ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနေရာ လေးနေရာတွင် မိုင်း ၁ဝ လုံး ပေါက်ကွဲ

BayoteApril 22, 20101min1855

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် မေခ-မလိခ မြစ်ဝှမ်းမြစ်ဆုံး ရေအား လျှပ်စစ်စီမံကိန်းရှိ တမံတည်ဆောက်ရေး ရှင်းလင်းဆောင် အပါအဝင် စီမံကိန်းနေရာ လေးနေရာတွင် ဧပြီလ ၁ရ ရက်နေ့က မိုင်း ၁ဝ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက် အရသိရှိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မှန်ကွဲစထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယာယီအဆောက်အအုံ နှစ်လုံး နှင့် မော် တော်ယာဉ် ခြောက်စီးတို့၏ အစိတ်အပိုင်း အချို့ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် မပေါက်ကွဲသေးသော မိုင်းအချို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုမှာ အရုဏ်မတက်မီအချိန်တွင် စီမံကိန်း လုပ်ငန်းခွင်နေရာ သုံးနေရာနှင့် နေထိုင်ရာ နေရာတို့ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ စီမံကိန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တရုတ် ကုမ္ပဏီ China Power Investment Group ( CPI) နှင့်ပြည်တွင်း ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၂၃ ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

5 comments

  • susunosuki

    April 22, 2010 at 7:28 am

    ဗုံးခွဲတာ ခုတလောခေတ်စားနေပြီ
    ဘာကိုဦးတည်တာလဲတော့ မသိဘူး
    အလုံးစုံပျက်စီးရေးလား
    အပြစ်မဲ့ပြည်သူတွေတော့မထိခိုက်စေချင်တာကျွန်တော့်ဆန္ဒပါ

  • mickylay

    April 22, 2010 at 8:14 am

    ဟုတ်ပါ့ဗျာ။ အစိုးရကို ရင်မဆိုင်ရဲတိုင်း ခိုးကြောင်ခိုးဝှက်နဲ့။ ဒီကောင်တွေကို ထမီပေးဝတ်ထားရမယ်။ ဘာပဲပြောပြော အထိနာတာက အပြစ်မရှိတဲ့ ပြည်သူတွေပဲလေ။

  • susunosuki

    April 22, 2010 at 12:33 pm

    ုုပြည်တွင်းဂျာနယ်မှာတော့ ၄ ယောက်ဆုံးတယ်လို့ရေးတယ်

  • သာမိညောင်

    April 24, 2010 at 7:33 pm

    အကြောင်းရင်း မှန်ကို သေသေချာချာ သိပြီးမှ ဝေဖန်သင့်ပါတယ်
    မသိခင် ဝေဖန်ရင်လည်း ဘယ်ဘက်မှမလိုက်ဘဲ အ ဂတိကင်းကင်း ဝေဖန်သင့်ပါတယ်
    လူသတ်လက်နက်တွေရှိနေသရွေ ့တော့ လူတွေသေနေဦးမှာပါဘဲ
    တကယ်တမ်းလူတွေကိုသတ်တာကတော့ လူတွေရဲ ့စိတ်ပါဘဲ
    လက်နက်ဆိုတာက အသုံးခံပစ်စည်းသက်သက်ပါဘဲ နော်

  • chitkay

    April 30, 2010 at 8:55 am

    ဟုတ်ကဲ့…
    ဓါတ်ပုံကတော့ သင်္ကြန်တုန်းက ပုံဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။
    ဖြစ်နိုင်ရင် အဲဒီမှာ ဖြစ်တဲ့ပုံကို တင်ပေးစေချင်ပါတယ်။

Leave a Reply