ အကြောင်းလေးကို မျက်ရည်စက်လက်နဲ့  မရှက်မကြောက် ပြောပြရှာတယ်
သူ့ ကိုကြည့်ပြီးသနားလိုက်တာ တရှုံ့ ရှုံ့ နဲ့  ငိုပြီးပြောတယ်
“မမမျိုးရဲ့ အဖြစ်ကိုကြည့်ပြီး ညီမလေးတို့ မမှားရအောင် ရင်နာနာနဲ့ ပြောနေရတာပါ တစ်ည မမမျိုးနဲ့ 
သူနဲ့ နှစ်ယောက်ထဲ အလုပ်တွေမပြီးလို့ ရုံးထဲမှာကျန်ခဲ့တယ် တစ်ခြားသူတွေကတော့ အလုပ်ပြီးလို့ 
ပြန်သွားကြပြီ အဲမှာသူက မျိုးရေ အအေးသောက်မလား မေးတယ် မမမျိုးကလည်း ရာသီဥတုကပူ
စာရင်းကမပြီးသေးတော့ စိတ်တွေကပူ အအေးသောက်မယ် အကိုရေ ဆိုပြီမှာလိုက်မိတယ်
ပြန်လာလို့ အအေးလည်ရရော မမမျိုးလည်း ရေကလည်းငတ် ပူကလည်းပူနဲ့  တစ်ရှိန်ထိုးသောက်လိုက်မိတယ်
တစ်အောင့်လည်းကြာရော မမျိုးခေါင်မထူနိုင်တော့ပဲ ရည်တီတီနဲ့  မူးပြီအိပ်ချင်လာတယ် အဲဒီမှာမမမျိုးကိုသူက
စော်ကားတော့တာပဲ အော်လို့ ကလည်းမရ မမမျိုးဘာတက်နိုင်မှာလည်
သူကမမျိုးကို ယူပါ့မယ် အရမ်းချစ်လို့ ပါ ဒါကြောင့်ဒီလိုလုပ်မိပါတယ် သူစိတ်တွေကိုဘယ်လိုမှ
မထိန်းချုပ်နိုင်တော့လို့ ပါ သူမိန်းမကို ကွာရှင်းပြီ မျိုးကိုပဲလက်ထပ်ပါ့မယ် လက်ထပ်ပါရစေနဲ့ 
စဉ်စားကြည့်ပါ သူမှာဇနီးရယ် သမီးလေးကလည်း ရှိသေးတယ် မမမျိုးမိန်မချင်း
ကိုယ်ချင်းစာပါတယ်အိမ်ထောင်ကြီးတစ်ခုလုံး မမမျိုးကြောင့် ပြိုကွဲပျက်စီး ရမှာ
သူ့ သမီးလေးရဲ့ ရှေရေး လူတွေအားလုံးကရော
မမမျိုးကို ဘယ်လိုပြောကြမလည်း ကဲ့ရဲ့ ကြမှာပေါ့ ယူစရာရှားလို့  မိသားစု
အသိုက်မြုံလေးပျက်စီးအောင်လုပ်တဲ့သူလို့ ပြောကြမှာလေ..
မမမျိုးဖက်ကိုလည်းကြည့်ပါအုန်း မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး
ကိုယ်ကျင့်တရား ဂုဏ်သိက္ခာ
အပျိုရည်ဘ၀ မမမျိုးတစ်ယောက်တည်းနဲ့ ဟိုဘက်က သုံးယောက် ဘာလုပ်ရမလည်း
ငိုရလွန်းအားကြီးလို့  မျက်ရည်တွေတောင်ခမ်းလုပါပြီ နှလုံးသားထဲမှာ
နာကျင်ရလွန်းအားကြီလို့ ရင်ဘက်ထဲကအောင့်
နှလုးံကြီးတစ်ခုလုံး ကွဲသွားမတက်ပါပဲ။
နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ် ငါတစ်ယောက်ထဲပဲ ခံစားလိုက်မယ်လို့ 
ကံဆိုးမသွားရာကို မိုးကလိုက်လိုရွာတယ် မဖုံးနိုင်မဖိနိုင် ကိုယ်ဝန်ကရှိလာတယ်
ဘယ်သူကိုမှလည်းမပြောရဲမတိုင်ပင်ရဲနဲ့  ရှိလာတဲ့ကိုယ်
ဝန်ကို မွေးမယ်လို့ ဆုံဖြတ်ချက်ချပြီး တိက်တိက်ပဲ တောမှာသွားနေပြီ မွေးလိုက်တယ် ´´
“မမမျိုးလို မဖြစ်အောင် ဘယ်ယောင်္ကျားလေးကိုမှ အယုံမလွယ်ပါနဲ့ ညီမလေး
သူကတော့အိမ်ထောင်သည်
ပဲဆိုပြီတော့လည်း ရင်းနှီးစွာ မနေပါနဲ့ အယုံမလွယ်မပါနဲ့ ညီမလေး မမမျိုးရဲ့ ဘ၀တစ်ခုလုံးနဲ့ ရင်းပြီး
ညီမလေးတို့ ကို ပြောပြလိုက်တယ်နော် ´´
လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မမမျိုးရဲ့  ရင်နင့်စရာ ကြေကွဲစရာ မိန်းကလေးတိုင်း နေထိုင်မှု့ ဆင်ခြင်စရာ
သင်ခန်းစာယူစရာ အဖြစ်အပျက်လေးပါ
ဆူးပေါ်ဖက်ကျလည်း ဖက်ကပေါက် ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရတဲ့မိန်းမတွေရဲ့ ဘဝ
ဘယ်တော့မှ ဒီလို အဖြစ်မျိုးတွေနှင့် မမမျိုးတစ်ယောက်မတွေ့ ပါစေနှင့်လို စိတ်ထဲက
ဆုတောင်းပေးလိုက်ပါရဲ့ 
ဘယ်မိန်းကလေးမှ ဒီလို အဖြစ်အပျက်တွေနှင့် မကြုံဆုံ ကြပါစေနှင့်လို ဆုတွေတောင်းနေမိရင်း……
written By …Princess(www.thettantvillage.com)
………………………………………………………………………………….
အပင်ပန်းခံပြီးဖတ်၇ှုအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.
စာဖတ်ရတာ မောသွားရင် အပြင်းဖြေ အညောင်းပြေ ကော်ကော်တိုက်မယ်နော်..
သောက်ဖူးတဲ့ သူလဲ ထပ်ယောက်လို့ ရတယ်နော်.
ဒီလင့်လေးကို ..နှိပ်လိုက်ပါ..ကြိုက်တာ ထည့် ပြီးသောက်နော်..Free….
ချမ်းချမ်းရေ ဒီလို အသိပညာပေးတဲ့ စာလေးတွေတင်တာ ကောင်းပါတယ်။ ပညာရှိသတိဖြစ်ခဲဆိုတဲ့ စကားတောင်ရှိသေးတာပဲ။ သိပြီးသားလူလည်းပိုသိ၊ မသိသေးတဲ့လူတွေအတွက်လည်း သိရတော့ ဘ၀အမှားတစ်ခုကို လွန်မြောက်နိုင်ရင်ဘဲ အတော်အကျိုးများနေပါပြီ။ အားပေးပါတယ်။ချမ်းချမ်းရေ ကော်ဖီတော့ သောက်လိုက်ရပါတယ်။ .. .. .. ထွီး ခွီးခွီးးးးးးးးးး။ (သောက်ပြီးပြီးခြင်း ထွက်သောအသံ)။ အော် …….ဘယ်သူ့မှ ယုံလို့မရပါလားနော်။ (သံဝေဂရသံ)။
Was this answer helpful?
LikeDislikeအမျိုးသမီးများ ဖတ်သင့်တဲ့စာပါ။
ဖတ်ပြီးလည်း ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင် အတုယူသင့်တာယူသင့်ပါတယ်။ ဖတ်ပြီးကျော်သွားလို့လည်း မထူးပါဘူး။ တင်ပြပုံရေးသားထားတာလည်း ကောင်းလှပါတယ်။
အကျိုးပြုစာတွေ ပိုစ့်တွေ ပိုတင်လာတာကို မြင်တွေ့လိုပါတယ်။
Was this answer helpful?
LikeDislikeဒီလိုအသိပညာပေးတဲ့အကျိုးပြုစာလေးတွေကိုတင်ပေးတဲ့ချမ်းချမ်းကို အထူးကျေးဇူးတင်ပါတယ်….. ပိစိကွေးသူများတွေကိုလည်း ဖတ်စေချင်လို့ ကော်ပီကူးယူသွားတယ်နော်….. နောက်လည်း ဒီလိုအသိပညာပေးတဲ့ ပိုစ့်လေးတွေများများတင်ပေးပါနော်……….
Was this answer helpful?
LikeDislikeမှတ်သားစရာကောင်းပါတယ် — အကောင်းဆုံးကတော့–ယောက်ကျားလေးတွေကိုမဖြေမြန်မြန်မပေးတာကောင်းတယ်–
မပေးခင်ကကိုယ့်အပေါ်ကောင်းသလိုနဲ့–အဖြေလဲပေးပြီးရော—မတူတော့ဘူး—
အားလုံးကိုတော့မဆိုလိုပါဘူးနော်—အများအားဖြင့်ပါ–
Was this answer helpful?
LikeDislikeဘယ်နေရမဆို ဆင်ခြင်မူ့ဖြင့်လုပ်ဆောင်ခြင်းသည်အကောင်းဆုံးပါလို့ မှတ်ရဘူးပါတယ်။
မိန်းကလေးက ဘ၀မပျက်ခြင်ရင် အလွယ်မကြိုက်ပါနဲ့လို့ တော့ မှာလိုက်ခြင်ပါတယ်။
Was this answer helpful?
LikeDislikeမိန်းကလေးတွေ အတွက် သတိပြု၊ဆင်ခြင် စရာပါ။
ဒီလို Post လေးတွေ များများရေးပေးပါ။
Was this answer helpful?
LikeDislikeအသိနဲ့တင် မကဘူး သတိနဲ့ပါ နေထိုင်ပြီး ဘယ်အရာမဆို လွယ်လွယ်မယုံဖို့နဲ့ စဉ်းစားဆင်ခြင်ရင် ပိုကောင်းတာပေါ့နော်။
Was this answer helpful?
LikeDislikeအားပေးထောက်ခံပါတယ်၊ ကော်ပီကူးပြီး မျှလိုက်ပါမယ်၊
Was this answer helpful?
LikeDislikeကောင်လေးက သူ့ သူငယ်ချင်းတွေနဲ့  လွှတ်ပေးတဲ့ ကောင်မလေးရဲ့  Character
ပိုင်းကို ပြန်စဉ်းစားဖို့ လိုတယ်။ ခွေးဆိုတာမျိုးက လူကိုကိုက်တော့မယ်ဆိုရင် သူကိုက်လို့ ရမဲ့ လူ ဟုတ်မဟုတ် အရင် အကဲခတ်သေးတယ်ဗျ။
လူတစ်ယောက်က တစ်ယောက်ယောက်ကို ကြံစည်တော့မယ်ဆိုရင် သူကြံစည်လို့ ရမဲ့ လူဟုတ်မဟုတ် အရင်ဆုံး အကဲစမ်းသေးတယ်။ အခုတလော ဆေးခတ်ပြီး ကြံလိုက်တယ် လက်ဝတ်လက်စားတွေယူသွားတယ်
ဆိုတဲ့ သတင်းတွေကြားပါတယ်။ စုံစမ်းကြည့်တော့ ကောင်မလေးတွေက တည်းခိုခန်းကို ခေါ်လို့ ရတဲ့ ဘာညာတွေပဲ။ ဒီလို ပိုစ့်မျိုးတွေဟာ ကောင်းပါတယ်။ သို့ သော်လည်း “၁” လို့ မြင်တဲ့သူရယ်၊ “ပ” လို့ မြင်တဲ့သူရယ်၊ “ဂ” လို့ မြင်တဲ့သူရယ်၊ “င” လို့ မြင်တဲ့သူတွေရှိနေတာကြောင့်
အခန့် မသင့်ရင် အမြင်မှားနိုင်တယ်။ မိန်းမတိုင်းဟာ စော်ကားလို့ ရတဲ့ သူတွေ မဟုတ်သလို၊ ယောကျာင်္းတိုင်းဟာ လည်း စော်ကားတတ်တဲ့ သူတွေမဟုတ်ပါဘူး။ အကျိုးရှိလို့  အကြောင်းရှိတာပါ။
ဇာတ်ကောင် မမမျိုး ဆိုသူနဲ့ ပတ်သပ်ပြီး ဝေဖန်ကြည့်ပါမယ်။ တကယ့် အဖြစ်အပျက်လားဆိုတာကတော့ ဒီစာကို ရေးတဲ့သူက ပိုသိပါမယ်။
ဒီလိုမျိုးကို ကြံစည်သူ အများစုဟာ (ကြုံရာဆွဲတတ်တဲ့ မုဒိမ်းမှုကို မဆိုလို) စနစ်တကျ စီစဉ်ထားပြီးသားပါ။ ခတ်ဆေးကို ရှာဖွေနိုင်တဲ့ လူတစ်ယောက်ဟာ Condom ဆိုတာက အိပ်ဆောင် သဘောမျိုးကို အမြဲရှိနေတတ်ပါတယ်။ အစောပိုင်းကတဲက ဒီလိုဆေးခတ်ပြီး လုပ်ချင်တာလုပ်မယ်။ ပြီးရင် တကယ်ချစ်တာ ယူမှာ ဘာညာပြောမယ်။ မမမျိုး ဟာတောမှာ ကလေးတစ်ယောက်ကို လင်ကောင်မပေါ်ပဲ သွားမွေးရဲတဲ့ စိတ်ဓါတ်မျိုးရှိနေတယ်။ ဒါဆို သူ့ ကို ဒီလိုလုပ်တဲ့ဟာကို ဘာကြောင့် မဖြေရှင်းခဲ့သလဲ ။ ဟိုလူက Condom မသုံးဘူးပဲထား။ ကာကွယ်ဆေးဆိုတာ အခုခေတ်မှာ အလယ်တန်းကျောင်းသူကျောင်းသားတွေက အစသိတယ်။ ဆက်ဆံပြီးရင် ကာကွယ်ဆေးသောက်ပြီး ကိုယ်ဝန်မရအောင် ကာကွယ်မယ်ဆိုတဲ့ အသိစိတ်ဓါတ်ဟာ တောသွားပြီး အပျိုကြီးမမ ကလေးမွေးမဲ့ အကြံအစဉ်ထက် လွယ်ကူ ရိုးရှင်းပါတယ်။
တင်ပြပုံကောင်းပေမဲ့ ဇာတ်လမ်းကျောရိုးဟာ ဦးကျောက်လုံးတို့ ခေတ်က စော်ကားတဲ့ အခန်းနဲ့ တူနေပါတယ်။ တခါတည်းနဲ့ မျိုးအောင်ဖို့ ဆိုတာ ၅၀/၅၀ ပါ။ တွေးစရာ အမျိုးမျိုးရှိပါတယ်။ ရှုထောင့်ပေါင်းစုံက တွေးကြည့်ရင် ယုတ်တိဗေဒ မကြတဲ့ အချက်တွေ အများကြီးတွေ့ ရပါတယ်။ မြန်မာ မိန်းကလေး တွေဟာ (ဒါလဲ ၅၀/၅၀) ငိုစရာရှိရင်ငိုမယ်။ မုန်းစရာရှိရင် မုန်းမယ်။ ဟယ်…ဟုတ်လား ..ဘုရားဘုရား… ယောကျာင်္းတွေ တော်တော်ကြောက်ဖို့ ကောင်းပါလား…ဆိုတာမျိုးတွေ ဖြစ်လာရင် ပေးချင်တဲ့ ဆိုစ့် လွဲသွားပါလိမ့်မယ်။ ဇာတ်လမ်း တချို့ ဟာ နားထောင်ချင်စရာ ဖတ်ချင်စရာ သနားစရာကောင်းတတ်ပေမဲ့ တခါတလေမှာ စေတနာဒေါသကြောင့် မူရင်းအဖြစ်အပျက်ဟာ လက်ရှိပြင်ပလောကနဲ့  မကိုက်ညီတဲ့ အစာသွပ် ဇာတ်လမ်းအဖြစ်ကို ရောက်ရှိတတ်တာ မြန်မာပြည်ရဲ့  အမြစ်တွယ်နေတဲ့ လက်ဆင့်ကမ်း သတင်းမှတ်သားမှု အလေ့အထ တစ်ခုပါ။ တစ်ချို့ သော အမျိုးသမီးတွေပေါ့ဗျာ။ ကိုယ့်ချစ်သူကို ကိုယ်တိုင်ကြည်ဖြူပြီး ဆက်ဆံခဲ့တာတောင်မှ ပြသာနာတက်လာတော့ မဟားဒရား ကျင့်ပါတယ်ဆိုပြီး လုပ်တတ်တော့လဲ…..စော်ကားတတ်တဲ့ ယောကျာင်္းတွေရှိသလို….တစ်ချို့ သော အမျိုးသမီးတွေကပေါ့ဗျာ…လို့ ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။ ခွဲခြားပြီးမြင်တတ်ပါစေ။
Was this answer helpful?
LikeDislike