ပြေတီဦးက ပညာရေးဖောင်ဒေးရှင်း .. ရဲတိုက်က …

fattyFebruary 14, 20111min21518

အနုပညာရှင်များလူမှုရေး ပရဟိတ တွေလုပ်လာကြတာတွေ့ရတော့ အတော့ကိုဝမ်းသာရပါတယ်။ လူငယ်တွေဖြစ်လို့လဲ ချီးကျူးစရာကောင်းပါတယ်။
ကျနော်တို့ခေတ်တုန်းကထက်သာကြပါတယ်။ အခုခေတ်လူငယ်တွေက
ပိုပြီးအဓိပ္ပါယ်ရှိတာတွေ လုပ်လာကြတာတွေ့ရတယ်နော်။

တစုံတခုရဲ့လှုံ့ဆော်မှုတွေကြောင့် စိတ်နေစိတ်ထားတွေ ခံယူချက်တွေတိုးတက်
လာတယ်လို့ထင်မိတယ်။ ရဲတိုက်က .. လေလွင့်လူငယ်များ ဖောင်ဒေးရှင်းတဲ့။
တော်လိုက်တာဗျာ။ စိတ်ိ်ကူးတွေကလည်းကောင်းလိုက်တာ။

ဒါပေမဲ့ သတင်းအနေနဲ့တော့ဖေါ်ပြခွင့်မရဘူး ဆိုလားဘဲ။ ဒီလိုဘဲ တဆင့်ခြင်း
တက်ယူရမှာပေါ့လေ။ လူသိများလာရင်ပိုပိုပြီးလှုမဲ့သူတွေရှိလာကြမှာပါ။

ကိုအောင်ပုတို့ ကိုကြောင်ကြီးတို့လဲ လူငယ်တွေမဟုတ်လား ..။ စဥင်္းစားပြီး
လုပ်ကြပါအုံးလို့။ ကျနော်တို့အားပေးမှာပါ။

18 comments

  • ဆူး

    February 14, 2011 at 2:37 pm

    ဘကြီး ပု နဲ့ ဦးကြောင်ကြီး ဂေဟာကို လေလွင့် လူငယ်တွေ ပို့ပေးဖို့လား။

  • kopauk mandalay

    February 14, 2011 at 3:56 pm

    မဟုတ်ဘူး သူတို့နှစ်ယောက်ကို ရဲတိုက် က သင်တန်းမှူးခန့်မယ်ကြားတာဘဲ။
    မိန်းခလေးထဲကလဲ တစ်ယောက်ရွေးမယ်ပြောနေတယ် ။
    ဘယ်သူသင်တန်းမှူးဖြစ်မလဲတော့ မ သိဘူးဗျာ.

  • unclegyi1974

    February 14, 2011 at 3:59 pm

    ကိုဖက် ရဲတိုက်သတင်းကိုဂျာနယ်တခုမှာဖတ်လိုက်
    ရပါတယ်
    ကောင်းတာလုပ်တာကြိုဆိုရမှာပါ
    အနုပညာလောက ကလူတွေစိတ် နေတိုးတက်
    လာတာကိုပြတာပါ နောက်တဆင့်တက်ပြီး
    ယဉ်ကျေးမှုထိမ်းသိမ်းတာလေးတွေ
    ဥပမာပြေတီဦးတို့မြန်မာဆန်ဆန်ဝတ်စားပြီး
    လက်ထပ်တာလေးတွေလိုမျိုး
    လူငယ်တွေကိုရှေ့ကလုပ်ပြသွားရင်ပါလာမယ်
    လို့ယုံကြည်ကြောင်းပါ

  • ဆူး

    February 14, 2011 at 4:05 pm

    ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ အထဲမှာ လုံလုံခြုံခြုံနဲ့ လှအောင် ဒီဇိုင်းထွင်တာမျိုး လုပ်လာရင် ပိုကောင်းမယ်

  • shwepyithu

    February 14, 2011 at 5:30 pm

    လေလွင့်လူငယ်များဖောင်ဒေးရှင်းတဲ့လား။ ကောင်းလိုက်တာနော်။ အဲဒီကနေတဆင့် informal education လိုမျိူး လက်လှမ်းမီပြီး လိုက်လုပ်နို်င်မဲ့ ပညာပေးအစီအစဉ်လေးတွေ လုပ်ပေးလာနိုင်ရင် သိပ်ကောင်းမှာပဲ။

  • kai

    February 14, 2011 at 7:40 pm

    ကိုအောင်ပုတို့ ကိုကြောင်ကြီးတို့လား..
    သူတို့လား..
    သူတို့က.. ဒီဘဝအတွက်မလှူဘူးတဲ့..။
    နောက်ဘဝအတွက်ကောင်းအောင်.. ရွေတိဂုံစေတီကြီးကိုပဲ.. ရှိတာလေးတွေထုခွဲရောင်းချပြီး လှူမယ်တဲ့..။
    နောက်ပြီး..လောကကြီးကိုငြီးငွေ့လှပြီတဲ့..။ အလုပ်မလုပ်..ပညာမရှာတော့ပဲ..ဝိပဿနာတရားစခန်းဝင်မယ်တဲ့..။

    ကုသိုလ်တွေလည်း တလုံးတခဲတည်း..ရသွားပါတယ်..။
    ရွေတိဂုံက ဂေါပကအဖွဲ ့ကပေးထားတဲ့.. အလှူကန်ထရိုက်ရထားတဲ့.. ပုဂိုလ်အိမ်ကကြောင်နေမကောင်းလို့..(အီးအီးပါလို့မရလို့)
    စင်္ကာပူဆေးသွားကုနိုင်ဖို့အတွက်.. ကြောင်ဆေးဖိုးလုံလုံလောက်လောက်ရသွားတယ်..။
    ကြောင်ကုသိုလ်ပေါ့..။ 🙂
    ( အဲဒီကောင်းမှုကြောင့် … နောက်ဘဝ တခုခုကျရင် ..သူတို့တွေ အီးအီးရှောရှောရှုရှု ပါနိုင်ပါလိမ့်မယ်..)

    • weiwei

      February 15, 2011 at 5:04 am

      ကိုကြောင်ကြီးကတော့ ကြောင်မများ စောင့်ရှောက်ရေးဂေဟာ နဲ့ ကိုအောင်ပုက အပျိုဂျီးများ စောင့်ရှောက်ရေးဂေဟာ ဖွင့်ထားကြပါတယ် …. လေလွင့်နေတဲ့ ကြောင်မတွေနဲ့ ဂေါ်မစွံတဲ့ အပျိုကြီးတွေ ဆက်သွယ်ကြပါ …

    • hello! everybody

      February 15, 2011 at 6:10 pm

      အေးဗျာ နောင်ဘဝအတွက်ဆိုပြီး သူ့ဘာသာပြည့်စုံနေတဲ့ကျောင်းကိုသူ့ထက်ငါအပြိုင် ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ ၂လုံး၃လုံးတောင်းရင်းဆွမ်းသွားကပ်နေတဲ့ဒကာမ လတ် တွေပေါတယ်၊နဲနဲပေါက်တော့သင်္ကန်း၊များများပေါက်တော့မော်တော်ဆိုင်ကယ်လှူတယ်ပေါ့၊မပေါက်တော့လည်းဂွင်ပျက်သွားတယ်ဒကာမလတ်ရေပေါ့၊ပါတ်ဝန်းကျင်က စာအုတ်ဖိုးမရှိတဲ့ကလေးတို့စားစရာမရှိတဲ့ကလေးတို့ကိုတော့ မိဘတွေကိုကသောက်သုံးမှမကျတာ ဆိုပြီး….

  • thureinmaung

    February 15, 2011 at 3:31 am

    ပြေတီဦးနဲ့ ရဲတိုက် တို့နှစ်ဦး ကို TV အင်တာဗျူးမှာ သတိထားမိလိုက်တာက သူတို့နှစ်ဦးရဲ့စိတ်ထား
    တစ်ခြားအနုပညာရှင်အများစုနဲ့ကွာခြားတယ်ဆိုတာသိရတယ်။ လူမှုရေးစိတ်ဓါတ်ကောင်းတယ်၊
    မြင့်မြတ်တဲ့စိတ်ထားရှိတယ်လို့ပြောလို့ရမယ်။မိမိတို့ရဲ့အောင်မြင်ကျော်ကြားမှုကိုမိမိကိုယ်ကျိုးချည်း အတွက်ပဲအသုံးမပြုဘဲနဲ့အများအကျိုးအတွက်ပါသုံးတဲ့အတွက်အရမ်းကောင်းပါတယ်။
    အားပေးပါတယ်၊ Angelina Jolie လိုမျိုး အောင်မြင်ကြပါစေဗျား။။။။

  • char too lan

    February 15, 2011 at 7:48 am

    အားပေးပါတယ် အောင်မြင်တိုးတက်ပါစေ……. ကိုယ်ကလည်း ကူညီနိုင်ပီး ကူညီခွင့်ရရင် ကူညီချင်ပါသေးတယ်ဗျာ…………….

  • နွယ်ပင်

    February 15, 2011 at 8:06 am

    ရဲတိုက်ရဲ့ လေလွင့်လူငယ်များ ဖောင်ဒေးရှင်းကို လှူချင်တယ်ဆို ဆာတိုရီ ဗီဒီယို၊ ရုပ်ရှင် ထုတ်လုပ်ရေးက တစ်ဆင့် ဆက်သွယ်လှူဒါန်းလို့ ရတယ်ဟုကြားပါတယ် .. စေတနာရှင်များ ကူညီချင်သူများကို စောင့်မျှော်နေပါတယ် …

  • MaMa

    February 15, 2011 at 8:45 am

    လေလွင့်လူငယ်ဖောင်ဒေးရှင်း မို့လို့ တော်ပါသေးရဲ့။ ကြောင်လေကြောင်လွင့် ရှင်းလင်းရေးဖောင်ဒေးရှင်း အောင်းမေ့ပြီး ယောင်တောင်ပေါင်တောင် အမောင်ကြောင် ဘယ်တောင်ပြေးရမှန်းမသိဖြစ်နေတာ။

  • fatty

    February 15, 2011 at 3:38 pm

    ကိုကြောင်ကြီးတို့ ကိုပု တို့ငြိမ်နေပါလား .. သူတို့ကိုစ တာမကြိုက်ဘူးထင်တယ်။
    ဖက်တီးလဲ နေရဲမာန်လို အသက်ကြီးမှ နာမည်ကြီးအောင်လုပ်နေပါတယ်။ ဖောင်ဒေးရှင်းတခုထောင်ဖို့ပါ။
    တကယ်ပြာတာပါ။ ဘယ်လိုဖောင်ဒေးရှင်းမျိုး ထောင်သင့်လဲဆိုတာ အကြံရှိရင်ပေးကြပါအုံး။ အကျန်မဟုတ်ပါ။

  • hello! everybody

    February 15, 2011 at 6:45 pm

    လူတွေကောဘုန်းကြီးတချို ့ကောလုတ်သင့်လုတ်ထိုက်တာမလုတ်ဘဲလွဲနေတာလေးတွေတွေးမိရင်း တနေ့ဘုန်းကြီးတပါးနဲ့ကျနော့အမေနဲ့ရန်ဖြစ်နေတာကိုအပေါ်ထပ်ကနေကြားနေရတာကိုသတိရမိတယ်၊ ဘုန်းကြီးကအိမ်ရှေ့ဘာဂျာတံခါးကနေပြီး ဗျို ့ ဒကာမကြီးဂဏန်းယူအုံးမလားဗျို ့ဆိုတော့ အမေက ဘာ ဘုန်းကြီးတန်မဲ့ဂဏန်းလိုက်ရောင်းနေရသလား သွားသွားခြံထဲကထွက်သွားဆိုပြီးနှင်တယ်၊အဲဒီတော့ဘုန်းကြီးက မဟုတ်ပါဘူးဗျ ကျူပ်မိန့်တာက ညှပ်တဲ့ဂဏန်းမဟုတ်ပါဘူးဗျ၊ပေါက်တဲ့ဂဏန်းပါဗျဆိုတော့ အမေက ဒီမယ် တသတ်လုံးလယ်လုတ်စားလာတာ အသက် ၇ဝ ကျော်ပြီပေါက်တဲ့ဂဏန်းတခါမှမကြားဖူးဘူး၊ပေါက်တာမွေဘဲရှိတယ်၊သွားသွားခြံထဲကအခုထွက်သွားလို့ဆိုသဗျ။

  • kai

    February 15, 2011 at 7:01 pm

    ကောင်းတယ်..။အဲဒီလိုနှင်ထုတ်တဲ့ သူတွေများလာရင် .. မြန်မာတွေရဲ့ ဗုဒ္ဓဘာသာ သန့်ရှင်းလာလိမ့်မယ်..။
    ဒါပေမဲ့..
    “ဟာ..ဘုန်းကြီးတကူးတကလာပေးတာ .. ပေါက်မဲ့ဂဏန်းနေမှာ” ဆိုတဲ့ စိတ်ပုပ်လေးတော့ … ရှိနေမိသား..။

  • bigcat

    February 16, 2011 at 3:08 am

    ဦးဖက်တီးရေ နေလို့သိပ်ကောင်းဘူးဗျို့။ ဗယ်လင်တိုင်းဒေးမှာ ကဲကြစုံတွဲတွေကိုကြည့်ပြိး ရှော့ခ်ဝင်သွားလားမသိဘူး။ သူများကယ်ဖို့ စဉ်းစားတာ ဆံပင်ဖြူ နဖူးသာပြောင်လာတာပဲရှိတယ်။ ကံပေးရင်တော့ ဖြစ်ရမှာပေါ့နော်။

  • cobra

    February 16, 2011 at 8:08 am

    သူကဘာတွေလုပ်ပေးမှာလဲ..။

  • zawgyi min

    February 14, 2012 at 11:12 am

    ရ` တိုက်ရ`့ လေလွင့်လူငယ်များဖောင်ဒေးရှင်းက ဘာတွေလုပ်တာလ` ဟင်

Leave a Reply